ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခြေတက် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာမှ ချယ်လ်ဆီး ရဲ့ စီနီယာ အသင်း မှာ ပါဝင် အရွေးချယ် ခံထား ရပြီး ယူရိုပါလိဂ် နဲ့ ရှုံးထွက် ဖလား ပွဲစဉ် တွေမှာ ပါဝင် ကစားခွင့် ရထား ခဲ့ပါတယ် ။ သို့ပေမယ့် လည်း အိုဒွိုင်း ဟာ ယခု အချိန် အထိ ပရီးမီးယားလိဂ် မှာ ပွဲထွက်ခွင့် တပွဲ မှ မရထား တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကတည်းက အသင်းပြောင်းဖို့ စဉ်းစား နေခဲ့တာ ဖြစ်ပါတယ် ။

အိုဒွိုင်း ဟာ မနေ့ည က ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် ဖြစ်တဲ့ ဒိုင်နမိုကိဗ် နဲ့ အဝေးကွင်း မှာတော့ ပွဲချိန်ပြည့် ကစားကာ တဂိုးသွင်း ၊ တဂိုး ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် အိုဒွိုင်း ရဲ့ ခြေစွမ်း ဟာ ထိပ်တန်း ကစားသမား တဦး ရဲ့ အဆင့်အတန်း မျိုး ရှိနေတာ ကို တွေ့ရမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့ မှာလည်း အိုဒွိုင်း ဟာ လူစားဝင်ပြီး သွင်းဂိုး တဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယခု အချိန် မှာ ယူရိုပါလိဂ် ကွာတား အဆင့် ကို တက်ရောက် ခဲ့ပြီး ဖြစ်တာကြောင့် ပိုပြီး ခက်ခဲ တဲ့ ပြိုင်ဖက် တွေနဲ့ တွေ့ဆုံ ရာမှာ အိုဒွိုင်း ရဲ့ ပွဲထွက်ခွင့် ကိုလည်း အနည်း နဲ့ အများ ထိခိုက် စေနိုင်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဟောင်း ဂလင်း ဟော်ဒယ် က လူငယ် ခြေတက် အိုဒွိုင်း အနေနဲ့ ဖိအားဒဏ် တွေ ၊ ဒဏ်ရာ ပြဿနာ တွေ အကြား ခံနိုင်ရည် ပိုရှိ စေဖို့ အတွက် အငှား တရာသီ ဖြစ်ဖြစ် ပြောင်းကစား ပြီး အတွေ့အကြုံ ယူသင့်ကြောင်း ၊ ထို့အပြင် အိုဒွိုင်း ဟာ ညာတောင်ပံ မှာ ကစားတာ ထက် ဘယ်တောင်ပံ ဖက်မှာ ပိုကောင်းတယ် ဆိုတာ ပတ်ဒရို ဝင်လာတဲ့ အချိန် မှာ သိသာ စေကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ဟော်ဒယ် က ” ကျွန်တော့ အမြင်မှာ တော့ အိုဒွိုင်း ဟာ ဘယ်တောင်ပံ နေရာ မှာ ကစားတာ ပိုပြီး ခြေစွမ်း ပြနိုင်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ပတ်ဒရို ဝင်လာတဲ့ အချိန်မှာ သူ့ ရဲ့ ကစားပုံ ပိုကောင်း ခဲ့ပါတယ် ။ သူဟာ အဆုံးသတ် သေချာ သူ တဦး လည်း ဖြစ်ပါတယ် ။ တကယ် ထိပ်တန်း အဆင့် ရှိတဲ့ တောင်ပံ ကစားသမား တွေဟာ တောင်ပံ ကနေ ဆွဲတက် လာပြီးရင် ပင်နယ်တီ ဧရိယာ ထဲ ချိုးဝင်ပြီး ဂိုးသွင်း နိုင်စွမ်း ရှိပါတယ် ။ “

” သူကို ပိုင်ဆိုင် ထားတာ ဟာ ချယ်လ်ဆီး အတွက်တော့ အပိုဆု ရရှိ လိုက်သလို ပါပဲ ။ ခင်ဗျား မှာ ခြေစွမ်းကောင်း တော်ရုံသင့်ရုံ ရှိနေရင် ခင်ဗျား အနေနဲ့ ပွဲထွက်ခွင့် ရဖို့ ထိုက်တန် ပါတယ် ။ အိုဒွိုင်း မှာ ပါရမီ ခြေစွမ်း ကောင်းတွေ ရှိနေပါတယ် ။ သူ့ အနေနဲ့ ချယ်လ်ဆီး မှာ ကစားခွင့် ပုံမှန် မရဘူး ဆိုရင် တခြား တသင်းသင်း ကို ပြောင်း ကစား သင့်ပါတယ် ။ “

” အခု အချိန် မှာ သူ့ အတွက် ပုံမှန် ကစားခွင့် ရမယ့် အနေအထား မှာ ရှိနေဖို့ လိုပါတယ် ။ ကျွန်တော် တို့ အနေနဲ့ သူ့ရဲ့ ခြေစွမ်း တည်ငြိမ်မယ့် အခြေအနေ ကို ဆက်လက် စောင့်ကြည့် သွားဖို့ လိုပါတယ် ။ သူ့ရဲ့ ခြေစွမ်း အကျ ဖက် ရောက်နိုင်မယ့် အနေအထား ကိုလည်း စောင့်ကြည့် ဖို့ လိုပါတယ် ။ အဲ့ဒီ ခြေစွမ်း အကျ အနေအထား ကနေ သူ ပြန်လာ နိုင်မလား ? ဒီလို အခိုက်အတန့် တွေဟာ လူငယ် ကစားသမား တယောက် အနေနဲ့ ကိုယ်တိုင် လေ့လာ ကျော်ဖြတ် ဖို့ လိုတဲ့ အခိုက်အတန့် တွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခု အပတ် တနင်္ဂနွေ နေ့မှာ အဲဗာတန် ကို အဝေးကွင်း မှာ ရင်ဆိုင် ကစား ရမှာ ဖြစ်ပြီး ၄င်းရဲ့ အထက် က မန်ယူ ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ ပရီးမီးယားလိဂ် မကစားခင် အခွင့်ကောင်း ယူပြီး အနိုင် ကစားထားဖို့ လိုနေပါတယ် ။

SPORTS MYANMAR