Griezman

အက္သလက္တီကို အသင္း ရဲ႕ ၾကယ္ပြင့္ ကစားသမား ဂရဇ္မန္း ဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ လာလီဂါ ျပိဳင္ဖက္ ဘာစီလုိနာ အသင္း သို႕ ယူရိုသန္း ၁၂၀ နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။ သို႔ေပမယ့္ အက္သလက္တီကို အသင္း နဲ႕ ဂရဇ္မန္း တို႕ စာခ်ဳပ္ ခ်ဳပ္ဆို ထားခဲ့တဲ့ အထဲ မွာ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ယူရို သန္း ၂၀၀ ကို ထည့္သြင္း ထားခဲ့ပါတယ္ ။

ထို႕ အတြက္ေၾကာင့္ ဘာစီလိုနာ အသင္း ဟာ စာခ်ဳပ္ အရေတာ့ အက္သလက္တီကို အသင္း ကို ေနာက္ထပ္ ယူရို သန္း ၈၀ အေၾကြးတင္ ေနတယ္ လို႕ သတ္မွတ္ ရမွာ ျဖစ္ပါတယ္ ။ ဂရဇ္မန္း ဟာ အက္သလက္တီကို အသင္း ကစားသမား ေခၚယူခြင့္ အပိတ္ခံ ထားရတုန္းက သစၥာ ရွိရွိ နဲ႕ အသင္း မွာ က်န္ရွိ ခဲ့ေပးေပမယ့္ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ဘာစီလိုနာ အသင္း ရဲ႕ ကမ္းလွမ္းမႈ ကို မျငင္းပယ္ ႏိုင္ခဲ့ပဲ ရွိခဲ့ရပါတယ္ ။

အက္သလက္တီကို အသင္း ရဲ႕ အေထာင္ တိုက္စစ္မွဴး ဒီေယဂို ေကာ္စတာ ကေတာ့ ၄င္းရဲ႕ အသင္းေဖာ္ ေဟာင္း ဂရဇ္မန္း ဟာ တျခား အေၾကာင္း တစံုတရာ ေၾကာင့္ ဘာစီလိုနာ သို႕ ေျပာင္းေရႊ႕ သြားတာ မဟုတ္သလို ၊ မက္ဆီ ၊ ဆြာရက္ဇ္ တို႕နဲ႕ အတူ တြဲကစား လိုတဲ့ အတြက္ေၾကာင့္ သာ ေျပာင္းေရႊ႕ ခဲ့တာ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

Que Partidazo နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ေကာ္စတာ က ” ဂရဇ္မန္း ရဲ႕ အိပ္မက္ တခု ဟာ မက္ဆီ ၊ ဆြာရက္ဇ္ တို႕နဲ႕ အတူ တြဲကစားခြင့္ ရဖို႕ပါ ။ ေဘာလံုးသမား တေယာက္ အေနနဲ႕ ကိုယ့္ကိုယ္ကို အျမဲ စမ္းသပ္မႈ ေတြ ျပဳလုပ္ခ်င္မွာ ျဖစ္သလို ၊ ထိပ္တန္း အင္အားၾကီး တသင္း က အေကာင္းဆံုး ကစားသမား ေတြနဲ႕ တြဲကစား ခ်င္ေနတဲ့ သူ႕ရဲ႕ ဆႏၵ က ပံုမွန္ လို႔ပဲ ကြ်န္ေတာ္ ထင္ပါတယ္ ။ ”

” ခင္ဗ်ား တို႕ အက္သလက္တီကို အသင္း မွာ သူ ကစား ခဲ့ပံု ၊ ၾကိဳးစား ခဲ့ပံု ကို ၾကည့္မယ္ ဆိုရင္ သူဟာ အေကာင္းဆံုး ကစားသမား ေတြနဲ႕ တြဲကစားခြင့္ ရဖို႕ ထိုက္တန္မႈ ရွိပါတယ္ ။ ဒါနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ တို႕ မေကာင္း ေျပာလို႕ မရပါဘူး ။ အကယ္၍ သူ႕ရဲ႕ ဆိုရွယ္ မီဒီယာ အေကာင့္ ကေန ဗီဒီယို မတင္ ခဲ့ဘူး ဆိုရင္ ဒီ အေျပာင္းအေရႊ႕ က တိတ္တိတ္ေလး နဲ႕ ျပီးဆံုး သြားမယ့္ အေျပာင္းအေရႊ႕ မ်ိဳးပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

အက္သလက္တီကို အသင္း ဟာ ဂရဇ္မန္း ကို ေရာင္းခ် လို႕ ရခဲ့တဲ့ ေငြေၾကး ကေန ဘင္ဖီကာ အသင္း ရဲ႕ လူငယ္ စူပါစတား ယာအို ဖီးလစ္ ကို စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရို ၁၂၆ သန္း အထိ အသံုးျပဳကာ ေခၚယူ ခဲ့ပါတယ္ ။ အသက္ ၁၉ ႏွစ္ အရြယ္သာ ရွိေနေသးတဲ့ ဖီးလစ္ ဟာ အခု အခ်ိန္ မွာ လာလီဂါ ပြဲစဥ္ ၃ပြဲ ယွဥ္ျပိဳင္ ထားရာ တဂိုး သြင္းယူ ထားျပီး ၊ တဂိုး ဖန္တီး ေပးႏိုင္ ခဲ့ပါတယ္ ။

ဒီေယဂို ေကာ္စတာ ကေတာ့ ဖီးလစ္ နဲ႔ ပတ္သက္ျပီး ၄င္းဟာ အသက္ ငယ္ေသးေပမယ့္ အရည္အေသြး နဲ႕ ပါရမီထူး ပါလာတဲ့ လူငယ္ ေျခတက္ ကစားသမား တေယာက္ ျဖစ္သလို ၊ စတား တေယာက္ ျဖစ္ေပမယ့္ ေအးေအးေဆးေဆး ေနတတ္တဲ့ လူငယ္ တေယာက္သာ ျဖစ္ျပီး အျမဲတမ္း ၾကိဳးစား ေနသူ တေယာက္ ျဖစ္တယ္ လို႕ ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

ေကာ္စတာ က ” ဖီးလစ္ ကြ်န္ေတာ္ တို႕ အသင္း ဆီကို ေရာက္လာ ခဲ့တဲ့ အခါ ခင္ဗ်ား တို႕ဟာ သူ႕ကို ဒီ အတိုင္း ရိုးရိုးေအးေအး နဲ႕ အေနေအး တဲ့ လူငယ္ တေယာက္ အေနနဲ႕ ျမင္မိမွာပါ ။ သူဟာ ၾကယ္ပြင့္ တေယာက္ လို႕ မျပဳ ေနတတ္ပါဘူး ။ ဒါဟာ ေကာင္းတဲ့ အရာ တခုပါ ။ ဒါဟာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ လက္ရွိ အဝတ္လဲခန္း အေျခအေန ပါပဲ ။ ကစားသမားသစ္ တေယာက္ အသင္း ကို ေရာက္လာတဲ့ အခါ အဝတ္လဲခန္း က ျငိမ္သက္ ေနရင္ သူဟာ အဲ့ဒီ အဝတ္လဲခန္း ကို တမူထူးျခား တဲ့ အသြင္ ကို ေျပာင္းလဲ ေစပါတယ္ ။ ”

” သူဟာ ဒီအသင္းကို ေရာက္လာျပီး ဂ်ဴဗင္တပ္ ၊ ရီးရဲလ္ မက္ဒရစ္ အသင္း ေတြနဲ႕ ရင္ဆိုင္ ခဲ့တဲ့ ပြဲစဥ္ ေတြမွာ သူ႕ရဲ႕ အစြမ္းအစ ေတြကို ျပသ ႏိုင္ခဲ့ပါတယ္ ။ သူဟာ ပါရမီထူး ေတြကို ပိုင္ဆိုင္ ထားတဲ့ လူငယ္ ကစားသမား တေယာက္ ဆိုတာ လူတိုင္း ျမင္ႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဘာစီလိုနာ သို့ ပြောင်းရွှေ့ ခဲ့တဲ့ အသင်းဖော်ဟောင်း ဂရဇ်မန်း ဖက်မှ ကာကွယ် ပြောဆို သွားခဲ့တဲ့ #ဒီယေဂိုကော်စတာ

အက်သလက်တီကို အသင်း ရဲ့ ကြယ်ပွင့် ကစားသမား ဂရဇ်မန်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ လာလီဂါ ပြိုင်ဖက် ဘာစီလိုနာ အသင်း သို့ ယူရိုသန်း ၁၂၀ နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ သို့ပေမယ့် အက်သလက်တီကို အသင်း နဲ့ ဂရဇ်မန်း တို့ စာချုပ် ချုပ်ဆို ထားခဲ့တဲ့ အထဲ မှာ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၂၀၀ ကို ထည့်သွင်း ထားခဲ့ပါတယ် ။

ထို့ အတွက်ကြောင့် ဘာစီလိုနာ အသင်း ဟာ စာချုပ် အရတော့ အက်သလက်တီကို အသင်း ကို နောက်ထပ် ယူရို သန်း ၈၀ အကြွေးတင် နေတယ် လို့ သတ်မှတ် ရမှာ ဖြစ်ပါတယ် ။ ဂရဇ်မန်း ဟာ အက်သလက်တီကို အသင်း ကစားသမား ခေါ်ယူခွင့် အပိတ်ခံ ထားရတုန်းက သစ္စာ ရှိရှိ နဲ့ အသင်း မှာ ကျန်ရှိ ခဲ့ပေးပေမယ့် ဒီနှစ် ဘောလုံး ရာသီ မှာတော့ ဘာစီလိုနာ အသင်း ရဲ့ ကမ်းလှမ်းမှု ကို မငြင်းပယ် နိုင်ခဲ့ပဲ ရှိခဲ့ရပါတယ် ။

အက်သလက်တီကို အသင်း ရဲ့ အထောင် တိုက်စစ်မှူး ဒီယေဂို ကော်စတာ ကတော့ ၄င်းရဲ့ အသင်းဖော် ဟောင်း ဂရဇ်မန်း ဟာ တခြား အကြောင်း တစုံတရာ ကြောင့် ဘာစီလိုနာ သို့ ပြောင်းရွှေ့ သွားတာ မဟုတ်သလို ၊ မက်ဆီ ၊ ဆွာရက်ဇ် တို့နဲ့ အတူ တွဲကစား လိုတဲ့ အတွက်ကြောင့် သာ ပြောင်းရွှေ့ ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

Que Partidazo နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ကော်စတာ က ” ဂရဇ်မန်း ရဲ့ အိပ်မက် တခု ဟာ မက်ဆီ ၊ ဆွာရက်ဇ် တို့နဲ့ အတူ တွဲကစားခွင့် ရဖို့ပါ ။ ဘောလုံးသမား တယောက် အနေနဲ့ ကိုယ့်ကိုယ်ကို အမြဲ စမ်းသပ်မှု တွေ ပြုလုပ်ချင်မှာ ဖြစ်သလို ၊ ထိပ်တန်း အင်အားကြီး တသင်း က အကောင်းဆုံး ကစားသမား တွေနဲ့ တွဲကစား ချင်နေတဲ့ သူ့ရဲ့ ဆန္ဒ က ပုံမှန် လို့ပဲ ကျွန်တော် ထင်ပါတယ် ။ ”

” ခင်ဗျား တို့ အက်သလက်တီကို အသင်း မှာ သူ ကစား ခဲ့ပုံ ၊ ကြိုးစား ခဲ့ပုံ ကို ကြည့်မယ် ဆိုရင် သူဟာ အကောင်းဆုံး ကစားသမား တွေနဲ့ တွဲကစားခွင့် ရဖို့ ထိုက်တန်မှု ရှိပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ မကောင်း ပြောလို့ မရပါဘူး ။ အကယ်၍ သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့် ကနေ ဗီဒီယို မတင် ခဲ့ဘူး ဆိုရင် ဒီ အပြောင်းအရွှေ့ က တိတ်တိတ်လေး နဲ့ ပြီးဆုံး သွားမယ့် အပြောင်းအရွှေ့ မျိုးပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အက်သလက်တီကို အသင်း ဟာ ဂရဇ်မန်း ကို ရောင်းချ လို့ ရခဲ့တဲ့ ငွေကြေး ကနေ ဘင်ဖီကာ အသင်း ရဲ့ လူငယ် စူပါစတား ယာအို ဖီးလစ် ကို စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်း အထိ အသုံးပြုကာ ခေါ်ယူ ခဲ့ပါတယ် ။ အသက် ၁၉ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဖီးလစ် ဟာ အခု အချိန် မှာ လာလီဂါ ပွဲစဉ် ၃ပွဲ ယှဉ်ပြိုင် ထားရာ တဂိုး သွင်းယူ ထားပြီး ၊ တဂိုး ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

ဒီယေဂို ကော်စတာ ကတော့ ဖီးလစ် နဲ့ ပတ်သက်ပြီး ၄င်းဟာ အသက် ငယ်သေးပေမယ့် အရည်အသွေး နဲ့ ပါရမီထူး ပါလာတဲ့ လူငယ် ခြေတက် ကစားသမား တယောက် ဖြစ်သလို ၊ စတား တယောက် ဖြစ်ပေမယ့် အေးအေးဆေးဆေး နေတတ်တဲ့ လူငယ် တယောက်သာ ဖြစ်ပြီး အမြဲတမ်း ကြိုးစား နေသူ တယောက် ဖြစ်တယ် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ကော်စတာ က ” ဖီးလစ် ကျွန်တော် တို့ အသင်း ဆီကို ရောက်လာ ခဲ့တဲ့ အခါ ခင်ဗျား တို့ဟာ သူ့ကို ဒီ အတိုင်း ရိုးရိုးအေးအေး နဲ့ အနေအေး တဲ့ လူငယ် တယောက် အနေနဲ့ မြင်မိမှာပါ ။ သူဟာ ကြယ်ပွင့် တယောက် လို့ မပြု နေတတ်ပါဘူး ။ ဒါဟာ ကောင်းတဲ့ အရာ တခုပါ ။ ဒါဟာ ကျွန်တော် တို့ အသင်း ရဲ့ လက်ရှိ အဝတ်လဲခန်း အခြေအနေ ပါပဲ ။ ကစားသမားသစ် တယောက် အသင်း ကို ရောက်လာတဲ့ အခါ အဝတ်လဲခန်း က ငြိမ်သက် နေရင် သူဟာ အဲ့ဒီ အဝတ်လဲခန်း ကို တမူထူးခြား တဲ့ အသွင် ကို ပြောင်းလဲ စေပါတယ် ။ ”

” သူဟာ ဒီအသင်းကို ရောက်လာပြီး ဂျူဗင်တပ် ၊ ရီးရဲလ် မက်ဒရစ် အသင်း တွေနဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် တွေမှာ သူ့ရဲ့ အစွမ်းအစ တွေကို ပြသ နိုင်ခဲ့ပါတယ် ။ သူဟာ ပါရမီထူး တွေကို ပိုင်ဆိုင် ထားတဲ့ လူငယ် ကစားသမား တယောက် ဆိုတာ လူတိုင်း မြင်နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR