ဘရာဇီး ေတာင္ပံ ကစားသမား လူးကပ္စ္ ပီယာဇြန္ ဟာ ၂၀၁၁ ခုႏွစ္ က အေျပာင္းအေရႊ႕ မွာ ဘရာဇီး ကလပ္ ေဆာ္ေပၚလို အသင္း ကေန ခ်ယ္လ္ဆီး အသင္း သို႕ ေျပာင္းေရႊ႕ လာခဲ့ျပီး ပထမ တရာသီ ျပီးသည္ အထိ ခ်ယ္လ္ဆီး အသင္း အတြက္ စုစုေပါင္း ၃ပြဲသာ ကစားခြင့္ ရရွိ ခဲ့ပါတယ္ ။ ပီယာဇြန္ ဟာ ထိုစဥ္ က ခ်ယ္လ္ဆီး သို႕ မေရာက္ရွိ လာခင္ ကာကာ လက္သစ္ အျဖစ္ နာမည္ၾကီး ခဲ့ပါေသးတယ္ ။

အဲ့ဒီေနာက္ မွာေတာ့ ပီယာဇြန္ ရဲ႕ အငွား ကစားသမား ဘဝ စတင္ ခဲ့ရပါတယ္ ။ အခု အခ်ိန္ ကလပ္ ၇ခု မွာ ပီယာဇြန္ ဟာ အငွား ကစား ထားျပီး ျဖစ္ပါတယ္ ။ လံုလံုေလာက္ေလာက္ ကစားခြင့္ ေတြ ရရွိ ခဲ့တဲ့ ကလပ္ ေတြ ရွိခဲ့သလို ၊ ကစားခြင့္ မရခဲ့တဲ့ ကလပ္ ေတြလည္း ရွိခဲ့တာေၾကာင့္ ပီယာဇြန္ ရဲ႕ ေျခစြမ္း တိုးတက္လာဖို႔ ဘယ္လိုမွ အေျခအေန မဖန္ လာခဲ့ပါဘူး ။

မာလာဂါ ၊ ဗြီတက္ဆီ ၊ ဖရန္႕ဖတ္ ၊ ရီးဒင္း ၊ ဖူလ္ဟမ္ ၊ ခ်ီေယဗို အသင္း ေတြကို မႏွစ္က အထိ အငွား ကစား ခဲ့ရတဲ့ ပီယာဇြန္ ဟာ အခု အခါ မွာ ေပၚတူဂီ ပထမတန္းလိဂ္ ကလပ္ ရီယို အေဗး အသင္း သို႕ တရာသီ အငွား ထြက္လာ ရျပီ ျဖစ္ပါတယ္ ။ အငွား မထြက္ခင္ မွာ ပီယာဇြန္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ တႏွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ခဲ့ပါေသးတယ္ ။ တပတ္ အၾကာ မွာေတာ့ ပီယာဇြန္ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ မကစား ေပးခ်င္ေတာ့ဘူး လို႕ ဖြင့္ဟ လာပါတယ္ ။

ေပၚတူဂီ သတင္း Bola နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ပီယာဇြန္ က ” ခ်ယ္လ္ဆီး အသင္း က ကြ်န္ေတာ့ ရဲ႕ အနာဂတ္ က ျပီးဆံုး သြားခဲ့ပါျပီ ။ ကြ်န္ေတာ္ ဟာ အခု အသက္ ၂၅ႏွစ္ ရွိပါျပီ ။ ကြ်န္ေတာ္ ဟာ အၾကိမ္ မ်ားစြာ အငွား ထြက္ကစား ခဲ့ရပါတယ္ ။ ခ်ယ္လ္ဆီး ကိုလည္း ေရာက္လာ ခဲ့တာ ၂၀၁၁ ခုႏွစ္ ကတည္း ကပါ ။ ဥေရာပ က ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ား က ကလပ္ ေတြမွာ ကြ်န္ေတာ္ အငွား နဲ႕ ေရာက္ခဲ့ ရျပီးပါျပီ ။ ”

” ဟို သြားလိုက္ ၊ ဒီ သြားလိုက္ ကစား ရတာ ကို ကြ်န္ေတာ္ စိတ္ကုန္ လာပါျပီ ။ ကြ်န္ေတာ့ အတြက္ ကိုယ့္ ေနအိမ္ လို သေဘာထား ကစား လို႕ ရႏိုင္မယ့္ ၊ ပြဲထြက္ခြင့္ ေတြ ေပးမယ့္ ကလပ္ တသင္း မွာပဲ တည္တည္ျမဲျမဲ ကစားခ်င္ ပါေတာ့တယ္ ။ လာမယ့္ ႏွစ္ ဇူလိုင္လ မွာ ကြ်န္ေတာ့ အေနနဲ႕ ကလပ္ တသင္း မွာ အတည္တက် ကစား ရမလား ၊ မကစား ရဘူးလား ဆိုတာ အေတာ္ေလး သိခ်င္ ေနပါျပီ ။ ”

” ပံုမွန္အားျဖင့္ ကြ်န္ေတာ္ ဟာ အငွား ထြက္ကစား ခဲ့ရတဲ့ ရာသီ ေတြမွာ ေျခစြမ္းေကာင္း တခ်ိဳ႕ ျပသ ႏိုင္ခဲ့ပါတယ္ ။ ဒါေပမယ့္ အငွား သံသရာ က လည္ျပီးရင္း လည္ေနခဲ့ပါတယ္ ။ အငွား ထြက္ကစား ေနရတာ ဟာ ကိုယ့္ရဲ႕ ေျခစြမ္း တိုးတက္ဖို႕နဲ႕ ပတ္သက္ျပီး ဘယ္လိုမွ အပ္စပ္မႈ မရွိဘူး လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ကစားပံု ေတြ ေကာင္းခဲ့တယ္ ၊ မိခင္ ကလပ္ ဆီ ျပန္လာတယ္ ၊ ကိုယ့္ကို ျပန္သံုးဖို႕ အခြင့္အေရး မေပးဘူး ၊ ေနာက္ျပီး အငွား ပါ ထပ္ခ် ခံရပါတယ္ ။ ”

” ကစားသမား ဘဝ ရဲ႕ တခ်ိဳးတေကြ႕ မွာ ဒီလို အငွား ကစား ေနရတာ ဟာ ဘာမွ အဓိပၸာယ္ မရွိဘူး ဆိုတာ ကြ်န္ေတာ့ ကို သေဘာေပါက္ လာေစခဲ့ပါတယ္ ။ ဒါနဲ႕ ခ်ယ္လ္ဆီး အသင္း ကို ကြ်န္ေတာ္ ေရာက္ေနရတာ ဘယ္လိုမွ အဆင္မေျပေနဘူး ဆိုတာ ကို ကြ်န္ေတာ္ လြန္ခဲ့တဲ့ ၃ႏွစ္ ကတည္းက ေျပာခဲ့ဖူးပါတယ္ ။ ကြ်န္ေတာ့ အတြက္ စိတ္မခ်မ္းသာမႈ ေတြပဲ ပိုတိုး ေစပါတယ္ ။ ”

” အခုလို အငွား ထြက္ကစား ေနရတာနဲ႕ ပတ္သက္ျပီး ကြ်န္တာ့ အေနနဲ႕ ခ်ယ္လ္ဆီး အသင္း ကိုလည္း အျပစ္ မတင္ခ်င္ပါဘူး ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ ကိုယ္တိုင္ လည္း အငွား ထြက္ကစားတာ အဆင္ေျပမယ္ ထင္ျပီး လက္ခံ ေနခဲ့တာေၾကာင့္ပါ ။ ဒါေပမယ့္ ကြ်န္ေတာ္ အေရွ႕မွာ ေျပာခဲ့တဲ့ အတိုင္းပဲ တခ်ိန္ က်လာေတာ့ ဒီလို အငွား ထြက္ကစား ရတာ ကစားသမား ဘဝ တိုးတက္ဖို႕ ဘယ္လိုမွ မလိုအပ္ ေတာ့တာ သိလာပါတယ္ ။ ကြ်န္ေတာ့ ဘဝ ရဲ႕ ေရွ႕ေရး အတြက္လည္း ေရွးရႈ ဖို႕ လိုေနပါျပီ ။ ” လို႕ ဖြင့္ဟ လာပါတယ္ ။

 

