မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဝက်စ် ဘရောင်း က ဒီနွေ အတွင်း အသင်း ဟောင်းမှ ခေါ်ယူ ထား ခဲ့တဲ့ ညာ နောက်ခံ ကစာသမား ဖြစ်သူ အာရွန် ဝမ် ဘစ်ဆာကာ ဟာ အကောင်းဆုံး ညာ နောက်ခံ လူ တစ်ဦး ဖြစ်လာ နိုင်မယ့် အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ အသင်း မှ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာ သွား ခဲ့တဲ့ ဝါရင့် ညာ နောက်ခံလူ ဗလန်စီယာ ရဲ့ နေရာ ကို အင်အား ဖြည့်တင်း ဖို့ အတွက် ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ခရစ္စတယ် ပဲလေ့စ် အသင်း မှ အသက် 21 နှစ် အရွယ် နောက်ခံလူ ဘစ်ဆာကာ ကို ပေါင် သန်း 50 နဲ့ ခေါ်ယူ ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဘစ်ဆာကာ ဟာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ အတူ တစ် ရာသီ မျှသာ စီနီယာ ကစားသမား ဘဝ ကို ဖြတ်သန်း ထားသူ ဖြစ် ပေမယ့် ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ရောက်ရှိ ခဲ့တဲ့ အချိန် မှာတော့ နည်းပြ ဆိုးလ်ရှား ရဲ့ လက်အောက် မှာ အံဝင် နိုင်အောင် ခြေစွမ်း ကောင်းပြ ကစား ထားနိုင် ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဝက်စ် ဘရောင်း က ဘစ်ဆာကာ ဟာ အသင်း ဟောင်း အတွက် တစ်ကယ့် ကို အကျိုးပြု ပေးနိုင် တဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်ပြီး အင်္ဂလိပ် ဘောလုံး လောက ရဲ အကောင်းဆုံး ခံစစ် ကစားသမား တစ်ယောက် ဖြစ်လာ လိမ့်မယ် လို့ ယုံကြည် ကြောင်း ၊ သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ဟာ တစ်ကယ့် ကို ကောင်းမွန် ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဘစ်ဆာကာ ) ဟာ တစ်ကယ့် ကို အံ့ချီး ဖွယ်ရာ ပါပဲ ။ သူဟာ ယူနိုက်တက် တို့ ခေါ်ယူ ထားခဲ့ ကြတဲ့ ကစားသမား တွေထဲ ခြေစွမ်း အတည်ငြိမ် ဆုံး ကစားသမား တစ်ဦး ဖြစ်တယ် လို့တောင် ပြောကောင်း ပြောလို့ ရနိုင် ပါတယ် ။ သူဟာ အသင်း သစ် အတွက် ပွဲတိုင်း ပါဝင် ကစား ပေးခွင့် ရရှိ ထားခဲ့ သလို သူ့ရဲ့ ဘောလုံး လုယူ တဲ့ စွမ်းရည် ကလည်း ကောင်းမွန် လွန်းခဲ့ ပါတယ် ”

” သူဟာ ခရစ္စတယ် ပဲလေ့စ် အသင်း မှ ရောက်ရှိ လာသူ ဖြစ်တဲ့ အတွက် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် လုံလောက်စွာ ကောင်းမွန် နိုင်မလား ဆိုတဲ့ အပေါ် လူတွေ အံ့အား သင့်စွာ စောင့်ကြည့် ခဲ့ကြ ပါတယ် ။ သူဟာ ပထမဆုံး ပွဲစဉ် ထဲက အကောင်းဆုံး ကစား ပြနိုင် ခဲ့ပြီး ပွဲစဉ် တွေကို ပျော်ရွှင် ခံစား နိုင်ခဲ့ ပါတယ် ”

” အကယ်လို့ သူသာ ဒီ အတိုင်း ဆက်လက် လုပ်ဆောင် ပြနိုင် ဦးမယ် ဆိုရင် သူဟာ အဲ့ဒီ နေရာ မှာ ကစား နေတဲ့ ကစား သမား တွေ အနက် အကောင်းဆုံး ထဲက တစ်ဦး သေချာပေါက် ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ သူဟာ ငယ်ရွယ် နေသေး ပေမယ့် ခြေစွမ်း ပိုင်း နောက် တစ်ဆင့် တက်ရောက် နိုင်ခဲ့ ပါပြီ ။ သူ ပွဲစဉ် အတွင်း ဘောလုံး လုယူ တာတွေ ၊ ခံစစ် ပြန်ဆင်း ပြီး ကစား တာ တွေဟာ တစ်ကယ့် ကို ကောင်းမွန် ခဲ့ ပါတယ် ”

” တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ကစားသမား တွေတောင် သူ့ကို မကျော်ဖြတ် လိုခဲ့ ကြတာ ကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ရ ပါတယ် ။ သူနဲ့ ရင်ဆိုင် တဲ့ ပြိုင်ဖက် အချို့ က ဆိုရင် နောက်ပြန် လှည့်ပြီး အသင်းဖော် တွေကို ဘောလုံး ပြန်ပေး လိုက်တာ မျိုး တောင် ရှိခဲ့ ပါတယ် ”

” သူဟာ အဲ့ဒီ လို ကစားသမား မျိုးပါ ။ ဘယ်သူ မှ သူ့ကို မရင်ဆိုင် ချင်ကြ ပါဘူး ။ ဘာဖြစ် လို့လဲ ဆိုတော့ ပြိုင်ဖက် ကို ဟန့်တား သွားဖို့ အတွက် သူဟာ ဘာမဆို လုပ်ဆောင် သွားနိုင် လို့ ပါပဲ ။ လူတွေ က သူဟာ လျှောထိုး ဖြတ်ထုတ် တာ များတယ် လို့ ဆိုကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ဘောလုံး လုယူ မှုကို အကောင်းဆုံး လုပ်ဆောင် ပြနိုင် ခဲ့တယ် လို့ပဲ သတ်မှတ် ပါတယ် ”

” အကယ်လို့ ခင်ဗျား တို့ အသင်း ထဲမှာ အခုလို ခံစစ် ကစား သမား တစ်ဦး ရှိမယ် ဆိုရင် လူတွေ က ကျော်ဖြတ် နိုင်ဖို့ ခက်ခဲ တယ်လို့ ကြိုတွက် ထားကြ ပါ လိမ့်မယ် ။ အဲ့တာ က ကိုယ့် အသင်း အတွက် အကျိုး အမြတ် ဖြစ်စေ လိမ့်မယ် လေ ။ ပြိုင်ဖက် တွေက လုပ်စရာ မရှိ တော့တဲ့ နောက်ဆုံး ဘောလုံး ကို နောက်ပြန် ပေးကြ မှာ ပါပဲ ” လို့ ဝက်စ် ဘရောင်း က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar