ယေန႔ နံနက္အေစာပိုင္း မွာ ကစားသြားခဲ႔ဲ႔တဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲ စဥ္မွာ အဂၤလန္ အသင္းက ကိုဆိုဗို အသင္းကို ၅-၃ ဂိုးနဲ႕ အႏိုင္ရခဲ႔ပါတယ္။ကိုဆိုဗို အသင္းဟာ ေနာက္ဆံုး ၁၅ပြဲ ဆက္ ရွံုး ပြဲမရွိ ကစားထားႏိုင္ခဲ႔ေပမယ့္ နာမည္ျကီး အဂၤလန္ အသင္းနဲ႔ အေတြ႔မွာ ဒီစံခ်ိန္ ပ်က္သြားခဲ႔ရတာျဖစ္ပါတယ္။

အဂၤလန္ နည္းျပျကီး ေဆာက္ဂိတ္ဟာ ဘူလ္ေဂးရီးယားအသင္းကို ဂိုးျပတ္အႏိုင္ရခဲ႔တဲ႔ လူစာရင္းကို အေျပာင္းအလဲ အခ်ိဳ႔ ျပဳလုပ္အသံုးျပဳခဲ႔ျပီး ရတ္ဖို႔ဒ္ရဲ႕ ေနရာမွာ ဆန္ခ်ိဳကို ပြဲထြက္ခဲ႔ပါတယ္။လတ္တေလာ ရပ္တန္႔လို႔မရတဲ႔ ပံုစံမ်ိဳးျပသေနတဲ႔ ကိုဆိုဗို အသင္းကလည္း ေတာင့္တင္းတဲ႔ လူစာရင္းနဲ႔ ရင္ဆိုင္လာခဲ႔ပါတယ္။

နယူးကာဆယ္အသင္းရဲ႕ စိန္႔ေမရီကြင္းမွာ ကစားခဲ႔တဲ႔ ဒီပြဲမွာ အဖြင့္ဂိုးရခဲ႔တာကေတာ့ ဧည့္သည္ကိုဆိုဗို အသင္းျဖစ္ျပီး ပြဲအစ ၃၄စကၠန္႔ မွာပဲ ဘာရီရွာက သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။ဒီဂိုးဟာ အဂၤလန္ အသင္း ရဲ႕ သမိုင္းမွာျပိဳင္ဘက္အသင္းကို အျမန္ဆံုးေပးခဲ႕ရတဲ႔ ဂိုးေတြထဲက တဂိုးလည္းျဖစ္ပါတယ္။

England’s goalkeeper Jordan Pickford (R) dives but fails to save a shot from Kosovo’s midfielder Valon Berisha (hidden) during the UEFA Euro 2020 qualifying Group A football match between England and Kosovo at St Mary’s stadium in Southampton, southern England on September 10, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

ဒီဂိုးမွာ အမွားမကင္းခဲ႔တာကေတာ့ ခံစစ္ကစားသမားမိုက္ကယ္ကိန္းျဖစ္ပါတယ္။ဒါေကမယ့္ သူ႔ရဲ႕အမွားကို ခ်က္ခ်င္းဆိုသလို ျပန္လည္ဖာေထး ႏိုင္ခဲ႔ျပီး ပြဲခ်ိန္ ၈မိနစ္မွာပဲ ရရွိခဲ႔တဲ႔ ေခ်ပဂိုးကို သူက ဖန္တီးေပးႏိုင္ခဲ႔တာျဖစ္ပါတယ္။

ဒီဂိုးကိုေတာ့လက္ရွိအဂၤလန္ အသင္းရဲ႕ အေကာင္းဆံုး ကစားသမားလို႔ ဆိုႏိုင္တဲ႔ ေတာင္ပံကစားသမား စတာလင္က သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီေနာက္ ၁၀ မိနစ္ ေလာက္အျကာမွာ ဦးေဆာင္ဂိုး ရခဲ႔ျပီး ဟယ္ရီကိန္းက သြင္းယူေပးသြားခဲ႕ပါတယ္။

England’s midfielder Raheem Sterling (C) heads the ball to score his team’s first goal during the UEFA Euro 2020 qualifying Group A football match between England and Kosovo at St Mary’s stadium in Southampton, southern England on September 10, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

ဦးေဆာင္ဂိုးပါရရွိခဲ႔တာေျကာင့္ အဂၤလန္ အသင္းရဲ႔ ရဲ႔ စိတ္ဓာတ္ေကာ ကစားပံုပါ အျမင့္မားဆံုး ျဖစ္သြားခဲ႔ျပီး ဂိုးေတြ ထပ္မံသြင္းရရွိခဲ႔ပါတယ္။အဂၤလန္ အတြက္ တတိယဂိုးကို ပြဲခ်ိန္ ၃၈ မိနစ္မွာ ဗိုဂ်ိဳဒါ ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ႔မွဳကေန ရရွိခဲ႔ပါတယ္။

ဂိုးျပတ္အႏိုင္ရေနသလို ပထမပိုင္း ျပီးဆံုး ခါနီးျဖစ္ေပမယ္႔ အဂၤလန္အသင္း ကစားအား မခ်ပဲ တိုက္စစ္ တရစပ္ ကစားေနခဲ႕လို႕ ပြဲခ်ိန္ ၄၄ မိနစ္ နဲ႔ ပထမပိုင္းနာက်င္အခ်ိန္ပိုအတြင္း မွာေနာက္ထပ္ ၂ဂိုးထပ္ရခဲ႕ပါတယ္။၂ ဂိုးစလံုးကို စတာလင္ ရဲ႕ ဖန္တီးေပး မွဳကေန လူငယ္ုကယ္ပြင့္ေလး ဆန္ခ်ိဳက သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။

ဒါေျကာင့္ လည္း ပထမပိုင္းအျပီးမွာ အဂၤလန္ အသင္းက ၅-၁ ဂိုးနဲ႔ ဦးေဆာင္ ထားႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒုတိယပိုင္းျပန္အစမွာေတာ့ အဂၤလန္ အသင္းထိန္းကစားေနခဲ႔ျပီး ေဘာလံုးေပးပို႔မွဳေတြကို သူတို႔ရဲ႕ ကြင္းဘက္အျခမ္းမွာပဲ ျပဳလုပ္ေနခဲ႔ပါတယ္။

Kosovo’s defender Fidan Aliti (R) reacts after a challenge from England’s midfielder Jadon Sancho during the UEFA Euro 2020 qualifying Group A football match between England and Kosovo at St Mary’s stadium in Southampton, southern England on September 10, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

အဲ႔ဒီေနာက္မွာဒီကလန္ရိုက္စ္ရဲ႕ေဘာလံုးဆံုးရွံုးမွဳကို ျပဳိင္ဘက္တိုက္စစ္မွဴး မူရီကီ က ရရွိသြားခဲ႔ျပီး သူ႔ရဲ႕ ဖန္တီးေပးမွဴကေန အဖြင့္ဂိုးရွင္ ဘာရီရွာ ေနာက္ထပ္ ဂိုးတဂိုးသြင္းယူေပးခဲ႔ လို႕ ၅-၂ ဂိုးျဖစ္သြားခဲ႕ပါတယ္။ဒီဂိုးမွာ အဂၤလန္ ခံစစ္ရဲ႕ ဆိုးရြားတဲ႕ ေနရာယူမွဳ အလြဲေတြကို သိသိသာသာျကီးျမင္ေတြ႕ခဲ႕ရပါတယ္။

အဂၤလန္ အသင္းသားေတြဟာ ဂိုးျပတ္အႏိုင္ရေနတဲ႕ အေပၚ ကိုယ့္ကုိယ္ကိုယ္ သာယာေနပံုေပၚေနျပီး အမွားအယြင္းေတြရွိလာခဲ႔ပါတယ္။ကိုဆိုဗို အသင္းကလည္း ေခ်ပဂိုးတဂိုးျပန္ရခဲ႔ လို႔ ကစားကြက္ ပိုေကာင္းလာခဲ႔ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မက္ဂိြဳင္းယားရဲ႕ လက္ထိေဘာေျကာင့္ ကိုဆိုဗို အသင္း ပင္နယ္တီ အခြင့္အေရးရခဲ႔ပါတယ္။ဒီီပင္နယ္တီကို ေတာ့ ကိုဆိုဗို အသင္းရဲ႕ အဓိက တိုက္စစ္ မွဴး မူရီကီက အမွားအယြင္းမရွိ ကန္သြင္းအဆံုးသတ္ႏိုင္ခဲ႔ လို႕ ၅-၃ ဂိုးျဖစ္သြားခဲ႔ပါတယ္။

အဲ႔ဒီေနာက္သိပ္မျကာခင္မွာပဲ အဂၤလန္ တို႔ ပင္နယ္တီ အခြင့္အေရးျပန္ရခဲ႔ပါတယ္။ဒီပင္နယ္တီကေတာ့ အနည္းငယ္အျငင္းပြားဖြယ္ျဖစ္ခဲ႔ျပီး ဘာကေလအေပၚ ကိုဆိုဗို ကစားသမားေတြ ျပစ္ဒဏ္က်ဴးလြန္ခဲ႔တယ္လို႕ ယူဆျပီး ကြင္းလယ္ဒိုင္က ခြင့္ျပဳခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီအခြင့္အေရးကို ကန္သြင္းအသံုးခ်ခဲ႕တဲ႕ ဟယ္ရီကိန္း ရဲ႕ ကန္ခ်က္ကို ကိုဆိုဗို ဂိုးသမားမူရစ္က လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ႔လို႕ ကိုဆိုဗို အသင္းရဲ႔ ေမ်ွာ္လင့္ခ်က္ေတြ ရွင္သန္သြားခဲ႔ပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာ ေတာ့ ႏွစ္လံုး ျကီးျကီးမားမားအခြင့္အေရးေတြ သိပ္မရခဲ႔လို႕ ဂိုးေတြထပ္မျမင္ရပဲ ၅-၃ ဂိုးနဲ႕ ပြဲျပီးခဲ႔ရပါတယ္။

England’s midfielder Jadon Sancho (C) celebrates with England’s midfielder Raheem Sterling (R) after scoring his second, and the team’s fifth goal during the UEFA Euro 2020 qualifying Group A football match between England and Kosovo at St Mary’s stadium in Southampton, southern England on September 10, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

အဂၤလန္ အသင္းဟာ ၄ ပြဲကစား ၄ပြဲအႏိုင္နဲ႕ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္သြားႏိုင္ခဲ႔ျပီး ေျခစစ္ပြဲေအာင္ျမင္ဖို႔ ပိုျပီးနိီစပ္သြားခဲ႔ပါတယ္။ကိုဆိုဗိုအသင္း
ကေတာ့ ခ်က္ အသင္းရဲ႕ ေအာက္ တမွတ္အကြာ အဆင့္ ၃ ေနရာအထိဆင္းေပးလိုက္ရပါတယ္။

SM

Unicode

ဟယ်​ရီကိန်​း ပင်​နယ်​တီ မဝင်​​ပေမယ်​့ ဆန်​ချို ရဲ့ ဂိုး​တွေနဲ့အင်္ဂလန်​တို့ နိုင်​ပွဲဆက်​ခဲ့ ( ပွဲပြီးသုံးသပ်ချက် )
=================================

ယနေ့ နံနက်အစောပိုင်း မှာ ကစားသွားခဲဲ့့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ စဉ်မှာ အင်္ဂလန် အသင်းက ကိုဆိုဗို အသင်းကို ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ကိုဆိုဗို အသင်းဟာ နောက်ဆုံး ၁၅ပွဲ ဆက် ရှုံး ပွဲမရှိ ကစားထားနိုင်ခဲ့ပေမယ့် နာမည်ကြီး အင်္ဂလန် အသင်းနဲ့ အတွေ့မှာ ဒီစံချိန် ပျက်သွားခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန် နည်းပြကြီး ဆောက်ဂိတ်ဟာ ဘူလ်ဂေးရီးယားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ အချို့ ပြုလုပ်အသုံးပြုခဲ့ပြီး ရတ်ဖို့ဒ်ရဲ့ နေရာမှာ ဆန်ချိုကို ပွဲထွက်ခဲ့ပါတယ်။လတ်တလော ရပ်တန့်လို့မရတဲ့ ပုံစံမျိုးပြသနေတဲ့ ကိုဆိုဗို အသင်းကလည်း တောင့်တင်းတဲ့ လူစာရင်းနဲ့ ရင်ဆိုင်လာခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အဖွင့်ဂိုးရခဲ့တာကတော့ ဧည့်သည်ကိုဆိုဗို အသင်းဖြစ်ပြီး ပွဲအစ ၃၄စက္ကန့် မှာပဲ ဘာရီရှာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ဒီဂိုးဟာ အင်္ဂလန် အသင်း ရဲ့ သမိုင်းမှာပြိုင်ဘက်အသင်းကို အမြန်ဆုံးပေးခဲ့ရတဲ့ ဂိုးတွေထဲက တဂိုးလည်းဖြစ်ပါတယ်။

ဒီဂိုးမှာ အမှားမကင်းခဲ့တာကတော့ ခံစစ်ကစားသမားမိုက်ကယ်ကိန်းဖြစ်ပါတယ်။ဒါကေမယ့် သူ့ရဲ့အမှားကို ချက်ချင်းဆိုသလို ပြန်လည်ဖာထေး နိုင်ခဲ့ပြီး ပွဲချိန် ၈မိနစ်မှာပဲ ရရှိခဲ့တဲ့ ချေပဂိုးကို သူက ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကိုတော့လက်ရှိအင်္ဂလန် အသင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုနိုင်တဲ့ တောင်ပံကစားသမား စတာလင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် ၁၀ မိနစ် လောက်အကြာမှာ ဦးဆောင်ဂိုး ရခဲ့ပြီး ဟယ်ရီကိန်းက သွင်းယူပေးသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးပါရရှိခဲ့တာကြောင့် အင်္ဂလန် အသင်းရဲ့ ရဲ့ စိတ်ဓာတ်ကော ကစားပုံပါ အမြင့်မားဆုံး ဖြစ်သွားခဲ့ပြီး ဂိုးတွေ ထပ်မံသွင်းရရှိခဲ့ပါတယ်။အင်္ဂလန် အတွက် တတိယဂိုးကို ပွဲချိန် ၃၈ မိနစ်မှာ ဗိုဂျိုဒါ ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုကနေ ရရှိခဲ့ပါတယ်။

ဂိုးပြတ်အနိုင်ရနေသလို ပထမပိုင်း ပြီးဆုံး ခါနီးဖြစ်ပေမယ့် အင်္ဂလန်အသင်း ကစားအား မချပဲ တိုက်စစ် တရစပ် ကစားနေခဲ့လို့ ပွဲချိန် ၄၄ မိနစ် နဲ့ ပထမပိုင်းနာကျင်အချိန်ပိုအတွင်း မှာနောက်ထပ် ၂ဂိုးထပ်ရခဲ့ပါတယ်။၂ ဂိုးစလုံးကို စတာလင် ရဲ့ ဖန်တီးပေး မှုကနေ လူငယ်ုကယ်ပွင့်လေး ဆန်ချိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လည်း ပထမပိုင်းအပြီးမှာ အင်္ဂလန် အသင်းက ၅-၁ ဂိုးနဲ့ ဦးဆောင် ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်အစမှာတော့ အင်္ဂလန် အသင်းထိန်းကစားနေခဲ့ပြီး ဘောလုံးပေးပို့မှုတွေကို သူတို့ရဲ့ ကွင်းဘက်အခြမ်းမှာပဲ ပြုလုပ်နေခဲ့ပါတယ်။

အဲ့ဒီနောက်မှာဒီကလန်ရိုက်စ်ရဲ့ဘောလုံးဆုံးရှံုးမှုကို ပြိုင်ဘက်တိုက်စစ်မှူး မူရီကီ က ရရှိသွားခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှူကနေ အဖွင့်ဂိုးရှင် ဘာရီရှာ နောက်ထပ် ဂိုးတဂိုးသွင်းယူပေးခဲ့ လို့ ၅-၂ ဂိုးဖြစ်သွားခဲ့ပါတယ်။ဒီဂိုးမှာ အင်္ဂလန် ခံစစ်ရဲ့ ဆိုးရွားတဲ့ နေရာယူမှု အလွဲတွေကို သိသိသာသာကြီးမြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန် အသင်းသားတွေဟာ ဂိုးပြတ်အနိုင်ရနေတဲ့ အပေါ် ကိုယ့်ကိုယ်ကိုယ် သာယာနေပုံပေါ်နေပြီး အမှားအယွင်းတွေရှိလာခဲ့ပါတယ်။ကိုဆိုဗို အသင်းကလည်း ချေပဂိုးတဂိုးပြန်ရခဲ့ လို့ ကစားကွက် ပိုကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ မက်ဂွိုင်းယားရဲ့ လက်ထိဘောကြောင့် ကိုဆိုဗို အသင်း ပင်နယ်တီ အခွင့်အရေးရခဲ့ပါတယ်။ဒီီပင်နယ်တီကို တော့ ကိုဆိုဗို အသင်းရဲ့ အဓိက တိုက်စစ် မှူး မူရီကီက အမှားအယွင်းမရှိ ကန်သွင်းအဆုံးသတ်နိုင်ခဲ့ လို့ ၅-၃ ဂိုးဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်သိပ်မကြာခင်မှာပဲ အင်္ဂလန် တို့ ပင်နယ်တီ အခွင့်အရေးပြန်ရခဲ့ပါတယ်။ဒီပင်နယ်တီကတော့ အနည်းငယ်အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ဘာကလေအပေါ် ကိုဆိုဗို ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆပြီး ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအခွင့်အရေးကို ကန်သွင်းအသုံးချခဲ့တဲ့ ဟယ်ရီကိန်း ရဲ့ ကန်ချက်ကို ကိုဆိုဗို ဂိုးသမားမူရစ်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ကိုဆိုဗို အသင်းရဲ့ မျှော်လင့်ချက်တွေ ရှင်သန်သွားခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ တော့ နှစ်လုံး ကြီးကြီးမားမားအခွင့်အရေးတွေ သိပ်မရခဲ့လို့ ဂိုးတွေထပ်မမြင်ရပဲ ၅-၃ ဂိုးနဲ့ ပွဲပြီးခဲ့ရပါတယ်။

အင်္ဂလန် အသင်းဟာ ၄ ပွဲကစား ၄ပွဲအနိုင်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားနိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ဖို့ ပိုပြီးနိီစပ်သွားခဲ့ပါတယ်။ကိုဆိုဗိုအသင်း
ကတော့ ချက် အသင်းရဲ့ အောက် တမှတ်အကွာ အဆင့် ၃ နေရာအထိဆင်းပေးလိုက်ရပါတယ်။

SM