Owen

ပရီးမီးယားလိဂ္ ၾကယ္​ပြင္​့​ေဟာင္​း မိုက္​ကယ္​အိုဝင္​က ရာသီအစ တာထြက္​မ​ေကာင္​း ျဖစ္​​ေနတဲ့ မန္​ခ်က္​စတာယူႏိုက္​တက္​ အသင္​း အ​ေနနဲ႔ လက္​႐ွိ ပံုစံအတိုင္​း ဆက္​သြား ​ေနမယ္​ဆိုရင္​ ရာသီကုန္​မွာ ရာသီကုန္​ခ်ိန္​မွာ Top 6 ထဲ​ေတာင္​ ဝင္​ႏိုင္​မွာ မဟုတ္​ဘူးလို႔ သတိ​ေပး ​ေျပာဆိုသြားခဲ့ ပါတယ္​။ မန္​ယူႏိုက္​တက္​ အသင္​းဟာ ၿပီးခဲ့တဲ့ ဒီဇင္​ဘာလက အုိလီဂန္​နာဆိုး႐ွား တာဝန္​ယူ ကိုင္​တြယ္​ ခဲ့ၿပီး​ေနာက္​ ရလဒ္​​ေတြ ဆက္​တိုက္​​ေကာင္​းမြန္​ခဲ့ကာ ခ်န္​ပီယံလိဂ္​ ဝင္​ခြင္​့ အတြက္​ နီးစပ္​ ခဲ့​ေပမယ္​့လည္​း ရာသီကုန္​ခါနီးမွာ ရလဒ္​​ေတြ ျပန္​ဆိုးသြား ခဲ့တာ​ေၾကာင္​့ အဆင္​့ ၆​ေနရာနဲ႔ ရာသီသိမ္​း ႏိုင္​ခဲ့ပါတယ္​။

မန္​ယူႏိုက္​တက္​ ဟာ ဒီရာသီ ပရီးမီးယားလိဂ္ အဖြင္​့ပ​ြဲစဥ္​မွာ ခ်ဲလ္​ဆီးကို အိုးထရပ္​ဖို႔ဒ္​မွာ ဂိုးျပတ္​ အႏိုင္​ယူခဲ့တာ​ေၾကာင္​့ အ​ေျခအ​ေန​ေကာင္​းမယ္​လို႔ ထင္​မွတ္​ထား ခဲ့ၾက​ေပမယ္​့လည္​း ​ၿပီးခဲ့တဲ့ ပြဲစဥ္ ၃ပြဲမွာ​ေတာ့ ႏိုင္​ပြဲ​ေပ်ာက္​ခဲ့ၿပီး ရမွတ္​ ၅မွတ္​နဲ႔ အဆင္​့ ႐ွစ္​​ေနရာမွာ ရပ္​တည္​​ေနပါ​တယ္​​။ အိုဝင္​က​ေတာ့ မန္​ယူႏိုက္​တက္​ အသင္​းဟာ Top 6​ ​ေတာင္​ မဟုတ္​ဘဲ Top 4 ထဲဝင္​ဖို႔ အရည္​အ​ေသြး ႐ွိတယ္​လို႔ ဆိုလိုက္​ပါတယ္​။ ဒါ​ေပမယ္​့ အျခား ပရီးမီးယားလိဂ္ အသင္​း​ေတြ ကလည္​း ပရီးမီးယားလိဂ္ ရဲ႕ Top 6 ထဲကို ဝင္​​ေရာက္​ ႏိုင္​ဖို႔အတြက္​ အနီးကပ္​ ဖိအား​ေပး ​ေနၾကတယ္​လို႔ ဝန္​ခံသြားပါတယ္​။

အိုဝင္​က “လက္​႐ွိ အ​ေနအထားဟာ ထူး​ေတာ့ ထူးဆန္​းတယ္​ မဟုတ္​လား။ ဘာလို႔လဲဆို​ေတာ့ ရာသီအစမွာတုန္​းက လူ​ေတာ္​​ေတာ္​မ်ားမ်ားက ယူႏိုက္​တက္​တို႔ Top 4 ဝင္​ႏိုင္​မလား? ဆိုၿပီး ​ေျပာ​ေန ခဲ့ၾကတာပါ။ ဒါ​ေပမယ္​့ သူတို႔ရဲ႕ တာထြက္​ အ​ေျခအ​ေနက သာမန္​ အ​ေနအထား ​ေလာက္​သာ ႐ွိတာ​ေၾကာင့္ လူ​ေတြရဲ႕ ​ေျပာဆိုမႈ​ေတြ ​ေျပာင္​းလဲ သြားခဲ့ၿပီး ယူႏိုက္​တက္​တို႔ Top 6 ထဲ ဝင္​ႏိုင္​မလား? ဆုိၿပီး ျဖစ္​သြား ၾကပါတယ္​။ အမွန္​ပါပဲ။ သူတို႔ ဒီထဲ ဝင္​ႏိုင္​ပါတယ္​။ ယူႏိုက္​တက္​ တို႔ ​ေကာင္​းမြန္​တဲ့ အခ်ိန္​​ေတြ ႐ွိခဲ့မယ္​ဆိုရင္​ သူတို႔ Top 4 နဲ႔ ရာသီသိမ္​း ႏိုင္​ပါ​ေသးတယ္​။

ဒါ​ေပမယ္​့ အခု ပရီးမီးယားလိဂ္ ၿပိဳင္​ပြဲမွာ အျခား အသင္​း​ေကာင္​း​ေတြလည္​း အမ်ားျကီး ႐ွိ​ေန ၾကပါတယ္​။ အသင္​း ​ေတာ္​​ေတာ္​မ်ားမ်ားဟာ top 6 ​ေနရာကို ရယူဖို႔ ႀကိဳးစား ​ေနၾကပါတယ္​။ ဒါ​ေၾကာင္​့ ​ေစာင္​့ၾကည္​့ သြားရမယ္​့ အ​ေနအထားမွာ ႐ွိ​ေနပါ​ေသးတယ္​။ ယူႏိုက္​တက္​ရဲ႕ လက္​႐ွိ ​ေျခစြမ္​း ၊ လက္​႐ွိ ရလဒ္​​ေတြ အရ က​ေတာ့ အ​ေျခအ​ေန သိပ္​မ​ေကာင္​း ပါဘူး။ ဒါ​ေပမယ္​့ သူတို႔ အ​ေနနဲ႔ ႐ွံဳး​ေတြ​ေတြထက္​ ႏုိင္​ပြဲ​ေတြ ပိုမို ရယူ ရပါမယ္​။ ဒါ့​ေၾကာင္​့ Top 6 ​ေနရာကို ​ေတြးထားတာက ပိုၿပီး​ေတာ့​ လက္​​ေတြ႕ က်ပါတယ္​။” လို႔ ဆိုသြားပါတယ္​။

မန္ခ်က္စတာယူႏုိ္က္တက္ နဲ႕ လီဗာပူး တုိက္စစ္မွဳးေဟာင္း မုိက္ကယ္အို၀င္က အဂၤလန္ရဲ႕ သမုိင္းေၾကာင္း အၾကီးမားဆံုး အသင္း ႏွစ္သင္းၾကား ကြာဟခ်က္ဟာ လူေတြ ေျပာေနၾကသေလာက္ မၾကီးမားဘူးလို႕ ဆုိလိုက္ပါတယ္။

အုိဝင္​က “ယူႏိုက္​တက္​ရဲ႕ ကစားသမား အင္​အားဟာ ဒီေလာက္ ဆုိးတယ္လို႕ ကၽြန္ေတာ္ လံုး၀ မထင္ပါဘူး။ အျခား အသင္းေတြကို ခင္ဗ်ားတုိ႕ ၾကည့္လိ္ုက္ပါ။ ဥပမာ အားျဖင့္ လီဗာပူးေပါ့။ မန္ယူႏုိက္တက္ ကစားသမားေတြဟာ လီဗာပူး ကစားသမားေတြထက္ အေတာ္ နိမ့္က် ေနလို႕လား? ကၽြန္ေတာ္ ကေတာ့ ဒီလို လံုး၀ မထင္ပါဘူး။ ဒါေပမယ့္ လီဗာပူး ကစားသမားေတြဟာ ပိုမို ေကာင္းမြန္တဲ့ နားလည္မွဳ ၊ စည္းလံုးမွဳ နဲ႕ ယံုၾကည္မွဳေတြ ရွိလား? အမွန္ပါပဲ။ ျပီးခဲ့တဲ့ ေန႕က ဒီအေၾကာင္းကို ဂၽြန္ဘန္းနဲ႕ ကၽြန္ေတာ္ ေျပာျဖစ္ ခဲ့ပါေသးတယ္။ သူကလည္း ဒီလိုမိ်ဳးပဲ ေျပာပါတယ္။ ဒီႏွစ္သင္းၾကား ကြာျခားမွဳေတြ ရွိေနတယ္လို႕ သူလည္း မထင္ပါဘူး။

ကစားသမား အင္အားကို ၾကည့္လိုက္ပါ။ မန္ခ်က္စတာယူႏုိက္တက္ဟာ အ၇မ္းကို ေကာင္းမြန္တဲ့ ကစားသမားေတြ ပိုင္ဆုိုင္ ထားပါတယ္။ ဒါေပမယ့္ မန္ေနဂ်ာဟာ ပက္ဂြာဒီယုိလာ ရဲ႕ အသင္းေတြလိုမ်ိဳး လက္ရွိ ယာဂန္ကေလာ့ ရဲ႕ အသင္းလိုမ်ိဳး သူ႕အသင္းကို မလုပ္ႏုိ္င္ေသး ပါဘူး။ အုိလီဂန္နာ ဆုိးရွား အေနနဲ႕ အခ်ိန္အတုိင္းအတာ တစ္ခု အတြင္း ဒီလိုမ်ိဳး လုပ္ႏုိင္မလား ဆုိတာ ကေတာ့ စိတ္၀င္စား စရာ ပါပဲ။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ရာသီအစ ရလဒ်​​​တွေ ဆိုး​နေတဲ့ မန်​ချက်​စတာယူနိုက်​တက်​ အသင်​းကို သတိ​ပေးလိုက်​တဲ့ မိုက်​ကယ်​အိုဝင်​

ပရီးမီးယားလိဂ် ကြယ်​ပွင်​့​ဟောင်​း မိုက်​ကယ်​အိုဝင်​က ရာသီအစ တာထွက်​မ​ကောင်​း ဖြစ်​​နေတဲ့ မန်​ချက်​စတာယူနိုက်​တက်​ အသင်​း အ​နေနဲ့ လက်​ရှိ ပုံစံအတိုင်​း ဆက်​သွား ​နေမယ်​ဆိုရင်​ ရာသီကုန်​မှာ ရာသီကုန်​ချိန်​မှာ Top 6 ထဲ​တောင်​ ဝင်​နိုင်​မှာ မဟုတ်​ဘူးလို့ သတိ​ပေး ​ပြောဆိုသွားခဲ့ ပါတယ်​။ မန်​ယူနိုက်​တက်​ အသင်​းဟာ ပြီးခဲ့တဲ့ ဒီဇင်​ဘာလက အိုလီဂန်​နာဆိုးရှား တာဝန်​ယူ ကိုင်​တွယ်​ ခဲ့ပြီး​နောက်​ ရလဒ်​​တွေ ဆက်​တိုက်​​ကောင်​းမွန်​ခဲ့ကာ ချန်​ပီယံလိဂ်​ ဝင်​ခွင်​့ အတွက်​ နီးစပ်​ ခဲ့​ပေမယ်​့လည်​း ရာသီကုန်​ခါနီးမှာ ရလဒ်​​တွေ ပြန်​ဆိုးသွား ခဲ့တာ​ကြောင်​့ အဆင်​့ ၆​နေရာနဲ့ ရာသီသိမ်​း နိုင်​ခဲ့ပါတယ်​။

မန်​ယူနိုက်​တက်​ ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင်​့ပ​ွဲစဉ်​မှာ ချဲလ်​ဆီးကို အိုးထရပ်​ဖို့ဒ်​မှာ ဂိုးပြတ်​ အနိုင်​ယူခဲ့တာ​ကြောင်​့ အ​ခြေအ​နေ​ကောင်​းမယ်​လို့ ထင်​မှတ်​ထား ခဲ့ကြ​ပေမယ်​့လည်​း ​ပြီးခဲ့တဲ့ ပွဲစဉ် ၃ပွဲမှာ​တော့ နိုင်​ပွဲ​ပျောက်​ခဲ့ပြီး ရမှတ်​ ၅မှတ်​နဲ့ အဆင်​့ ရှစ်​​နေရာမှာ ရပ်​တည်​​နေပါ​တယ်​​။ အိုဝင်​က​တော့ မန်​ယူနိုက်​တက်​ အသင်​းဟာ Top 6​ ​တောင်​ မဟုတ်​ဘဲ Top 4 ထဲဝင်​ဖို့ အရည်​အ​သွေး ရှိတယ်​လို့ ဆိုလိုက်​ပါတယ်​။ ဒါ​ပေမယ်​့ အခြား ပရီးမီးယားလိဂ် အသင်​း​တွေ ကလည်​း ပရီးမီးယားလိဂ် ရဲ့ Top 6 ထဲကို ဝင်​​ရောက်​ နိုင်​ဖို့အတွက်​ အနီးကပ်​ ဖိအား​ပေး ​နေကြတယ်​လို့ ဝန်​ခံသွားပါတယ်​။

