ျပီးခဲ႔တဲ႔ အပတ္မွာ ကစားခဲ႔တဲ႔ ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္ မွာ အာင္နယ္ နဲ႔စပါး အသင္းတို႔ ၂ဂိုးစီ သေရ က်ခဲ႔ပါတယ္။ဒီပြဲ မွာ အထူးေျခစြမ္းျပသြားခဲ႔တာ ကေတာ့ အာဆင္နယ္ အသင္းရဲ႕ ကြင္းလယ္ ျကယ္ပြင့္ေလးဂြမ္ဒူဇီ ပဲ ျဖစ္ပါတယ္။

ဒီျပင္သစ္သားေလးဟာ အာဆင္နယ္ အသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆံုး ဦးေဆာင္သြားႏိုင္ ခ႔ဲျပီးအူဘာမီယန္ရဲ႕ သြင္းဂိုးကို လည္း အံ့မခန္းျဖတ္တင္ေပးပို႔ မွဳနဲ႔ ဖန္တီးေပးႏိုင္ခဲ႔ပါတယ္။ကလပ္ အသင္းမွာေျခစြမ္းျပသႏိုင္ခဲ႔တာေျကာင့္ လည္း ၊ဒဏ္ရာေျကာင့္ေပါ့ဘာႏုတ္ထြက္သြားတဲ႔ ႏိုင္ငံလက္ေရြးစင္ အသင္းမွာ အစားထိုးေရြးခ်ယ္ခံခဲ႔ရပါတယ္။

ဒါေပမယ့္ ျပင္သစ္ အသင္းနည္းျပ ျကီး ဒက္စ္ခ်မ့္စ္ဟာ အယ္ေဘးနီးယားကို အႏိုင္ရခဲ႔တဲ႔ ပြဲမွာေတာ့ ဂြမ္ဒူဇီကို အသံုးျပဳခဲ႔ျခင္းမရွိတာျဖစ္ပါတယ္။ဒီအတြက္ လည္း ပရိသတ္ေတြက အျမင္မတူညီမွဳေတြရွိခဲ႔တာျဖစ္ပါတယ္။

ဒက္စ္ခ်မ့္စ္ကေတာ့ အသက္ ၂၀ အရြယ္သာရွိေသးတဲ႔ ဂြမ္ဒူဇီကို ခ်ီးက်ဴးသြားခဲ႔ေပမယ့္ ငယ္ရြယ္ႏုနယ္လြန္းေသးတဲ႔ သူ႔ထံ ကေန အမ်ားျကီးမေမ်ွာ္လင့္ထားျကဖို႔ ပရိသတ္ေတြပို ေတာင္းဆိုသြားခဲ႔ပါတယ္။Maxifoot နဲ႔ အင္တာဗ်ဴးမွာ ဒက္စ္ခ်မ့္စ္က –

” ဂြမ္ဒူဇီကို ေတာင္းဆိုမွဳ ေတြ အမ်ားျကီး မလုပ္ျကပါနဲ႔ဦးဗ်ာ၊ သူဟာအခုမွ လူငယ္တဦးပဲရွိပါေသးတယ္။သူဟာအာဆင္နယ္အသင္းန႔ဲအတူ ျပိဳင္ပြဲစံုမွာပြဲေတြအမ်ားျကီး ကစားထားခဲ႔ျပီး ေဘာလံုးတခ်က္ထိအနီးေပး မွဳသာမကပဲ နည္းစနစ္ပိုင္းမွာပါ က်ြမ္းက်င္မွဳရွိတဲ႔ ေခတ္သစ္ ကြင္းလယ္လူတဦးျဖစ္ပါတယ္။

က်ြန္ေတာ္သူ႔ ဆီကေန ေမ်ွာ္လင့္ထားတာကေတာ့ သူယူေဆာင္လာတဲ႔ ႏုပ်ိဳသစ္လြင္ လတ္ဆတ္မွဳနဲ႔ အင္တိုက္အားတိုက္ တက္တက္ျကြျကြလုပ္ေဆာင္မွဳျဖစ္ပါတယ္။သူဟာအရမ္းငယ္ေသးတဲ႔ ကစားသမားျဖစ္ေပမယ့္ အလားအလာေကာင္းေတြေတာ့အမ်ားျကီးရွိပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ဂြမ္ဒူဇီ ဟာ ၂၀၁၆ ခုႏွစ္မွာ ျပင္သစ္ ယူ ၁၈ အသင္းအတြက္ ပထမဆံုးကစားေပးထားခဲ႔ဖူးတာျဖစ္ျပီး အသက္ ၂၁ ေအာက္ အသင္းတိုင္းမွာလည္း ႏိုင္ငံအတြက္ ကိုယ္စားျပဳခြင့္ရခဲ႔တာျဖစ္ပါတယ္။စီနီယာ အသင္းအတြက္ ပြဲဦးထြက္အျဖစ္ေတာ့ ယေန႔ ညမွာ ကစားဖို႔ ရွိေနတဲ႔ အန္ဒိုရာ အသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ခြင့္ရဖြယ္ရွိေနပါတယ္။

ဂြမ္ဒူဇီဟာ ျပီးခဲ႔တဲ႔ ႏွစ္ေႏြရာသီ ေစ်းကြက္ အတြင္းမွာ အာဆင္နယ္ အသင္းကိုေရာက္လာခဲ႔တာျဖစ္ျပီး နည္းျပျကီး အမ္မရီ ရဲ႕ စိတ္ျကိုက္ ကစားသမားေတြထဲ ကတဦးအျဖစ္ ရွိေနခဲ႔တာ ျဖစ္ပါတယ္။သူဟာ ဒီရာသီမွာ လည္း ပြဲထြက္ခြင့္တေနရာစာကို က်ိန္းေသရရွိထားတဲ႔ ကစားသမားျဖစ္ျပီး ပရီးမီးယားလိဂ္ေလးပြဲစလံုးကို ပါဝင္ခြင့္ရထားခဲ႔ပါတယ္။

ဂြမ္ဒူဇီ ဟာစပါး အသင္းနဲ႔ ပြဲစဥ္က ေျခစြမ္းေျကာင့္ ဒါရင္းဘန္႔တ္ ၊ ေကာ္လီမိုး အစရွိတဲ႕ ပရီးမီးယားလိဂ္ကစားသမားေဟာင္းျကီးေတြရဲ႕ ခ်ီးက်ဴးမွဳေတြကိုပါ ခံခဲ႕ရပါေသးတယ္။အာဆင္နယ္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာ ဝက္ဖို႔ဒ္အသင္းနဲ႔ ကစားသြားရမွာျဖစ္ျပီး ဂြမ္ဒူဇီလည္း ပါဝင္လာဖို႔ရွိေနပါတယ္။

SPORTMYANMAR

Unicode

ဂွမ်ဒူဇီအပေါ်အများကြီးမျှော်လင့်နေကြတဲ့ ပရိသတ်တွေကိုသတိပေးမှုတခုပြုလုပ်လိုက်တဲ့ပြင်သစ်နည်းပြဒက်စ်ချမ့်စ်
====================================

ပြီးခဲ့တဲ့ အပတ်မှာ ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ် မှာ အာင်နယ် နဲ့စပါး အသင်းတို့ ၂ဂိုးစီ သရေ ကျခဲ့ပါတယ်။ဒီပွဲ မှာ အထူးခြေစွမ်းပြသွားခဲ့တာ ကတော့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့်လေးဂွမ်ဒူဇီ ပဲ ဖြစ်ပါတယ်

ဒီပြင်သစ်သားလေးဟာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်သွားနိုင် ခဲ့ပြီးအူဘာမီယန်ရဲ့ သွင်းဂိုးကို လည်း အံ့မခန်းဖြတ်တင်ပေးပို့ မှုနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ကလပ် အသင်းမှာခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လည်း ၊ဒဏ်ရာကြောင့်ပေါ့ဘာနုတ်ထွက်သွားတဲ့ နိုင်ငံလက်ရွေးစင် အသင်းမှာ အစားထိုးရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ပြင်သစ် အသင်းနည်းပြ ကြီး ဒက်စ်ချမ့်စ်ဟာ အယ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ဂွမ်ဒူဇီကို အသုံးပြုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဒီအတွက် လည်း ပရိသတ်တွေက အမြင်မတူညီမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒက်စ်ချမ့်စ်ကတော့ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဂွမ်ဒူဇီကို ချီးကျူးသွားခဲ့ပေမယ့် ငယ်ရွယ်နုနယ်လွန်းသေးတဲ့ သူ့ထံ ကနေ အများကြီးမမျှော်လင့်ထားကြဖို့ ပရိသတ်တွေပို တောင်းဆိုသွားခဲ့ပါတယ်။Maxifoot နဲ့ အင်တာဗျူးမှာ ဒက်စ်ချမ့်စ်က –

” ဂွမ်ဒူဇီကို တောင်းဆိုမှု တွေ အများကြီး မလုပ်ကြပါနဲ့ဦးဗျာ၊ သူဟာအခုမှ လူငယ်တဦးပဲရှိပါသေးတယ်။သူဟာအာဆင်နယ်အသင်းနဲ့အတူ ပြိုင်ပွဲစုံမှာပွဲတွေအများကြီး ကစားထားခဲ့ပြီး ဘောလုံးတချက်ထိအနီးပေး မှုသာမကပဲ နည်းစနစ်ပိုင်းမှာပါ ကျွမ်းကျင်မှုရှိတဲ့ ခေတ်သစ် ကွင်းလယ်လူတဦးဖြစ်ပါတယ်။

ကျွန်တော်သူ့ ဆီကနေ မျှော်လင့်ထားတာကတော့ သူယူဆောင်လာတဲ့ နုပျိုသစ်လွင် လတ်ဆတ်မှုနဲ့ အင်တိုက်အားတိုက် တက်တက်ကြွကြွလုပ်ဆောင်မှုဖြစ်ပါတယ်။သူဟာအရမ်းငယ်သေးတဲ့ ကစားသမားဖြစ်ပေမယ့် အလားအလာကောင်းတွေတော့အများကြီးရှိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂွမ်ဒူဇီ ဟာ ၂၀၁၆ ခုနှစ်မှာ ပြင်သစ် ယူ ၁၈ အသင်းအတွက် ပထမဆုံးကစားပေးထားခဲ့ဖူးတာဖြစ်ပြီး အသက် ၂၁ အောက် အသင်းတိုင်းမှာလည်း နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရခဲ့တာဖြစ်ပါတယ်။စီနီယာ အသင်းအတွက် ပွဲဦးထွက်အဖြစ်တော့ ယနေ့ ညမှာ ကစားဖို့ ရှိနေတဲ့ အန်ဒိုရာ အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။

ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ နှစ်နွေရာသီ စျေးကွက် အတွင်းမှာ အာဆင်နယ် အသင်းကိုရောက်လာခဲ့တာဖြစ်ပြီး နည်းပြကြီး အမ်မရီ ရဲ့ စိတ်ကြိုက် ကစားသမားတွေထဲ ကတဦးအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။သူဟာ ဒီရာသီမှာ လည်း ပွဲထွက်ခွင့်တနေရာစာကို ကျိန်းသေရရှိထားတဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်လေးပွဲစလုံးကို ပါဝင်ခွင့်ရထားခဲ့ပါတယ်။

ဂွမ်ဒူဇီ ဟာစပါး အသင်းနဲ့ ပွဲစဉ်က ခြေစွမ်းကြောင့် ဒါရင်းဘန့်တ် ၊ ကော်လီမိုး အစရှိတဲ့ ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီးတွေရဲ့ ချီးကျူးမှုတွေကိုပါ ခံခဲ့ရပါသေးတယ်။အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဝက်ဖို့ဒ်အသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး ဂွမ်ဒူဇီလည်း ပါဝင်လာဖို့ရှိနေပါတယ်။

SPORTMYANMAR