ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပြီး ခဲ့တဲ့ အင်္ဂါနေ့ ညက ချန်ပီယံ လိဂ် ပွဲစဉ် မှာ ဂျုဗင်တပ် အသင်း အတွက် သူရဲကောင်း ဖြစ်ခဲ့ ပါတယ် ။ ပထမ အကျော့ က ၂ – ၀ ဖြင့် ရှုံးနိမ့် ခဲ့ မှု ကို သင်ပုန်းချေ ပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် နိုင် ဖို့ အတွက် လိုအပ် နေတဲ့ သွင်းဂိုး ၃ ဂိုး ကို ရိုနယ်ဒို က သွင်းယူ ပေး ခဲ့ ပြီး အားလုံး ကို အံ့အား သင့်စေခဲ့ ပါတယ် ။

ဂျုဗင်တပ် ဟာ အီတလီ ကလပ် တွေ ထဲ က နေ ကွာတား ဖိုင်နယ် ကို တက် ရောက် နိုင် တဲ့ တစ်သင်းတည်း သော အသင်း ဖြစ် ခဲ့ ပါတယ် ။ မဲခွဲ ပွဲ မှာတော့ ဘာစီလိုနာ ၊ အိုင်ယက်စ် ၊ ပေါ်တို တို့ အပြင် အင်္ဂလိပ် ကလပ် ၄ သင်း ထဲ က တစ်သင်းသင်း နဲ့ ဂျုဗီ တို့ ရင်ဆိုင် ရ မှာ ဖြစ် ပါတယ် ။

ဒါ ပေမယ့် ယနေ့ ညနေ ပိုင်း က ထွက်ပေါ် လာတဲ့ သတင်း အရ ရိုနယ်ဒို ဟာ ဂျုဗင်တပ် ရဲ့ ကွာတား ဖိုင်နယ် ပထမ အကျော့ ကို လွဲချော် ဖို့ အခြေ အနေ တစ်ခု ရှိ လာခဲ့ တယ် လို့ သိရ ပါတယ် ။ ရိုနယ်ဒို ရဲ့ အင်္ဂါ နေ့ ညက အောင်ပွဲ ခံ ပုံ ဟာ ဒီလို ပွဲပယ် အပြစ်ဒဏ် ကို ကျရောက် ဖို့ လမ်းစ ဖြစ် စေလာနိုင် ခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ အေတီကို မက်ဒရစ် အသင်း ဘက်ကို ဂိုးတွေ သွင်းယူ အပြီး မှာ လက်နှစ်ဖက် ကို သူ့ရဲ့ ပေါင်ကြား အနီး ကို ၀ိုက် ကာ အောင်ပွဲ ခံ ခဲ့ ပါတယ် ။ ဒီ ပုံစံ ဟာ ပထမ အကျော့ တုန်းက အသက်လက် တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီးမြွန်းနီ ပြုလုပ် ခဲ့တဲ့ အောင်ပွဲ ခံ ဟန် မျိုး ဖြစ် ခဲ့ပြီး ရိုနယ်ဒို က ပြန်လည် တုန့်ပြန် ခဲ့ ပုံ ရ ခဲ့ ပါတယ် ။

ဥရောပ ဘောလုံး အဖွဲ့ ချုပ် UEFA ဟာ ပထမ အကျော့ အပြီး မှာ ဒီယေဂို ဆီးမြွန်းနီ ရဲ့ အောင်ပွဲ ခံဟန် ကို စုံစမ်း ခဲ့ ပြီး ဒဏ်ငွေ ချမှတ် ခဲ့ ပါတယ် ။ အကယ်၍ ရိုနယ်ဒို ဟာ ဒီ အောင်ပွဲ ခံ မှု ကို တစ်စုံ တစ်ဦးထံ ရည်ရွယ် ချက် ရှိရှိ နဲ့ ပြုလုပ် ခဲ့တာ မဟုတ် ပါက ဆီးမြွန်းနီ ကဲ့သို့ ငွေဒဏ် သာ ပေးဆောင် ရမယ် လို့ သိရ ပါတယ် ။

ဒါပေမယ့် ရိုနယ်ဒို ဟာ အဆိုပါ အောင်ပွဲ ခံ မှု ကို ပြိုင်ဘက် အသက် လက်တီကို မက်ဒရစ် ပရိသတ် တွေ ဆီ ရည်ရွယ် ပြီး ပြုလုပ် ခဲ့တယ် လို့ စစ်ဆေး သုံးသပ် ခဲ့ မယ် ဆိုရင်တော့ တစ်ပွဲ ပယ် အပြစ်ဒဏ် ကျ ခံ ရနိုင် ချေ ရှိနေပြီး ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ကို လွဲချော် သွား နိုင် ပါတယ် ။

ရိုနယ်ဒို ဟာ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲ တုန်း ကလည်း ဗလင်စီယာ နောက် ခံလူ ရဲ့ ဦးခေါင်း ကို သွား ကိုင် မိ ခဲ့ တာ ကြောင့် အနီကဒ် နဲ့ ထုတ်ပယ် ခံ ခဲ့ ရပြီး ဖြစ် ပါတယ် ။ အကယ်၍ ယခု အကြိမ် မှာ ပွဲပယ် ခံ ခဲ့ရ မယ် ဆိုရင် တော့ ဂျုဗင်တပ် အတွက် အလွန် နစ်နာ စရာ ဖြစ်လာ နိုင် ပါတယ် ။

ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် မဲခွဲ မှု ကို မနက်ဖြန် မှာ ပြုလုပ် မှာ ဖြစ်ပြီး ပထမ အကျော့ ကို ဧပြီ လ ၉ နဲ့ ၁၀ ရက်နေ့ မှာ ကစား သွားမှာ ဖြစ်ပြိး ဒုတိယ အကျော့ ကိုတော့ ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့ တွေ မှာ ယှဉ်ပြိုင် ကစား သွားမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR