ရီးယဲ မက္ဒရစ္ အသင္း ဟာ ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက မန္ခ်က္စတာ ယူနိုက္တက္ အသင္း မွ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ကို ေခၚယူ ဖုိ႔ အထူး စိတ္ဝင္စား မွဳေတြ ျပသ ခဲ့ပါ ေသးတယ္ ။

ဒါေပမယ့္ ဥေရာပ အေျပာင္း အေရႊ့ ပိတ္သိမ္း သြားတဲ့ အထိ ေခၚယူ နုိင္ျခင္း မရွိ ခဲ့တဲ့ အတြက္ စိတ္ပ်က္ ခဲ့ရ ပါတယ္ ။ အခု ေတာ့ ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ဥကၠ႒ ျဖစ္သူ ဖေလာ္ရန္တီနုိ ပီးရက္ဇ္ က ေႏြ အေျပာင္း အေရႊ့ အေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ လာမယ့္ အေျပာင္းအေရႊ့ ေတြမွာ ၾကီးက်ယ္ ခမ္းနား တဲ့ ထိပ္တန္း ကစားသမား ေတြကုိ ေခၚယူ အင္အား ျဖည့္တင္း သြားဖုိ႔ စီမံ ေနဆဲ ျဖစ္ေၾကာင္း ၊ ေပါ့ဂ္ဘာ ကို ေခၚယူ လိုေန ဆဲ ျဖစ္ေၾကာင္း ပီးရက္ဇ္က အရိပ္အျမြတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ ေအာင္ျမင္ မွဳေတြ ရရွိ ခဲ့ျခင္း က ျပင္းျပ တဲ့ ဆႏၵ ေတြကို ေလ်ာ့က် သြားေစ ခဲ့ ပါတယ္ ။ က်ြန္ေတာ္ တုိ့ အဲ့တာ ကို ျပန္လည္ ျပဳျပင္ ေျပာင္းလဲ ၾကရ ပါ့မယ္ ။ လက္ရွိ အသင္း ရဲ့ ကစားသမား ေတြနဲ့ နည္းျပ က က်ြန္ေတာ္ တုိ့ကို ခ်န္ပီယံ ျဖစ္ေစ နိုင္ခဲ့ ၾက ပါတယ္ ။ အဲ့တာ ကို ေနာက္ တစ္ၾကိမ္ လုပ္ေဆာင္ ျပရ ပါ့မယ္ ”

” ကြ်န္ေတာ္ တုိ့ရဲ့ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ေကာင္းမြန္ ျခင္း မရွိ ခဲ့ ပါဘူူး ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ တုိ့ဟာ အရင္ တုန္းက ေအာင္ျမင္ မွဳေတြ နဲ့ ႏွိဳင္းယွဥ္ျပီး ေဝဖန္မွဳ ေတြ ခံခဲ့ ၾကရ ပါတယ္ ” လို့ ပီးရက္ဇ္ က မာကာ နဲ့ အင္တာဗ်ဴး မွာ ေျဖၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရီးယဲ မက္ဒရစ္ အသင္း ဟာ ျပီးခဲ့တဲ့ ႏွစ္ အနည္းငယ္ အတြင္း အသင္း ကို အင္အား ေတာင့္တင္း ေစေရး ၊ ေအာင္မြန္မွဳ ေတြ ရရွိ နုိင္ ေစေရး အတြက္ အေျပာင္း အေရႊ့ ကာလ ေတြမွာ ေငြေတြ မ်ားစြာ သံုးစြဲ ထားခဲ့ ပါ ေသးတယ္ ။

ဒါေပမယ့္ ရီးယဲ ဥကၠ႒ ပီးရက္ဇ္ က ေနာက္ထပ္ ကမ႓ာ့ အဆင့္ ကစားသမား ေတြကို ေခၚယူ သြားဖုိ႔ ရွိေန ေသးေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။ ရီးယဲ ဟာ ျပီးခဲ့တဲ့ အေျပာင္း အေရႊ့ တုန္းက ေပါ့ဂ္ဘာ ၊ ေနမာ တုိ့ကို ေခၚယူ နုိင္ဖုိ႔ ပစ္မွတ္ ထားခဲ့ ပါ ေသးတယ္ ။

” က်ြန္ေတာ္ တုိ့ အသင္း မွာ တစ္ကယ့္ ကို ထူးျခား ေကာင္းမြန္ ေတာင့္တင္း လွတဲ့ ကမ႓ာ့ အဆင့္ ကစားသမား အစု အဖြဲ့ ေတြ ရွိေန ပါတယ္ ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ တုိ့ ေတြဟာ ျပီးခဲ့တဲ့ ႏွစ္ အနည္းငယ္ အတြင္း ကစားသမား ေတြ အတြက္ ေငြေတြ အလြန္ အမင္း ရင္းႏွီး ျမွဳပ္ႏွံ ျခင္း မျပဳ လုပ္ခဲ့ ၾက ပါဘူး ”

” ဒါေပမယ့္ အခု ေတာ့ က်ြန္ေတာ္ တုိ့ ေတြဟာ အနာဂတ္ မွာ ၾကီးက်ယ္ ခမ္းနား လွတဲ့ ကစားသမား ေကာင္း ေတြကို အသင္း ဆီ ေခၚယူ နုိင္ဖုိ့ အတြက္ အလုပ္ လုပ္ေန ၾက ပါျပီ ” လို့ ပီးရက္ဇ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

#Sports_Myanmar

Unicode

ပေါ့ဂ်ဘာရဲ့ ခေါ်ယူရေး အကြောင်း အရိပ်အမြွတ် ပြောကြားသွားတဲ့ ရီးယဲ ဥက္ကဋ္ဌ #ပီးရက်ဇ်

===================

ရီးယဲ မက်ဒရစ် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ခေါ်ယူ ဖို့ အထူး စိတ်ဝင်စား မှုတွေ ပြသ ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ဥရောပ အပြောင်း အရွှေ့ ပိတ်သိမ်း သွားတဲ့ အထိ ခေါ်ယူ နိုင်ခြင်း မရှိ ခဲ့တဲ့ အတွက် စိတ်ပျက် ခဲ့ရ ပါတယ် ။ အခု တော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဖလော်ရန်တီနို ပီးရက်ဇ် က နွေ အပြောင်း အရွှေ့ အကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် လာမယ့် အပြောင်းအရွှေ့ တွေမှာ ကြီးကျယ် ခမ်းနား တဲ့ ထိပ်တန်း ကစားသမား တွေကို ခေါ်ယူ အင်အား ဖြည့်တင်း သွားဖို့ စီမံ နေဆဲ ဖြစ်ကြောင်း ၊ ပေါ့ဂ်ဘာ ကို ခေါ်ယူ လိုနေ ဆဲ ဖြစ်ကြောင်း ပီးရက်ဇ်က အရိပ်အမြွတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ အောင်မြင် မှုတွေ ရရှိ ခဲ့ခြင်း က ပြင်းပြ တဲ့ ဆန္ဒ တွေကို လျော့ကျ သွားစေ ခဲ့ ပါတယ် ။ ကျွန်တော် တို့ အဲ့တာ ကို ပြန်လည် ပြုပြင် ပြောင်းလဲ ကြရ ပါ့မယ် ။ လက်ရှိ အသင်း ရဲ့ ကစားသမား တွေနဲ့ နည်းပြ က ကျွန်တော် တို့ကို ချန်ပီယံ ဖြစ်စေ နိုင်ခဲ့ ကြ ပါတယ် ။ အဲ့တာ ကို နောက် တစ်ကြိမ် လုပ်ဆောင် ပြရ ပါ့မယ် ”

” ကျွန်တော် တို့ရဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ကောင်းမွန် ခြင်း မရှိ ခဲ့ ပါဘူူး ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ အရင် တုန်းက အောင်မြင် မှုတွေ နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်မှု တွေ ခံခဲ့ ကြရ ပါတယ် ” လို့ ပီးရက်ဇ် က မာကာ နဲ့ အင်တာဗျူး မှာ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း အသင်း ကို အင်အား တောင့်တင်း စေရေး ၊ အောင်မွန်မှု တွေ ရရှိ နိုင် စေရေး အတွက် အပြောင်း အရွှေ့ ကာလ တွေမှာ ငွေတွေ များစွာ သုံးစွဲ ထားခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ရီးယဲ ဥက္ကဋ္ဌ ပီးရက်ဇ် က နောက်ထပ် ကမ႓ာ့ အဆင့် ကစားသမား တွေကို ခေါ်ယူ သွားဖို့ ရှိနေ သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ရီးယဲ ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တုန်းက ပေါ့ဂ်ဘာ ၊ နေမာ တို့ကို ခေါ်ယူ နိုင်ဖို့ ပစ်မှတ် ထားခဲ့ ပါ သေးတယ် ။

” ကျွန်တော် တို့ အသင်း မှာ တစ်ကယ့် ကို ထူးခြား ကောင်းမွန် တောင့်တင်း လှတဲ့ ကမ႓ာ့ အဆင့် ကစားသမား အစု အဖွဲ့ တွေ ရှိနေ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ တွေဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ကစားသမား တွေ အတွက် ငွေတွေ အလွန် အမင်း ရင်းနှီး မြှုပ်နှံ ခြင်း မပြု လုပ်ခဲ့ ကြ ပါဘူး ”

” ဒါပေမယ့် အခု တော့ ကျွန်တော် တို့ တွေဟာ အနာဂတ် မှာ ကြီးကျယ် ခမ်းနား လှတဲ့ ကစားသမား ကောင်း တွေကို အသင်း ဆီ ခေါ်ယူ နိုင်ဖို့ အတွက် အလုပ် လုပ်နေ ကြ ပါပြီ ” လို့ ပီးရက်ဇ် က ထုတ်ဖော် ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

#Sports_Myanmar