မန်ချက် စတာ ယူနိုက်တက် ဂိုး သမား ဒေးဗစ် ဒီဂီယာ ဟာ အသင်း နဲ့ စာချုပ် သစ် ချုပ်ဆို ဖို့ နီးစပ် နေပြီ လို့ သတင်း ထွက် ပေါ် လာခဲ့ ပါတယ် ။ ဒီဂီယာ ဟာ စာချုပ် သစ် မှာ တစ်ပတ် ကို ပေါင် ၂၉၀၀၀၀ ရရှိ မယ် လို့ လည်း သတင်း ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ် ။

ယူနိုက်တက် ကနေ အင်တာ ကို အငှား ထွက် ကစားခဲ့ တဲ့ တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ကတော့ သူ ဟာ ယူနိုက်တက် ကို ပြန်သွား ဖို့ စိတ်ကူး မရှိပဲ အင်တာ မှာ သာ အထိုင် ကျဖို့ စိတ်ကူး နေတယ် လို့ ကြားသိ ရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ရိုးမား လူငယ် ကြယ်ပွင့် ဇာနီယိုလို ကို ခေါ်ယူ ဖို့ အစီ အစဉ် ချမှတ် နေပြီး လာမယ့် နွေရာသီ မှာ ကမ်းလှမ်းမှု ပြုလုပ် ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ ယူဗင်တပ် အသင်း တို့ ကတော့ ယခု ရာသီ အကုန် မှာ စပါး နဲ့ စာချုပ် ကုန် ဆုံးမယ့် ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် ကို အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ အပြိုင် အဆိုင် ကြိုးစား နေကြတယ် လို့ သိရှိ ရ ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ အီတလီ ကွင်းလယ်လူ ဟာ ချဲလ်ဆီး အသင်း မှာ နှစ်ရှည် လများ ဆက်လက် ကစားသွား ဖို့ ဆန္ဒ ရှိနေတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ခံစစ်မှုး အဲရစ် ဘိုင်လီ ကတော့ ဒဏ်ရာ ကနေ မျှော်မှန်း ထားတာ ထက် ပိုမြန်ပြီး ကစား နိုင်ဖို့ ပစ်မှတ် ထားနေကာ နိုဝင်ဘာလ အတွင်း မှာ အသင်း နဲ့ ပြန်လည် လေ့ကျင့်ဖို့ ရည်ရွယ် ထားတယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ နွေရာသီ အပြောင်း အရွှေ့ အတွင်း ယူဗင်တပ် တောင်ပံ ကစား သမား ဒေါက်ကလပ် ကော်စတာ ကို ချဉ်းကပ် ခဲ့ ပေမယ့် စီးရီးအေ ချန်ပီယံ ဘက်က ပယ်ချ ခဲ့တယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

မန်စီးတီး နဲ့ သတင်း အချို့ ထွက်ပေါ် လာခဲ့ ပေမယ့် အင်တာ နည်းပြ ကွန်တီ ကတော့ သူ့ရဲ့အဓိက နောက် ခံလူ မီလန် စကရီနီယာ ကို ရောင်းချ သွားမှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း နောက်ခံလူ ဆမ်မြူရယ် အမ်တီတီ ဟာ ကလပ် အသင်း မှာ ရော နိုင်ငံ အသင်းမှာပါ အဆင် မပြေဖြစ် နေပြီး အဆင်ပြေ အောင် ရုန်းကန် နေရတယ် လို့ ကြားသိရ ပါတယ် ။ ဒါကြောင့် ပြင်သစ် နောက်ခံလူ ဟာ ဇန်န၀ါရီ မှာ အသင်းသစ်ကို ရှာဖွေ ဖို့ ဖြစ်လာ နိုင်တယ် လို့ သုံးသပ်မှု တွေ ထွက်လာ ခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် တိုက်စစ်မှုး လူကာဂျိုဗစ် ဒဏ်ရာ ရရှိ ခဲ့တယ် ဆိုတဲ့ သတင်း ဟာ အမှန် မဟုတ်ဘဲ ဂျိုဗစ် ဟာ ဆားဘီးယား အသင်းနဲ့ ဆက်လက် ရှိနေ တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ နဲ့ အာဆင်နယ် ကစား သမား ဟောင်း ဂျီယိုဗင်နီ ဗန်ဘရွန် ခရော့စ် ဟာ ဘောလုံး ကွင်းပြင်ပ ပညာရပ် တွေ ကို လေ့လာ ဖို့ အတွက် မန်ချက်စတာ စီးတီး နဲ့ လာရောက် ပူးပေါင်း ခဲ့တယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR