ကလပ္ အသင္း ပြဲစဥ္ ေတြ က ေတာ့ ေခတၱ ရပ္နား ထားၾက ပါတယ္ ။ လက္ရွိ မွာ ေတာ့ လက္ေရြးစင္ အသင္း ေတြ ဟာ ယူရုိ ေျခစစ္ပြဲ ေတြ ၊ ေျခစမ္း ပြဲေတြ ကို ကစား ရင္း နည္းဗ်ဳဟာ ေတြ ၊ လူသစ္ ေတြြ ကို စမ္းသပ္ ေလ့လာ ေနခဲ့ ၾကပါတယ္ ။ လာမယ့္ ဗုဒၶဟူး ေန႔ မွာ ေတာ့ ေနာက္ထပ္ ေျခစစ္ပြဲ ေတြ ကို ဆက္လက္ ကစား ဦးမွာ ျဖစ္ၿပီး ဒါၿပီး ရင္ေတာ့ ကလပ္ အသင္း ပြဲစဥ္ေတြ ျပန္လည္ ေရာက္ရွိ လာၾက ေတာ့မွာ ပဲျဖစ္ ပါတယ္ ။

ဒီလိုမ်ဳိး ကစား ေနၾကတဲ့ ယူရို ၂၀၂၀ ေျခစစ္ ပြဲ၀င္ အသင္း ေတြ မွာေတာ့ အဂၤလန္ ၊ စပိန္ ၊ ဘယ္ဂ်ီယံ ၊ ျပငသစ္ တို႔ ဟာ ႏိုင္ပြဲ ေတြ ကိုယ္စီ ရရွိ ခဲ့ၾက ပါတယ္ ။ ႏုိင္ငံ အသင္းေတြ ဟာ ကလပ္ အသင္းက ထိပ္တန္း ကစား သမားေတြ ေပါင္း စု ဖြဲ႕စည္း ထားတာ ေၾကာင့္ ကလပ္ အသင္းမွာ ေျခစြမ္းျပ တဲ့ ကစား သမား မ်ား ေလေလ ၊ အသင္းရဲ႕ အင္အား ႀကီးမား ေလေလ ျဖစ္ ပါတယ္ ။

ဒီ အထဲ မွာေတာ့ ဂါရတ္ ေဆာက္ဂိတ္ ရဲ႕ အဂၤလန္ အသင္း ဟာ ယူရို ေျခစစ္ပြဲ ၀င္ အသင္းေတြ အနက္ ေစ်းကြက္ တန္ဖိုး စုစု ေပါင္း အျမင့္ဆံုး အသင္း အျဖစ္ ရပ္တည္ ေနခဲ့ ပါတယ္ ။ အဂၤလန္ အသင္း မွာ ရာဟင္ စတာလင္ ၊ ဟယ္ရီ ကိန္း ၊ မားကပ္ ရက္ဖိုဒ့္ တို႔လို ေစ်းကြက္ တန္ေၾကးျမင့္ ကစား သမားေတြ ပါ၀င္ ေန သလို အရန္ခံု တန္းက ေဂ်ဒန္ ဆန္ခ်ဳိ ၊ ဟတ္ဆန္ အိုဒြဳိင္း တို႔ ဟာ လည္း ေစ်းကြက္ တန္ေၾကးျမင့္ တဲ့ လူငယ္ ကစား သမားေတြ ျဖစ္ ေနတာေၾကာင့္ အဂၤလန္ အသင္း ရဲ႕ တန္ဖုိး ဟာ ဒီေလာက္ ျမင့္တက္ လာခဲ့ ရတာပဲ ျဖစ္ ပါတယ္ ။

အဂၤလန္ ဟာ ေျခစစ္ပြဲ ကစား ခဲ့တဲ့ အသင္း ေတြ အနက္ ကစား သမား စုစု ေပါင္း တန္ဖိုး ယူရို ၁.၁၈ ဘီလီယံ ရွိ ေနၿပီ အျမင့္ဆံုး အျဖစ္ ရပ္တည္ ေနခဲ့ ပါတယ္ ။ အဂၤလန္ ရဲ႕ ေနာက္ မွာေတာ့ စပိန္ လက္ေရြးစင္ အသင္း က စုစုေပါင္း တန္ဖိုး ယူရို ၁.၀၈ သန္း နဲ႔ ဒုတိယ ေနရာ မွာ ရပ္တည္ ေနခဲ့ ပါတယ္ ။

လူကာကူ ၊ ဒီဘရုိင္း ၊ ဟာဇက္ တို႔ ရွိ ေနသလို အျခား ထိပ္တန္း ကစား သမား မ်ားစြာ လည္း ပုိင္ဆုိင္ ထားတဲ့ ဘယ္လ္ဂ်ီယံ ကေတာ့ ေပၚတူဂီ ၊ ဂ်ာမဏီ ၊ ျပင္သစ္ တို႔ရဲ႕ ေအာက္မွာ သာ မက အီတလီ အသင္းရဲ႕ တန္ဖိုး ေအာက္ သတၱမ ေနရာမွာ သာ ရွိေနခဲ့ ပါတယ္ ။ ေျခစစ္ပြဲ မွာ လူအင္အား အျပည့္ ေခၚယူ မလာတာ ကလည္း ဘယ္ဂ်ီယံ ရဲ႕ တန္ဖိုး ကို ေလ်ာ့က် ေစခဲ့ တာပဲ ျဖစ္ ပါတယ္ ။

ဗန္ဒိုက္ ၊ ဒီလစ္ ၊ ဖရန္ ကီဒီယြန္ တို႔ ရဲ႕ နယ္သာလန္ ကေတာ့ လူငယ္ ေသြးသစ္ ေတြ ရဲ႕ ေျခစြမ္း ထက္ျမက္ လင့္ ကစား ေစ်းကြက္ တန္ဖိုး မရွိေသး တာေၾကာင့္ ယူရို သန္း ၆၁၀ နဲ႔ ႊဆင့္ ၈ မွာ သာ ရပ္တည္ ႏုိင္ ခဲ့ ပါတယ္ ။

ဒီအခ်က္ အလက္ေတြ ဟာ ကစားပြဲ တစ္ပြဲ ရဲ႕ အႏုိင္ အရွဳံးကို မဆံုးျဖတ္ ႏုိင္ေပမယ့္ တန္ဖိုး ျမင့္တဲ့ ကစား သမား မ်ားေလေလ ၊ အသင္းရဲ႕ စုဖြဲ႕မႈ နဲ႔ ေျခစြမ္းပုိင္း ေကာင္းမြန္ ေလေလ ဆိုတာ ကိုေတာ့ လက္ခံ ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ယူရို ခြေစစ်ပွဲဝင် အသင်းတွေထဲမှာ ဘယ်အသင်း က စျေးကွက် တန်ဖိုး အမြင့််ဆုံးလဲ

==========================================

ကလပ် အသင်း ပွဲစဉ် တွေ က တော့ ခေတ္တ ရပ်နား ထားကြ ပါတယ် ။ လက်ရှိ မှာ တော့ လက်ရွေးစင် အသင်း တွေ ဟာ ယူရို ခြေစစ်ပွဲ တွေ ၊ ခြေစမ်း ပွဲတွေ ကို ကစား ရင်း နည်းဗျုဟာ တွေ ၊ လူသစ် တွွေ ကို စမ်းသပ် လေ့လာ နေခဲ့ ကြပါတယ် ။ လာမယ့် ဗုဒ္ဓဟူး နေ့ မှာ တော့ နောက်ထပ် ခြေစစ်ပွဲ တွေ ကို ဆက်လက် ကစား ဦးမှာ ဖြစ်ပြီး ဒါပြီး ရင်တော့ ကလပ် အသင်း ပွဲစဉ်တွေ ပြန်လည် ရောက်ရှိ လာကြ တော့မှာ ပဲဖြစ် ပါတယ် ။

ဒီလိုမျိုး ကစား နေကြတဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲဝင် အသင်း တွေ မှာတော့ အင်္ဂလန် ၊ စပိန် ၊ ဘယ်ဂျီယံ ၊ ပြငသစ် တို့ ဟာ နိုင်ပွဲ တွေ ကိုယ်စီ ရရှိ ခဲ့ကြ ပါတယ် ။ နိုင်ငံ အသင်းတွေ ဟာ ကလပ် အသင်းက ထိပ်တန်း ကစား သမားတွေ ပေါင်း စု ဖွဲ့စည်း ထားတာ ကြောင့် ကလပ် အသင်းမှာ ခြေစွမ်းပြ တဲ့ ကစား သမား များ လေလေ ၊ အသင်းရဲ့ အင်အား ကြီးမား လေလေ ဖြစ် ပါတယ် ။

ဒီ အထဲ မှာတော့ ဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်း ဟာ ယူရို ခြေစစ်ပွဲ ၀င် အသင်းတွေ အနက် စျေးကွက် တန်ဖိုး စုစု ပေါင်း အမြင့်ဆုံး အသင်း အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။ အင်္ဂလန် အသင်း မှာ ရာဟင် စတာလင် ၊ ဟယ်ရီ ကိန်း ၊ မားကပ် ရက်ဖိုဒ့် တို့လို စျေးကွက် တန်ကြေးမြင့် ကစား သမားတွေ ပါ၀င် နေ သလို အရန်ခုံ တန်းက ဂျေဒန် ဆန်ချို ၊ ဟတ်ဆန် အိုဒွိုင်း တို့ ဟာ လည်း စျေးကွက် တန်ကြေးမြင့် တဲ့ လူငယ် ကစား သမားတွေ ဖြစ် နေတာကြောင့် အင်္ဂလန် အသင်း ရဲ့ တန်ဖိုး ဟာ ဒီလောက် မြင့်တက် လာခဲ့ ရတာပဲ ဖြစ် ပါတယ် ။

အင်္ဂလန် ဟာ ခြေစစ်ပွဲ ကစား ခဲ့တဲ့ အသင်း တွေ အနက် ကစား သမား စုစု ပေါင်း တန်ဖိုး ယူရို ၁.၁၈ ဘီလီယံ ရှိ နေပြီ အမြင့်ဆုံး အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။ အင်္ဂလန် ရဲ့ နောက် မှာတော့ စပိန် လက်ရွေးစင် အသင်း က စုစုပေါင်း တန်ဖိုး ယူရို ၁.၀၈ သန်း နဲ့ ဒုတိယ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။

လူကာကူ ၊ ဒီဘရိုင်း ၊ ဟာဇက် တို့ ရှိ နေသလို အခြား ထိပ်တန်း ကစား သမား များစွာ လည်း ပိုင်ဆိုင် ထားတဲ့ ဘယ်လ်ဂျီယံ ကတော့ ပေါ်တူဂီ ၊ ဂျာမဏီ ၊ ပြင်သစ် တို့ရဲ့ အောက်မှာ သာ မက အီတလီ အသင်းရဲ့ တန်ဖိုး အောက် သတ္တမ နေရာမှာ သာ ရှိနေခဲ့ ပါတယ် ။ ခြေစစ်ပွဲ မှာ လူအင်အား အပြည့် ခေါ်ယူ မလာတာ ကလည်း ဘယ်ဂျီယံ ရဲ့ တန်ဖိုး ကို လျော့ကျ စေခဲ့ တာပဲ ဖြစ် ပါတယ် ။

ဗန်ဒိုက် ၊ ဒီလစ် ၊ ဖရန် ကီဒီယွန် တို့ ရဲ့ နယ်သာလန် ကတော့ လူငယ် သွေးသစ် တွေ ရဲ့ ခြေစွမ်း ထက်မြက် လင့် ကစား စျေးကွက် တန်ဖိုး မရှိသေး တာကြောင့် ယူရို သန်း ၆၁၀ နဲ့ ွှဆင့် ၈ မှာ သာ ရပ်တည် နိုင် ခဲ့ ပါတယ် ။

ဒီအချက် အလက်တွေ ဟာ ကစားပွဲ တစ်ပွဲ ရဲ့ အနိုင် အရှုံးကို မဆုံးဖြတ် နိုင်ပေမယ့် တန်ဖိုး မြင့်တဲ့ ကစား သမား များလေလေ ၊ အသင်းရဲ့ စုဖွဲ့မှု နဲ့ ခြေစွမ်းပိုင်း ကောင်းမွန် လေလေ ဆိုတာ ကိုတော့ လက်ခံ ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR