မေန႕ မနက္ က ကစား သြားခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ ပဲြစဥ္ တပြဲ ျဖစ္တဲ့ ဖင္လန္ လက္ေရြးစင္ အသင္း နဲ႕ အီတလီ လက္ေရြးစင္ အသင္း ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အီတလီ ဘယ္ေနာက္ခံလူ အီမာဆင္ ဟာ ပြဲခ်ိန္ ၈မိနစ္ မွာပဲ ေပါင္ၾကြက္သား ဒဏ္ရာေၾကာင့္ ေစာေစာစီးစီးပဲ လူစားလဲ ခံခဲ့ရပါတယ္ ။

အီမာဆင္ ရဲ႕ ဒဏ္ရာ ဟာ ျပင္းထန္မႈ မရွိေၾကာင္း ကို လက္ေရြးစင္ နည္းျပ မန္စီနီေရာ ၊ ကာယကံရွင္ အီမာဆင္ ကိုယ္တိုင္ ကပါ အတည္ျပဳ ေျပာဆို ခဲ့ျပီး ျဖစ္ေပမယ့္ လည္း ယခု တပတ္ အတြင္း မွာ ျပန္လည္ စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၊ လာမယ့္ အပတ္ မွာ စတင္ ယွဥ္ျပိဳင္ ေတာ့မယ့္ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ ေတြ အတြက္ ၾကံ့ခိုင္မႈ ျပည့္ဝဖို႕ မေသခ်ာ ေသးပဲ ရွိေနပါတယ္ ။

အီမာဆင္ ဟာ လတ္တေလာ အမွား အရမ္း မ်ားေနတဲ့ ခ်ယ္လ္ဆီး ေနာက္တန္း မွာ ေျခစြမ္း အတည္ျငိမ္ဆံုး နဲ႕ အမွားအယြင္း အနည္းဆံုး ကစားသမား အျဖစ္ ရပ္တည္ ေနကာ ပံုစံေကာင္း ရရွိေနသူ ျဖစ္ပါတယ္ ။ ကစားသမား ဘဝ အျမင့္မားဆံုး ပံုစံ ရရွိေနခ်ိန္ မွာ အခုလို ဒဏ္ရာ ရသြားတာ ဟာ အီမာဆင္ အတြက္ေရာ ၊ ခ်ယ္လ္ဆီး အသင္း အတြက္ပါ ထိခိုက္ နစ္နာမႈ ျဖစ္ေစပါတယ္ ။

အီမာဆင္ ရဲ႕ ဒဏ္ရာ တခုတည္းက ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ကုိ ေခါင္းစား ေစမွာ မဟုတ္ပါဘူး ။ ဒီႏွစ္ ေဘာလံုး ရာသီ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ ဖရန္႕ လမ္းပတ္ အတြက္ ကံဆိုး မိုးေမွာင္က်တဲ့ ႏွစ္လို႕ သတ္မွတ္ရင္ မမွားႏိုင္ပါဘူး ။ ကစားသမားသစ္ ေခၚယူခြင့္ က အပိတ္ခံ ထားရတဲ့ အျပင္ အခုလို အဓိက ကစားသမား ေတြ တေယာက္ျပီး တေယာက္ ဒဏ္ရာ ျပႆနာ ေတြနဲ႕ ၾကံဳေတြ႕ ေနရတာမ်ိဳး ဟာ အရင္ႏွစ္ ေတြက ခ်ယ္လ္ဆီး အသင္း မွာ ေတာ္ရုံ မျဖစ္ခဲ့ဖူးပါဘူး ။

အီမာဆင္ မတိုင္ခင္ ကြင္းလယ္လူ ကိုဗာဆစ္ ဟာလည္း ခရိုေအးရွား လက္ေရြးစင္ အသင္း ရဲ႕ ေလ့က်င့္ေရး အစီအစဥ္ မွာ ေျခက်င္းဝတ္ အရြတ္ ထိခိုက္ မိခဲ့လို႕ လူစာရင္း ကေန ႏုတ္ထြက္ ခဲ့ရပါတယ္ ။ အီမာဆင္ နဲ႕ ကိုဗာဆစ္ တို႕ရဲ႕ ဒဏ္ရာ က စိုးရိမ္စရာ မရွိေနေပမယ့္ ေလာေလာလတ္လတ္ ျဖစ္ထားတဲ့ ဒဏ္ရာ ေၾကာင့္ အနည္းဆံုး ႏိုင္ငံ ပြဲစဥ္ ေတြ အျပီး ျပန္ကစားမယ့္ ဝုလ္ဗ္ နဲ႕ ပရီးမီးယားလိဂ္ ပြဲကို လြဲေခ်ာ္ ႏိုင္မယ့္ အေနအထား မွာ ရွိေနပါတယ္ ။

ထို႕အျပင္ ေျခက်င္းဝတ္ ဒဏ္ရာ ရထားတဲ့ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ၊ ဒူးဒဏ္ရာ ရထားတဲ့ ဝါရင့္ ေတာင္ပံ ကစားသမား ပတ္ဒရို တို႕ဟာလည္း ဝုလ္ဗ္ နဲ႕ ပြဲ အတြက္ ပါဝင္ေပးႏိုင္မလား မေသခ်ာေသးပါဘူး ။ နည္းျပ လမ္းပတ္ ကေတာ့ ႏိုင္ငံ ပြဲစဥ္ ကာလ အတြင္း သူတို႕ ၂ေယာက္လံုး ဒဏ္ရာ က ျပန္ေကာင္း ႏိုင္တယ္ လို႕ အတည္ျပဳ ေျပာၾကား ခဲ့ဖူးပါတယ္ ။

ပတ္ဒရို ၊ ကန္ေတ အျပင္ ရာသီ မစခင္ ကတည္းက ကာလရွည္ ဒဏ္ရာ ကိုယ္စီ ရထားတဲ့ ေနာက္ခံလူ ရူဒီဂါ ၊ ရိစ္ဂ်ိ္မ္းစ္ ၊ ကြင္းလယ္လူ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ ၊ ေတာင္ပံ တိုက္စစ္ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း တို႕ရဲ႕ အေျခအေန ေတြကို တခ်က္ အကဲခတ္ဖို႕ ဖရန္႕ လမ္းပတ္ အေနနဲ႕ ၾကိဳးစား ရပါဦးမယ္ ။ အိုဒိြဳင္း ၊ ရူဒီဂါ နဲ႕ ရိစ္ဂ်ိမ္းစ္ တို႕ဟာ ဒဏ္ရာ က ျပန္သက္သာ လာျပီး ပထမအသင္း နဲ႕ အတူ ေလ့က်င့္ခန္းမ်ား ျပန္လည္ ျပဳလုပ္ ေနျပီ ဆိုေပမယ့္လည္း နည္းစနစ္ပိုင္း အံဝင္ဖို႕ အတြက္ ၾကိဳးစားဖို႕ လိုအပ္ ေနပါေသးတယ္ ။

ေလာေလာဆယ္ ညာျခမ္း ခံစစ္ အတြက္ အက္ဇ္ပီလီကြီတာ ကို အားကိုးလို႕ မရေတာ့တာေၾကာင့္ လမ္းပတ္ အဖို႕ လူငယ္ ေျခတက္ ရိစ္ဂ်ိမ္းစ္ ကို အရဲစြန္႕ ပြဲထုတ္ဖို႕ လိုလာသလို ၊ ဗဟို ခံစစ္ ေနရာ မွာ လိုအပ္ခ်က္ ေတြ မ်ားေနေသးတဲ့ ဇူးမား ရဲ႕ ေနရာ မွာလည္း အေတြ႕အၾကံဳ ရင့္ ၊ တည္ျငိမ္မႈ ရွိတဲ့ ရူဒီဂါ ကုိ ခ်ယ္လ္ဆီး တို႕ အေရးေပၚ လိုအပ္ ေနျပီ ျဖစ္ပါတယ္ ။

ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ ကစားသမားသစ္ ေခၚယူခြင့္ မရွိတဲ့ အခ်ိန္ မွာ အဓိက ကစားသမား ေတြ ဒဏ္ရာ က အျမန္ ျပန္ေကာင္း လာဖို႕က ခ်ယ္လ္ဆီး အသင္း ရဲ႕ ဒီရာသီ ဦးစားေပး ပစ္မွတ္ အျဖစ္ ရွိေနပါတယ္ ။ အကယ္၍ ေမွ်ာ္မွန္း ထားတဲ့ အတိုင္း ျဖစ္မလာရင္ေတာ့ လမ္းပတ္ နဲ႕ ခ်ယ္လ္ဆီး အသင္း တို႕ အတြက္ ေရႊျပည္ေတာ္ ေမွ်ာ္တိုင္း ေဝးႏိုင္ပါတယ္ ။

SPORTS MYANMAR

Unicode

Transfer Ban အပြင် ချယ်လ်ဆီး နဲ့ ဖရန့် လမ်းပတ် ကို ထပ်ပြီး နှိပ်စက် ဒုက္ခ ပေးနေဦးမယ့် ဒဏ်ရာ ပြဿနာများ

မနေ့ မနက် က ကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တပွဲ ဖြစ်တဲ့ ဖင်လန် လက်ရွေးစင် အသင်း နဲ့ အီတလီ လက်ရွေးစင် အသင်း ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ အီတလီ ဘယ်နောက်ခံလူ အီမာဆင် ဟာ ပွဲချိန် ၈မိနစ် မှာပဲ ပေါင်ကြွက်သား ဒဏ်ရာကြောင့် စောစောစီးစီးပဲ လူစားလဲ ခံခဲ့ရပါတယ် ။

အီမာဆင် ရဲ့ ဒဏ်ရာ ဟာ ပြင်းထန်မှု မရှိကြောင်း ကို လက်ရွေးစင် နည်းပြ မန်စီနီရော ၊ ကာယကံရှင် အီမာဆင် ကိုယ်တိုင် ကပါ အတည်ပြု ပြောဆို ခဲ့ပြီး ဖြစ်ပေမယ့် လည်း ယခု တပတ် အတွင်း မှာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၊ လာမယ့် အပတ် မှာ စတင် ယှဉ်ပြိုင် တော့မယ့် ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တွေ အတွက် ကြံ့ခိုင်မှု ပြည့်ဝဖို့ မသေချာ သေးပဲ ရှိနေပါတယ် ။

အီမာဆင် ဟာ လတ်တလော အမှား အရမ်း များနေတဲ့ ချယ်လ်ဆီး နောက်တန်း မှာ ခြေစွမ်း အတည်ငြိမ်ဆုံး နဲ့ အမှားအယွင်း အနည်းဆုံး ကစားသမား အဖြစ် ရပ်တည် နေကာ ပုံစံကောင်း ရရှိနေသူ ဖြစ်ပါတယ် ။ ကစားသမား ဘဝ အမြင့်မားဆုံး ပုံစံ ရရှိနေချိန် မှာ အခုလို ဒဏ်ရာ ရသွားတာ ဟာ အီမာဆင် အတွက်ရော ၊ ချယ်လ်ဆီး အသင်း အတွက်ပါ ထိခိုက် နစ်နာမှု ဖြစ်စေပါတယ် ။

အီမာဆင် ရဲ့ ဒဏ်ရာ တခုတည်းက ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကို ခေါင်းစား စေမှာ မဟုတ်ပါဘူး ။ ဒီနှစ် ဘောလုံး ရာသီ ဟာ ချယ်လ်ဆီး အသင်း နဲ့ ဖရန့် လမ်းပတ် အတွက် ကံဆိုး မိုးမှောင်ကျတဲ့ နှစ်လို့ သတ်မှတ်ရင် မမှားနိုင်ပါဘူး ။ ကစားသမားသစ် ခေါ်ယူခွင့် က အပိတ်ခံ ထားရတဲ့ အပြင် အခုလို အဓိက ကစားသမား တွေ တယောက်ပြီး တယောက် ဒဏ်ရာ ပြဿနာ တွေနဲ့ ကြုံတွေ့ နေရတာမျိုး ဟာ အရင်နှစ် တွေက ချယ်လ်ဆီး အသင်း မှာ တော်ရုံ မဖြစ်ခဲ့ဖူးပါဘူး ။

အီမာဆင် မတိုင်ခင် ကွင်းလယ်လူ ကိုဗာဆစ် ဟာလည်း ခရိုအေးရှား လက်ရွေးစင် အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ခြေကျင်းဝတ် အရွတ် ထိခိုက် မိခဲ့လို့ လူစာရင်း ကနေ နုတ်ထွက် ခဲ့ရပါတယ် ။ အီမာဆင် နဲ့ ကိုဗာဆစ် တို့ရဲ့ ဒဏ်ရာ က စိုးရိမ်စရာ မရှိနေပေမယ့် လောလောလတ်လတ် ဖြစ်ထားတဲ့ ဒဏ်ရာ ကြောင့် အနည်းဆုံး နိုင်ငံ ပွဲစဉ် တွေ အပြီး ပြန်ကစားမယ့် ဝုလ်ဗ် နဲ့ ပရီးမီးယားလိဂ် ပွဲကို လွဲချော် နိုင်မယ့် အနေအထား မှာ ရှိနေပါတယ် ။

ထို့အပြင် ခြေကျင်းဝတ် ဒဏ်ရာ ရထားတဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ ဒူးဒဏ်ရာ ရထားတဲ့ ဝါရင့် တောင်ပံ ကစားသမား ပတ်ဒရို တို့ဟာလည်း ဝုလ်ဗ် နဲ့ ပွဲ အတွက် ပါဝင်ပေးနိုင်မလား မသေချာသေးပါဘူး ။ နည်းပြ လမ်းပတ် ကတော့ နိုင်ငံ ပွဲစဉ် ကာလ အတွင်း သူတို့ ၂ယောက်လုံး ဒဏ်ရာ က ပြန်ကောင်း နိုင်တယ် လို့ အတည်ပြု ပြောကြား ခဲ့ဖူးပါတယ် ။

ပတ်ဒရို ၊ ကန်တေ အပြင် ရာသီ မစခင် ကတည်းက ကာလရှည် ဒဏ်ရာ ကိုယ်စီ ရထားတဲ့ နောက်ခံလူ ရူဒီဂါ ၊ ရိစ်ဂျိ်မ်းစ် ၊ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ တောင်ပံ တိုက်စစ် ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း တို့ရဲ့ အခြေအနေ တွေကို တချက် အကဲခတ်ဖို့ ဖရန့် လမ်းပတ် အနေနဲ့ ကြိုးစား ရပါဦးမယ် ။ အိုဒွိုင်း ၊ ရူဒီဂါ နဲ့ ရိစ်ဂျိမ်းစ် တို့ဟာ ဒဏ်ရာ က ပြန်သက်သာ လာပြီး ပထမအသင်း နဲ့ အတူ လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ် နေပြီ ဆိုပေမယ့်လည်း နည်းစနစ်ပိုင်း အံဝင်ဖို့ အတွက် ကြိုးစားဖို့ လိုအပ် နေပါသေးတယ် ။

လောလောဆယ် ညာခြမ်း ခံစစ် အတွက် အက်ဇ်ပီလီကွီတာ ကို အားကိုးလို့ မရတော့တာကြောင့် လမ်းပတ် အဖို့ လူငယ် ခြေတက် ရိစ်ဂျိမ်းစ် ကို အရဲစွန့် ပွဲထုတ်ဖို့ လိုလာသလို ၊ ဗဟို ခံစစ် နေရာ မှာ လိုအပ်ချက် တွေ များနေသေးတဲ့ ဇူးမား ရဲ့ နေရာ မှာလည်း အတွေ့အကြံု ရင့် ၊ တည်ငြိမ်မှု ရှိတဲ့ ရူဒီဂါ ကို ချယ်လ်ဆီး တို့ အရေးပေါ် လိုအပ် နေပြီ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အချိန် မှာ အဓိက ကစားသမား တွေ ဒဏ်ရာ က အမြန် ပြန်ကောင်း လာဖို့က ချယ်လ်ဆီး အသင်း ရဲ့ ဒီရာသီ ဦးစားပေး ပစ်မှတ် အဖြစ် ရှိနေပါတယ် ။ အကယ်၍ မျှော်မှန်း ထားတဲ့ အတိုင်း ဖြစ်မလာရင်တော့ လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း တို့ အတွက် ရွှေပြည်တော် မျှော်တိုင်း ဝေးနိုင်ပါတယ် ။

SPORTS MYANMAR