မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ေဝးလ္ လက္ေရြးစင္ ေတာင္ပံံ တုိက္စစ္ ကစားသမား ေလး ျဖစ္တဲ့ ဒန္နီယယ္ ဂ်ိမ္းစ္ ဟာ ကလပ္ အသင္း အတြက္ ေလးပြဲ ကစား 3 ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ေနာက္ ဒီေန့ နံနက္ နုိင္ငံ့ အသင္း အတြက္ ကစား ေပး ခဲ့တဲ့ ေျခစမ္းပြဲ မွာလည္း တစ္ဂိုး ထပ္မံ သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ဘီလာရုစ္ နဲ့ ဒီေန့ နံနက္ ေဝးလ္ တုိ့ ကစား ခဲ့ ၾကတဲ့ အဆုိပါ ပြဲစဥ္ ကေတာ့ 1 – 0 ဆုိတဲ့ ရလဒ္ နဲ့သာ ျပီးဆံုး သြားခဲ့ ျပီး ဂ်ိမ္းစ္ ဟာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ခြင့္ ရရွိ ခဲ့ ပါတယ္ ။ ပြဲခ်ိန္ မိနစ္ 50 မွာေတာ့ သူဟာ လက္ေရြးစင္ အသင္း ေဖာ္ ဂါးရတ္ ေဘးလ္ နဲ႔ လူစား လဲခံ ခဲ့ရ ပါတယ္ ။

ရိုင္ယန္ ဂစ္ ကေတာ့ အဆုိပါ ပြဲစဥ္ ရဲ့ ဒုတိယ ပိုင္းမွာ ကစား သမား 5 ဦး အထိ ကို လူးစားလဲ ကစား ေစခဲ့ ျပီး ေျခစြမ္း ေတြကို ေစာင့္ၾကည့္ ေလ့လာ သြားခဲ့ ပါတယ္ ။ ထို့ေနာက္ ပြဲစဥ္ အ ျပီး မွာေတာ့ ရိုင္ယန္ ဂစ္က ဒန္နီယယ္ ဂ်ိမ္းစ္ ကို ရပ္တန္႔ လို့ မရ နုိင္သူ လို့ ေခၚေဝၚ ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ဂစ္က တစ္လံုး တည္းေသာ အနုိင္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ဂ်ိမ္းစ္ ရဲ့ သြင္းဂိုး မ်ိဳးက တစ္ကယ္ ကို လွပ တဲ့ ဂုိး ျဖစ္ေၾကာင္း ၊ သူဟာ အဲ့ဒီ လို သြင္းဂိုး မ်ိဳး မ်ားစြာ သြင္းယူ ထားနုိင္ ခဲ့တဲ့ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း ၊ ဂ်ိမ္းစ္ အေန နဲ့ ေနာက္ တစ္ဆင့္ တက္နုိင္ ဖုိ႔ အတြက္ ေျခစြမ္း တည္ျငိမ္ ဖုိ႔ လိုအပ္ ေနေသး ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူ ( ဂ်ိမ္းစ္ ) ဆုိတာ က်ြန္ေတာ္ တုိ႔ သိရွိ ထား ခဲ့တဲ့ ကစား သမား အခ်ိဳ့ လို ပါပဲ ။ သူ ဘာေတြ လုပ္ လိမ့္မလဲ ဆုိတာ ခင္ဗ်ား တုိ့ ၾကိဳတင္ သိရွိ ထားၾက ေပမယ့္ တစ္ကယ္ တမ္း မွာေတာ့ သူ့ကို ရပ္တန့္ နုိင္မွာ မဟုတ္ ပါဘူး ”

” သူဟာ အခုလို မ်ိဳး ဂိုးေတြ ( ေလ့က်င့္ေရး ကြင္းထဲ ) ကို အမ်ားၾကီး သြင္းယူ ျပထား နုိင္ခဲ့ ပါတယ္ ။ သူဟာ ဒီလို ပံုစံ နဲ့ ဂိုးသြင္း ရတာ ပိုျပီး အသားက် ေန သလို ပါပဲ ”

” က်ြန္ေတာ္ DJ ကို ပထမ ဦးဆံုး အၾကိမ္ စတင္ ေတြ့ဆံု ခဲ့စဥ္ တုန္းက သူဟာ အျခား ကစားသမား ေလး ေတြလို ပါပဲ ။ ဒါေပမယ့္ အခုေတာ့ သူ႔ရဲ့ ေနာက္ဆံုး ေဘာလံုး ထိခ်က္ ေတြဟာ ပိုမို တုိးတက္ ေကာင္းမြန္ လာခဲ့ သလို ဂိုးေတြ လည္း ပိုမို သြင္းယူ နုိင္ခဲ့ ပါျပီ ”

” သူဟာ အဲ့တာ ေတြကို ဆက္လက္ လုပ္ေဆာင္ ျပေန နုိင္ခဲ့ ပါတယ္ ။ သူ ရာသီ အစ ကေန အခု အထိ လုပ္ေဆာင္ ျပထား နုိင္ခဲ့ တာေတြ က လူငယ္ ကစားသမား ေလး တစ္ဦး အတြက္ ေတာ့ အံ့ခ်ီးဖြယ္ ပါပဲ ”

” သူ့ အတြက္ ေတာ့ ေနာက္ တစ္ဆင့္ အေန နဲ့ ေျခစြမ္း တည္ျငိမ္ ေအာင္ လုပ္ေဆာင္ ဖုိ႔ လိုအပ္ ပါ လိမ့္မယ္ ။ သူ့ အေန နဲ့ အဲ့တာ ကို အခ်ိန္ အေတာ္ ၾကာ အထိ ထိန္းသိမ္း နုိင္ဖုိ႔ ၾကိဳးစား အားထုတ္ ရပါ လိမ့္မယ္ ”

” အဲ့တာ ေတြဟာ ျဖစ္မွ ျဖစ္လာ နုိင္ မလား ဆုိျပီး က်ြန္ေတာ့္ ဖက္က သံသယ ျဖစ္စရာ အေၾကာင္း ေတာ့ မရွိ ပါဘူး ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ DJ ဟာ အေကာင္းဆံုး ကစားသမား တစ္ဦး ျဖစ္လို တဲ့ ဆႏၵ ေတြ ရွိေန လို႔ ပါပဲ ။ သူ ၾကိဳးစား သြားပါ လိမ့္မယ္ ” လို့ ရိုင္ယန္ ဂစ္က ေျပာၾကား သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ကလပ်နဲ့ နိုင်ငံ့အသင်း အတွက် ဂိုးတွေ သွင်းယူနေတဲ့ ဒန်နီယယ် ဂျိမ်းစ် ရဲ့ လိုအပ်ချက်က ဘာဖြစ်လာပြီလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ ဝေးလ် နည်းပြ #ရိုင်ယန်ဂစ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝေးလ် လက်ရွေးစင် တောင်ပံံ တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ ဒန်နီယယ် ဂျိမ်းစ် ဟာ ကလပ် အသင်း အတွက် လေးပွဲ ကစား 3 ဂိုး သွင်းယူ နိုင် ခဲ့တဲ့ နောက် ဒီနေ့ နံနက် နိုင်ငံ့ အသင်း အတွက် ကစား ပေး ခဲ့တဲ့ ခြေစမ်းပွဲ မှာလည်း တစ်ဂိုး ထပ်မံ သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဘီလာရုစ် နဲ့ ဒီနေ့ နံနက် ဝေးလ် တို့ ကစား ခဲ့ ကြတဲ့ အဆိုပါ ပွဲစဉ် ကတော့ 1 – 0 ဆိုတဲ့ ရလဒ် နဲ့သာ ပြီးဆုံး သွားခဲ့ ပြီး ဂျိမ်းစ် ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ခဲ့ ပါတယ် ။ ပွဲချိန် မိနစ် 50 မှာတော့ သူဟာ လက်ရွေးစင် အသင်း ဖော် ဂါးရတ် ဘေးလ် နဲ့ လူစား လဲခံ ခဲ့ရ ပါတယ် ။

ရိုင်ယန် ဂစ် ကတော့ အဆိုပါ ပွဲစဉ် ရဲ့ ဒုတိယ ပိုင်းမှာ ကစား သမား 5 ဦး အထိ ကို လူးစားလဲ ကစား စေခဲ့ ပြီး ခြေစွမ်း တွေကို စောင့်ကြည့် လေ့လာ သွားခဲ့ ပါတယ် ။ ထို့နောက် ပွဲစဉ် အ ပြီး မှာတော့ ရိုင်ယန် ဂစ်က ဒန်နီယယ် ဂျိမ်းစ် ကို ရပ်တန့် လို့ မရ နိုင်သူ လို့ ခေါ်ဝေါ် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဂစ်က တစ်လုံး တည်းသော အနိုင် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ဂျိမ်းစ် ရဲ့ သွင်းဂိုး မျိုးက တစ်ကယ် ကို လှပ တဲ့ ဂိုး ဖြစ်ကြောင်း ၊ သူဟာ အဲ့ဒီ လို သွင်းဂိုး မျိုး များစွာ သွင်းယူ ထားနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ၊ ဂျိမ်းစ် အနေ နဲ့ နောက် တစ်ဆင့် တက်နိုင် ဖို့ အတွက် ခြေစွမ်း တည်ငြိမ် ဖို့ လိုအပ် နေသေး ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဂျိမ်းစ် ) ဆိုတာ ကျွန်တော် တို့ သိရှိ ထား ခဲ့တဲ့ ကစား သမား အချို့ လို ပါပဲ ။ သူ ဘာတွေ လုပ် လိမ့်မလဲ ဆိုတာ ခင်ဗျား တို့ ကြိုတင် သိရှိ ထားကြ ပေမယ့် တစ်ကယ် တမ်း မှာတော့ သူ့ကို ရပ်တန့် နိုင်မှာ မဟုတ် ပါဘူး ”

” သူဟာ အခုလို မျိုး ဂိုးတွေ ( လေ့ကျင့်ရေး ကွင်းထဲ ) ကို အများကြီး သွင်းယူ ပြထား နိုင်ခဲ့ ပါတယ် ။ သူဟာ ဒီလို ပုံစံ နဲ့ ဂိုးသွင်း ရတာ ပိုပြီး အသားကျ နေ သလို ပါပဲ ”

” ကျွန်တော် DJ ကို ပထမ ဦးဆုံး အကြိမ် စတင် တွေ့ဆုံ ခဲ့စဉ် တုန်းက သူဟာ အခြား ကစားသမား လေး တွေလို ပါပဲ ။ ဒါပေမယ့် အခုတော့ သူ့ရဲ့ နောက်ဆုံး ဘောလုံး ထိချက် တွေဟာ ပိုမို တိုးတက် ကောင်းမွန် လာခဲ့ သလို ဂိုးတွေ လည်း ပိုမို သွင်းယူ နိုင်ခဲ့ ပါပြီ ”

” သူဟာ အဲ့တာ တွေကို ဆက်လက် လုပ်ဆောင် ပြနေ နိုင်ခဲ့ ပါတယ် ။ သူ ရာသီ အစ ကနေ အခု အထိ လုပ်ဆောင် ပြထား နိုင်ခဲ့ တာတွေ က လူငယ် ကစားသမား လေး တစ်ဦး အတွက် တော့ အံ့ချီးဖွယ် ပါပဲ ”

” သူ့ အတွက် တော့ နောက် တစ်ဆင့် အနေ နဲ့ ခြေစွမ်း တည်ငြိမ် အောင် လုပ်ဆောင် ဖို့ လိုအပ် ပါ လိမ့်မယ် ။ သူ့ အနေ နဲ့ အဲ့တာ ကို အချိန် အတော် ကြာ အထိ ထိန်းသိမ်း နိုင်ဖို့ ကြိုးစား အားထုတ် ရပါ လိမ့်မယ် ”

” အဲ့တာ တွေဟာ ဖြစ်မှ ဖြစ်လာ နိုင် မလား ဆိုပြီး ကျွန်တော့် ဖက်က သံသယ ဖြစ်စရာ အကြောင်း တော့ မရှိ ပါဘူး ။ ဘာဖြစ် လို့လဲ ဆိုတော့ DJ ဟာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လို တဲ့ ဆန္ဒ တွေ ရှိနေ လို့ ပါပဲ ။ သူ ကြိုးစား သွားပါ လိမ့်မယ် ” လို့ ရိုင်ယန် ဂစ်က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar