ရီးရဲလ္ အသင္းရဲ႕ စပိန္ ေနာက္ခံ လူတဦးျဖစ္တဲ႔ ရာမို႔စ္ဟာ ျပိဳင္ ဘက္ တိုက္စစ္ ကစားသမား ေတြကို ျကမ္းျကမ္းတမ္းတမ္း ဟန္႔တားေလ့ရွိသူအျဖစ္ နာမည္ျကီးတာျဖစ္ပါတယ္။ဒါေပမယ့္ အဆုိပါ နာမည္ဆိုးကို ေဖ်ာက္ဖ်က္ ႏိုင္ဖို႔ ကာယံကရွင္ ကစားသမားက အလိုရွိေနပံုရျပီး သူဟာဘယ္သူ႔ကိုမွ မထိခိုက္ေစခ်င္ဘူးလို႔ ထုတ္ေျပာသြားခဲ႔ပါတယ္။

 

ရာမို႔စ္ဟာ သူ႔ရဲ႔ ျကမ္းတမ္းတဲ႔ ကစားပံုေတြေျကာင့္ ျပိဳင္ဘက္ ကစားသမား အမ်ားအျပားကို ေသြးထြက္သံယို ျဖစ္ရပ္ေတြပါ ျကံုေတြ႔ထားေစခ႔ဲဖူးသူျဖစ္ျပီး သူ႔ရဲ႕ ကစားသမားဘဝမွာ မလိုအပ္ပဲထိခဲ႔တဲ႕ အနီကတ္ေတြက လည္း အမ်ားျကီးရွိခဲ့တာျဖစ္ပါတယ္။

ဒီစပိန္ သားကို အခဲမေျက အျဖစ္ဆံုး ပရိသတ္ေတြထဲ မွာ လီဗာပူး ပရိသတ္ေတြ ကလည္း ထိပ္ဆံုးမွာဦးေဆာင္ေနျပီး ၂၀၁၈ ခ်န္ပီယံလိဂ္ ခ်န္ပီယံလိဂ္ဖိုင္နယ္ မွာ ရာမို႔စ္ရဲ႕ တံေတာင္စြမ္းေျကာင့္ လီဗာပူး အသင္းရဲ႕ အေကာင္းဆံုးေျခစြမ္းပိုင္ရွင္ ဆာလတ္ ေစာေစာစီးစီးလူစားလဲ ခဲ႔ရတာေျကာင့္ျဖစ္ပါတယ္။

ဆာလတ္ မပါေတာ့ တဲ႔လီဗာပူး ရဲ႕ တိုက္စစ္ဟာ အားနည္းသြားခဲ႔ရျပီး ဂိုးသမား ကာရီယက္စ္ ရဲ႕ အမွားေတြေျကာင့္ ဂိုးျပတ္အေရးနိမ့္သြားခဲ႔ရတာျဖစ္ပါတယ္။ဒီလိုလုပ္ရပ္ေတြေျကာင့္ လူေျပာမ်ားေနေပမယ့္ ရာမို႔စ္ကေတာ့ သူဟာေကာင္းမြန္တဲ႔ ရည္ရြယ္ခ်က္ေတြနဲ႔ ပဲ ေဘာလံုးကစားတယ္လို႕ ဆိုပါတယ္။

ဖာရိုက်ြန္းစုနဲ႔ ပြဲမွာ ပါဝင္ကစားခြင့္ရခဲ႔ျပီး စပိန္ ႏိုင္ငံအတြက္ ပြဲအမ်ားဆံုး ကစားေပးသူစာရင္းမွာ ကာစီးလက္စ္နဲ႔ ပူးတြဲဦးေဆာင္ႏိုင္ခဲ႔ တဲ႕ ရာမို႔စ္က သူအခုလို နာမည္ဆိုးနဲ႕ ေက်ာ္ျကားေနတာဟာထိုက္တန္မွဳ မရွိဘူးလို႔ ယူဆေနပါတယ္။The Express နဲ႔ အင္တာဗ်ဴးမွာ ရာမို႔စ္က –

” လူတိုင္းရဲ႕ အျမင္ကို က်ြန္ေတာ္ေလးစားပါတယ္။တခါတေလမွာ သူတို႔ရဲ႕ က်ြန္ေတာ္အေပၚ အကဲျဖတ္မွဳ ေတြကလည္း လြဲေနတယ္ဆိုတာ အမွန္ပါပဲ။ခက္ခဲတဲ႕ျပိဳင္ ဘက္ေတြရင္ဆိုင္ရတာဟာ က်ြန္ေတာ့္အတြက္ ရင္ဖိုရဆံုးအရာျဖစ္ျပီးအျမဲတမ္း လည္း အဲ႔လိုပြဲေတြ ကစားခ်င္ေနတာျဖစ္ပါတယ္။

အရမ္းေကာင္းတဲ႔ တိုက္္စစ္မွဴး သို႔မဟုတ္ တိုက္စစ္ ကစားသမားတဦးဦးနဲ႔ ရင္ဆုိင္ ရတဲ႔ အခါမ်ိဳးေတြမွာဆိုရင္ ေကာင္းမြန္တဲ႕ ရင္ဆိုင္ျဖတ္ထုတ္မွဳေတြလိုပါတယ္။က်ြန္ေတာ္ဟာမွန္ကန္ သင့္ေတာ္တဲ႔ ေဘာင္ထဲကေန ဒါကိုျပဳလုပ္တာျဖစ္ပါတယ္။

အဲဒီေနရာ မွာ ဘယ္သူ႔ကို မွ လည္း ထိခိုက္ နာက်င္ ေစလိုတာမ်ိဳးမရွိပါဘူး။ေကာင္းမြန္တဲ႔ ရည္ရြယ္ခ်က္ ေကာင္းမြန္တဲ႔ ႏွလံုးသားမ်ိဳးနဲ႔ ပဲပြဲေတြကို ကစားတာျဖစ္ပါတယ္။ျပိဳင္ပြဲတပြဲျဖစ္လို႔ လည္း အႏိုင္ရဖို႔ျကိုးစားျပီး ကုိယ့္ကုိယ္ကိုယ္လည္းကာကြယ္ရမွာျဖစ္ပါတယ္ဒါေပမယ့္စိတ္ထဲမွာလည္းအားလံုးအေပၚ ေလးစားမွဳရွိပါတယ္ ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ရာမို႔စ္ ရဲ႕ ရီးရဲလ္ အသင္းဟာ ရာသီသစ္ လာလီဂါ မွာ အဖြင့္၃ ပြဲကစားအျပီး ႏိုင္ပြဲတပြဲသာရရွိထားေသးတာျဖစ္ပါတယ္။ဒါေပမယ့္ တေက်ာ့ျပန္နည္းျပျကီးဇီဒန္းမွာ ေမွာ္အစြမ္းေတြပိုင္ဆိုင္ေနဆဲပဲ လို႕ ရာမို႔စ္ကယံုျကည္ေနပါတယ္။

ဇီဒန္းနဲ႔ ပတ္သက္ျပီး ရာမို႔စ္က- ” သူဟာ ( ေအာင္ျမင္မွဳေတြစြမ္းေဆာင္ေပးထားတဲ႔ ) အရင္လို လူတေယာက္အျဖစ္ပဲ အတူတူရွိေနတာျဖစ္ပါတယ္။သူဟာ သူ႔ရဲ႔ နည္းျပအရည္အေသြးေကာင္းကိုထိန္းထားႏိုင္သူျဖစ္ပါတယ္ ” လို႔ ခ်ီးက်ဴးသြားခဲ႔တာျဖစ္ပါတယ္။

SPORTMYANMAR

Unicode

” ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှမထိခိုက်မနာကျင်စေချင်ပါဘူး ” – #ရာမို့စ်
==================================

ရီးရဲလ် အသင်းရဲ့ စပိန် နောက်ခံ လူတဦးဖြစ်တဲ့ ရာမို့စ်ဟာ ပြိုင် ဘက် တိုက်စစ် ကစားသမား တွေကို ကြမ်းကြမ်းတမ်းတမ်း ဟန့်တားလေ့ရှိသူအဖြစ် နာမည်ကြီးတာဖြစ်ပါတယ်။ဒါပေမယ့် အဆိုပါ နာမည်ဆိုးကို ဖျောက်ဖျက် နိုင်ဖို့ ကာယံကရှင် ကစားသမားက အလိုရှိနေပုံရပြီး သူဟာဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူးလို့ ထုတ်ပြောသွားခဲ့ပါတယ်။

ရာမို့စ်ဟာ သူ့ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံတွေကြောင့် ပြိုင်ဘက် ကစားသမား အများအပြားကို သွေးထွက်သံယို ဖြစ်ရပ်တွေပါ ကြုံတွေ့ထားစေခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ မလိုအပ်ပဲထိခဲ့တဲ့ အနီကတ်တွေက လည်း အများကြီးရှိခဲ့တာဖြစ်ပါတယ်။

ဒီစပိန် သားကို အခဲမကြေ အဖြစ်ဆုံး ပရိသတ်တွေထဲ မှာ လီဗာပူး ပရိသတ်တွေ ကလည်း ထိပ်ဆုံးမှာဦးဆောင်နေပြီး ၂၀၁၈ ချန်ပီယံလိဂ် ချန်ပီယံလိဂ်ဖိုင်နယ် မှာ ရာမို့စ်ရဲ့ တံတောင်စွမ်းကြောင့် လီဗာပူး အသင်းရဲ့ အကောင်းဆုံးခြေစွမ်းပိုင်ရှင် ဆာလတ် စောစောစီးစီးလူစားလဲ ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆာလတ် မပါတော့ တဲ့လီဗာပူး ရဲ့ တိုက်စစ်ဟာ အားနည်းသွားခဲ့ရပြီး ဂိုးသမား ကာရီယက်စ် ရဲ့ အမှားတွေကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုလုပ်ရပ်တွေကြောင့် လူပြောများနေပေမယ့် ရာမို့စ်ကတော့ သူဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပဲ ဘောလုံးကစားတယ်လို့ ဆိုပါတယ်။

ဖာရိုကျွန်းစုနဲ့ ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး စပိန် နိုင်ငံအတွက် ပွဲအများဆုံး ကစားပေးသူစာရင်းမှာ ကာစီးလက်စ်နဲ့ ပူးတွဲဦးဆောင်နိုင်ခဲ့ တဲ့ ရာမို့စ်က သူအခုလို နာမည်ဆိုးနဲ့ ကျော်ကြားနေတာဟာထိုက်တန်မှု မရှိဘူးလို့ ယူဆနေပါတယ်။The Express နဲ့ အင်တာဗျူးမှာ ရာမို့စ်က –

” လူတိုင်းရဲ့ အမြင်ကို ကျွန်တော်လေးစားပါတယ်။တခါတလေမှာ သူတို့ရဲ့ ကျွန်တော်အပေါ် အကဲဖြတ်မှု တွေကလည်း လွဲနေတယ်ဆိုတာ အမှန်ပါပဲ။ခက်ခဲတဲ့ပြိုင် ဘက်တွေရင်ဆိုင်ရတာဟာ ကျွန်တော့်အတွက် ရင်ဖိုရဆုံးအရာဖြစ်ပြီးအမြဲတမ်း လည်း အဲ့လိုပွဲတွေ ကစားချင်နေတာဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ တိုက််စစ်မှူး သို့မဟုတ် တိုက်စစ် ကစားသမားတဦးဦးနဲ့ ရင်ဆိုင် ရတဲ့ အခါမျိုးတွေမှာဆိုရင် ကောင်းမွန်တဲ့ ရင်ဆိုင်ဖြတ်ထုတ်မှုတွေလိုပါတယ်။ကျွန်တော်ဟာမှန်ကန် သင့်တော်တဲ့ ဘောင်ထဲကနေ ဒါကိုပြုလုပ်တာဖြစ်ပါတယ်။

အဲဒီနေရာ မှာ ဘယ်သူ့ကို မှ လည်း ထိခိုက် နာကျင် စေလိုတာမျိုးမရှိပါဘူး။ကောင်းမွန်တဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ နှလုံးသားမျိုးနဲ့ ပဲပွဲတွေကို ကစားတာဖြစ်ပါတယ်။ပြိုင်ပွဲတပွဲဖြစ်လို့ လည်း အနိုင်ရဖို့ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ရမှာဖြစ်ပါတယ်ဒါပေမယ့်စိတ်ထဲမှာလည်းအားလုံးအပေါ် လေးစားမှုရှိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ရာမို့စ် ရဲ့ ရီးရဲလ် အသင်းဟာ ရာသီသစ် လာလီဂါ မှာ အဖွင့်၃ ပွဲကစားအပြီး နိုင်ပွဲတပွဲသာရရှိထားသေးတာဖြစ်ပါတယ်။ဒါပေမယ့် တကျော့ပြန်နည်းပြကြီးဇီဒန်းမှာ မှော်အစွမ်းတွေပိုင်ဆိုင်နေဆဲပဲ လို့ ရာမို့စ်ကယုံကြည်နေပါတယ်။

ဇီဒန်းနဲ့ ပတ်သက်ပြီး ရာမို့စ်က- ” သူဟာ ( အောင်မြင်မှုတွေစွမ်းဆောင်ပေးထားတဲ့ ) အရင်လို လူတယောက်အဖြစ်ပဲ အတူတူရှိနေတာဖြစ်ပါတယ်။သူဟာ သူ့ရဲ့ နည်းပြအရည်အသွေးကောင်းကိုထိန်းထားနိုင်သူဖြစ်ပါတယ် ” လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

SPORTMYANMAR