အိုဝင်​က “လက်​ရှိ အ​နေအထားဟာ ထူး​တော့ ထူးဆန်​းတယ်​ မဟုတ်​လား။ ဘာလို့လဲဆို​တော့ ရာသီအစမှာတုန်​းက လူ​တော်​​တော်​များများက ယူနိုက်​တက်​တို့ Top 4 ဝင်​နိုင်​မလား? ဆိုပြီး ​ပြော​နေ ခဲ့ကြတာပါ။ ဒါ​ပေမယ်​့ သူတို့ရဲ့ တာထွက်​ အ​ခြေအ​နေက သာမန်​ အ​နေအထား ​လောက်​သာ ရှိတာ​ကြောင့် လူ​တွေရဲ့ ​ပြောဆိုမှု​တွေ ​ပြောင်​းလဲ သွားခဲ့ပြီး ယူနိုက်​တက်​တို့ Top 6 ထဲ ဝင်​နိုင်​မလား? ဆိုပြီး ဖြစ်​သွား ကြပါတယ်​။ အမှန်​ပါပဲ။ သူတို့ ဒီထဲ ဝင်​နိုင်​ပါတယ်​။ ယူနိုက်​တက်​ တို့ ​ကောင်​းမွန်​တဲ့ အချိန်​​တွေ ရှိခဲ့မယ်​ဆိုရင်​ သူတို့ Top 4 နဲ့ ရာသီသိမ်​း နိုင်​ပါ​သေးတယ်​။

ဒါ​ပေမယ်​့ အခု ပရီးမီးယားလိဂ် ပြိုင်​ပွဲမှာ အခြား အသင်​း​ကောင်​း​တွေလည်​း အများကြီး ရှိ​နေ ကြပါတယ်​။ အသင်​း ​တော်​​တော်​များများဟာ top 6 ​နေရာကို ရယူဖို့ ကြိုးစား ​နေကြပါတယ်​။ ဒါ​ကြောင်​့ ​စောင်​့ကြည်​့ သွားရမယ်​့ အ​နေအထားမှာ ရှိ​နေပါ​သေးတယ်​။ ယူနိုက်​တက်​ရဲ့ လက်​ရှိ ​ခြေစွမ်​း ၊ လက်​ရှိ ရလဒ်​​တွေ အရ က​တော့ အ​ခြေအ​နေ သိပ်​မ​ကောင်​း ပါဘူး။ ဒါ​ပေမယ်​့ သူတို့ အ​နေနဲ့ ရှုံး​တွေ​တွေထက်​ နိုင်​ပွဲ​တွေ ပိုမို ရယူ ရပါမယ်​။ ဒါ့​ကြောင်​့ Top 6 ​နေရာကို ​တွေးထားတာက ပိုပြီး​တော့​ လက်​​တွေ့ ကျပါတယ်​။” လို့ ဆိုသွားပါတယ်​။

မန်ချက်စတာယူနို်က်တက် နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အင်္ဂလန်ရဲ့ သမိုင်းကြောင်း အကြီးမားဆုံး အသင်း နှစ်သင်းကြား ကွာဟချက်ဟာ လူတွေ ပြောနေကြသလောက် မကြီးမားဘူးလို့ ဆိုလိုက်ပါတယ်။

အိုဝင်​က “ယူနိုက်​တက်​ရဲ့ ကစားသမား အင်​အားဟာ ဒီလောက် ဆိုးတယ်လို့ ကျွန်တော် လုံးဝ မထင်ပါဘူး။ အခြား အသင်းတွေကို ခင်ဗျားတို့ ကြည့်လိ်ုက်ပါ။ ဥပမာ အားဖြင့် လီဗာပူးပေါ့။ မန်ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူး ကစားသမားတွေထက် အတော် နိမ့်ကျ နေလို့လား? ကျွန်တော် ကတော့ ဒီလို လုံးဝ မထင်ပါဘူး။ ဒါပေမယ့် လီဗာပူး ကစားသမားတွေဟာ ပိုမို ကောင်းမွန်တဲ့ နားလည်မှု ၊ စည်းလုံးမှု နဲ့ ယုံကြည်မှုတွေ ရှိလား? အမှန်ပါပဲ။ ပြီးခဲ့တဲ့ နေ့က ဒီအကြောင်းကို ဂျွန်ဘန်းနဲ့ ကျွန်တော် ပြောဖြစ် ခဲ့ပါသေးတယ်။ သူကလည်း ဒီလိုမျိုးပဲ ပြောပါတယ်။ ဒီနှစ်သင်းကြား ကွာခြားမှုတွေ ရှိနေတယ်လို့ သူလည်း မထင်ပါဘူး။

ကစားသမား အင်အားကို ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက်ဟာ အရမ်းကို ကောင်းမွန်တဲ့ ကစားသမားတွေ ပိုင်ဆိုုင် ထားပါတယ်။ ဒါပေမယ့် မန်နေဂျာဟာ ပက်ဂွာဒီယိုလာ ရဲ့ အသင်းတွေလိုမျိုး လက်ရှိ ယာဂန်ကလော့ ရဲ့ အသင်းလိုမျိုး သူ့အသင်းကို မလုပ်နို်င်သေး ပါဘူး။ အိုလီဂန်နာ ဆိုးရှား အနေနဲ့ အချိန်အတိုင်းအတာ တစ်ခု အတွင်း ဒီလိုမျိုး လုပ်နိုင်မလား ဆိုတာ ကတော့ စိတ်ဝင်စား စရာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

SM