အင္တာမီလန္ တိုက္စစ္မွဳးေဟာင္း ဗန္ဒါေမဒီက ရုိမီလူလူကာကူဟာ ဒီရာသီ ခရစ္စတီယာႏုိ ေရာ္နယ္ဒုိထက္ စီးရီးေအ မွာ ဂိုးေတြ ပုိမို သြင္းယူ ႏုိင္လိမ့္မယ္လို႕ ခန္႕မွန္းလိုက္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ အသင္းမွာ အင္တာမီလန္ အသင္းကို ကလပ္ စံခ်ိန္တင္ ေျပာင္းေရြ႕ေၾကး နဲ႕ ေရာက္ရွိ လာခဲ့ျပီးေနာက္ ဘယ္ဂ်ီယံ စတားဟာ အီတလီမွာ ပံုစံေကာင္း ျပသေနျပီး သူ႕ရဲ႕ ပထမဦးဆံုး လိဂ္ပြဲစဥ္ ၂ ပြဲမွာ ၂ ဂိုး သြင္းယူ ထားခဲ့ပါတယ္။

လူကာကူဟာ ျပီးခဲ့တဲ့ ရာသီက မန္ယူႏုိ္က္တက္ အသင္း အတြက္ ပရီးမီးယားလိဂ္ မွာ ၁၂ ဂိုး သာ သြင္းယူ ႏုိ္င္ခဲ့ေပမယ့္ ဗန္ဒါေမဒီ ကေတာ့ လူကာကူ ဟာ စီးရီးေအမွာ ေတာက္ပ ႏုိင္မယ့္ အျပင္ သြင္းဂိုးပုိင္းမွာ ေရာ္နယ္ဒို ကို လြယ္လြယ္ကူကူပဲ အသာရ သြားလိမ့္မယ္လို႕ ဆုိလိုက္ပါတယ္။

ဗန္ဒါေမဒီက “လူကာကူဟာ အီတလီ ေဘာလံုးေလာက ရဲ႕ အမာခံ ပရိတ္သတ္ တစ္ဦး ျဖစ္ျပီး ကၽြန္ေတာ့္ရဲ႕ အျမင္ ကေတာ့ သူဟာ ဒီျပိဳင္ပြဲ အတြက္ ေမြးဖြား လာတဲ့ သူလို႕ ထင္ပါတယ္။ သူဟာ သန္မာတယ္။ ျပီးေတာ့ ဂိုးေတြလည္း အမ်ားၾကီး သြင္းယူ ႏုိင္စြမ္း ရွိပါတယ္။ သူဟာ ရုပ္ပိုင္းဆုိင္ရာမွာ အရမ္းကို ပါ၀ါ ေကာင္းလြန္းတဲ့သူ ျဖစ္ျပီး ဒါဟာ အီတလီ မွာ ရွိတဲ့ ခံစစ္ေတြကို အက်ပ္အတည္း ျဖစ္ေစ ပါလိမ့္မယ္။

လူကာကူဟာ ေရာ္နယ္ဒိုကုိ လြယ္လြယ္ကူကူပဲ အႏုိင္ယူ သြားႏုိင္ပါတယ္။ လူကာကူဟာ သူ ဘယ္ေနရာမွာပဲ ကစားရ ကစားရ ဘယ္လို ဂိုးသြင္းယူ ရမလဲ ဆုိတာကုိ သိေနသူ ဆုိတာ ျပသ ခဲ့ပါတယ္။ သူဟာ တကယ့္ အေထာင္ တုိက္စစ္မွဳး သန္႕သန္႕ပါ။ ခရစ္စတီယာႏုိ ကေတာ့ သူ႕ကစားသမား ဘ၀ ရဲ႕ ကာလ အမ်ားစုကို ေတာင္ပံမွာ ထြက္ကစား ခဲ့ပါတယ္။” လုိ႕ ဆုိလိုက္ပါတယ္။

ေရာ္နယ္ဒုိ ကေတာ့ သူ႕ရဲ႕ ဂိုးသြင္းစြမ္းရည္ တစ္စံုတစ္ရာ က်ဆင္းသြားမွဳ မရွိေသးဘူး ဆိုတာကို မေန႕ညက လစ္သူေယးနီးယား အသင္းကို အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ တစ္ဦးတည္း ေလးဂိုး သြင္းကာ သက္ေသ ျပခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ သူ႕ရဲ႕ ဂ်ဴဗင္တပ္ ကစားသမား ဘ၀ ပထမဦးဆံုး ရာသီမွာ စီးရီးေအ သြင္းဂိုး ၂၁ ဂိုး သြင္းယူ ႏုိင္ခဲ့သလို ဒီရာသီ မွာလည္း ၂ ပြဲ ကစား ၁ ဂုိး သြင္းယူ ထားခဲ့ပါတယ္။

ေရာ္နယ္ဒို နဲ႕ လူကာကူ တုိ႕ ဒီရာသီ ဂုိးေတြ အမ်ားၾကီး သြင္းယူ ႏုိင္ဖို႕ ရွိေနတာေၾကာင့္ ဒီရာသီ စီးရီးေအ ခ်န္ပီယံဆု အတြက္ ပိုမို အၾကိတ္အနယ္ ျဖစ္လာဖို႕ ရွိေနျပီး လက္ရွိမွာေတာ့ အင္တာဟာ ဂိုးကြာျခားခ်က္ အသာနဲ႕ ဇယားထိပ္မွာ ၇ပ္တည္ ေနပါတယ္။ ေႏြရာသီ အေျပာင္းအေရြ႕မွာ ေကာင္းမြန္တဲ့ ကစားသမား ေခၚယူမွဳေတြ လုပ္ထား ခဲ့တဲ့ အျပင္ အန္တုိနီယုိ ကြန္တီလည္း ကိုင္တြယ္ ေနတာေၾကာင့္ ဗန္ဒါေမဒီက အင္တာဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနျပီလို႕ ယံုၾကည္ ေနေပမယ့္ ဂ်ဴဗင္တပ္ ကပဲ အရမ္း သန္မာလြန္းတယ္ ဆုိတာ သက္ေသ ျပသြား လိမ့္မယ္လို႕ ယူဆ ေနပါတယ္။

ဗန္ဒါေမဒီက “ကြန္တီဟာ အင္တာ အတြက္ နည္းျပေကာင္း တစ္ဦးလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူဟာ အသင္းကို တည္ျငိမ္မွုေတြ သယ္ေဆာင္ ေပးလာမယ့္ သူျဖစ္ျပီး ဒါဟာ လက္ရွိ အခ်ိန္မွာ အင္တာတုိ႕ လိုအပ္ ေနတဲ့ အရာပါ။ သူတုိ႕ဟာ အသစ္ ျပန္လည္ စတင္ဖို႕နဲ႕ ထိပ္ဆံုး အဆင့္ကို ျပန္လည္ ေရာက္ရွိဖို႕ တကယ့္ကို ေကာင္းမြန္တဲ့ နည္းျပကုိ ေရြးခ်ယ္ ခဲ့ပါတယ။္