ပီယာဇြန္ ဟာ လက္ရွိ အငွား ကစား ေနတဲ့ ရီယို အေဗး အသင္း အတြက္လည္း ပထမဆံုး ပြဲကစားခြင့္ ပင္ မရရွိေသးပါဘူး ။ လာမယ့္ စေနေန႕ မွာ ကစားမယ့္ တြန္ဒဲလား အသင္း နဲ႕ ပြဲစဥ္ ွမွာေတာ့ ပီယာဇြန္ တေယာက္ ပထမဆံုး ပါဝင္ခြင့္ ရရွိဖြယ္ ရွိေနပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး အသင်း ရဲ့ အငှား ကစားသမား ဖြစ်နေရခြင်း အပေါ် စိတ်ကုန်လာပြီ လို့ ဝမ်းနည်းစွာ ဖွင့်ဟ လာတဲ့ #ပီယာဇွန်

ဘရာဇီး တောင်ပံ ကစားသမား လူးကပ်စ် ပီယာဇွန် ဟာ ၂၀၁၁ ခုနှစ် က အပြောင်းအရွှေ့ မှာ ဘရာဇီး ကလပ် ဆော်ပေါ်လို အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပြောင်းရွှေ့ လာခဲ့ပြီး ပထမ တရာသီ ပြီးသည် အထိ ချယ်လ်ဆီး အသင်း အတွက် စုစုပေါင်း ၃ပွဲသာ ကစားခွင့် ရရှိ ခဲ့ပါတယ် ။ ပီယာဇွန် ဟာ ထိုစဉ် က ချယ်လ်ဆီး သို့ မရောက်ရှိ လာခင် ကာကာ လက်သစ် အဖြစ် နာမည်ကြီး ခဲ့ပါသေးတယ် ။

အဲ့ဒီနောက် မှာတော့ ပီယာဇွန် ရဲ့ အငှား ကစားသမား ဘဝ စတင် ခဲ့ရပါတယ် ။ အခု အချိန် ကလပ် ရခု မှာ ပီယာဇွန် ဟာ အငှား ကစား ထားပြီး ဖြစ်ပါတယ် ။ လုံလုံလောက်လောက် ကစားခွင့် တွေ ရရှိ ခဲ့တဲ့ ကလပ် တွေ ရှိခဲ့သလို ၊ ကစားခွင့် မရခဲ့တဲ့ ကလပ် တွေလည်း ရှိခဲ့တာကြောင့် ပီယာဇွန် ရဲ့ ခြေစွမ်း တိုးတက်လာဖို့ ဘယ်လိုမှ အခြေအနေ မဖန် လာခဲ့ပါဘူး ။

မာလာဂါ ၊ ဗွီတက်ဆီ ၊ ဖရန့်ဖတ် ၊ ရီးဒင်း ၊ ဖူလ်ဟမ် ၊ ချီယေဗို အသင်း တွေကို မနှစ်က အထိ အငှား ကစား ခဲ့ရတဲ့ ပီယာဇွန် ဟာ အခု အခါ မှာ ပေါ်တူဂီ ပထမတန်းလိဂ် ကလပ် ရီယို အဗေး အသင်း သို့ တရာသီ အငှား ထွက်လာ ရပြီ ဖြစ်ပါတယ် ။ အငှား မထွက်ခင် မှာ ပီယာဇွန် ဟာ ချယ်လ်ဆီး အသင်း နဲ့ တနှစ် သက်တမ်းတိုး စာချုပ် ချုပ်ခဲ့ပါသေးတယ် ။ တပတ် အကြာ မှာတော့ ပီယာဇွန် ဟာ ချယ်လ်ဆီး အသင်း အတွက် မကစား ပေးချင်တော့ဘူး လို့ ဖွင့်ဟ လာပါတယ် ။

ပေါ်တူဂီ သတင်း Bola နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ပီယာဇွန် က ” ချယ်လ်ဆီး အသင်း က ကျွန်တော့ ရဲ့ အနာဂတ် က ပြီးဆုံး သွားခဲ့ပါပြီ ။ ကျွန်တော် ဟာ အခု အသက် ၂၅နှစ် ရှိပါပြီ ။ ကျွန်တော် ဟာ အကြိမ် များစွာ အငှား ထွက်ကစား ခဲ့ရပါတယ် ။ ချယ်လ်ဆီး ကိုလည်း ရောက်လာ ခဲ့တာ ၂၀၁၁ ခုနှစ် ကတည်း ကပါ ။ ဥရောပ က နိုင်ငံ တော်တော်များများ က ကလပ် တွေမှာ ကျွန်တော် အငှား နဲ့ ရောက်ခဲ့ ရပြီးပါပြီ ။ ”

” ဟို သွားလိုက် ၊ ဒီ သွားလိုက် ကစား ရတာ ကို ကျွန်တော် စိတ်ကုန် လာပါပြီ ။ ကျွန်တော့ အတွက် ကိုယ့် နေအိမ် လို သဘောထား ကစား လို့ ရနိုင်မယ့် ၊ ပွဲထွက်ခွင့် တွေ ပေးမယ့် ကလပ် တသင်း မှာပဲ တည်တည်မြဲမြဲ ကစားချင် ပါတော့တယ် ။ လာမယ့် နှစ် ဇူလိုင်လ မှာ ကျွန်တော့ အနေနဲ့ ကလပ် တသင်း မှာ အတည်တကျ ကစား ရမလား ၊ မကစား ရဘူးလား ဆိုတာ အတော်လေး သိချင် နေပါပြီ ။ ”

” ပုံမှန်အားဖြင့် ကျွန်တော် ဟာ အငှား ထွက်ကစား ခဲ့ရတဲ့ ရာသီ တွေမှာ ခြေစွမ်းကောင်း တချို့ ပြသ နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အငှား သံသရာ က လည်ပြီးရင်း လည်နေခဲ့ပါတယ် ။ အငှား ထွက်ကစား နေရတာ ဟာ ကိုယ့်ရဲ့ ခြေစွမ်း တိုးတက်ဖို့နဲ့ ပတ်သက်ပြီး ဘယ်လိုမှ အပ်စပ်မှု မရှိဘူး လို့ ကျွန်တော် ထင်ပါတယ် ။ ကစားပုံ တွေ ကောင်းခဲ့တယ် ၊ မိခင် ကလပ် ဆီ ပြန်လာတယ် ၊ ကိုယ့်ကို ပြန်သုံးဖို့ အခွင့်အရေး မပေးဘူး ၊ နောက်ပြီး အငှား ပါ ထပ်ချ ခံရပါတယ် ။ ”

” ကစားသမား ဘဝ ရဲ့ တချိုးတကွေ့ မှာ ဒီလို အငှား ကစား နေရတာ ဟာ ဘာမှ အဓိပ္ပာယ် မရှိဘူး ဆိုတာ ကျွန်တော့ ကို သဘောပေါက် လာစေခဲ့ပါတယ် ။ ဒါနဲ့ ချယ်လ်ဆီး အသင်း ကို ကျွန်တော် ရောက်နေရတာ ဘယ်လိုမှ အဆင်မပြေနေဘူး ဆိုတာ ကို ကျွန်တော် လွန်ခဲ့တဲ့ ၃နှစ် ကတည်းက ပြောခဲ့ဖူးပါတယ် ။ ကျွန်တော့ အတွက် စိတ်မချမ်းသာမှု တွေပဲ ပိုတိုး စေပါတယ် ။ ”

” အခုလို အငှား ထွက်ကစား နေရတာနဲ့ ပတ်သက်ပြီး ကျွန်တာ့ အနေနဲ့ ချယ်လ်ဆီး အသင်း ကိုလည်း အပြစ် မတင်ချင်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင် လည်း အငှား ထွက်ကစားတာ အဆင်ပြေမယ် ထင်ပြီး လက်ခံ နေခဲ့တာကြောင့်ပါ ။ ဒါပေမယ့် ကျွန်တော် အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပဲ တချိန် ကျလာတော့ ဒီလို အငှား ထွက်ကစား ရတာ ကစားသမား ဘဝ တိုးတက်ဖို့ ဘယ်လိုမှ မလိုအပ် တော့တာ သိလာပါတယ် ။ ကျွန်တော့ ဘဝ ရဲ့ ရှေ့ရေး အတွက်လည်း ရှေးရှု ဖို့ လိုနေပါပြီ ။ ” လို့ ဖွင့်ဟ လာပါတယ် ။

ပီယာဇွန် ဟာ လက်ရှိ အငှား ကစား နေတဲ့ ရီယို အဗေး အသင်း အတွက်လည်း ပထမဆုံး ပွဲကစားခွင့် ပင် မရရှိသေးပါဘူး ။ လာမယ့် စနေနေ့ မှာ ကစားမယ့် တွန်ဒဲလား အသင်း နဲ့ ပွဲစဉ် ှမှာတော့ ပီယာဇွန် တယောက် ပထမဆုံး ပါဝင်ခွင့် ရရှိဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR