အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ က အသင္းက လူငယ္ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ နယ္လ္ဆင္၊ဝီးေလာ့၊စမစ္ရို တို႔ အေနနဲ႔ ဂြမ္ဒူဇီ ကို အတုယူၿပီး ႀကိဳးစား သင့္ေၾကာင္း တိုက္တြန္း ေျပာၾကား သြားခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ ရွိၿပီျဖစ္တဲ့ ဂြမ္ဒူဇီဟာ ၿပီးခဲ့တဲ့ ရာသီကမွ ေလာ္ရီယန႔္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာသူပါ။ဂြမ္ဒူဇီ ဟာ အာဆင္နယ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၂ ပြဲ ကစားခြင့္ ရထားသလို ဒီရာသီမွာလည္း အဖြင့္ပြဲစဥ္ ေလးပြဲဆက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရထားပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားနိုင္တဲ့ ဂြမ္ဒူဇီ ဟာ အယ္ေဘးနီးယား ၊အန္ဒိုရာ တို႔နဲ႔ ယူရို ေျခစစ္ပြဲ ကစားမယ့္ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ပထမဆုံး အႀကိမ္ ေရြးခ်ယ္ ခံခဲ့ရပါတယ္။ဂြမ္ဒူဇီအတြက္ေတာ့ အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕လာၿပီး တစ္ႏွစ္ေက်ာ္ ကာလ အတြင္းမွာ ျပင္သစ္ လက္ေရြးစင္ အသင္းႀကီးမွာ ပါဝင္ခြင့္ ရသြားတာပါ ။

အမ္မရီ က အာဆင္နယ္ အသင္း ဝက္ဆိုဒ္ နဲ႔ အင္တာဗ်ဴးမွာ ” ဂြမ္ဒူဇီ က အသင္းက လူငယ္ ကစားသမားေတြအတြက္ေကာ အသစ္ေရာက္လာတဲ့ လူငယ္ေလးေတြအတြက္ေကာ စံၿပ ကစားသမားပါ ။ သူမႏွစ္က ျပင္သစ္ ကလပ္ ေလာ္ရီယန႔္ အသင္းကေန ဒီကိုေရာက္လာေတာ့ အထိုင္က်ပါ့မလားဆိုၿပီး အားလုံးက သံသယ ရွိေနခဲ့ၾကပါတယ္။”

” သူက အသက္ ငယ္ေသးေပမယ့္ အသင္းမွာ အလ်င္အျမန္ အထိုင္က်ဖို႔ အစြမ္းကုန္ ႀကိဳးစား ကစားတာပါ။ၿပီးခဲ့တဲ့ တစ္ရာသီလုံး သူ႔ရဲ့ ေျခစြမ္းပိုင္း တိုးတက္လာမွုက လုံးဝ အားရ ေက်နပ္စရာ အေနအထား မွာ ရွိပါတယ္။”

” ဒါေပမယ့္ သူ အခုထက္ ပိုမို ေကာင္းမြန္လာဖို႔ လိုအပ္ေနေသးတာေတြလည္း ရွိေနေတာ့ က်ေနာ္တို႔ ေလ့က်င့္ ေပးေနပါတယ္။ အစားအေသာက္၊ခႏၶာကိုယ္ နဲ႔ သက္ဆိုင္တာ​ေတြေပ့ါဗ်ာ ၊ လက္ေမာင္း၊ခႏၶာကိုယ္၊ေျခေထာက္ေတြ ပိုမို ႀကံ့ခိုင္ သန္မာလာဖို႔ လုပ္ေဆာင္ ေပးေနပါတယ္။ ”

” ဒီႏွစ္မွာေတာ့ သူ႔ရဲ့ စြမ္းေဆာင္ရည္ က မႏွစ္ကထက္ ပိုမို ေကာင္းမြန္လာၿပီး ေနာက္တစ္ဆင့္ တက္လွမ္းနိုင္ခဲ့ပါၿပီ။ေလ့က်င့္ေရး အစီအစဥ္တိုင္း၊ပြဲတု္င္းမွာ ေျခစြမ္းပိုင္း တိုးတက္ေကာင္းမြန္လာဖို႔ ကူညီ ေပးေနပါတယ္။”