အမွတ္ေပးဖလား ကုိ ဂ်ဴဗင္တပ္ပဲ ဆြတ္ခူး ႏုိင္လိမ့္မယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူတုိ႕ဟာ အီတလီ ရဲ႕ အေကာင္းဆံုး အျဖစ္ အျမဲ ရွိေနမွာ ျဖစ္ျပီး ဒီအသင္းဟာ အျခား အသင္းေတြထက္ ကစားသမား အင္အား ၊ လူအင္အား ပိုမို သာလန္ ပါတယ္။ ကၽြန္ေတာ္ ကေတာ့ ေနာက္ဆံုးမွာ သူတုိ႕ပဲ ဖလား ထပ္ျပီး ဆြတ္ခူးလိမ့္မယ္လို႕ ယံုၾကည္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ဂ်ဴဗင္တပ္ အသင္းဟာ ျပီးခဲ့တဲ့ ၈ ရာသီမွာ စီးရီးေအ ဖလားကို ဗုိလ္စြဲ ထားတဲ့ အသင္း ျဖစ္ျပီး ဒီအမွတ္ေပးဖလား ကို ေနာက္ဆံုး ဗုိလ္စြဲ ထားခဲ့တဲ့ အသင္း ကေတာ့ လြန္ခဲ့တဲ့ ၂၀၁၀-၁၁ ေဘာလံုးရာသီက ေအစီမီလန္ အသင္းပဲ ျဖစ္ပါတယ္။

SM

Unicode

လူကာကူဟာ ရော်နယ်ဒိုကို လွယ်လွယ်ကူကူ ကျော်ဖြတ်ကာ စီးရီးအေ ဂိုးသွင်းဘုရင် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဗန်ဒါမေဒီ

အင်တာမီလန် တိုက်စစ်မှုးဟောင်း ဗန်ဒါမေဒီက ရိုမီလူလူကာကူဟာ ဒီရာသီ ခရစ်စတီယာနို ရော်နယ်ဒိုထက် စီးရီးအေ မှာ ဂိုးတွေ ပိုမို သွင်းယူ နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းမှာ အင်တာမီလန် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး နဲ့ ရောက်ရှိ လာခဲ့ပြီးနောက် ဘယ်ဂျီယံ စတားဟာ အီတလီမှာ ပုံစံကောင်း ပြသနေပြီး သူ့ရဲ့ ပထမဦးဆုံး လိဂ်ပွဲစဉ် ၂ ပွဲမှာ ၂ ဂိုး သွင်းယူ ထားခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူနို်က်တက် အသင်း အတွက် ပရီးမီးယားလိဂ် မှာ ၁၂ ဂိုး သာ သွင်းယူ နို်င်ခဲ့ပေမယ့် ဗန်ဒါမေဒီ ကတော့ လူကာကူ ဟာ စီးရီးအေမှာ တောက်ပ နိုင်မယ့် အပြင် သွင်းဂိုးပိုင်းမှာ ရော်နယ်ဒို ကို လွယ်လွယ်ကူကူပဲ အသာရ သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဗန်ဒါမေဒီက “လူကာကူဟာ အီတလီ ဘောလုံးလောက ရဲ့ အမာခံ ပရိတ်သတ် တစ်ဦး ဖြစ်ပြီး ကျွန်တော့်ရဲ့ အမြင် ကတော့ သူဟာ ဒီပြိုင်ပွဲ အတွက် မွေးဖွား လာတဲ့ သူလို့ ထင်ပါတယ်။ သူဟာ သန်မာတယ်။ ပြီးတော့ ဂိုးတွေလည်း အများကြီး သွင်းယူ နိုင်စွမ်း ရှိပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာမှာ အရမ်းကို ပါ၀ါ ကောင်းလွန်းတဲ့သူ ဖြစ်ပြီး ဒါဟာ အီတလီ မှာ ရှိတဲ့ ခံစစ်တွေကို အကျပ်အတည်း ဖြစ်စေ ပါလိမ့်မယ်။

လူကာကူဟာ ရော်နယ်ဒိုကို လွယ်လွယ်ကူကူပဲ အနိုင်ယူ သွားနိုင်ပါတယ်။ လူကာကူဟာ သူ ဘယ်နေရာမှာပဲ ကစားရ ကစားရ ဘယ်လို ဂိုးသွင်းယူ ရမလဲ ဆိုတာကို သိနေသူ ဆိုတာ ပြသ ခဲ့ပါတယ်။ သူဟာ တကယ့် အထောင် တိုက်စစ်မှုး သန့်သန့်ပါ။ ခရစ်စတီယာနို ကတော့ သူ့ကစားသမား ဘဝ ရဲ့ ကာလ အများစုကို တောင်ပံမှာ ထွက်ကစား ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရော်နယ်ဒို ကတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည် တစ်စုံတစ်ရာ ကျဆင်းသွားမှု မရှိသေးဘူး ဆိုတာကို မနေ့ညက လစ်သူယေးနီးယား အသင်းကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ တစ်ဦးတည်း လေးဂိုး သွင်းကာ သက်သေ ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ဂျူဗင်တပ် ကစားသမား ဘဝ ပထမဦးဆုံး ရာသီမှာ စီးရီးအေ သွင်းဂိုး ၂၁ ဂိုး သွင်းယူ နိုင်ခဲ့သလို ဒီရာသီ မှာလည်း ၂ ပွဲ ကစား ၁ ဂိုး သွင်းယူ ထားခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ လူကာကူ တို့ ဒီရာသီ ဂိုးတွေ အများကြီး သွင်းယူ နိုင်ဖို့ ရှိနေတာကြောင့် ဒီရာသီ စီးရီးအေ ချန်ပီယံဆု အတွက် ပိုမို အကြိတ်အနယ် ဖြစ်လာဖို့ ရှိနေပြီး လက်ရှိမှာတော့ အင်တာဟာ ဂိုးကွာခြားချက် အသာနဲ့ ဇယားထိပ်မှာ ရပ်တည် နေပါတယ်။ နွေရာသီ အပြောင်းအရွေ့မှာ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ထား ခဲ့တဲ့ အပြင် အန်တိုနီယို ကွန်တီလည်း ကိုင်တွယ် နေတာကြောင့် ဗန်ဒါမေဒီက အင်တာဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည် နေပေမယ့် ဂျူဗင်တပ် ကပဲ အရမ်း သန်မာလွန်းတယ် ဆိုတာ သက်သေ ပြသွား လိမ့်မယ်လို့ ယူဆ နေပါတယ်။

ဗန်ဒါမေဒီက “ကွန်တီဟာ အင်တာ အတွက် နည်းပြကောင်း တစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အသင်းကို တည်ငြိမ်မှုတွေ သယ်ဆောင် ပေးလာမယ့် သူဖြစ်ပြီး ဒါဟာ လက်ရှိ အချိန်မှာ အင်တာတို့ လိုအပ် နေတဲ့ အရာပါ။ သူတို့ဟာ အသစ် ပြန်လည် စတင်ဖို့နဲ့ ထိပ်ဆုံး အဆင့်ကို ပြန်လည် ရောက်ရှိဖို့ တကယ့်ကို ကောင်းမွန်တဲ့ နည်းပြကို ရွေးချယ် ခဲ့ပါတယ။်

အမှတ်ပေးဖလား ကို ဂျူဗင်တပ်ပဲ ဆွတ်ခူး နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အီတလီ ရဲ့ အကောင်းဆုံး အဖြစ် အမြဲ ရှိနေမှာ ဖြစ်ပြီး ဒီအသင်းဟာ အခြား အသင်းတွေထက် ကစားသမား အင်အား ၊ လူအင်အား ပိုမို သာလန် ပါတယ်။ ကျွန်တော် ကတော့ နောက်ဆုံးမှာ သူတို့ပဲ ဖလား ထပ်ပြီး ဆွတ်ခူးလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဂျူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ ၈ ရာသီမှာ စီးရီးအေ ဖလားကို ဗိုလ်စွဲ ထားတဲ့ အသင်း ဖြစ်ပြီး ဒီအမှတ်ပေးဖလား ကို နောက်ဆုံး ဗိုလ်စွဲ ထားခဲ့တဲ့ အသင်း ကတော့ လွန်ခဲ့တဲ့ ၂၀၁၀-၁၁ ဘောလုံးရာသီက အေစီမီလန် အသင်းပဲ ဖြစ်ပါတယ်။

SM