ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲ အပြီးမှာတော့ အာဆင်နယ် အသင်းဟာ စီရီးအေ ကလပ် နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၁၁ ရက် နေ့ အိမ်ကွင်းမှာ နာပိုလီ အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ဧပြီလ ၁၈ ရက်နေ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာပါ ။

( ၁၆ ) သင်း အဆင့် မှာ အာဆင်နယ် အသင်းဟာ ပြင်သစ် လီဂူး ကလပ် ရင်းနက် ကို အိမ်ကွင်း မှာ ၃ ဂိုးပြတ် အနိုင် ကစား ပြီး ပထမ အကျော့ က အရှုံးကို ချေဖျက် ကာ ၄-၃ ရလဒ် ဖြင့် ကွာတား ဖိုင်နယ် ကို ရောက်ရှိ လာခဲ့တာ ဖြစ် ပါတယ် ။

အာဆင်နယ် အသင်းကို ၂၂ နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ အာဆင်နယ် အသင်းကိုပဲ အားပေး သွားမှာ ဖြစ်ကြောင်း နဲ့ နာပိုလီ အသင်းအနေနဲ့ အာဆင်နယ် အသင်းကို ကျော်ဖြတ်နိုင်ဖို့ အရမ်း ခက်ခဲကြောင်း မှတ်ချက်ပေး ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ပြီးနောက် ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးကို အဓိက ရည်မှန်းချက် ထားနေတဲ့ အသင်းပါ ။ အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ကလည်း ယူရိုပါလိဂ် ဖလားကို သုံးကြိမ်အထိ ရယူခဲ့ဖူးသူ ဖြစ်တာကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဂန်းနားတို့ကို စောင့်ကြည့်ချင်စရာကောင်းနေပါတယ် ။

အာဆင်း က ll Mattino သတင်းစာ နဲ့ အင်တာဗျူး မှာ ” နာ ပို လီ နဲ့ က စား ရ တဲ့ ည မှာ အာ ဆင် နယ် အ သင်း ကို ပဲ ကျ နော် အား ပေး သွား မှာ ပါ ။ ဒီ ပွဲ မှ မ ဟုတ် ပါ ဘူး ၊ အာ ဆင် နယ် အ သင်း ရဲ့ ပွဲ တိုင်း ကို စောင့် ကြည့် ဖြစ် ပါ တယ် ။ “

” အူ နိုင်း အမ် မ ရီ ကို ကျ နော် အ ကြံ ပေး စ ရာ မ လို ဘူး လို့ ထင် ပါ တယ် ။ အန် ဆယ် လော့ တီ ကို လည်း ကျ နော် သ ဘော ကျ ပါ တယ် ၊ သူ က သ မိုင်း တစ် လျှောက် အ ကောင်း ဆုံး နည်း ပြ တွေ ထဲ တစ် ဦး ပါ ။ အ သင်း တစ် သင်း ကို ဘယ် လို ကိုင် တွယ် နည်း ပြ ရ မ လဲ ဆို တာ သူ ကောင်း ကောင်း သိ ပါ တယ် ။ “

” အာဆင်နယ် အသင်းက ကြီးကျယ် ခမ်း နား တဲ့ အ သင်း တစ် သင်း ပါ ။ နာ ပို လီ အ သင်း အ တွက် အာ ဆင် နယ် အ သင်း ကို ကျော် ဖြတ် ပြီး နောက် တစ် ဆင့် တက် ဖို့ ဆို တာ အ ရမ်း ကို ခက် ခဲ မှာ ပါ ။ ” လို့ ပြော ကြား လိုက် ပါ တယ် ။

SPORTS MYANMAR