” ဂြမ္ဒူဇီရဲ့ စိတ္ဓတ္၊ခံယူခ်က္၊ ႀကိဳးစားမွု၊ တိုးတက္လာမွုက တျခား လူငယ္ ကစားသမားေတြ ျဖစ္တဲ့ ဝီးေလာခ့္၊ စမစ္ရို ၊ နယ္လ္ဆင္ တို႔အတြက္ ဥပမာေကာင္းပါပဲ၊သူက တျခား ကစားသမားေတြ အားလုံး အတြက္လည္း သာဓကေကာင္း တစ္ရပ္ပါပဲ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

အာဆင်နယ် လူငယ်ကြယ်ပွင့်တွေ အတုယူ၊စံထားရမယ့် ကစားသမားတစ်ယောက် အကြောင်း ပြောပြလိုက်တဲ့ အမ်မရီ
==================================

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က အသင်းက လူငယ် ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ နယ်လ်ဆင်၊ဝီးလော့၊စမစ်ရို တို့ အနေနဲ့ ဂွမ်ဒူဇီ ကို အတုယူပြီး ကြိုးစား သင့်ကြောင်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ရာသီကမှ လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူပါ။ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခွင့် ရထားသလို ဒီရာသီမှာလည်း အဖွင့်ပွဲစဥ် လေးပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဂွမ်ဒူဇီ ဟာ အယ်ဘေးနီးယား ၊အန်ဒိုရာ တို့နဲ့ ယူရို ခြေစစ်ပွဲ ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါတယ်။ဂွမ်ဒူဇီအတွက်တော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ခွင့် ရသွားတာပါ ။

အမ်မရီ က အာဆင်နယ် အသင်း ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ ” ဂွမ်ဒူဇီ က အသင်းက လူငယ် ကစားသမားတွေအတွက်ကော အသစ်ရောက်လာတဲ့ လူငယ်လေးတွေအတွက်ကော စံပြ ကစားသမားပါ ။ သူမနှစ်က ပြင်သစ် ကလပ် လော်ရီယန့် အသင်းကနေ ဒီကိုရောက်လာတော့ အထိုင်ကျပါ့မလားဆိုပြီး အားလုံးက သံသယ ရှိနေခဲ့ကြပါတယ်။”

” သူက အသက် ငယ်သေးပေမယ့် အသင်းမှာ အလျင်အမြန် အထိုင်ကျဖို့ အစွမ်းကုန် ကြိုးစား ကစားတာပါ။ပြီးခဲ့တဲ့ တစ်ရာသီလုံး သူ့ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှုက လုံးဝ အားရ ကျေနပ်စရာ အနေအထား မှာ ရှိပါတယ်။”

” ဒါပေမယ့် သူ အခုထက် ပိုမို ကောင်းမွန်လာဖို့ လိုအပ်နေသေးတာတွေလည်း ရှိနေတော့ ကျနော်တို့ လေ့ကျင့် ပေးနေပါတယ်။ အစားအသောက်၊ခန္ဓာကိုယ် နဲ့ သက်ဆိုင်တာ​တွေပေ့ါဗျာ ၊ လက်မောင်း၊ခန္ဓာကိုယ်၊ခြေထောက်တွေ ပိုမို ကြံ့ခိုင် သန်မာလာဖို့ လုပ်ဆောင် ပေးနေပါတယ်။ ”

” ဒီနှစ်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည် က မနှစ်ကထက် ပိုမို ကောင်းမွန်လာပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါပြီ။လေ့ကျင့်ရေး အစီအစဉ်တိုင်း၊ပွဲတု်င်းမှာ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာဖို့ ကူညီ ပေးနေပါတယ်။”

” ဂွမ်ဒူဇီရဲ့ စိတ်ဓတ်၊ခံယူချက်၊ ကြိုးစားမှု၊ တိုးတက်လာမှုက တခြား လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဝီးလောခ့်၊ စမစ်ရို ၊ နယ်လ်ဆင် တို့အတွက် ဥပမာကောင်းပါပဲ၊သူက တခြား ကစားသမားတွေ အားလုံး အတွက်လည်း သာဓကကောင်း တစ်ရပ်ပါပဲ။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR

Unicode