Roy Keane

မန္ခ်က္စတာယူႏို္က္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိိန္းက မေန႕ညက ကိုဆုိဗုိ အသင္းကို ၀င္ဘာေလမွာ ၅ – ၃ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္ မွာ အဂၤလန္ ရဲ႕ ခံစစ္ ကစားပံုကုိ ေ၀ဖန္ ျပစ္တင္ သြားခဲ့ပါတယ္။ ဂါရက္ေဆာက္ဂိတ္ရဲ႕ အသင္းဟာ ပြဲစစခ်င္းမွာပဲ ေနာက္ခံလူ မုိက္ကယ္ကိန္း ရဲ႕ အမွားကေန ဧည့္သည္ အသင္းကို အဖြင့္ဂိုး ေပးခဲ့ရျပီး ပထမပိုင္း မျပီးခင္ မွာေတာ့ ၅ ဂိုး ျပန္သြင္းယူ ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အဂၤလန္ အသင္းဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္ ဂိုး ၂ ဂိုး ထပ္ေပး ခဲ့ရျပီး ၅-၃ ျဖစ္သြား ခဲ့ကာ အဲဒီေနာက္ ဟယ္ရီကိန္း ပင္နယ္တီ လြဲေခ်ာ္ ခဲ့သလို ၊ ရာဟင္စတားလင္း ရဲ႕ ကန္ခ်က္ကလည္း တုိင္ထိ ထြက္ခဲ့တာေၾကာင့္ ဒီရလဒ္အတိုင္း ပြဲျပီး သြားခဲ့ပါတယ္။ ကိန္းဟာ ပထမပိုင္းက အဂၤလန္ ရဲ႕ ပြဲခ်ည္းကပ္ပံု ခ်ီးက်ဴး သြားခဲ့ ေပမယ့္လည္း ၅-၁ နဲ႕ အႏုိင္ရထား ခ်ိန္မွာေတာ့ အဂၤလန္ အသင္းသားေတြရဲ႕ အားထုတ္မွဳကို ျပင္းျပင္းထန္ထန္ ေ၀ဖန္ သြားခဲ့ပါတယ္။

ရိြဳင္ကိန္း က “အ၇မ္းကို ၾကည့္လုိ႕ ေကာင္းတဲ့ ပြဲစဥ္ တစ္ပြဲ ပါပဲ။ ဒါေပမယ့္ အဂၤလန္ ကစားသမားေတြ အေနနဲ႕ ကုိယ့္ကုိကိုယ္ ေ၀ဖန္ ျပစ္တင္ သြားရမွာပါ။ အဂၤလန္ဟာ မေကာင္းတဲ့ အက်င့္ေလးေတြ အမ်ားၾကီး ရွိေန ပါေသးတယ္။ တစ္ခါတစ္ရံ ပြဲျပီး သေလာက္ ျဖစ္သြားတဲ့ အခါမွာ ကစားသမား ေတြဟာ ပ်င္းရိစိတ္ေတြ ၀င္လာ ခဲ့ပါတယ္။ ဒါဟာ ကစားပံု ေလ်ာ့တိေလ်ာ့ရဲ ျဖစ္တာေတြ စတင္တဲ့ ေနရာ ပါပဲ။

ေဘာလံုး ဆံုးရွံဳး သြားတာ ကိစၥ မရွိပါဘူး။ အုိေက ပါေသးတယ။္ ဒါေပမယ့္ သူတုိ႕ဟာ ေနာက္ကို ျပန္မလိုက္ တာတုိ႕ ကိုယ့္ရဲ႕ အသင္းေဖာ္ အတြက္ ကာဗာ မေပးတာတုိ႕ ထပ္ေပါင္း လိုက္တာ ကေတာ့ ဆုိးပါတယ္။ ကလပ္ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ဒီလို ပံုစံမ်ိဳးသာ ဆုိရင္ ကစားသမားေတြ အေနနဲ႕ ေလးေလးနက္နက္ မကစားဘူးလို႕ နည္းျပေတြ ဘက္က ေတြးခ်င္ စရာ ပါပဲ။ အဂၤလန္ ရဲ႕ ကစားပံုဟာ အဲေလာက္ကို ေပါ့ေလ်ာ့ပါတယ္။” လို႕ ေ၀ဖန္ သြားပါတယ္။

Studio ထဲမွာ ရြိဳင္းကိန္း နဲ႕ အတူ ရွိေနတဲ့ လီဒီဇြန္ကလည္း အဂၤလန္ ရဲ႕ ခံစစ္ ကစားပံု ကို႕ယိုးကားယား ျဖစ္ခဲ့တာေၾကာင့္ ၎တုိ႕ရဲ႕ တုိက္စစ္ ကစားပံုကို စိတ္မ၀င္စားႏုိင္ ျဖစ္ေန ခဲ့ပါတယ္။

ဒီဇြန္ က “တုိက္စစ္ပုိင္းနဲ႕ ပက္သက္ျပီး ကၽြန္ေတာ္ ဂရုမစိုက္ ပါဘူး။ အျခား တစ္ဖက္မွာ သူတို႕ရဲ႕ လုပ္ပံုေတြဟာ ေပါ့ေလ်ာ့လြန္း ပါတယ္။ အကယ္၍ သူတုိ႕ ဒါေတြကို ေလ့လာသင္ယူ ႏုိင္မွဳ မရွိဘူး ဆုိရင္ေတာ့ အဂၤလန္ အေနနဲ႕ ဘယ္ျပိဳင္ပြဲ မွာမွ ေနာက္ဆံုး အဆင့္ေတြကို ေရာက္မွာ မဟုတ္ပါဘူး။ သူတုိ႕ ေဘာလံုး ဆံုးရွံဳး သြားတဲ့ အခါ ေနာက္တန္း ၄ ဦး နဲ႕ ကြင္းလယ္ ၾကားထဲမွာ ေနရာလြတ္ေတြ ဟာကြက္ေတြဟာ အရမ္းကို မ်ားလြန္း ေနခဲ့ပါတယ္။” လို႕ ေျပာခဲ့ ပါတယ္။

အဂၤလန္ နည္းျပ ဂါရက္ေဆာက္ဂိတ္ ကေတာ့ “တကယ္ကို ထူးထူးျခားျခား ပြဲပါပဲ။ ေပးလိုက္ရတဲ့ ဂိုးေတြအတြက္ ထင္ရွားတဲ့ အမွားေတြ ရွိခဲ့ေပမယ့္ ကၽြန္ေတာ္တုိ႕ အသင္း ျပသ သြားခဲ့တဲ့ တည္ျငိမ္မွဳကိုေတာ့ တစ္ကယ္ ေက်နပ္ပါတယ္။ ကၽြန္ေတာ္တုိ႕ရဲ႕ တုိက္စစ္ ကစားပံုဟာ တစ္ပြဲလံုး အရမ္းကို ေကာင္းခဲ့ျပီး ကၽြန္ေတာ္တုိ႕ ေဘာလံုးကို ေကာင္းေကာင္း အသံုးခ် ႏုိ္င္ခဲ့ပါတယ္။

အမွားေတြ ကလည္း သိသာ ထင္ရွားပါတယ္။ ဒီအမွားေတြ ကေန ကၽြန္ေတာ္တုိ႕ ပိုေကာင္းေအာင္ လုပ္သြား ရပါမယ္။ ကစားသမားေတြကို ဒါေတြ ေျပာဆုိ သြားဖို႕ မလို အပ္ပါဘူး။ ကၽြန္ေတာ္တုိ႕ရဲ႕ ကစားဟန္မွာ အရမ္းကို ေကာင္းမြန္တဲ့ အပုိင္းေတြ ရွိေနတာ သိသာ ထင္ရွားသလို အမွားေတြ ကလည္း ထင္ရွား ခဲ့ပါတယ္။” လုိ႕ ဆိုခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ကိုဆိုဗိုကို နိုင်ခဲ့တဲ့ ပွဲမှာ အင်္ဂလန် ကစားသမားတွေကို ဝေဖန်ပြစ်တင် သွားခဲ့တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနို်က်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိိန်းက မနေ့ညက ကိုဆိုဗို အသင်းကို ၀င်ဘာလေမှာ ၅ – ၃ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် မှာ အင်္ဂလန် ရဲ့ ခံစစ် ကစားပုံကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ်။ ဂါရက်ဆောက်ဂိတ်ရဲ့ အသင်းဟာ ပွဲစစချင်းမှာပဲ နောက်ခံလူ မိုက်ကယ်ကိန်း ရဲ့ အမှားကနေ ဧည့်သည် အသင်းကို အဖွင့်ဂိုး ပေးခဲ့ရပြီး ပထမပိုင်း မပြီးခင် မှာတော့ ၅ ဂိုး ပြန်သွင်းယူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန် အသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ် ဂိုး ၂ ဂိုး ထပ်ပေး ခဲ့ရပြီး ၅-၃ ဖြစ်သွား ခဲ့ကာ အဲဒီနောက် ဟယ်ရီကိန်း ပင်နယ်တီ လွဲချော် ခဲ့သလို ၊ ရာဟင်စတားလင်း ရဲ့ ကန်ချက်ကလည်း တိုင်ထိ ထွက်ခဲ့တာကြောင့် ဒီရလဒ်အတိုင်း ပွဲပြီး သွားခဲ့ပါတယ်။ ကိန်းဟာ ပထမပိုင်းက အင်္ဂလန် ရဲ့ ပွဲချည်းကပ်ပုံ ချီးကျူး သွားခဲ့ ပေမယ့်လည်း ၅-၁ နဲ့ အနိုင်ရထား ချိန်မှာတော့ အင်္ဂလန် အသင်းသားတွေရဲ့ အားထုတ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့ပါတယ်။

ရွိုင်ကိန်း က “အရမ်းကို ကြည့်လို့ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ပါပဲ။ ဒါပေမယ့် အင်္ဂလန် ကစားသမားတွေ အနေနဲ့ ကိုယ့်ကိုကိုယ် ဝေဖန် ပြစ်တင် သွားရမှာပါ။ အင်္ဂလန်ဟာ မကောင်းတဲ့ အကျင့်လေးတွေ အများကြီး ရှိနေ ပါသေးတယ်။ တစ်ခါတစ်ရံ ပွဲပြီး သလောက် ဖြစ်သွားတဲ့ အခါမှာ ကစားသမား တွေဟာ ပျင်းရိစိတ်တွေ ၀င်လာ ခဲ့ပါတယ်။ ဒါဟာ ကစားပုံ လျော့တိလျော့ရဲ ဖြစ်တာတွေ စတင်တဲ့ နေရာ ပါပဲ။

ဘောလုံး ဆုံးရှုံး သွားတာ ကိစ္စ မရှိပါဘူး။ အိုကေ ပါသေးတယ။် ဒါပေမယ့် သူတို့ဟာ နောက်ကို ပြန်မလိုက် တာတို့ ကိုယ့်ရဲ့ အသင်းဖော် အတွက် ကာဗာ မပေးတာတို့ ထပ်ပေါင်း လိုက်တာ ကတော့ ဆိုးပါတယ်။ ကလပ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒီလို ပုံစံမျိုးသာ ဆိုရင် ကစားသမားတွေ အနေနဲ့ လေးလေးနက်နက် မကစားဘူးလို့ နည်းပြတွေ ဘက်က တွေးချင် စရာ ပါပဲ။ အင်္ဂလန် ရဲ့ ကစားပုံဟာ အဲလောက်ကို ပေါ့လျော့ပါတယ်။” လို့ ဝေဖန် သွားပါတယ်။

Studio ထဲမှာ ရွိုင်းကိန်း နဲ့ အတူ ရှိနေတဲ့ လီဒီဇွန်ကလည်း အင်္ဂလန် ရဲ့ ခံစစ် ကစားပုံ ကို့ယိုးကားယား ဖြစ်ခဲ့တာကြောင့် ၎င်းတို့ရဲ့ တိုက်စစ် ကစားပုံကို စိတ်မဝင်စားနိုင် ဖြစ်နေ ခဲ့ပါတယ်။

ဒီဇွန် က “တိုက်စစ်ပိုင်းနဲ့ ပက်သက်ပြီး ကျွန်တော် ဂရုမစိုက် ပါဘူး။ အခြား တစ်ဖက်မှာ သူတို့ရဲ့ လုပ်ပုံတွေဟာ ပေါ့လျော့လွန်း ပါတယ်။ အကယ်၍ သူတို့ ဒါတွေကို လေ့လာသင်ယူ နိုင်မှု မရှိဘူး ဆိုရင်တော့ အင်္ဂလန် အနေနဲ့ ဘယ်ပြိုင်ပွဲ မှာမှ နောက်ဆုံး အဆင့်တွေကို ရောက်မှာ မဟုတ်ပါဘူး။ သူတို့ ဘောလုံး ဆုံးရှံုး သွားတဲ့ အခါ နောက်တန်း ၄ ဦး နဲ့ ကွင်းလယ် ကြားထဲမှာ နေရာလွတ်တွေ ဟာကွက်တွေဟာ အရမ်းကို များလွန်း နေခဲ့ပါတယ်။” လို့ ပြောခဲ့ ပါတယ်။

အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ် ကတော့ “တကယ်ကို ထူးထူးခြားခြား ပွဲပါပဲ။ ပေးလိုက်ရတဲ့ ဂိုးတွေအတွက် ထင်ရှားတဲ့ အမှားတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ အသင်း ပြသ သွားခဲ့တဲ့ တည်ငြိမ်မှုကိုတော့ တစ်ကယ် ကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားပုံဟာ တစ်ပွဲလုံး အရမ်းကို ကောင်းခဲ့ပြီး ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်း အသုံးချ နို်င်ခဲ့ပါတယ်။

အမှားတွေ ကလည်း သိသာ ထင်ရှားပါတယ်။ ဒီအမှားတွေ ကနေ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်သွား ရပါမယ်။ ကစားသမားတွေကို ဒါတွေ ပြောဆို သွားဖို့ မလို အပ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားဟန်မှာ အရမ်းကို ကောင်းမွန်တဲ့ အပိုင်းတွေ ရှိနေတာ သိသာ ထင်ရှားသလို အမှားတွေ ကလည်း ထင်ရှား ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SPORTS MYANMAR