jose gaya

* ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေႏြရာသီ အတြင္းမွာမွ ဆိုက္ပရပ္စ္ ႏိုင္ငံ မွာ ေလာင္းကစား ကုမၸဏီ တခု ျဖစ္တဲ့ 1xBet ကုမၸဏီ နဲ႕ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆို ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ယင္း ကုမၸဏီ ဟာ ျဗိတိန္ ႏိုင္ငံ မွာ လိုင္စင္ မရတာေၾကာင့္ ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ႏွစ္ဆန္းပိုင္း မွာ ထို ကုမၸဏီ နဲ႕ စာခ်ဳပ္ ဖ်က္သိမ္းဖို႕ ရွိေနတယ္ လို႕ Daily Mail ရဲ႕ အဆို တခု အရ သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ အကယ္ဒမီ ထြက္ ဂိုးသမား ဂ်မယ္ ဘလက္မန္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ နယ္သာလန္ လိဂ္ ကလပ္ ဗြီတက္ဆီ အသင္း မွာ အငွား ကစားရင္း ျဖတ္သန္း ေတာ့မွာ ျဖစ္ပါတယ္ ။ ဗြီဆက္ဆီ အသင္း ဒါရိုက္တာ ျဖစ္သူ မိုအာလက္ခ်္ ကေတာ့ ဘလက္မန္း ဟာ အရည္အေသြး ရွိ ဂိုးသမား တဦး ျဖစ္ေၾကာင္း ၊ သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း မွာေတာ့ ေနရာ ရဖို႕ အတြက္ လိုအပ္ခ်က္ ေတြ ရွိေနေသးျပီး ၄င္းတို႕ အသင္း အတြက္ေတာ့ ကူညီ ပံ့ပိုး ေပးႏိုင္မယ့္ ဂိုးသမား တဦး ဆိုတာေတာ့ ေသခ်ာေၾကာင္း ဆိုခဲ့ပါတယ္ ။

* The Telegraph ရဲ႕ ေဖာ္ျပခ်က္ တခု အရ လူရမ္းကား ၆ေယာက္ နဲ႕ ရန္ျဖစ္ တိုက္ခိုက္ ခဲ့တဲ့ ဒရင့္ခ္ဝါးတား ကို ဘန္ေလ အသင္း ဖက္က ဒဏ္ေၾကး ရိုက္ဖို႕ အတြက္ အခုထိ မဆံုးျဖတ္ ရေသးေၾကာင္း သိရပါတယ္ ။ ခ်ယ္လ္ဆီး ကြင္းလယ္လူ ဒရင့္ခ္ဝါးတား ဟာ ဒီႏွစ္ ေဘာလံုး ရာသီ တဝက္ ကို ဘန္ေလ အသင္း မွာ ကုန္ဆံုး မွာ ျဖစ္ေပမယ့္ အခုလို စည္းကမ္းပိုင္း ေဖာက္ဖ်က္မႈ အတြက္ ဘန္ေလ အသင္း က ၄င္းကို ဆက္ထားသင့္ ၊ မထားသင့္ ဆံုးျဖတ္ ေနေၾကာင္း လည္း သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ခံစစ္ ကစားသမား အီသန္ အမ္ပါဒူ ဟာ လက္ရွိ မွာ ေဝးလ္စ္ လက္ေရြးစင္ အသင္း အတြက္ ကစားခြင့္ ရေနတယ္ ဆိုေပမယ့္ ကလပ္ အသင္း အဆင့္ မွာ ပြဲကစားခြင့္ လုံလံုေလာက္ေလာက္ မရပဲ ရွိေနပါတယ္ ။ အမ္ပါဒူ ဟာ ေလာေလာဆယ္ မွာ လစ္ပ္ဇစ္ အသင္း သို႕ အငွား ထြက္ကစား ေနတယ္ ဆိုေပမယ့္ အခုအခ်ိန္ အထိ ပြဲထြက္ခြင့္ မရပဲ ရိွေနခဲ့ပါတယ္ ။ ေဝးလ္စ္ နည္းျပ ျဖစ္သူ ရိုင္ယန္ဂစ္ ကေတာ့ အမ္ပါဒူ အေနနဲ႕ ေရရွည္မွာ ေျခစြမ္း တိုးတက္လာဖို႕ အတြက္ ၊ ေဝးလ္စ္ အတြက္ ကစားေပး ႏိုင္ဖို႕ ဆိုရင္ ပြဲထြက္ခြင့္ ေတြက အေရးၾကီးေၾကာင္း ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ မၾကာခင္ မွာ တရားဝင္ ထြက္လာေတာ့မယ့္ FIFA 20 ဂိမ္းအသစ္ ရဲ႕ အေကာင္းဆံုး နဲ႕ Rating အျမင့္ဆံုး ကစားသမား အေယာက္ ၁၀၀ ထဲမွာ ပါဝင္ လာတဲ့ တဦးတည္းေသာ ခ်ယ္လ္ဆီး ကစားသမား ျဖစ္လာပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ျပီးခဲ့တဲ့ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲမွာ ေနာက္ဆံုး ပင္နယ္တီ အဆံုးအျဖတ္ မွာ လြဲေခ်ာ္ ခဲ့ျပီးေနာက္ ဆိုရွယ္ မီဒီယာ ေပၚမွာ လူမ်ိဳးေရး ခြဲျခား ခံခဲ့ ရပါတယ္ ။ ေအဘရာဟမ္ ရဲ႕ မိခင္ ျဖစ္သူ ဟာ ထို ပြဲစဥ္ အျပီး မွာ သူ႕ရဲ႕ သားျဖစ္သူ အေပၚ ယခု ကဲ့သို႕ လူမ်ိဳးေရး ခြဲျခား ခဲ့တာေၾကာင့္ ငိုေၾကြး ခဲ့ေၾကာင္း ေအဘရာဟမ္ က မေန႕က အင္တာဗ်ဴး တခု မွာ ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

* Soccer Link ရဲ႕ ေဖာ္ျပခ်က္ တခု အရ ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ေဆာင္းရာသီ အေျပာင္းအေရႊ႕ မွာ ကစားသမားသစ္ ေခၚယူခြင့္ ျပန္လည္ ရရွိပါက ဗလင္စီယာ အသင္း ရဲ႕ စပိန္ လက္ေရြးစင္ ဘယ္ေနာက္ခံလူ ဟိုေဆး ဂါယာ ကို ေခၚယူဖို႕ ၾကိဳးစား ႏိုင္ေၾကာင္း သိရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ေလာေလာဆယ္ မွာ ဘယ္ အစြန္ ခံစစ္ပိုင္း အတြက္ မလိုအပ္ေပမယ့္ အရန္ ကစားသမား အလြန္ဆို ဟာ လာမယ့္ အေျပာင္းအေရႊ႕ မွာ ထြက္ခြာ ႏိုင္တာေၾကာင့္ ခ်ယ္လ္ဆီး အဖို႕ သူ႕ရဲ႕ ေနရာ မွာ ေနာက္ထပ္ ကစားသမား တေယာက္ ထပ္မံ ျဖည့္တင္းလို ေနပါတယ္ ။

* မေန႕ည က ကစား သြားခဲ့တဲ့ ယူ ၂၁ ယူရို အုပ္စု အဆင့္ ေျခစစ္ ပြဲစဥ္ တပြဲ မွာ အဂၤလန္ ယူ ၂၁ အသင္း ဟာ ကိုဆိုဗို ယူ ၂၁ အသင္း ကို မန္စီးတီး အသင္း ရဲ႕ လူငယ္ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ ရဲ႕ သြင္းဂိုး ၂ဂိုး နဲ႕ အတူ အႏိုင္ ရခဲ့ပါတယ္ ။ ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အဂၤလန္ လူငယ္ ခံစစ္မွဴး မာ့ခ္ ဂီြဟီ နဲ႕ ကြင္းလယ္ အဖ်က္ ထရီဗာ ခ်ာလိုဘတ္ တို႕ ပြဲခ်ိန္ျပည့္ ကစားခြင့္ ရရွိ ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး သတင်းတိုများ

* ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အတွင်းမှာမှ ဆိုက်ပရပ်စ် နိုင်ငံ မှာ လောင်းကစား ကုမ္ပဏီ တခု ဖြစ်တဲ့ 1xBet ကုမ္ပဏီ နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆို ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ယင်း ကုမ္ပဏီ ဟာ ဗြိတိန် နိုင်ငံ မှာ လိုင်စင် မရတာကြောင့် ချယ်လ်ဆီး အသင်း ဟာ လာမယ့် နှစ်ဆန်းပိုင်း မှာ ထို ကုမ္ပဏီ နဲ့ စာချုပ် ဖျက်သိမ်းဖို့ ရှိနေတယ် လို့ Daily Mail ရဲ့ အဆို တခု အရ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် ဂိုးသမား ဂျမယ် ဘလက်မန်း ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် နယ်သာလန် လိဂ် ကလပ် ဗွီတက်ဆီ အသင်း မှာ အငှား ကစားရင်း ဖြတ်သန်း တော့မှာ ဖြစ်ပါတယ် ။ ဗွီဆက်ဆီ အသင်း ဒါရိုက်တာ ဖြစ်သူ မိုအာလက်ချ် ကတော့ ဘလက်မန်း ဟာ အရည်အသွေး ရှိ ဂိုးသမား တဦး ဖြစ်ကြောင်း ၊ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း မှာတော့ နေရာ ရဖို့ အတွက် လိုအပ်ချက် တွေ ရှိနေသေးပြီး ၄င်းတို့ အသင်း အတွက်တော့ ကူညီ ပံ့ပိုး ပေးနိုင်မယ့် ဂိုးသမား တဦး ဆိုတာတော့ သေချာကြောင်း ဆိုခဲ့ပါတယ် ။

* The Telegraph ရဲ့ ဖော်ပြချက် တခု အရ လူရမ်းကား ၆ယောက် နဲ့ ရန်ဖြစ် တိုက်ခိုက် ခဲ့တဲ့ ဒရင့်ခ်ဝါးတား ကို ဘန်လေ အသင်း ဖက်က ဒဏ်ကြေး ရိုက်ဖို့ အတွက် အခုထိ မဆုံးဖြတ် ရသေးကြောင်း သိရပါတယ် ။ ချယ်လ်ဆီး ကွင်းလယ်လူ ဒရင့်ခ်ဝါးတား ဟာ ဒီနှစ် ဘောလုံး ရာသီ တဝက် ကို ဘန်လေ အသင်း မှာ ကုန်ဆုံး မှာ ဖြစ်ပေမယ့် အခုလို စည်းကမ်းပိုင်း ဖောက်ဖျက်မှု အတွက် ဘန်လေ အသင်း က ၄င်းကို ဆက်ထားသင့် ၊ မထားသင့် ဆုံးဖြတ် နေကြောင်း လည်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခံစစ် ကစားသမား အီသန် အမ်ပါဒူ ဟာ လက်ရှိ မှာ ဝေးလ်စ် လက်ရွေးစင် အသင်း အတွက် ကစားခွင့် ရနေတယ် ဆိုပေမယ့် ကလပ် အသင်း အဆင့် မှာ ပွဲကစားခွင့် လုံလုံလောက်လောက် မရပဲ ရှိနေပါတယ် ။ အမ်ပါဒူ ဟာ လောလောဆယ် မှာ လစ်ပ်ဇစ် အသင်း သို့ အငှား ထွက်ကစား နေတယ် ဆိုပေမယ့် အခုအချိန် အထိ ပွဲထွက်ခွင့် မရပဲ ရှိနေခဲ့ပါတယ် ။ ဝေးလ်စ် နည်းပြ ဖြစ်သူ ရိုင်ယန်ဂစ် ကတော့ အမ်ပါဒူ အနေနဲ့ ရေရှည်မှာ ခြေစွမ်း တိုးတက်လာဖို့ အတွက် ၊ ဝေးလ်စ် အတွက် ကစားပေး နိုင်ဖို့ ဆိုရင် ပွဲထွက်ခွင့် တွေက အရေးကြီးကြောင်း ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ မကြာခင် မှာ တရားဝင် ထွက်လာတော့မယ့် FIFA 20 ဂိမ်းအသစ် ရဲ့ အကောင်းဆုံး နဲ့ Rating အမြင့်ဆုံး ကစားသမား အယောက် ၁၀၀ ထဲမှာ ပါဝင် လာတဲ့ တဦးတည်းသော ချယ်လ်ဆီး ကစားသမား ဖြစ်လာပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် မှာ လွဲချော် ခဲ့ပြီးနောက် ဆိုရှယ် မီဒီယာ ပေါ်မှာ လူမျိုးရေး ခွဲခြား ခံခဲ့ ရပါတယ် ။ အေဘရာဟမ် ရဲ့ မိခင် ဖြစ်သူ ဟာ ထို ပွဲစဉ် အပြီး မှာ သူ့ရဲ့ သားဖြစ်သူ အပေါ် ယခု ကဲ့သို့ လူမျိုးရေး ခွဲခြား ခဲ့တာကြောင့် ငိုကြွေး ခဲ့ကြောင်း အေဘရာဟမ် က မနေ့က အင်တာဗျူး တခု မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

* Soccer Link ရဲ့ ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ မှာ ကစားသမားသစ် ခေါ်ယူခွင့် ပြန်လည် ရရှိပါက ဗလင်စီယာ အသင်း ရဲ့ စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ဟိုဆေး ဂါယာ ကို ခေါ်ယူဖို့ ကြိုးစား နိုင်ကြောင်း သိရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လောလောဆယ် မှာ ဘယ် အစွန် ခံစစ်ပိုင်း အတွက် မလိုအပ်ပေမယ့် အရန် ကစားသမား အလွန်ဆို ဟာ လာမယ့် အပြောင်းအရွှေ့ မှာ ထွက်ခွာ နိုင်တာကြောင့် ချယ်လ်ဆီး အဖို့ သူ့ရဲ့ နေရာ မှာ နောက်ထပ် ကစားသမား တယောက် ထပ်မံ ဖြည့်တင်းလို နေပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ ယူ ၂၁ ယူရို အုပ်စု အဆင့် ခြေစစ် ပွဲစဉ် တပွဲ မှာ အင်္ဂလန် ယူ ၂၁ အသင်း ဟာ ကိုဆိုဗို ယူ ၂၁ အသင်း ကို မန်စီးတီး အသင်း ရဲ့ လူငယ် ကွင်းလယ်လူ ဖီးလ် ဖိုဒန် ရဲ့ သွင်းဂိုး ၂ဂိုး နဲ့ အတူ အနိုင် ရခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လူငယ် ခံစစ်မှူး မာ့ခ် ဂွီဟီ နဲ့ ကွင်းလယ် အဖျက် ထရီဗာ ချာလိုဘတ် တို့ ပွဲချိန်ပြည့် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

SPORTS MYANMAR