Hazard

• မေန႔ည က ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ယူရုိ 2020 ေျခစစ္ပြဲမွာေတာ့ ေပၚတူဂီ အသင္းဟာ လစ္သူေယးနီးယား အသင္းကို အေ၀းကြင္းမွာ 1-5 ရလာဒ္ နဲ႔ အႏုိင္ ကစားခဲ့ကာ ၊ ရိုနာဒို တစ္ဦးတည္းက သြင္းဂိုး 4 ဂိုး အထိ ရယူသြားခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ ရိုနာဒိုဟာ ႏိုင္ငံတကာ သြင္းဂိုး အမ်ားဆံုး ရယူထားတဲ့ အီရန္တိုက္စစ္မႈး အလီဒါယီ (109 ဂိုး) စံခ်ိန္ကို အမွီလိုက္ႏုိင္ဖို႔ 16 ဂိုး သာ လုိေတာ့သာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ ကစားသမား ဘ၀ကေန အနားမယူမီ အခ်ိန္မွာပဲ အဲဒီ စံခ်ိန္ကို ခ်ိဳးဖ်က္သြားဖြယ္ ရွိေနပါတယ္။

• ျပီးခဲ့တဲ့ ပြဲစဥ္မွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့ရတဲ့ ဂရစ္ဇ္မန္း ကေတာ့ မေန႔ညကလဲ ျပင္သစ္အတြက္ ပင္နယ္တီ ေနာက္တစ္ၾကိမ္ လြဲေခ်ာ္ခဲ့ျပန္ျပီဗ်ာ….။ ပထမ အၾကိမ္ လြဲေခ်ာ္စဥ္ကေတာ့ ဇနီးျဖစ္သူ လာေရာက္ အားေပးျခင္း မရွိလို႔ လြဲသြားတာ ျဖစ္တယ္လို႔ ဟာသထုတ္ခဲ့ေပမယ့္ ၊ ဒီတစ္ၾကိမ္မွာေတာ့ ဂရစ္ဇ္မန္း တစ္ေယာက္ ဘယ္သူ႔ကို လက္ညွိးထိုးမလဲ မသိပါဘူး။ သို႔ေသာ္ ျပင္သစ္ကေတာ့ အန္ဒိုရာ အသင္းကို ကိုမန္ ၊ ဘန္ရပ္ဒါ ၊ လန္ဂလတ္ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏုိင္ ရရွိသြားခဲ့ ပါတယ္။

• ခ်ဲဆီးဟာ ႏိုက္စ္ အသင္းရဲ႕ အသက္ 23 ႏွစ္ အရြယ္ အယ္လ္ဂ်ီးရီးယား ေနာက္တန္း ကစာသမား ယူဆက္ အတဲလ္ ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနျပီ ျဖစ္ပါတယ္။ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလမွာပဲ ကစားသမား ေခၚယူခြင့္ ရရွိဖို႔ အခြင့္အေရးေပၚလာႏိုင္တာေၾကာင့္ ၊ အခုလို ၾကိဳတင္ ျပင္ဆင္ေနတာ ျဖစ္ျပီး ၊ ကစားသမား ရဲ႕ ေစ်းကြက္တန္ဖိုးဟာ ေပါင္ 35 သန္း အထိ ေစ်းေပါက္လွ်က္ ရွိေနပါတယ္။

• ယူႏိုက္တက္ ကင္းေထာက္ေတြဟာ ဘင္ဖီကာ အသင္းမွာ ကစားေနတဲ့ ေပၚတူဂီ လူငယ္ ကြင္းလယ္ ကစားသမားေလး ဖေလာ္ရန္တီႏို လူး၀စ္ကို ေစာင့္ၾကည့္ေလ့လာမႈေတြ ျပဳလုပ္လွ်က္ ရွိေနပါတယ္။ အဆိုပါ ေဘာလံုးသမားေလးကို မန္စီးတီး အသင္းကလဲ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ဖူးတဲ့ သတင္းေတြ ေပၚထြက္ထားခဲ့တာပါ။

• ရိုးမား အသင္းကို အငွားနဲ႔ သြားေရာက္ ကစားေနတဲ့ အာဆင္နယ္ ကစားသမား မစ္ခီတာရန္ က သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ ကို ေျပာင္းေရႊ႕ခဲ့မိတာ ေဘာလံုးအေပၚ ထားတဲ့ သံေယာဇဥ္ေတြ ထိခိုက္ ပ်က္စီးခဲ့ရတယ္လို႔ ၀န္ခံလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံလက္ေရြးစင္ အသင္းနဲ႔အတူ ေျခစြမ္း ျပလာႏုိင္ျခင္းက ၊ လမ္းေၾကာင္းမွန္ တစ္ခုအေပၚ ေလွ်ာက္လွမ္းႏုိင္ဖို႔ အတြက္ အကူအညီ ျဖစ္လိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

• မန္စီးတီးဟာ ဒဏ္ရာ ျပသနာ နဲ႔ အနားယူေနရတဲ့ ေတာင္ပံ ကစားသမား ဆာေနး ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္ဖို႔ ေမွ်ာ္လင့္လွ်က္ ရွိေနဆဲ ျဖစ္ပါတယ္။ ဘိုင္ယန္ ျမဴးနစ္ နဲ႔ အေျပာင္းအေရႊ႕က တစ္ခန္းရပ္သြားခဲ့သည့္တုိင္ေအာင္ ၊ ကစားသမားကို ဆက္လက္ ထိန္းထားခ်င္တာေၾကာင့္ အခုလို စာခ်ဳပ္သစ္ ကိစၥကုိ ေဆြးေႏြးဖု႔ိ သတင္းေတြ ထြက္ေပၚလာေနတာပါ။ ဆာေနးဟာ ေဖေဖာ္၀ါရီလ ၀န္းက်င္အထိ ေဘာလံုး ျပန္ကစားေပးႏုိင္ဦးမွာ မဟုတ္ပါဘူး။

• ခ်ဲဆီး နဲ႔ ေနာက္ထပ္ သတင္းေတြ ထြက္ေပၚလာတဲ့ ကစားသမားကေတာ့ ဗလင္စီယာ အသင္းရဲ႕ ေနာက္တန္း ကစားသမား ဟိုေဆး ဂါယာ ျဖစ္ပါတယ္။ လမ္းပတ္ဟာ ဂါယာ ရဲ႕ ေျခစြမ္းကို အနီးကပ္ ေလ့လာမႈေတြ ျပဳလုပ္ဖို႔ သူ႔ရဲ႕ ကင္းေထာက္ ဌာနကို ညႊန္ၾကားထားျပီးျပီ ျဖစ္ပါတယ္။

• ခ်ဲဆီး ကြင္းလယ္ ကစားသမား ပီယာဇြန္ က သူ႔အေနနဲ႔ ႏွစ္တိုင္းလိုလို အငွားနဲ႔ ထြက္ ကစားေနရတာေၾကာင့္ အသင္းကေန အျပီးအပိုင္ ထြက္ခြာဖို႔ စဥ္းစားေနျပီ ျဖစ္ေၾကာင္း တရား၀င္ ထုတ္ေဖာ္ေျပာဆိုလိုက္ျပီ ျဖစ္ပါတယ္။ သူဟာ 2011 ခုႏွစ္က အသင္းကို ဘရာဇီး ကလပ္ ေဆာ္ေပၚလို ကေန ေရာက္ရွိလာခဲ့သူ ျဖစ္ျပီး ၊ ကလပ္ အသင္းေပါင္း 7 သင္းထံ အငွားနဲ႔ ထြက္ကစားထားရတာ ျဖစ္ပါတယ္။ လက္ရွိ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ 2022 ခုႏွစ္ မွာ ကုန္ဆံုးသြားမွာပါ။

• စပါးအသင္းကုိ အငွားနဲ႔ လာေရာက္ ကစားေပးေနတဲ့ လိုဆယ္စို ဟာ အာဂ်င္တီးနား အတြက္ သြားေရာက္ ကစားေပးစဥ္ ေပါင္ ဒဏ္ရာ ရရွိသြားတာေၾကာင့္ ၊ လိုအပ္တဲ့ ကုသမႈေတြ ျပဳလုပ္ဖို႔ အတြက္ အဂၤလန္ကို ျပန္လာခဲ့ျပီ ျဖစ္ပါတယ္။ သူဟာ ေအာက္တိုဘာလ အကုန္ထိ အနားယူ သြားရဖြယ္ ရွိေနပါတယ္။

• အဲဗာတန္ အသင္းရဲ႕ ေနာက္တန္း ကစားသမား မီနာ ဟာ အဂၤလန္ ေဘာလံုးအဖြဲ႔ခ်ဳပ္ ကေန ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္လို႔ ေပါင္ 10000 ဒဏ္ရုိတ္ခံလိုက္ရပါတယ္။

• ဆဲလ္တာ ဗီဂို အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဘာစီလိုနာ ကြင္းလယ္ ကစားသမား ရာဖင္ဟာ ဟာ အသင္းအတြက္ ပြဲထြက္ ကစားေပးႏိုင္ျခင္း မရွိေသးခင္ ၊ ေလ့က်င့္ခန္း ျပဳလုပ္ေနစဥ္မွာပဲ ဒဏ္ရာရရွိသြားခဲ့တယ္လို႔သိရပါတယ္။ သတင္းေတြအရေတာ့ အနည္းဆံုး 2 ပတ္ ေလာက္ အနားယူျပီးမွသာ ဆဲလ္တာ အတြက္ ပထမဆံုး စတင္ပြဲထြက္ ကစားေပးႏိုင္ဖြယ္ ရွိေနတယ္လို႔ ဆိုပါတယ္။

• ေနမာ ရဲ႕ ဖခင္ ျဖစ္သူကေတာ့ သူ႔သား ကို ႏူးကမ့္ျပန္လာဖို႔ ဘာစီလိုနာ ကစားေဖာ္ေဟာင္းေတြကလဲ စည္းရံုးခဲ့တယ္လို႔ အတည္ျပဳလုိုက္ျပီး ၊ သူတို႔ ကိုယ္တိုင္လဲ အေျပာင္းအေရႊ႕ ျဖစ္ေပၚလာေအာင္ အေကာင္းဆံုး ၾကိဳးစားခဲ့ေပမယ့္ ၊ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ သေဘာတူညီမႈ အခ်က္က ပါ၀င္ေနျခင္း မရွိတာေၾကာင့္ ၊ ေဆြးေႏြးရတာ အရမ္းကို ခက္ခဲတယ္လို႔ ရင္ဖြင့္သြားခဲ့ပါတယ္။

• ဘာစီလိုနာ ဘက္က ေနမာ ကို ဇန္န၀ါရီမွာ ေခၚယူဖို႔ ထပ္မံ ၾကိဳးစားမွာ မဟုတ္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုထားသည့္တုိင္ေအာင္ ၊ သတင္းသမားေတြ ကေတာ့ ပီအက္စ္ဂ်ီဟာ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလမွာလဲ ေနမာကို အေရာင္းစာရင္း တင္လာလိမ့္မယ္လို႔ ထုတ္ေဖာ္ ေရးသားလွ်က္ ရွိေနပါတယ္။

• ရီးရဲ မက္ဒရစ္ ကစားသမားေတြ ျဖစ္တဲ့ ဟာဇက္ နဲ႔ ဟားမက္ ရိုဒရီဂြက္ တို႔ဟာ အသင္းသားေတြ နဲ႔ ေလ့က်င့္ခန္း အစီအစဥ္ေတြကုိ အျပည့္အ၀ လုပ္ေဆာင္ေနျပီ ျဖစ္ျပီး ၊ ဒီတစ္ပတ္မွာ ကစားမယ့္ လီဗန္ေတး နဲ႔ ပြဲစဥ္မွာ အသင္းအတြက္ ေသခ်ာေပါက္ ပါ၀င္ကစားေပးႏုိင္ဖြယ္ ရွိေနပါတယ္။

SPORTS MYANMAR

Unicode

ရီးရဲ အတွက် ပထမဆုံး စတင် ပွဲထွက် ကစားပေးနိုင်တော့မယ့် ဟာဇက် နဲ့ နံနက်ခင်း သတင်းများ
*******************************************

• မနေ့ည က ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို 2020 ခြေစစ်ပွဲမှာတော့ ပေါ်တူဂီ အသင်းဟာ လစ်သူယေးနီးယား အသင်းကို အဝေးကွင်းမှာ 1-5 ရလာဒ် နဲ့ အနိုင် ကစားခဲ့ကာ ၊ ရိုနာဒို တစ်ဦးတည်းက သွင်းဂိုး 4 ဂိုး အထိ ရယူသွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ရိုနာဒိုဟာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ရယူထားတဲ့ အီရန်တိုက်စစ်မှုး အလီဒါယီ (109 ဂိုး) စံချိန်ကို အမှီလိုက်နိုင်ဖို့ 16 ဂိုး သာ လိုတော့သာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ကစားသမား ဘဝကနေ အနားမယူမီ အချိန်မှာပဲ အဲဒီ စံချိန်ကို ချိုးဖျက်သွားဖွယ် ရှိနေပါတယ်။

• ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ရတဲ့ ဂရစ်ဇ်မန်း ကတော့ မနေ့ညကလဲ ပြင်သစ်အတွက် ပင်နယ်တီ နောက်တစ်ကြိမ် လွဲချော်ခဲ့ပြန်ပြီဗျာ….။ ပထမ အကြိမ် လွဲချော်စဉ်ကတော့ ဇနီးဖြစ်သူ လာရောက် အားပေးခြင်း မရှိလို့ လွဲသွားတာ ဖြစ်တယ်လို့ ဟာသထုတ်ခဲ့ပေမယ့် ၊ ဒီတစ်ကြိမ်မှာတော့ ဂရစ်ဇ်မန်း တစ်ယောက် ဘယ်သူ့ကို လက်ညှိးထိုးမလဲ မသိပါဘူး။ သို့သော် ပြင်သစ်ကတော့ အန်ဒိုရာ အသင်းကို ကိုမန် ၊ ဘန်ရပ်ဒါ ၊ လန်ဂလတ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင် ရရှိသွားခဲ့ ပါတယ်။

• ချဲဆီးဟာ နိုက်စ် အသင်းရဲ့ အသက် 23 နှစ် အရွယ် အယ်လ်ဂျီးရီးယား နောက်တန်း ကစာသမား ယူဆက် အတဲလ် ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ ကစားသမား ခေါ်ယူခွင့် ရရှိဖို့ အခွင့်အရေးပေါ်လာနိုင်တာကြောင့် ၊ အခုလို ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပြီး ၊ ကစားသမား ရဲ့ စျေးကွက်တန်ဖိုးဟာ ပေါင် 35 သန်း အထိ စျေးပေါက်လျှက် ရှိနေပါတယ်။

• ယူနိုက်တက် ကင်းထောက်တွေဟာ ဘင်ဖီကာ အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ လူငယ် ကွင်းလယ် ကစားသမားလေး ဖလော်ရန်တီနို လူးဝစ်ကို စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ အဆိုပါ ဘောလုံးသမားလေးကို မန်စီးတီး အသင်းကလဲ စောင့်ကြည့်မှုတွေ ပြုလုပ်ဖူးတဲ့ သတင်းတွေ ပေါ်ထွက်ထားခဲ့တာပါ။

• ရိုးမား အသင်းကို အငှားနဲ့ သွားရောက် ကစားနေတဲ့ အာဆင်နယ် ကစားသမား မစ်ခီတာရန် က သူ့အနေနဲ့ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ခဲ့မိတာ ဘောလုံးအပေါ် ထားတဲ့ သံယောဇဉ်တွေ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ၀န်ခံလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံလက်ရွေးစင် အသင်းနဲ့အတူ ခြေစွမ်း ပြလာနိုင်ခြင်းက ၊ လမ်းကြောင်းမှန် တစ်ခုအပေါ် လျှောက်လှမ်းနိုင်ဖို့ အတွက် အကူအညီ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

• မန်စီးတီးဟာ ဒဏ်ရာ ပြသနာ နဲ့ အနားယူနေရတဲ့ တောင်ပံ ကစားသမား ဆာနေး ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။ ဘိုင်ယန် မြူးနစ် နဲ့ အပြောင်းအရွှေ့က တစ်ခန်းရပ်သွားခဲ့သည့်တိုင်အောင် ၊ ကစားသမားကို ဆက်လက် ထိန်းထားချင်တာကြောင့် အခုလို စာချုပ်သစ် ကိစ္စကို ဆွေးနွေးဖို့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။ ဆာနေးဟာ ဖေဖော်ဝါရီလ ၀န်းကျင်အထိ ဘောလုံး ပြန်ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။

• ချဲဆီး နဲ့ နောက်ထပ် သတင်းတွေ ထွက်ပေါ်လာတဲ့ ကစားသမားကတော့ ဗလင်စီယာ အသင်းရဲ့ နောက်တန်း ကစားသမား ဟိုဆေး ဂါယာ ဖြစ်ပါတယ်။ လမ်းပတ်ဟာ ဂါယာ ရဲ့ ခြေစွမ်းကို အနီးကပ် လေ့လာမှုတွေ ပြုလုပ်ဖို့ သူ့ရဲ့ ကင်းထောက် ဌာနကို ညွှန်ကြားထားပြီးပြီ ဖြစ်ပါတယ်။

• ချဲဆီး ကွင်းလယ် ကစားသမား ပီယာဇွန် က သူ့အနေနဲ့ နှစ်တိုင်းလိုလို အငှားနဲ့ ထွက် ကစားနေရတာကြောင့် အသင်းကနေ အပြီးအပိုင် ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ 2011 ခုနှစ်က အသင်းကို ဘရာဇီး ကလပ် ဆော်ပေါ်လို ကနေ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ ကလပ် အသင်းပေါင်း 7 သင်းထံ အငှားနဲ့ ထွက်ကစားထားရတာ ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ စာချုပ်သက်တမ်းဟာ 2022 ခုနှစ် မှာ ကုန်ဆုံးသွားမှာပါ။

• စပါးအသင်းကို အငှားနဲ့ လာရောက် ကစားပေးနေတဲ့ လိုဆယ်စို ဟာ အာဂျင်တီးနား အတွက် သွားရောက် ကစားပေးစဉ် ပေါင် ဒဏ်ရာ ရရှိသွားတာကြောင့် ၊ လိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်ဖို့ အတွက် အင်္ဂလန်ကို ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ အကုန်ထိ အနားယူ သွားရဖွယ် ရှိနေပါတယ်။

• အဲဗာတန် အသင်းရဲ့ နောက်တန်း ကစားသမား မီနာ ဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့ ပေါင် 10000 ဒဏ်ရိုတ်ခံလိုက်ရပါတယ်။

• ဆဲလ်တာ ဗီဂို အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ရာဖင်ဟာ ဟာ အသင်းအတွက် ပွဲထွက် ကစားပေးနိုင်ခြင်း မရှိသေးခင် ၊ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ သတင်းတွေအရတော့ အနည်းဆုံး 2 ပတ် လောက် အနားယူပြီးမှသာ ဆဲလ်တာ အတွက် ပထမဆုံး စတင်ပွဲထွက် ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

• နေမာ ရဲ့ ဖခင် ဖြစ်သူကတော့ သူ့သား ကို နူးကမ့်ပြန်လာဖို့ ဘာစီလိုနာ ကစားဖော်ဟောင်းတွေကလဲ စည်းရုံးခဲ့တယ်လို့ အတည်ပြုလိုုက်ပြီး ၊ သူတို့ ကိုယ်တိုင်လဲ အပြောင်းအရွှေ့ ဖြစ်ပေါ်လာအောင် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ၊ စာချုပ် ဖျက်သိမ်းခွင့် သဘောတူညီမှု အချက်က ပါ၀င်နေခြင်း မရှိတာကြောင့် ၊ ဆွေးနွေးရတာ အရမ်းကို ခက်ခဲတယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

• ဘာစီလိုနာ ဘက်က နေမာ ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ထပ်မံ ကြိုးစားမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားသည့်တိုင်အောင် ၊ သတင်းသမားတွေ ကတော့ ပီအက်စ်ဂျီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာလဲ နေမာကို အရောင်းစာရင်း တင်လာလိမ့်မယ်လို့ ထုတ်ဖော် ရေးသားလျှက် ရှိနေပါတယ်။

• ရီးရဲ မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ဟာဇက် နဲ့ ဟားမက် ရိုဒရီဂွက် တို့ဟာ အသင်းသားတွေ နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို အပြည့်အဝ လုပ်ဆောင်နေပြီ ဖြစ်ပြီး ၊ ဒီတစ်ပတ်မှာ ကစားမယ့် လီဗန်တေး နဲ့ ပွဲစဉ်မှာ အသင်းအတွက် သေချာပေါက် ပါ၀င်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

SPORTS MYANMAR