၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ ရဲ့ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကြီး ကတော့ ပြီးဆုံး ဖို့ တဖြည်းဖြည်း နီးကပ် လာခဲ့ ပါပီ ။ ချန် ပီယံ လိဂ် ပြိုင်ပွဲ ကြီးရဲ့ ကွာတား ဖိုင်နယ် အဆင့် မဲခွဲ မှု ကို တော့ ယနေ့ ည မြန်မာ စံတော် ချိန် ၅း၃၀ နာရီ အချိန် မှာ ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန် မြို့ မှာ ပြုလုပ် ကျင်းပ သွားခဲ့ ပါတယ် ။ မဲခွဲ မှု အပြီး မှာ တော့ ရင်ခုန် စိတ်လှုပ် ရှား ဖွယ် အတွဲ အဖက်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

အဆိုပါ မဲခွဲ ပွဲ ကို ချန်ပီယံ လိဂ် ချန်ပီယံ ဟောင်း ဖြစ်တဲ့ ဂျုလီယို ဆီဇာ ( ၂၀၁၀ ချန်ပီယံ ၊ အင်တာ ဂိုးသမားဟောင်း ) က တက်ရောက် ပါဝင် ကူညီ ပေးသွားခဲ့ ကြ ပါတယ် ။ ကွာတား ဖိုင်နယ် ပထမ အကျော့ ကိုတော့ ဧပြီ လ ၉ နဲ့ ၁၀ ရက်တွေ မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဒုတိယ အကျော့ ကိုတော့ ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့ တွေမှာ ယှဉ်ပြိုင် သွားမှာ ဖြစ် ပါတယ် ။

၁ ။ အိုင်ယက်စ် VS ဂျူဗင်တပ်

နယ်သာလန် ကလပ် အိုင်ယက်စ် ဟာ အုပ်စု E မှာ ဘိုင်ယန်မြုးနစ် ၊ ဘင်ဖီကာ ၊ AEK အေသင် တို့နဲ့ တစ်အုပ်စု တည်းကျရောက် ခဲ့ပြီး ဘိုင်ယန်မြုးနစ် ကို နှစ်ကျော့ စလုံး သရေ ကစားကာ အုပ်စု ဒုတိယ နေရာ နဲ့ နောက်တစ်ဆင့် ကို တက်ရောက် နိုင် ခဲ့ ပါတယ် ။ ရှုံးထွက် အဆင့်မှာတော့ အိုင်ယက်စ် ဟာ လက်ရှိ ချန်ပီယံ ရီးရဲ မက်ဒရစ် ကို အံ့အားသင့်ဖွယ် ကျော်ဖြတ်ပြီး ကွာတား ဖိုင်နယ် ကို တက်လှမ်း လာခဲ့တာပဲ ဖြစ် ပါတယ် ။

ဂျုဗင်တပ် အသင်း ကတော့ အုပ်စု အဆင့် မှာ မန်ချက်စတာ ယူနိုက်တက် ၊ ဗလင်စီယာ ၊ ယန်းဘွိုင်းစ် တို့ နဲ့ အတူ ကျရောက် ခဲ့ပြီး အုပ်စု ပထမ နေရာ ကနေ နောက်တစ်ဆင့် ကို တက်ရောက် ခဲ့တာ ဖြစ် ပါတယ် ။ ရှုံးထွက် ပထမ အကျော့ မှာ အသက်လက်တီကို မက်ဒရစ် ကို ၂ ဂိုးပြတ် အရေး နိမ့်ခဲ့တာ ကြောင့် ကွာတား တက်ဖို့ အလားလာ နည်းပါး ခဲ့ပြီလို့ ထင်မှတ် ခဲ့ကြပေမယ့် ရိုနယ်ဒို ရဲ့ ဟက်ထရစ် နဲ့ အတူ ဒုတိယ အကျော့မှာ အနိုင် ကစားပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် လာခဲ့တာပဲ ဖြစ် ပါတယ် ။

၂ ။ လီဗာပူး VS ပေါ်တို

လီဗာပူး အသင်း ဟာ နာပိုလီ ၊ PSG ၊ ရက်စတား တို့ နဲ့ အတူ ချန်ပီယံ လိဂ် ရဲ့ မရဏ အုပ်စု မှာ ကျရောက် ခဲ့ပြီး အုပ်စု နောက် ဆုံး ပွဲ အထိ အကျိတ် အနယ် ယှဉ်ပြိုင် ကာ အုပ်စု ဒုတိယ နေရာ ကနေ နောက်တစ်ဆင့် ကို တက်လှမ်း လာခဲ့တာ ဖြစ် ပါတယ် ။ ရှုံးထွက် အဆင့် မှာတော့ ဂျာမန် ထိပ်သီး ကလပ် ဘိုင်ယန်မြုးနစ် ကို ဒုတိယ အကျော့ ဂျာမန် မြေပေါ်မှာ အနိုင် ကစားပြီး ကွာတား ဖိုင်နယ် ကို တက်ရောက်လာခဲ့ တာပဲဖြစ် ပါတယ် ။ လီဗာပူး ကတော့ ဗိုလ်စွဲ ဖို့ တတိယ ရေပန်း အစားဆုံး အသင်း ဖြစ် ပါတယ် ။

ပေါ်တို အသင်း ကတော့ အုပ်စု အဆင့် မှာ ရှော်ကေး ၊ ဂါလာတာစာရေး ၊ လိုကိုမိုးတစ် မော်စကို တို့ နဲ့ အတူ ကျရောက် ခဲ့ပြီး ရှုံးပွဲ မရှိ အုပ်စု ဗိုလ် အဖြစ်နဲ့ ၁၆ သင်း အဆင့် ကိုတက် ရောက်လာခဲ့ တာဖြစ် ပါတယ် ။ ၁၆ သင်း အဆင့် မှာတော့ အီတလီ ကလပ် ရိုးမား ကို ပထမ အကျော့ မှာ ၂ – ၁ ဖြင့် ရှုံးနိမ့် ခဲ့ ပေမယ့် ဒုတိယ အကျော့ မှာ တော့ ၃ – ၁ ဖြင့် အနိုင် ကစားပြီး ကွာတား ဖိုင်နယ် ကို တက်ရောက်လာခဲ့တာ ပဲဖြစ် ပါတယ် ။

၃ ။ တော့တင်ဟမ် ဟော့စပါး VS မန်ချက်စတာ စီးတီး

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု ဘီ မှာ ဘာစီလိုနာ ၊ အင်တာမီလန် ၊ PSV အသင်း တွေ နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ဘာစီလိုနာ ရဲ့ နောက် အုပ်စု ဒုတိယ နေရာ ကနေ ရှုံးထွက် အဆင့် ကိုတက် ရောက် ခဲ့ ပါတယ် ။ ရှုံးထွက် မှာ ဒေါ့မွန် အသင်း ကို နှစ်ကျော့ လုံး အနိုင် ကစားပြီး အသင်း ရဲ့ သမိုင်း တစ်လျောက် ပထမ ဆုံး အကြိမ် အဖြစ် ကွာတား ဖိုင်နယ် ကို ရောက်ရှိ လာခဲ့ တာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ဟာ အုပ်စု F မှာ လိုင်ယွန် ၊ ရှက်တာ ဒိုးနက် ၊ ဟော့ဖမ်ဟမ်း အသင်းတွေ နဲ့ အတူ ကျရောက် ခဲ့ပြီး လိုင်ယွန် ကို တစ်ပွဲ ရှုံးနိမ့် ခဲ့ ပေမယ့် အုပ်စု ပထမ နေရာကို ရယူနိုင် ခဲ့ ပါတယ် ။ ရှုံးထွက် အဆင့် မှာ ဂျာမန် ကလပ် ရှော်ကေး နဲ့ ဆုံတွေ့ ခဲ့ပြီး စံချိန်တင် လောက်သည် အထိ နှစ်ကျော့ ပေါင်း ၁၀ ဂိုး သွင်းယူကာ ကွာတား ဖိုင်နယ် ကို တက်ရောက်လာ ခဲ့တာ ဖြစ် ပါတယ် ။ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း လည်းဖြစ် ပါတယ် ။

၎ ။ ဘာစီလိုနာ VS မန်ချက်စတာ ယူနိုက်တက်

ဘာစီလိုနာ အသင်း ကတော့ အုပ်စု ဘီ မှာ စပါး ၊ အင်တာ မီလန် ၊ PSV တို့ နဲ့ အတူ ကျရောက် ခဲ့ပြီး ရှုံးပွဲ လုံးဝ မရှိ ခဲ့ဘဲ ၄ ပွဲနိုင် ၊ ၂ ပွဲ သရေ ရလဒ် နဲ့ အုပ်စု ဗိုလ် ရရှိ ခဲ့ပြီး နောက်တစ်ဆင့် ကို တက်ရောက် နိုင် ခဲ့တာ ဖြစ် ပါတယ် ။ ရှုံးထွက် အဆင့် မှာ ပြင်သစ် ကလပ် လိုင်ယွန် နဲ့ ဆုံတွေ့ ခဲ့ပြီး နှစ်ကျော့ ပေါင်း ၅-၁ ရလဒ် ဖြင့် အနိုင် ကစားကာ ကွာတား ဖိုင်နယ် ကို တက်ရောက် လာခဲ့တာ ဖြစ် ပါတယ် ။ ဘာစီလိုနာ ဟာ မန်စီးတီး ပြီးပါက ဗိုလ်စွဲဖို့ ဒုတိယ ရေပန်း အစားဆုံး အသင်း ဖြစ် ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု H မှာ ဂျူဗင်တပ် ၊ ဗလင်စီယာ ၊ ယန်းဘွိုင်းစ် အသင်း တို့ နဲ့ အတူ ကျရောက် ခဲ့ပြီး ၂ ပွဲ အထိ ရှုံးနိမ့် ကာ အုပ်စု ဒုတိယ အဖြစ် နဲ့ ရှုံးထွက် အဆင့် ကို တက်ရောက်ခဲ့ ပါတယ် ။ ရှုံးထွက် အဆင့်မှာ လည်း ပြင်သစ် ထိပ်သီး PSG ကို ပထမ အကျော့မှာ ၂ – ၀ ဖြင့် အပြတ် ရှုံးနိမ့် ခဲ့ တာ ကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက်ရမယ် လို့ ထင်မှတ်ထား ခဲ့ကြပေမယ့် ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ် အနိုင် ကစားခဲ့ပြီး ကွာတားဖိုင်နယ် ကို တက်ရောက် လာခဲ့တာပဲ ဖြစ် ပါတယ် ။

ဆီမီး ဖိုင်နယ် ပွဲစဉ် အတွက် ပါ တစ်ပါတည်း မဲခွဲ ခဲ့ကြပြီး စပါး နဲ့ မန်စီးတီး အသင်း တို့ ရဲ့ ပွဲ က အနိုင် ရရှိ တဲ့ အသင်း ဟာ အိုင်ယက်စ် – ဂျုဗင်တပ် ပွဲစဉ် က အနိုင် ရရှိတဲ့ အသင်း နဲ့ ဆုံတွေ့ ရမှာ ဖြစ်ပြီး ဘာစီလိုနာ – မန်ယူနိုက်တက် ပွဲစဉ် က အနိုင် ရရှိ တဲ့ အသင်းဟာ လီဗာပူး – ပေါ်တို ပွဲစဉ် က အနိုင် ရရှိ တဲ့ အသင်းနဲ့ ဆုံတွေ့ ရတော့ မှာ ပဲ ဖြစ် ပါတယ် ။
ကွာတား ဖိုင်နယ် ပွဲစဉ် တွေ အပြီး မှာ ဘယ် အသင်းတွေ ဆီမီး ဖိုင်နယ် ကို ရောက်ရှိ လာမလဲ ဆိုတာ ရင်ခုန် စိတ်လှုပ် ရှား ကြပါစို့ဗျာ . . .

SPORTS MYANMAR