ဒီီီရာသီမွာ မန္စီးတီး အသင္းရဲ႕ သြင္းဂိုးအမ်ားစုကို ပါဝင္ပတ္သက္ ထားႏိုင္ခဲ႔တဲ႕ ကြင္းလယ္လူ ဒီဘရိုင္းက အီတီဟတ္ ေျမကို စြန္႔ခြာျဖစ္ခဲ႔ပါက အသင္းေဖာ္ေဟာင္း ကြန္ပနီ ရွိေနတဲ႔ အန္ဒါလက္ခ်္ အသင္းကိုေျပာင္းဖို႔ အစီအစဥ္ရွိေနတယ္လို႕ ထုတ္ေျပာသြားခဲ႔ပါတယ္။

မန္စီးတီး အသင္းနဲ႔ အတူ ကာလရွည္ျဖတ္သန္းခဲ႔ျပီး ဆုဖလားေတြ အမ်ားအျပား ဆြတ္ခူးႏိုင္ခဲ႔တဲ႔ ကြန္ပနီဟာ ျပီးခဲ႔တဲ႔ ရာသီ ကုန္ခ်ိန္မွာေတာ့သူ႔ရဲ႕ ေမြးရပ္ေျမကလပ္ အန္ဒါလက္ခ်္ အသင္းကို ကစားသမား နည္းျပ တဦးအျဖစ္ ေျပာင္းေရႊ႕သြားခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ငယ္ဘဝ အသင္းေဟာင္းထံကို တေက်ာ့ျပန္ ခရီးစဥ္ဟာ ထင္သေလာက္ေတာ့ အဆင္ေျပ လြယ္ကူေခ်ာေမြ႕ ျခင္းမရွိတာျဖစ္ပါတယ္။အန္ဒါလက္ခ်္ အသင္းဟာ ေနာက္ဆံုးကစားခဲ႔တဲ႔ ၅ ပြဲမွာႏိုင္ပြဲ တပြဲ သာရရွိထားခဲ႔တာျဖစ္ျပီးျပိဳင္ပြဲဝင္ ၁၆သင္းရွိတဲ႔ဘယ္ဂ်ီယံလိဂ္မွာ အဆင့္ ၁၃ ေနရာအထိက်ေရာက္ေနပါတယ္။

ဒါေပမယ့္ ဒီဘရိုင္းကေတာ့ သူ႔ရဲ႕ စီနီယာ ေဟာင္းျကီးဟာ လက္ရွိအေနအထားေတြကို အေျပာင္အလဲ လုပ္ႏိုင္စြမ္းရွိတယ္လို႔ ေထာက္ခံေျပာဆိုသြားခဲ႔ျပီး အနာဂတ္မွာ အဆိုပါ အသင္းကို သြားေရာက္ ကစားဖို႔ရွိေနတဲ႔ အေျကာင္းကိုပါေျပာျပသြားခဲ႔တာျဖစ္ပါတယ္။

The Sun နဲ႔ အင္တာဗ်ဴး မွာဒီဘရိုင္းက – ” ကြန္ပနီရဲ႕ ဘဝ ဟာ မန္စီးတီး အသင္းမွာ ျဖတ္သန္းထားခဲ႔ရသလို ပဲ အန္ဒါလက္ခ်္ အသင္းမွာလည္း အံ့မခန္းအေျခအေန မ်ိဳးပိုင္ဆိုင္ႏိုင္မယ္ လို႔ က်ြန္ေတာ္ ေမ်ွာ္လင့္ပါတယ္။သူ႔အသင္းရဲ႕ ေနရာတခုကို လည္းက်ြန္ေတာ့္အတြက္ ထိန္းသိမ္းထားေပးဖို႕ ဆိုျပီး သူ႔ကိုေျပာထားဖူးပါတယ္။

က်ြန္ေတာ္ဟာ လာမယ့္တႏွစ္အတြင္းသို႔ မဟုတ္ ခုႏွစ္ ႏွစ္ ေလာက္အတြင္းမွာမန္စီးတီး ကစားသမားဘဝကို အဆံုးသတ္ခ်ိန္ ေရာက္ခဲ႕ရင္ အဲ႔ဒီကို သြားကစားဖို႔ ျဖစ္ပါတယ္။သူဟာ အဲ႔ဒါကို လုပ္ေဆာင္ေပးထားမယ္ဆုိရင္ က်ြန္ေတာ္႔ရဲ႕ ေနာက္ထပ္လားရာ သုိ႔မဟုတ္ အလုပ္သစ္ဟာ အန္ဒါလက္ခ်္ ျဖစ္လာႏိုင္ပါတယ္။မန္စီးတီးမွာ ကြန္ပနီရွိေနတဲ႔ ကာလေတြကိုလည္း က်ြန္ေတာ္ အမွတ္ရလြမ္းဆြတ္ေနမိပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ကြန္ပနီ အတြက္ ႏွဳတ္ဆက္ အမွတ္တရ ပြဲအျဖစ္ မန္စီးတီီး ဂႏၲဝင္ အသင္းနဲ႔ ပရီးမီးယားလိဂ္ Allstars ဂႏၲဝင္ အသင္းတို႔ဟာ ယေန႔ညမွာ ကစားသြားဖို႔ရွိေနပါတယ္။ဒီဘရိုင္းကေတာ့ မန္စီးတီး အသင္းကို သူေျပာင္းေရႊ႕လာဖို႔ ကြန္ပနီက အေရးပါတဲ႔ ေနရာမွာပါဝင္ခဲ႔တယ္လို႔ ဆိုပါတယ္။

အတိိတ္က အေျကာင္းေတြန႔ဲ ပတ္သက္ျပီး ဒီဘရိုင္းက – ” က်ြန္ေတာ္ဝုလ္ဘတ္ အသင္းမွာ ကစား ေန တုန္း မန္စီးတီး အသင္းကက်ြန္ေတာ့္ကို စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျကိုးစားေနခ႔ဲပါတယ္။ဒီအခ်ိန္မွာပဲ ကြန္ပနီက မန္ခ်က္စတာကို က်ြန္ေတာ္ေျပာင္းလာျပီး သူနဲ႔ အတူကစားဖို႕တြန္းအားေပးခဲ႔ပါတယ္။

သူနဲ႔ က်ြန္ေတာ္ေတြ႔တိုင္းမွာ သူက အျမဲေတာင္းဆိုမွဳေတြကို အဆက္မျပတ္လုပ္ေနခဲ႔ပါတယ္။သူကက်ြန္ေတာ့္ကို -‘ မင္းဒီကို လာဖို႕ လိုတယ္ကြ ‘ လို႔ အျမဲတမ္းေျပာဆုိျပီး က်ြန္ေတာ္ မန္စီးတီးကို ေျပာင္းဖို႕ အားေပးအားေျမာက္ျပဳခဲ႔ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဒီဘရိုင္းဟာ တနလၤာေန႔ မွာကစားခဲ႔တဲ႔ စေကာ့တလန္နဲ႕ ပြဲမွာ ဘယ္ဂ်ီယံ အသင္းအတြက္ ပါဝင္ ကစားေပးခဲ႔ျပီး ဂိုးဖန္တီးမွဳ ၃ ျကိမ္ နဲ႕ သြင္းဂိုး တဂိုးရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ ခဲ႔ပါတယ္။

SPORT MYANMAR

Unicode

မန်စီးတီးအသင်းကနေ ထွက်ဖြစ်ခဲ့ပါက ဘယ်အသင်းကိုပြောင်းမယ်ဆိုတာပြောပြလိုက်တဲ့ခေတ်သစ်AssistKing #ဒီဘရိုင်း
==================================

ဒီီီရာသီမှာ မန်စီးတီး အသင်းရဲ့ သွင်းဂိုးအများစုကို ပါဝင်ပတ်သက် ထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းက အီတီဟတ် မြေကို စွန့်ခွာဖြစ်ခဲ့ပါက အသင်းဖော်ဟောင်း ကွန်ပနီ ရှိနေတဲ့ အန်ဒါလက်ချ် အသင်းကိုပြောင်းဖို့ အစီအစဉ်ရှိနေတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

မန်စီးတီး အသင်းနဲ့ အတူ ကာလရှည်ဖြတ်သန်းခဲ့ပြီး ဆုဖလားတွေ အများအပြား ဆွတ်ခူးနိုင်ခဲ့တဲ့ ကွန်ပနီဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ချိန်မှာတော့သူ့ရဲ့ မွေးရပ်မြေကလပ် အန်ဒါလက်ချ် အသင်းကို ကစားသမား နည်းပြ တဦးအဖြစ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ငယ်ဘဝ အသင်းဟောင်းထံကို တကျော့ပြန် ခရီးစဉ်ဟာ ထင်သလောက်တော့ အဆင်ပြေ လွယ်ကူချောမွေ့ ခြင်းမရှိတာဖြစ်ပါတယ်။အန်ဒါလက်ချ် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာနိုင်ပွဲ တပွဲ သာရရှိထားခဲ့တာဖြစ်ပြီးပြိုင်ပွဲဝင် ၁၆သင်းရှိတဲ့ဘယ်ဂျီယံလိဂ်မှာ အဆင့် ၁၃ နေရာအထိကျရောက်နေပါတယ်။

ဒါပေမယ့် ဒီဘရိုင်းကတော့ သူ့ရဲ့ စီနီယာ ဟောင်းကြီးဟာ လက်ရှိအနေအထားတွေကို အပြောင်အလဲ လုပ်နိုင်စွမ်းရှိတယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပြီး အနာဂတ်မှာ အဆိုပါ အသင်းကို သွားရောက် ကစားဖို့ရှိနေတဲ့ အကြောင်းကိုပါပြောပြသွားခဲ့တာဖြစ်ပါတယ်။

The Sun နဲ့ အင်တာဗျူး မှာဒီဘရိုင်းက – ” ကွန်ပနီရဲ့ ဘဝ ဟာ မန်စီးတီး အသင်းမှာ ဖြတ်သန်းထားခဲ့ရသလို ပဲ အန်ဒါလက်ချ် အသင်းမှာလည်း အံ့မခန်းအခြေအနေ မျိုးပိုင်ဆိုင်နိုင်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်။သူ့အသင်းရဲ့ နေရာတခုကို လည်းကျွန်တော့်အတွက် ထိန်းသိမ်းထားပေးဖို့ ဆိုပြီး သူ့ကိုပြောထားဖူးပါတယ်။

ကျွန်တော်ဟာ လာမယ့်တနှစ်အတွင်းသို့ မဟုတ် ခုနှစ် နှစ် လောက်အတွင်းမှာမန်စီးတီး ကစားသမားဘဝကို အဆုံးသတ်ချိန် ရောက်ခဲ့ရင် အဲ့ဒီကို သွားကစားဖို့ ဖြစ်ပါတယ်။သူဟာ အဲ့ဒါကို လုပ်ဆောင်ပေးထားမယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်ထပ်လားရာ သို့မဟုတ် အလုပ်သစ်ဟာ အန်ဒါလက်ချ် ဖြစ်လာနိုင်ပါတယ်။မန်စီးတီးမှာ ကွန်ပနီရှိနေတဲ့ ကာလတွေကိုလည်း ကျွန်တော် အမှတ်ရလွမ်းဆွတ်နေမိပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ကွန်ပနီ အတွက် နှုတ်ဆက် အမှတ်တရ ပွဲအဖြစ် မန်စီးတီီး ဂန္တဝင် အသင်းနဲ့ ပရီးမီးယားလိဂ် Allstars ဂန္တဝင် အသင်းတို့ဟာ ယနေ့ညမှာ ကစားသွားဖို့ရှိနေပါတယ်။ဒီဘရိုင်းကတော့ မန်စီးတီး အသင်းကို သူပြောင်းရွှေ့လာဖို့ ကွန်ပနီက အရေးပါတဲ့ နေရာမှာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အတိိတ်က အကြောင်းတွေနဲ့ ပတ်သက်ပြီး ဒီဘရိုင်းက – ” ကျွန်တော်ဝုလ်ဘတ် အသင်းမှာ ကစား နေ တုန်း မန်စီးတီး အသင်းကကျွန်တော့်ကို စာချုပ်ချုပ်ဆိုဖို့ ကြိုးစားနေခဲ့ပါတယ်။ဒီအချိန်မှာပဲ ကွန်ပနီက မန်ချက်စတာကို ကျွန်တော်ပြောင်းလာပြီး သူနဲ့ အတူကစားဖို့တွန်းအားပေးခဲ့ပါတယ်။

သူနဲ့ ကျွန်တော်တွေ့တိုင်းမှာ သူက အမြဲတောင်းဆိုမှုတွေကို အဆက်မပြတ်လုပ်နေခဲ့ပါတယ်။သူကကျွန်တော့်ကို -‘ မင်းဒီကို လာဖို့ လိုတယ်ကွ ‘ လို့ အမြဲတမ်းပြောဆိုပြီး ကျွန်တော် မန်စီးတီးကို ပြောင်းဖို့ အားပေးအားမြောက်ပြုခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဒီဘရိုင်းဟာ တနင်္လာနေ့ မှာကစားခဲ့တဲ့ စကော့တလန်နဲ့ ပွဲမှာ ဘယ်ဂျီယံ အသင်းအတွက် ပါဝင် ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် နဲ့ သွင်းဂိုး တဂိုးရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့ပါတယ်။

SPORT MYANMAR