ျဂိဳဟ္သားလို႔ တင္စားထားတဲ့ ေပၚတူဂီ အသင္းေခါင္းေဆာင္ ရိုနာဒို ကေတာ့ မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ လစ္သူေယးနီးယား အသင္းနဲ႔ ပြဲစဥ္မွာ တစ္ဦးတည္း 4 ဂိုး အထိ သြင္းယူ လိုက္ျပန္ျပီ ျဖစ္ပါတယ္။ သူဟာ ဒီၾကားရက္မွာ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ႏိုင္ငံတကာ ပြဲစဥ္ေတြမွာ ေပၚတူဂီ လက္ေရြးစင္ အသင္းအတြက္ စုစုေပါင္း 2 ပြဲ ကစားေပးခဲ့ကာ ၊ သြင္းဂိုးက 5 ဂိုး အထိ ရယူႏိုင္ခဲ့တာလဲ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာေတာ့ သူ႔ရဲ႕ ႏိုင္ငံတကာ သြင္းဂိုးဟာ စုစုေပါင္း 93 ဂိုး အထိ ရွိလာျပီ ျဖစ္သလို ၊ ေဘာလံုးသမိုင္းေၾကာင္း တစ္ေလွ်ာက္ လက္ေရြးစင္ သြင္းဂိုးေပါင္း အမ်ားဆံုး သြင္းယူထားတဲ့ အီရန္ တိုက္စစ္မွဴးေဟာင္း အလီဒါယီ ရဲ႕ 109 ဂိုး စံခ်ိန္ကို အမွီလိုက္ဖို႔ အတြက္ 16 ဂိုးသာ လိုေတာ့သာ ျဖစ္ပါတယ္။

သူ႔ရဲ႕ မဟာ ျပိဳင္ဘက္ၾကီးျဖစ္တဲ့ မက္ဆီ ကေတာ့ ႏိုင္ငံတကာ သြင္းဂိုးေပါင္း 68 ဂိုးအထိ ရယူထားတာပါ။

ဥေရာပ မွတ္တမ္းေတြကို ၾကည့္လုိက္မယ္ ဆိုရင္ ရိုနာဒိုဟာ ဥေရာပ တိုက္ရဲ႕ ႏိုင္ငံတကာ သြင္းဂိုးအမ်ားဆံုး ေဘာလံုးသမား အျဖစ္ ရပ္တည္လွ်က္ ရွိေနျပီး ၊ သူ႔ရဲ႕ ေနာက္မွာေတာ့ ပုစ္ကပ္က 84 ဂိုး ၊ ဟန္ေဂရီ တုိက္စစ္မႈး ေကာ့ဆစ္က 75 ဂိုး နဲ႔ ဂ်ာမဏီ တုိက္စစ္မႈး ကလိုေဆး က 71 ဂိုး အျဖစ္ အသီးသီး ရပ္တည္လွ်က္ ရွိေနပါတယ္။

လက္ရွိ သူ သြင္းယူထားတဲ့ စုစုေပါင္း သြင္းဂိုး 93 ဂိုးမွာ ၊ အိမ္ကြင္းမွာ သြင္းယူခဲ့တဲ့ ဂိုးက 43 ဂိုး အထိ ရွိေနခဲ့ျပီး ၊ အေ၀းကြင္းမွာေတာ့ 35 ဂိုး သြင္းယူထားကာ ၊ ၾကားကြင္း ျပိဳင္ပြဲေတြမွာ စုစုေပါင္း 15 ဂိုး အထိ သြင္းယူထားပါတယ္။

သူ ဂိုးသြင္းယူခဲ့တဲ့ ပြဲေပါင္းက စုစုေပါင္း 61 ပြဲ အထိရွိေနျပီး ၊ အဲဒီ ပြဲစဥ္ေတြမွာ ေပၚတူဂီဟာ 51 ပြဲ အထိ အႏိုင္ ရရွိခဲ့သလုိ ၊ 5 ပြဲ သေရ ၊ 5 ပြဲ ရႈံး ရလာဒ္ ထြက္ေပၚ ထားခဲ့ပါတယ္။

ရိုနာဒိုဟာ လက္ေရြးစင္ ေဘာလံုးသမား ဘ၀မွာ ဟတ္ထရစ္ေပါင္း 8 ၾကိမ္ အထိ ရယူထားပါတယ္ ၊ အဲဒီ အထဲမွာ 4 ဂိုး အထိ သြင္းယူခဲ့တဲ့ ပြဲက 2 ပြဲ ပါ၀င္ေနခဲ့ျပီး ၊ 2 ဂုိး သြင္းယူခဲ့တဲ့ ပြဲက 14 ပြဲ နဲ႔ 1 ဂိုးပြဲ သြင္းယူထားတဲ့ ပြဲေပါင္းက 39 ပြဲ အထိ ရွိေနခဲ့ပါတယ္။

ရိုနာဒို ဂိုးျမဴးေလ့ရွိတဲ့ ျပိဳင္ဘက္ေတြ ကို ၾကည့္လုိက္မယ္ ဆိုရင္ အန္ဒိုရာ ၊ အာေမးနီးယား ၊ လတ္ဗီးယား ၊ ဆီြဒင္ အသင္းေတြ ဘက္ကုိ စုစုေပါင္း 5 ဂိုး အထိ သြင္းယူထားသလို ၊ အက္စ္တိုးနီးယား ၊ ဖာရုိးကြ်န္းစု ၊ လစ္သူေယးနီးယား နဲ႔ ေဟာ္လန္ အသင္းေတြ ဘက္ကိုေတာ့ 4 ဂိုးစီ သြင္းယူ ထားပါတယ္။ သူဟာ အဂၤလန္ ၊ ျပင္သစ္ ၊ ဂ်ာမဏီ နဲ႔ အီတလီ အသင္းေတြဘက္ကိုေတာ့ ဂိုးသြင္းယူ ႏိုင္တဲ့ မွတ္တမ္းမ်ိဳး ပိုင္ဆိုင္ထားျခင္းေတာ့ မရွိပါဘူး။

ရယူထားတဲ့ စံခ်ိန္ မွတ္တမ္းေတြအရ သူဟာ ဥေရာပ ဖလား (ေျခစစ္ပြဲ အပါအ၀င္) တစ္ေလွ်ာက္ စုစုေပါင္း သြင္းဂိုး 34 ဂိုးနဲ႔ အမ်ားဆံုး သြင္းယူထားတဲ့ စံခ်ိန္ကို ပိုင္ဆိုင္ထားပါတယ္။

ဒါ့အျပင္ ဥေရာပ ဖလား ျပိဳင္ပြဲ မွာလဲ သြင္းဂိုး 9 ဂိုး အထိ သြင္းယူဖူးသလုိ ၊ အဲဒီ စံခ်ိန္ဟာ ပလာတီနီ ရယူဖူးတဲ့ ဥေရာပ ဖလားျပိဳင္ပြဲ တစ္ခု အတြင္း အမ်ားဆံုး သြင္းယူတဲ့ စံခ်ိန္ မွတ္တမ္း နဲ႔ တူညီလွ်က္ ရွိေနပါတယ္။

သူဟာ ဥေရာပ ေဘာလံုး အဖြဲ႔ခ်ဳပ္က က်င္းပတဲ့ ပြဲစဥ္ေတြ အတြင္း ဂိုးသြင္း အမ်ားဆံုး ေဘာလံုးသမား အျဖစ္ ရပ္တည္ေနသလုိ စုစုေပါင္း 72 ဂိုး အထိ သြင္းယူထားတဲ့ အျပင္ ၊ ဥေရာပဇံု ကမၻာ့ဖလား ေျခစစ္ပြဲမွာလဲ ဂိုးသြင္း အမ်ားဆံုး ေဘာလံုးသမား အျဖစ္ ရပ္တည္ေနပါတယ္။ ကမၻာ့ဖလား ေျခစစ္ပြဲမွာေတာ့ သူဟာ သြင္းဂိုး 30 အထိ သြင္းယူ ထားခဲ့တာပါ။

SPORT MYANMAR

Unicode

ရိုနာဒို ရဲ့ နိုင်ငံတကာ သွင်းဂိုးတွေကို ခွဲခြမ်း စိတ်ဖြာကြည့်ကြည့်ခြင်း
**********************************************

ဂြိုဟ်သားလို့ တင်စားထားတဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနာဒို ကတော့ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လစ်သူယေးနီးယား အသင်းနဲ့ ပွဲစဉ်မှာ တစ်ဦးတည်း 4 ဂိုး အထိ သွင်းယူ လိုက်ပြန်ပြီ ဖြစ်ပါတယ်။ သူဟာ ဒီကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် စုစုပေါင်း 2 ပွဲ ကစားပေးခဲ့ကာ ၊ သွင်းဂိုးက 5 ဂိုး အထိ ရယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ စုစုပေါင်း 93 ဂိုး အထိ ရှိလာပြီ ဖြစ်သလို ၊ ဘောလုံးသမိုင်းကြောင်း တစ်လျှောက် လက်ရွေးစင် သွင်းဂိုးပေါင်း အများဆုံး သွင်းယူထားတဲ့ အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီ ရဲ့ 109 ဂိုး စံချိန်ကို အမှီလိုက်ဖို့ အတွက် 16 ဂိုးသာ လိုတော့သာ ဖြစ်ပါတယ်။

သူ့ရဲ့ မဟာ ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီ ကတော့ နိုင်ငံတကာ သွင်းဂိုးပေါင်း 68 ဂိုးအထိ ရယူထားတာပါ။

ဥရောပ မှတ်တမ်းတွေကို ကြည့်လိုက်မယ် ဆိုရင် ရိုနာဒိုဟာ ဥရောပ တိုက်ရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံး ဘောလုံးသမား အဖြစ် ရပ်တည်လျှက် ရှိနေပြီး ၊ သူ့ရဲ့ နောက်မှာတော့ ပုစ်ကပ်က 84 ဂိုး ၊ ဟန်ဂေရီ တိုက်စစ်မှုး ကော့ဆစ်က 75 ဂိုး နဲ့ ဂျာမဏီ တိုက်စစ်မှုး ကလိုဆေး က 71 ဂိုး အဖြစ် အသီးသီး ရပ်တည်လျှက် ရှိနေပါတယ်။

လက်ရှိ သူ သွင်းယူထားတဲ့ စုစုပေါင်း သွင်းဂိုး 93 ဂိုးမှာ ၊ အိမ်ကွင်းမှာ သွင်းယူခဲ့တဲ့ ဂိုးက 43 ဂိုး အထိ ရှိနေခဲ့ပြီး ၊ အဝေးကွင်းမှာတော့ 35 ဂိုး သွင်းယူထားကာ ၊ ကြားကွင်း ပြိုင်ပွဲတွေမှာ စုစုပေါင်း 15 ဂိုး အထိ သွင်းယူထားပါတယ်။

သူ ဂိုးသွင်းယူခဲ့တဲ့ ပွဲပေါင်းက စုစုပေါင်း 61 ပွဲ အထိရှိနေပြီး ၊ အဲဒီ ပွဲစဉ်တွေမှာ ပေါ်တူဂီဟာ 51 ပွဲ အထိ အနိုင် ရရှိခဲ့သလို ၊ 5 ပွဲ သရေ ၊ 5 ပွဲ ရှုံး ရလာဒ် ထွက်ပေါ် ထားခဲ့ပါတယ်။

ရိုနာဒိုဟာ လက်ရွေးစင် ဘောလုံးသမား ဘဝမှာ ဟတ်ထရစ်ပေါင်း 8 ကြိမ် အထိ ရယူထားပါတယ် ၊ အဲဒီ အထဲမှာ 4 ဂိုး အထိ သွင်းယူခဲ့တဲ့ ပွဲက 2 ပွဲ ပါ၀င်နေခဲ့ပြီး ၊ 2 ဂိုး သွင်းယူခဲ့တဲ့ ပွဲက 14 ပွဲ နဲ့ 1 ဂိုးပွဲ သွင်းယူထားတဲ့ ပွဲပေါင်းက 39 ပွဲ အထိ ရှိနေခဲ့ပါတယ်။

ရိုနာဒို ဂိုးမြူးလေ့ရှိတဲ့ ပြိုင်ဘက်တွေ ကို ကြည့်လိုက်မယ် ဆိုရင် အန်ဒိုရာ ၊ အာမေးနီးယား ၊ လတ်ဗီးယား ၊ ဆွီဒင် အသင်းတွေ ဘက်ကို စုစုပေါင်း 5 ဂိုး အထိ သွင်းယူထားသလို ၊ အက်စ်တိုးနီးယား ၊ ဖာရိုးကျွန်းစု ၊ လစ်သူယေးနီးယား နဲ့ ဟော်လန် အသင်းတွေ ဘက်ကိုတော့ 4 ဂိုးစီ သွင်းယူ ထားပါတယ်။ သူဟာ အင်္ဂလန် ၊ ပြင်သစ် ၊ ဂျာမဏီ နဲ့ အီတလီ အသင်းတွေဘက်ကိုတော့ ဂိုးသွင်းယူ နိုင်တဲ့ မှတ်တမ်းမျိုး ပိုင်ဆိုင်ထားခြင်းတော့ မရှိပါဘူး။

ရယူထားတဲ့ စံချိန် မှတ်တမ်းတွေအရ သူဟာ ဥရောပ ဖလား (ခြေစစ်ပွဲ အပါအဝင်) တစ်လျှောက် စုစုပေါင်း သွင်းဂိုး 34 ဂိုးနဲ့ အများဆုံး သွင်းယူထားတဲ့ စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ဥရောပ ဖလား ပြိုင်ပွဲ မှာလဲ သွင်းဂိုး 9 ဂိုး အထိ သွင်းယူဖူးသလို ၊ အဲဒီ စံချိန်ဟာ ပလာတီနီ ရယူဖူးတဲ့ ဥရောပ ဖလားပြိုင်ပွဲ တစ်ခု အတွင်း အများဆုံး သွင်းယူတဲ့ စံချိန် မှတ်တမ်း နဲ့ တူညီလျှက် ရှိနေပါတယ်။

သူဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ကျင်းပတဲ့ ပွဲစဉ်တွေ အတွင်း ဂိုးသွင်း အများဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နေသလို စုစုပေါင်း 72 ဂိုး အထိ သွင်းယူထားတဲ့ အပြင် ၊ ဥရောပဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလဲ ဂိုးသွင်း အများဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ သူဟာ သွင်းဂိုး 30 အထိ သွင်းယူ ထားခဲ့တာပါ။

SPORT MYANMAR