ဂန္းနားတို႔ရဲ့ လူငယ္ ၾကယ္ပြင့္ နယ္လ္ဆင္ က ဒီရာသီ အာဆင္နယ္ အသင္းႀကီးမွာ ပြဲထြက္ ကစားခြင့္ ရတာဟာ စီနီယာ ကစားသမားေတြရဲ့ အႀကံဉာဏ္ေပးမွု ၊ အကူအညီ ေပးမွုေတြေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။

ရိးစ္နယ္လ္ဆင္ ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဂ်ာမန္ ဘြန္ဒက္စ္လီဂါ ကလပ္ ေဟာ့ဖန္ဟိမ္း အသင္းကို အငွား သြားေရာက္ ကစားခဲ့ၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့ပါတယ္ ။ နယ္လ္ဆင္ ဟာ ေဟာ့ဖန္ဟိမ္း အသင္း အတြက္ ၁၉ ပြဲ ပါဝင္ ကစားေပး ခဲ့ၿပီး ၇ ဂိုး သြင္းယူ ေပးခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ ရာသီက ဘြန္ဒက္စ္လီဂါမွာ အဂၤလန္ လူငယ္ ကစားသမား ႏွစ္ဦး ထြန္းေတာက္ ခဲ့ၿပီး ေဒါ့မြန္ အသင္း ရဲ့ လူငယ္ ၾကယ္ပြင့္ ေဂ်ာ္ဒန္ ဆန္ခ်ိဳ နဲ႔ အာဆင္နယ္ အသင္းကေန ေဟာ့ဖန္ဟိမ္း အသင္းကို အငွား သြားေရာက္ ကစားခဲ့တဲ့ နယ္လ္ဆင္ တို႔ ပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ နယ္လ္ဆင္ ကို အငွား မခ်ေတာ့ဘဲ အသင္းႀကီးမွာ ပြဲထြက္ ကစားခြင့္ေပးဖို႔ ဆုံးျဖတ္ကာ အသင္းရဲ့ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ ပါဝင္ ကစားခြင့္ ေပးခဲ့ပါတယ္ ။ နယ္လ္ဆင္ ဟာ အန္ဂါးစ္ အသင္းနဲ႔ ပြဲမွာ ဂိုးသြင္းနိုင္ခဲ့သလို အာဆင္နယ္ အသင္းရဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ႏွစ္ပြဲဆက္ ပြဲထြက္ လူစာရင္းမွာ ပါဝင္ခြင့္ ရခဲ့ပါတယ္ ။

 

နယ္လ္ဆင္ က အာဆင္နယ္ အသင္း တရားဝင္ ဝက္ဆိုဒ္ နဲ႔ အင္တာဗ်ဴး မွာ ” အသင္းမွာ လူငယ္ ကစားသမားေတြကို လိုလိုလားလား နဲ႔ အကူအညီ ေပးခ်င္ၾကတဲ့ နာမည္ႀကီး ကစားသမားေတြ ရွိေနတာက က်ေနာ္တို႔လို လူငယ္ေတြအတြက္ အားအင္ ျဖစ္ေစပါတယ္ ။ လာကာ၊ အူဘာ၊ဂရန္းနစ္ စသည့္သူေတြအားလုံးက တကယ့္ အရည္အခ်င္း ရွိတဲ့သူေတြပါ ။ ”

 

” ေဒးဗစ္လူးဝဇ္ ဆို အသင္းကို အသစ္ေရာက္လာတဲ့ ကစားသမား ျဖစ္ေပမယ့္ က်ေနာ့္ကို စိတ္ဓတ္ပိုင္း ဆိုင္ရာနဲ႔ ပတ္သက္ၿပီး အျမဲလိုလို သင္ျပေပးပါတယ္။ ေဘာလုံးကစားတဲ့ အခါမွာ လူေပးမွားတာေတြ၊ ဂိုးေပါက္မတည့္တာေတြလည္း ရွိနိုင္ပါတယ္ ၊ ဒါေပမယ့္ အရဲစြန႔္ၿပီး ႀကိဳးစားၾကည့္ရမွာပါပဲ ။ ကိုယ့္ဂိုးကန္သြင္းခ်က္ လြဲသြားရင္ေတာင္ ဆက္လက္ႀကိဳးစားဖို႔ ေခါင္းေမာ့ ထားရမွာပါ။ ”

” ပရီးမီးယားလိဂ္မွာ ပြဲထြက္ ကစားခြင့္ ရတာက က်ေနာ့္ အတြက္ ႀကီးမားတဲ့ ဆုလာဘ္ တစ္ခုပါပဲ ။ အဖြင့္ပြဲစဥ္ႏွစ္ပြဲဆက္ ပြဲထြက္ ကစားခြင့္ ရလိမ့္မယ္လို႔ ထင္ကို မထင္ထားခဲ့တာပါ ။ အရန္ခုံမွာ နီကိုလပ္စ္ ပီပီ ၊ မီခီတာရန္းတို႔လို ကမၻာ့ ကစားသမားေတြကို ထားၿပီး က်ေနာ့္ကို အဖြင့္ပြဲစဥ္ ႏွစ္ပြဲဆက္ ပြဲထြက္ခြင့္ေပးတာကိုက နည္းျပႀကီးရဲ့ က်ေနာ့္အေပၚ အသိအမွတ္ျပဳမွု တစ္ခုပါပဲ ။ ”

 

” ရီးရဲလ္မက္ဒရစ္ အသင္း နဲ႔ ပြဲမွာ ေျခစြမ္းၿပ ကစားနိုင္ခဲ့တာေၾကာင့္ ပြဲထြက္ခြင့္ ေပးတယ္လို႔ ထင္ပါတယ္ ။ နယူးကာဆယ္ေကာ ဘန္ေလေကာ ႀကံ့ခိုင္မွု အားျပဳတဲ့ အသင္းေတြ ျဖစ္တာေၾကာင့္ အေတာ္ေလး ႐ုန္းကန္ ခဲ့ရပါတယ္ ၊ ေဘာလုံးမွာက ေျခစြမ္းၿပ ကစားနိုင္တဲ့ ပြဲလည္း ရွိနိုင္သလို ေျခစြမ္းမျပနိုင္တဲ့ ပြဲလည္း ရွိနိုင္ပါတယ္။ အေရးႀကီးဆုံးက စိတ္ဓတ္မက်ဘဲ ေနာက္တစ္ပြဲ ကစားတဲ့ အခ်ိန္မွာ အဆင္သင့္ ျဖစ္ေနဖို႔ပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

သူ အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့်ရလာအောင် အကူအညီပေးခဲ့တဲ့ စီနီယာ ကစားသမားတွေအကြောင်း ဖွင့်ဟလာတဲ့ နယ်လ်ဆင်
==================================

ဂန်းနားတို့ရဲ့ လူငယ် ကြယ်ပွင့် နယ်လ်ဆင် က ဒီရာသီ အာဆင်နယ် အသင်းကြီးမှာ ပွဲထွက် ကစားခွင့် ရတာဟာ စီနီယာ ကစားသမားတွေရဲ့ အကြံဉာဏ်ပေးမှု ၊ အကူအညီ ပေးမှုတွေကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

ရိးစ်နယ်လ်ဆင် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်ဟိမ်း အသင်းကို အငှား သွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၉ ပွဲ ပါဝင် ကစားပေး ခဲ့ပြီး ၇ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါမှာ အင်္ဂလန် လူငယ် ကစားသမား နှစ်ဦး ထွန်းတောက် ခဲ့ပြီး ဒေါ့မွန် အသင်း ရဲ့ လူငယ် ကြယ်ပွင့် ဂျော်ဒန် ဆန်ချို နဲ့ အာဆင်နယ် အသင်းကနေ ဟော့ဖန်ဟိမ်း အသင်းကို အငှား သွားရောက် ကစားခဲ့တဲ့ နယ်လ်ဆင် တို့ ပဲ ဖြစ်ပါတယ် ။

ဒါကြောင့် အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ နယ်လ်ဆင် ကို အငှား မချတော့ဘဲ အသင်းကြီးမှာ ပွဲထွက် ကစားခွင့်ပေးဖို့ ဆုံးဖြတ်ကာ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင် ကစားခွင့် ပေးခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ အန်ဂါးစ် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ် ။

နယ်လ်ဆင် က အာဆင်နယ် အသင်း တရားဝင် ဝက်ဆိုဒ် နဲ့ အင်တာဗျူး မှာ ” အသင်းမှာ လူငယ် ကစားသမားတွေကို လိုလိုလားလား နဲ့ အကူအညီ ပေးချင်ကြတဲ့ နာမည်ကြီး ကစားသမားတွေ ရှိနေတာက ကျနော်တို့လို လူငယ်တွေအတွက် အားအင် ဖြစ်စေပါတယ် ။ လာကာ၊ အူဘာ၊ဂရန်းနစ် စသည့်သူတွေအားလုံးက တကယ့် အရည်အချင်း ရှိတဲ့သူတွေပါ ။ ”

” ဒေးဗစ်လူးဝဇ် ဆို အသင်းကို အသစ်ရောက်လာတဲ့ ကစားသမား ဖြစ်ပေမယ့် ကျနော့်ကို စိတ်ဓတ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး အမြဲလိုလို သင်ပြပေးပါတယ်။ ဘောလုံးကစားတဲ့ အခါမှာ လူပေးမှားတာတွေ၊ ဂိုးပေါက်မတည့်တာတွေလည်း ရှိနိုင်ပါတယ် ၊ ဒါပေမယ့် အရဲစွန့်ပြီး ကြိုးစားကြည့်ရမှာပါပဲ ။ ကိုယ့်ဂိုးကန်သွင်းချက် လွဲသွားရင်တောင် ဆက်လက်ကြိုးစားဖို့ ခေါင်းမော့ ထားရမှာပါ။ ”

” ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် ရတာက ကျနော့် အတွက် ကြီးမားတဲ့ ဆုလာဘ် တစ်ခုပါပဲ ။ အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့တာပါ ။ အရန်ခုံမှာ နီကိုလပ်စ် ပီပီ ၊ မီခီတာရန်းတို့လို ကမ္ဘာ့ ကစားသမားတွေကို ထားပြီး ကျနော့်ကို အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ပွဲထွက်ခွင့်ပေးတာကိုက နည်းပြကြီးရဲ့ ကျနော့်အပေါ် အသိအမှတ်ပြုမှု တစ်ခုပါပဲ ။ ”

” ရီးရဲလ်မက်ဒရစ် အသင်း နဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပွဲထွက်ခွင့် ပေးတယ်လို့ ထင်ပါတယ် ။ နယူးကာဆယ်ကော ဘန်လေကော ကြံ့ခိုင်မှု အားပြုတဲ့ အသင်းတွေ ဖြစ်တာကြောင့် အတော်လေး ရုန်းကန် ခဲ့ရပါတယ် ၊ ဘောလုံးမှာက ခြေစွမ်းပြ ကစားနိုင်တဲ့ ပွဲလည်း ရှိနိုင်သလို ခြေစွမ်းမပြနိုင်တဲ့ ပွဲလည်း ရှိနိုင်ပါတယ်။ အရေးကြီးဆုံးက စိတ်ဓတ်မကျဘဲ နောက်တစ်ပွဲ ကစားတဲ့ အချိန်မှာ အဆင်သင့် ဖြစ်နေဖို့ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Unicode