မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ျပီး ခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက အသင္း ရဲ့ အားနည္းခ်က္ တစ္ခု ျဖစ္တဲ့ ညာ ေတာင္ပံ ကို အင္အား ျဖည့္တင္း နုိင္ဖုိ႔ အတြက္ ဆြမ္ဆီး အသင္း မွ လူငယ္ ေတာင္ပံ တုိက္စစ္ ကစားသမား ေလး ဒန္နီယယ္ ဂ်ိမ္းစ္ ကို ေျပာင္းေရႊ့ ေၾကး ေပါင္ 15 သန္း ဝန္းက်င္ နဲ့ ေခၚယူ ခဲ့ၾက ပါတယ္ ။

သူ့ရဲ့ ေျပာင္းေရႊ့ ေၾကးဟာ နည္းပါး ခ့ဲ သလို အမည္ နာမ ေက်ာ္ၾကား မွဳ မရွိ တဲ့ မ်က္ႏွာစိမ္း လူငယ္ ကစားသမား ေလး ျဖစ္ခဲ့ တာေၾကာင့္ ဒီ ေကာင္ေလး ဟာ အသင္း သစ္ အတြက္ ပြဲထြက္ ကစားသမား တစ္ဦး ထက္ လူစားဝင္ ကစားသမား တစ္ဦး သာ ျဖစ္နုိင္ လိမ့္မယ္ လုိ့ ထင္ေၾကး ေပးခံ ခဲ့ရ ပါတယ္ ။

ဒါ့အျပင္ ယူနိုက္တက္ ပရိသတ္ အမ်ားစု က ဒီ ေကာင္ေလး ဟာ လ်င္ျမန္ သြက္လက္ လွသူ တစ္ဦး ျဖစ္ေၾကာင္း သာ သိရွိ ထားခဲ့ ၾကျပီး အျခား ထူးကဲ တဲ့ အရည္ အေသြး ေတြ ရွိ မရွိ မသိနုိင္ ခဲ့ၾက တဲ့ အတြက္ သူ အေပၚ ေမ်ွာ္လင့္ခ်က္ ေတြ အရမ္း မထား ခဲ့ၾက ပါဘူး ။

ဒါေပမယ့္ ေဝးလ္ လက္ေရြးစင္ အသင္း ကို ကိုင္တြယ္ နည္းျပ ေနတဲ့ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ကစားသမား ေဟာင္း ရိုင္ယန္ ဂစ္က ဒီ ကစားသမား ဟာ စိတ္လွဳပ္ရွား ဖြယ္ ေကာင္းတဲ့ အနာဂတ္ ကို ပိုင္ဆိုင္ နုိင္မယအလားအလာ ေကာင္းေတြ ရွိေနတယ္ လို့ ေျပာဳၾကား ခဲ့တဲ့ အတြက္ ပရိသတ္ ေတြက သူ့ အေပၚ စိတ္ဝင္စား မွဳ ရွိလာ ခဲ့ၾက ပါတယ္ ။

ပရိသတ္ အမ်ားစု ထင္ေၾကး ေပးခဲ့ ၾကတဲ့ အတုိင္း ပါပဲ ၊ ယူနုိက္တက္ ကို ေရာက္ရွိ လာတဲ့ ဂ်ိမ္းစ္ ဟာ ရာသီ အဖြင့္ ပြဲစဥ္ ျဖစ္တဲ့ ခ်ဲလ္ဆီး နဲ့ ပြဲမွာ အရံ ကစားသမား အျဖစ္ သာ ပါဝင္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ သူဟာ လူစားဝင္ ကစား ခြင့္ ရရွိ ခဲ့ျပီး အသင္း အတြက္ ပံုစံ ေကာင္း ျပသရင္း ပထမဆံုး သြင္းဂိုး သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ သူဟာ နည္းျပ ဆုိးလ္ရွားရဲ့ ႏွစ္သက္ မွဳကို ရရွိ ခဲ့ျပီး ယူနုိက္တက္ တုိ့ ေနာက္ထပ္ ကစား ခဲ့ ၾကတဲ့ ပြဲစဥ္ သံုးပြဲ လံုးမွာ ပြဲထြက္ ကစား ခြင့္ ရရွိ ခဲ့ ပါတယ္ ။ အဆုိပါ သံုးပြဲ မွာေတာ့ သူဟာ အသင္း အတြက္ ေနာက္ထပ္ ႏွစ္ဂိုး သြင္းယူ ေပးနုိင္ ခဲ့တဲ့ အတြက္ တစ္စ ထက္ တစ္စ နာမည္ ရလာ ခဲ့ ပါတယ္ ။

ဂ်ိမ္းစ္ ဟာ ဝုလ္ဗ္ အသင္း နဲ့ ကစား ခဲ့တဲ့ အေဝး ကြင္း ပြဲစဥ္ မွ လြဲျပီး က်န္တဲ့ ပြဲစဥ္ သံုးပြဲ မွာ အသင္း အတြက္ တစ္ပြဲ တစ္ဂိုး စီ သြင္းယူ ေပးနုိင္ ခဲ့တာ ယူနုိက္တက္ ကစားသမား ဘဝ ကို အထူး ေကာင္းမြန္စြာ စတင္ နုိင္ခဲ့ ပါတယ္ ။ အျခား တစ္ဖက္ မွာေတာ့ သူဟာ အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ႏွစ္ပြဲ ကစား ခဲ့ ရျပီး ႏွစ္ပြဲ လံုး ဂိုး သြင္းယူ နုိင္ ခဲ့တယ္ လို့ ဆုိရ ပါ့မယ္ ။

ယူနုိက္တက္ အသင္း ရဲ့ သမိုင္း တစ္ေလ်ာက္ မွာေတာ့ အသင္း ဆီကို ေျပာင္းေရႊ့ ခဲ့တဲ့ ေနာက္ အသင္း ပရိသတ္ ေတြရဲ့ ေရွ့ ေမွာက္ ၊ အိုးလ္ ထရပ္ဖုိ႔ဒ္ ကြင္းထဲ ကစား ခဲ့တဲ့ ပထမဆံုး ပြဲစဥ္ သံုးပြဲ မွာ သံုးပြဲ လံုး ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ကစားသမား ဟာ တစ္ဦး တည္း ရွိခဲ့ ပါတယ္ ။ အဲ့တာ ကေတာ့ အျခား သူေတာ့ မဟုတ္ ပါဘူး ၊ လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ အိုလီ ဂန္နား ဆုိးလ္ရွား ပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ ဒန္နီယယ္ ဂ်ိမ္းစ္ ကသာ ဒီ တစ္ပါတ္ လက္စတာ စီးတီး နဲ့ ကစား ရမယ့္ အိမ္ကြင္း ပြဲစဥ္ မွာ ဂိုး သြင္းယူ နုိင္မယ္ ဆုိရင္ ဆရာ ျဖစ္သူ ဆုိးလ္ရွား တစ္ဦး တည္း ပိုင္ဆုိင္ ထားနုိင္ တဲ့ စံခ်ိန္ကို လိုက္မီ သြားမွာ ျဖစ္ျပီး ယူနုိက္တက္ ကစားသမား ဘဝ ပထမဆံုး ကစား ခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္ သံုးပြဲ မွာ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ဒုတိယ ေျမာက္ သရဲနီ တပ္သား အျဖစ္ သမိုင္းဝင္ သြားမွာပဲ ျဖစ္ ပါတယ္ ။

ဆုိးလ္ရွား တုန္းက ေတာ့ 1996 ခုႏွစ္ စက္တင္ဘာ လ တုန္းက ယူနုိက္တက္ အတြက္ စတင္ ပြဲထြက္ ကစား ေပး ခဲ့တဲ့ ဘလက္ဘန္း ၊ ေနာ္တင္ဟမ္ ေဖာရက္စ္ နဲ့ ေတာ့တင္ဟမ္ ေဟာ့ စပါး ပြဲစဥ္ ေတြမွာ ဂိုးေတြ သြင္းယူ နုိင္ခဲ့တာ ျဖစ္ျပီး ဒီ မွတ္တမ္း ေကာင္းကို ပိုင္ဆုိင္ ခဲ့တာ ပဲ ျဖစ္ပါတယ္ ။

အခုေတာ့ သူ့ရဲ့ စံခ်ိန္ ကို လိုက္မီ နုိင္ဖုိ႔ နီးစပ္ ေနတဲ့ ကစား သမား တစ္ဦး ရွိေန ခဲ့ ပါျပီ ။ ကစားသမား အမ်ားစု က ကိုယ့္ရဲ့ စံခ်ိန္ ကို တစ္ပါး သူ လိုက္မီ သြားတဲ့ အခါ ၊ ေက်ာ္ျဖတ္ သြားတဲ့ အခါ ေတြမွာ စိတ္မေကာင္း ျဖစ္ေလ့ ရွိၾက ေပမယ့္ ဒီ တစ္ၾကိမ္ မွာေတာ့ သူ့ရဲ့ စံခ်ိန္ ကို ဂ်ိမ္းစ္ က ခြဲယူ သြားမယ္ ဆုိရင္ ဆုိးလ္ရွား ဟာ ေပ်ာ္ရႊင္ တဲ့သူ ျဖစ္ေန မွာ အေသအခ်ာ ပါပဲ ။

ဒီေန့ နံနက္ ေဝးလ္ အတြက္ ဂိုး သြင္းယူ ေပးသြား ခဲ့တဲ့ ဒန္နီယယ္ ဂ်ိမ္းစ္ ဟာ လက္စတာ နဲ့ ပြဲမွာ ဆရာသမား ရဲ့ စံခ်ိန္ ကို လိုက္မီ နုိင္ မလား ဆုိတာ ေတာ့ … … …

ယူနုိက္တက္ Vs လက္စတာ
စေန 8:30 PM

#Sports_Myanmar

Unicode

ဆရာသမား ဆိုးလ်ရှားရဲ့ စံချိန်တစ်ခုကို လိုက်မီဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ယူနိုက်တက် စတားလေး #ဂျိမ်းစ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ အားနည်းချက် တစ်ခု ဖြစ်တဲ့ ညာ တောင်ပံ ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် ဆွမ်ဆီး အသင်း မှ လူငယ် တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ကို ပြောင်းရွှေ့ ကြေး ပေါင် 15 သန်း ဝန်းကျင် နဲ့ ခေါ်ယူ ခဲ့ကြ ပါတယ် ။

သူ့ရဲ့ ပြောင်းရွှေ့ ကြေးဟာ နည်းပါး ခဲ့ သလို အမည် နာမ ကျော်ကြား မှု မရှိ တဲ့ မျက်နှာစိမ်း လူငယ် ကစားသမား လေး ဖြစ်ခဲ့ တာကြောင့် ဒီ ကောင်လေး ဟာ အသင်း သစ် အတွက် ပွဲထွက် ကစားသမား တစ်ဦး ထက် လူစားဝင် ကစားသမား တစ်ဦး သာ ဖြစ်နိုင် လိမ့်မယ် လို့ ထင်ကြေး ပေးခံ ခဲ့ရ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ပရိသတ် အများစု က ဒီ ကောင်လေး ဟာ လျင်မြန် သွက်လက် လှသူ တစ်ဦး ဖြစ်ကြောင်း သာ သိရှိ ထားခဲ့ ကြပြီး အခြား ထူးကဲ တဲ့ အရည် အသွေး တွေ ရှိ မရှိ မသိနိုင် ခဲ့ကြ တဲ့ အတွက် သူ အပေါ် မျှော်လင့်ချက် တွေ အရမ်း မထား ခဲ့ကြ ပါဘူး ။

ဒါပေမယ့် ဝေးလ် လက်ရွေးစင် အသင်း ကို ကိုင်တွယ် နည်းပြ နေတဲ့ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ရိုင်ယန် ဂစ်က ဒီ ကစားသမား ဟာ စိတ်လှုပ်ရှား ဖွယ် ကောင်းတဲ့ အနာဂတ် ကို ပိုင်ဆိုင် နိုင်မယ့် အလားအလာ ကောင်းတွေ ရှိနေတယ် လို့ ပြောုကြား ခဲ့တဲ့ အတွက် ပရိသတ် တွေက သူ့ အပေါ် စိတ်ဝင်စား မှု ရှိလာ ခဲ့ကြ ပါတယ် ။

ပရိသတ် အများစု ထင်ကြေး ပေးခဲ့ ကြတဲ့ အတိုင်း ပါပဲ ၊ ယူနိုက်တက် ကို ရောက်ရှိ လာတဲ့ ဂျိမ်းစ် ဟာ ရာသီ အဖွင့် ပွဲစဉ် ဖြစ်တဲ့ ချဲလ်ဆီး နဲ့ ပွဲမှာ အရံ ကစားသမား အဖြစ် သာ ပါဝင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ လူစားဝင် ကစား ခွင့် ရရှိ ခဲ့ပြီး အသင်း အတွက် ပုံစံ ကောင်း ပြသရင်း ပထမဆုံး သွင်းဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် သူဟာ နည်းပြ ဆိုးလ်ရှားရဲ့ နှစ်သက် မှုကို ရရှိ ခဲ့ပြီး ယူနိုက်တက် တို့ နောက်ထပ် ကစား ခဲ့ ကြတဲ့ ပွဲစဉ် သုံးပွဲ လုံးမှာ ပွဲထွက် ကစား ခွင့် ရရှိ ခဲ့ ပါတယ် ။ အဆိုပါ သုံးပွဲ မှာတော့ သူဟာ အသင်း အတွက် နောက်ထပ် နှစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ အတွက် တစ်စ ထက် တစ်စ နာမည် ရလာ ခဲ့ ပါတယ် ။

ဂျိမ်းစ် ဟာ ဝုလ်ဗ် အသင်း နဲ့ ကစား ခဲ့တဲ့ အဝေး ကွင်း ပွဲစဉ် မှ လွဲပြီး ကျန်တဲ့ ပွဲစဉ် သုံးပွဲ မှာ အသင်း အတွက် တစ်ပွဲ တစ်ဂိုး စီ သွင်းယူ ပေးနိုင် ခဲ့တာ ယူနိုက်တက် ကစားသမား ဘဝ ကို အထူး ကောင်းမွန်စွာ စတင် နိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူဟာ အိုးလ် ထရပ်ဖို့ဒ် မှာ နှစ်ပွဲ ကစား ခဲ့ ရပြီး နှစ်ပွဲ လုံး ဂိုး သွင်းယူ နိုင် ခဲ့တယ် လို့ ဆိုရ ပါ့မယ် ။

ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် မှာတော့ အသင်း ဆီကို ပြောင်းရွှေ့ ခဲ့တဲ့ နောက် အသင်း ပရိသတ် တွေရဲ့ ရှေ့ မှောက် ၊ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ကစား ခဲ့တဲ့ ပထမဆုံး ပွဲစဉ် သုံးပွဲ မှာ သုံးပွဲ လုံး ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ကစားသမား ဟာ တစ်ဦး တည်း ရှိခဲ့ ပါတယ် ။ အဲ့တာ ကတော့ အခြား သူတော့ မဟုတ် ပါဘူး ၊ လက်ရှိ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒန်နီယယ် ဂျိမ်းစ် ကသာ ဒီ တစ်ပါတ် လက်စတာ စီးတီး နဲ့ ကစား ရမယ့် အိမ်ကွင်း ပွဲစဉ် မှာ ဂိုး သွင်းယူ နိုင်မယ် ဆိုရင် ဆရာ ဖြစ်သူ ဆိုးလ်ရှား တစ်ဦး တည်း ပိုင်ဆိုင် ထားနိုင် တဲ့ စံချိန်ကို လိုက်မီ သွားမှာ ဖြစ်ပြီး ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး ကစား ခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် သုံးပွဲ မှာ ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ဒုတိယ မြောက် သရဲနီ တပ်သား အဖြစ် သမိုင်းဝင် သွားမှာပဲ ဖြစ် ပါတယ် ။

ဆိုးလ်ရှား တုန်းက တော့ 1996 ခုနှစ် စက်တင်ဘာ လ တုန်းက ယူနိုက်တက် အတွက် စတင် ပွဲထွက် ကစား ပေး ခဲ့တဲ့ ဘလက်ဘန်း ၊ နော်တင်ဟမ် ဖောရက်စ် နဲ့ တော့တင်ဟမ် ဟော့ စပါး ပွဲစဉ် တွေမှာ ဂိုးတွေ သွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီ မှတ်တမ်း ကောင်းကို ပိုင်ဆိုင် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

အခုတော့ သူ့ရဲ့ စံချိန် ကို လိုက်မီ နိုင်ဖို့ နီးစပ် နေတဲ့ ကစား သမား တစ်ဦး ရှိနေ ခဲ့ ပါပြီ ။ ကစားသမား အများစု က ကိုယ့်ရဲ့ စံချိန် ကို တစ်ပါး သူ လိုက်မီ သွားတဲ့ အခါ ၊ ကျော်ဖြတ် သွားတဲ့ အခါ တွေမှာ စိတ်မကောင်း ဖြစ်လေ့ ရှိကြ ပေမယ့် ဒီ တစ်ကြိမ် မှာတော့ သူ့ရဲ့ စံချိန် ကို ဂျိမ်းစ် က ခွဲယူ သွားမယ် ဆိုရင် ဆိုးလ်ရှား ဟာ ပျော်ရွှင် တဲ့သူ ဖြစ်နေ မှာ အသေအချာ ပါပဲ ။

ဒီနေ့ နံနက် ဝေးလ် အတွက် ဂိုး သွင်းယူ ပေးသွား ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် ဟာ လက်စတာ နဲ့ ပွဲမှာ ဆရာသမား ရဲ့ စံချိန် ကို လိုက်မီ နိုင် မလား ဆိုတာ တော့ … … …

ယူနိုက်တက် Vs လက်စတာ
စနေ 8:30 PM

#Sports_Myanmar