ဂန္းနားတို႔ရဲ့ တိုက္စစ္မွူးေဟာင္း ကႏူးက ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ ေတာင္ပံ တိုက္စစ္ ကစားသမား အဲလက္ အီဝိုဘီ ကို အဲဗာတန္ အသင္းထံ ေရာင္းခ် လိုက္တာဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ တစ္ခု ျဖစ္ေၾကာင္း ေဝဖန္ ေျပာၾကား လိုက္ပါတယ္။

အဲလက္စ္ အီဝိုဘီ ဟာ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ အဲဗာတန္ အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၄၀ ၊ ငါးႏွစ္ စာခ်ဴ ပ္ နဲ႔ ေျပာင္းေရႊ႕သြားခဲ့ပါတယ္ ။ အေျပာင္းအေရႊ႕ ကာလ တစ္ေလၽွာက္ ဘာသတင္းမွ မၾကားခဲ့ရတဲ့ အီဝိုဘီ ဟာ ေနာက္ဆုံးရက္က်မွ အဲဗာတန္ အသင္းကို ေျပာင္းေရႊ႕ သြားခဲ့တာေၾကာင့္ အာဆင္နယ္ အသင္း ပရိသတ္ေတြအတြက္ေတာ့ အံံ့ၾသသင့္စရာ ျဖစ္ခဲ့ပါတယ္ ။

အသက္ ၂၃ ႏွစ္ အရြယ္ ကစားသမား အီဝိုဘီ ဟာ အာဆင္နယ္ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမား တစ္ဦး လည္း ျဖစ္ပါတယ္ ။ နိုင္ဂ်ီးရီးယား လက္ေရြးစင္ ေတာင္ပံ ကစားသမား အီဝိုဘီ ဟာ အာဆင္နယ္ အကယ္ဒမီ ကို ၈ ႏွစ္သား အရြယ္ထဲက ေရာက္ရွိ လာသူပါ ။

အာဆင္နယ္ အသင္းမွာ ၁၉၉၉ခုနစ္ကေန ၂၀၀၄ ခုႏွစ္ကေန ငါးႏွစ္ၾကာ ကစားတဲ့ တိုက္စစ္မွူး ကႏူးက ” အာဆင္နယ္ အသင္းအေနနဲ႔ အီဝိုဘီ ကို ေရာင္းခ်လိုက္တာဟာ ရာႏွုန္းျပည့္ လုံးဝ မွားတယ္လို႔ ေျပာခ်င္ပါတယ္။သူ႔ကို ဘာေၾကာင့္ ထြက္ခြာခြင့္ ျပဳလိုက္သလဲဆိုတာ က်ေနာ္ကိုယ္တိုင္လည္း မသိပါဘူး။”

” သူက အာဆင္နယ္ အသင္း အေၾကာင္း ေႏွာေက်ေနတဲ့သူပါ။အသင္းအတြက္ အေကာင္းဆုံး ကစားေပးခ်င္စိတ္ ရွိသလို အသင္းကိုလည္း သိပ္ခ်စ္တဲ့ ကစားသမား တစ္ဦးပါ။တစ္ပတ္ၿပီး တစ္ပတ္ သူ႔ရဲ့ တိုးတက္ေကာင္းမြန္လာမွုကို ပရိသတ္ေတြ အသိအမွတ္ျပဳရမွာပါ။ ”

” ေနာက္ၿပီး သူ႔အသက္က ငယ္ငယ္ေလးပဲ ရွိပါေသးတယ္။သူ႔လို အသင္းမွာ ႀကီးျပင္းလာၿပီး၊ အသင္းအေၾကာင္း ေကာင္းေကာင္းသိတဲ့သူ၊ အသင္းအတြက္ဆို အစြမ္းကုန္ ေပးဆပ္ ကစားခ်င္တဲ့သူမ်ိဳးက လိုအပ္ပါတယ္။အီဝိုဘီ အသင္းကေန ထြက္ခြာသြားတာဟာ တကယ့္ကိို အံ့ဩသင့္စရာပါ။အသင္းရဲ့လုပ္ရပ္ကို က်ေနာ္ကိုယ္တိုင္လည္း မယုံၾကည္နိုင္ပါဘူး ။ ”

” အေျပာင္းအေရႊ႕ ေနာက္ဆုံးရက္မွာ ေျပာင္းသြားေတာ့ ပရိသတ္ေတြအတြက္ အံ့ဩသင့္စရာ ျဖစ္ခဲ့ပါတယ္။က်ေနာ္သာ သူေျပာင္းမယ္မွန္း ႀကိဳသိရင္ မသြားဖို႔ ရေအာင္ တားမွာပါ ။ သူ႔အတြက္ အသင္းမွာ ဆက္ေနတာက ပိုေကာင္းပါတယ္။အာဆင္နယ္ အသင္းမွာ သူက ကစားခြင့္ရမယ့္သူပါ ၊ ထြက္ခြာစရာ မလိုပါဘူးဗ်ာ။”

” အီဝိုဘီ အတြက္ အာဆင္နယ္ အသင္းက အေကာင္းဆုံး အသင္းလို႔ ထင္ပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ အာဆင္နယ္ လို ထိပ္တန္း အသင္းႀကီး တစ္သင္း မွာ ကစားသမားတိုင္းက ကစားခ်င္ၾကတာပါပဲ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ဒီနွေရာသီမှာ အာဆင်နယ် အသင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ အမှားအယွင်းတစ်ခုကို ထောက်ပြလိုက်တဲ့ ကနူး
==================================

ဂန်းနားတို့ရဲ့ တိုက်စစ်မှူးဟောင်း ကနူးက နွေရာသီ အပြောင်းအရွှေ့ကာလမှာ တောင်ပံ တိုက်စစ် ကစားသမား အဲလက် အီဝိုဘီ ကို အဲဗာတန် အသင်းထံ ရောင်းချ လိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ဝေဖန် ပြောကြား လိုက်ပါတယ်။

အဲလက်စ် အီဝိုဘီ ဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အဲဗာတန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ၊ ငါးနှစ် စာချူ ပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အပြောင်းအရွှေ့ ကာလ တစ်လျှောက် ဘာသတင်းမှ မကြားခဲ့ရတဲ့ အီဝိုဘီ ဟာ နောက်ဆုံးရက်ကျမှ အဲဗာတန် အသင်းကို ပြောင်းရွှေ့ သွားခဲ့တာကြောင့် အာဆင်နယ် အသင်း ပရိသတ်တွေအတွက်တော့ အံံ့သြသင့်စရာ ဖြစ်ခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံ ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် အကယ်ဒမီ ကို ၈ နှစ်သား အရွယ်ထဲက ရောက်ရှိ လာသူပါ ။

အာဆင်နယ် အသင်းမှာ ၁၉၉၉ခုနစ်ကနေ ၂၀၀၄ ခုနှစ်ကနေ ငါးနှစ်ကြာ ကစားတဲ့ တိုက်စစ်မှူး ကနူးက ” အာဆင်နယ် အသင်းအနေနဲ့ အီဝိုဘီ ကို ရောင်းချလိုက်တာဟာ ရာနှုန်းပြည့် လုံးဝ မှားတယ်လို့ ပြောချင်ပါတယ်။သူ့ကို ဘာကြောင့် ထွက်ခွာခွင့် ပြုလိုက်သလဲဆိုတာ ကျနော်ကိုယ်တိုင်လည်း မသိပါဘူး။”

” သူက အာဆင်နယ် အသင်း အကြောင်း နှောကျေနေတဲ့သူပါ။အသင်းအတွက် အကောင်းဆုံး ကစားပေးချင်စိတ် ရှိသလို အသင်းကိုလည်း သိပ်ချစ်တဲ့ ကစားသမား တစ်ဦးပါ။တစ်ပတ်ပြီး တစ်ပတ် သူ့ရဲ့ တိုးတက်ကောင်းမွန်လာမှုကို ပရိသတ်တွေ အသိအမှတ်ပြုရမှာပါ။ ”

” နောက်ပြီး သူ့အသက်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်။သူ့လို အသင်းမှာ ကြီးပြင်းလာပြီး၊ အသင်းအကြောင်း ကောင်းကောင်းသိတဲ့သူ၊ အသင်းအတွက်ဆို အစွမ်းကုန် ပေးဆပ် ကစားချင်တဲ့သူမျိုးက လိုအပ်ပါတယ်။အီဝိုဘီ အသင်းကနေ ထွက်ခွာသွားတာဟာ တကယ့်ကိို အံ့ဩသင့်စရာပါ။အသင်းရဲ့လုပ်ရပ်ကို ကျနော်ကိုယ်တိုင်လည်း မယုံကြည်နိုင်ပါဘူး ။ ”

” အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပြောင်းသွားတော့ ပရိသတ်တွေအတွက် အံ့ဩသင့်စရာ ဖြစ်ခဲ့ပါတယ်။ကျနော်သာ သူပြောင်းမယ်မှန်း ကြိုသိရင် မသွားဖို့ ရအောင် တားမှာပါ ။ သူ့အတွက် အသင်းမှာ ဆက်နေတာက ပိုကောင်းပါတယ်။အာဆင်နယ် အသင်းမှာ သူက ကစားခွင့်ရမယ့်သူပါ ၊ ထွက်ခွာစရာ မလိုပါဘူးဗျာ။”

” အီဝိုဘီ အတွက် အာဆင်နယ် အသင်းက အကောင်းဆုံး အသင်းလို့ ထင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ် လို ထိပ်တန်း အသင်းကြီး တစ်သင်း မှာ ကစားသမားတိုင်းက ကစားချင်ကြတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR