~

ဒယ်ပီယာရိုဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဂျူဗီ အသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူးတဦးဖြစ် ပြီးအလွတ်တည်ကန်ဘောတွေ မှာ အံ့မခန်းထူးချွန်သူတဦးလည်းဖြစ်ပါတယ်။ သူဟာ တူရင်မြို့ ခံအသင်းအတွက် ဂိုးပေါင်း ၂၉၀ အထိသွင်းယူပေးနိုင် ခဲ့ပြီး အဆိုပါဂိုးတွေထဲ က ၄၂ဂိုးကတော့ အလွတ် တည်ကန်ဘောတွေကနေ ရ ရှိခဲ့တာဖြစ်ပါတယ်။ လတ်တလော ဂျူဗီ အသင်းမှာတော့ သူလိုပဲ ဖရီးကစ် အကန်ကောင်းတဲ့ ရော်နယ်ဒို လို တိုက်စစ်ကစားသမား တဦးရှိနေပြီလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာပြီး ခဲ့တဲ့ ရက်ပိုင်းအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ပွဲစဉ် ဂျူဗီ အတွက် ဟက်ထရစ် သွင်းယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားစေနိုင်ခဲ့ပါတယ်။ ပထမအကျော့စပိန်မြေ မှာ အေတီကို အသင်းကို ၂ဂိုးပြတ်အရေးနိမ့် ထားခဲ့တာဖြစ်ပေမယ့် ဒီပေါ်တူဂီ သားရဲ့ အံ့မခန်းခြေစွမ်းကြောင့် ဂျူဗီတို့ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

သူနဲ့ ရော်နယ်ဒို ဘယ်သူက ဖရီးကစ် အကန်ကောင်းလဲလို့ မေးမြန်းရာမှာတော့ ဒယ်ပီယာရိုက – – -” ရော်နယ်ဒိုဟာ အတော်များများ မှာ ထူးချွန်ပါတယ်။ဒါပေမယ့် ဖရီးကစ် ကန်ချက်တွေကို တော့ သူနောက်ပိုင်းမှာ လေ့ကျင့်မှုတွေ သိပ်မလုပ်ဖြစ်တော့ပုံပါပဲ။ သူဟာ ဖရီးကစ် အကန်ကောင်းတဲ့ ကစားသမားတဦးဖြစ်ပြီး ကောင်းမွန်တဲ့ မှတ်တမ်းကို လည်း ပိုင်ဆိုင်ထားပါတယ်။အေတီကို နဲ့ ပွဲမှာ သူ လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေ အတွက်လည်း ကျွန်တော် ပျော်ရွှင်ကျေနပ် မိပါတယ်။

သူဟာ အခုဆို ရင် ဂျူဗီ အသင်းပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးရတော့မှာဖြစ်ပါတယ်။သူ့အနေနဲ့ သွင်းဂိုးတွေကိုအခုလို အလွတ်တည်ကန်ဘောတွေကနေကော အခြား နည်းလမ်းတွေနဲ့ပါ အများကြီး ဆက်သွင်းယူနိုင်မယ် လို့ လည်း ကျွန်တော် မျှော်လင့်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ တွေဆုံရမယ့် အေဂျက် အသင်းကို လျှော့မတွက် ကြဖို့ကို လည်း ဒယ်ပီယာရိုက သူ့အသင်းဟောင်းကို သတိပေးသွား ခဲ့ပါတယ်။

ဒယ်ပီယာရိုက ဆက်လက်ပြီး – – – ” ကြီးကျယ်တဲ့ စိန်ခေါ်မှု တခုလိုဖြစ်လာမယ့် ပွဲစဉ်ပါပဲ။အေဂျက်အသင်းဟာရီးရဲလ် အသင်းကို အံ့မခန်းတုန့်ပြန်သွားနိုင်ခဲ့တာဖြစ်ပြီး သူတို့ အသင်းရဲ့ ကစားပုံနဲ့ လူငယ်လေးတွေကို တကမ္ဘာလုံးက အသိအမှတ်ပြု ချီးကျူးနေကြပါတယ်။ ဒီပွဲဟာ လွယ်ကူမှာတော့ မဟုတ် ပါဘူး ။ဒါပေမယ့် ဖိုင်နယ် အဆင့် ကို တက်ရောက်နိုင်ဖို့ ဆိုရင် အသင်းတိုင်းကို မဖြစ်မနေအနိုင် ကစား နိုင်ဖို့ လိုပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဂျူဗီတို့ဟာပြီးခဲ့တဲ့ နှစ်တွေအတွင်း ချန်ပီယံလိဂ်ဖလားကြီးနဲ့ ကပ်လွဲ ထားခဲ့ရပေမယ့် ရော်နယ်ဒိုရောက် လာမှုနဲ့ အတူ ပိုကောင်းလာနေပြီး ဆုရဖို့ ရေပန်းစားတဲ့ အသင်းတသင်း ဖြစ်လာနေပြီ လို့ ဒယ်ပီယာရိုကခံစားနေရပုံပါပဲ။ သူက ဆက်လက်ပြီး- – – ” ဂျူဗီ အသင်း ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ကွာတားဖိုင်နယ် မှာ အေဂျက် လို အသင်းနဲ့ ပဲ ရင်ဆိုင်ရတာကြောင့်တော့ မဟုတ်ပါဘူး။

ရာသီအစက တည်းက သူတို့ ဟာ ချန်ပီယံ ဆုကြီးအတွက် ရေပန်းစားတဲ့ အသင်းတွေထဲက တသင်းဖြစ်ခဲ့တာပါ။သူတို့ဟာ တောင့်တင်းတဲ့ အသင်းကောင်းတသင်းကို တည်းဆောက်ထားနိုင်ခဲ့ သလို ရော်နယ်ဒို လိုကစားသမား မျိုးကို အားဖြည့်ထားနိုင်ခဲ့ပါတယ်။သူတို့ ဟာ ဘယ်လောက် အထိစွမ်းဆောင်နိုင်တယ်ဆိုတာကို လေးနှစ် အတွင်း မှာ ဖိုင်နယ် ၂ကြိမ်တက်ရောက်နိုင် မှုနဲ့ အတူသက်သေပြထားပြီးပါပြီ” လို့ပြောသွားခဲ့ပါတယ်။

SM