ဥေရာပ အေျပာင္းအေရႊ႕ ပိတ္ခါနီး ေနာက္ဆုံးရက္မွာ အာဆင္နယ္ အသင္း ကြင္းလယ္လူ မီခီတာရန္း ဟာ စီရီးေအ ကလပ္ ရိုးမား အသင္းကို တစ္ရာသီ အငွား နဲ႔ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ မီခီတာရန္းက အဂၤလန္ ေဘာလုံးကစားဟန္နဲ႔ အသားမက်တာေၾကာင့္ အာဆင္နယ္ အသင္းမွာ မေပ်ာ္မရႊင္ ျဖစ္ခဲ့ရေၾကာင္းကို ရင္ဖြင့္ ေျပာၾကားသြားခဲ့ပါတယ္။

အာဆင္နယ္ အသင္း နဲ႔ မန္ယူနိုက္တက္ အသင္းတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္၊၂၀၁၈ခုႏွစ္၊ဇန္နဝါရီ အေျပာင္းအေရႊ႕တုန္းက ဆန္းခ်က္ဇ္ နဲ႔ မီခီတာရန္းကို ကစားသမားခ်င္း တိုက္ရိုက္ အလဲအထပ္ ျပဳလုပ္ခဲ့ၿပီး ႏွစ္ဦးစလုံးဟာ သက္ဆိုင္ရာ ကလပ္ အသင္းေတြမွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ ခဲ့ရပါတယ္။

မီခီတာရန္း ဟာ အာဆင္နယ္ အသင္း နဲ႔ ပြဲဦးထြက္မွာ ဂိုးဖန္တီးမွု သုံးႀကိမ္ ျပဳလုပ္ၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ စြမ္းေဆာင္ရည္ပိုင္း က်ဆင္းလာကာ မႏွစ္ကဆို ပုံမွန္ ပြဲထြက္ခြင့္ေတာင္ ရရွိခဲ့ျခင္း မရွိဘဲ ႐ုန္းကန္ ခဲ့ရပါတယ္။

အာေမးနီးယား အသင္း ေခါင္းေဆာင္ မီခီတာရန္းဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ သုံးပြဲ ပါဝင္ ကစားခြင့္ ရထားၿပီး ရိုးမား အသင္းကို မေျပာင္းေရႊ႕ခင္ ေတာ့တင္ဟမ္ အသင္း နဲ႔ ပြဲမွာလည္း လူစားဝင္ ကစားခြင့္ ရခဲ့ပါတယ္။အဆိုပါပြဲမွာ မီခီတာရန္းဟာ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အသုံးခ် နိုင္ခဲ့ျခင္းေတာ့ မရွိပါဘူး ။

အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ မီခီတာရန္းဟာ အာဆင္နယ္ အသင္းမွာ တစ္ပတ္ လစာ ေပါင္ ၂ သိန္း ရရွိေနၿပီး ရိုးမား အသင္းထံ တစ္ရာသီ အငွားခ်လိုက္နိုင္တာေၾကာင့္ အာဆင္နယ္ အသင္းအတြက္ တစ္ပတ္ လစာ ေပါင္ ၁၈၀၀၀၀ အထိ သက္သာ သြားခဲ့ရပါတယ္။

မီခီတာရန္း က အင္တာဗ်ဴး တစ္ခုမွာ ” က်ေနာ္က ေဘာလုံးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ကစားခ်င္တာပါ ၊ ဘယ္အရပ္ေဒသမွာပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။ အဂၤလန္မွာက လုံးဝ မေပ်ာ္ေတာ့လို႔ပါ။ေအးဂ်င့္ဆီက ဖုန္းရတဲ့ အခ်ိန္မွာ က်ေနာ္ အဲ့မွာ ကစားခ်င္တယ္ ေျပာလိုက္ပါတယ္။ ေငြေရးေၾကးေရး ကိစၥေတာင္ မေျပာျဖစ္ပါဘူး။”

” အာဆင္နယ္ အသင္းမွာ မေပ်ာ္ရြင္ ခဲ့ရတာက အဂၤလန္ေဘာလုံး ကစားဟန္နဲ႔ အသားမက်လို႔လည္း ျဖစ္နိုင္ပါတယ္။ အာဆင္နယ္ အသင္းမွာ ကစားရတဲ့ ေနာက္ဆုံးလကေတာ့ လုံးဝ မေပ်ာ္ရႊင္ ခဲ့ရပါဘူး။ဒါေၾကာင့္ ရိုးမားအသင္းကို ေျပာင္းၿပီး ေဘာလုံးကစားျခင္းကေန ရတဲ့ ေပ်ာ္ရႊင္မွုကို ျပန္လည္ ရယူဖို႔ ဆုံးျဖတ္လိုက္တာပါ။”

” အခု ရိုးမားကို ေရာက္ေနၿပီဆိုေတာ့ သူတို႔အတြက္အာ႐ုံစိုက္ ကစား ေတာ့မွာပါ ။ က်ေနာ့္ ကစားသမား ဘဝ ေနာက္ျပန္ဆုတ္သြားတာေတာ့ မဟုတ္ပါဘူး၊ က်ေနာ္ ကိုယ္တိုင္ကိုယ္ က အေျပာင္းအလဲ လုပ္ဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ ရလာတဲ့ အခြင့္အေရးကို အမိအရ ဖမ္းဆုပ္လိုက္တာပါပဲ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

မီခီတာရန္း ဟာ ဒီရာသီမွာ ရိုးမား အသင္း အတြက္ ၂၅ ပြဲႏွင့္ အထက္ ကစားနိုင္ခဲ့ပါက အၿပီးသတ္ ဝယ္ယူခြင့္ေပးဖို႔ အာဆင္နယ္ နဲ႔ ရိုးမား အသင္းၾကား သေဘာတူညီမွု ရယူ ထားတယ္လို႔ သတင္းေတြလည္း ထြက္ေပၚ ေနပါတယ္။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းကနေ ထွက်ခွာဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကို ရင်ဖွင့်လိုက်တဲ့ မီခီတာရန်း
==================================

ဥရောပ အပြောင်းအရွှေ့ ပိတ်ခါနီး နောက်ဆုံးရက်မှာ အာဆင်နယ် အသင်း ကွင်းလယ်လူ မီခီတာရန်း ဟာ စီရီးအေ ကလပ် ရိုးမား အသင်းကို တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မီခီတာရန်းက အင်္ဂလန် ဘောလုံးကစားဟန်နဲ့ အသားမကျတာကြောင့် အာဆင်နယ် အသင်းမှာ မပျော်မရွှင် ဖြစ်ခဲ့ရကြောင်းကို ရင်ဖွင့် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်၊၂၀၁၈ခုနှစ်၊ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဆန်းချက်ဇ် နဲ့ မီခီတာရန်းကို ကစားသမားချင်း တိုက်ရိုက် အလဲအထပ် ပြုလုပ်ခဲ့ပြီး နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ ကလပ် အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။

မီခီတာရန်း ဟာ အာဆင်နယ် အသင်း နဲ့ ပွဲဦးထွက်မှာ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာကာ မနှစ်ကဆို ပုံမှန် ပွဲထွက်ခွင့်တောင် ရရှိခဲ့ခြင်း မရှိဘဲ ရုန်းကန် ခဲ့ရပါတယ်။

အာမေးနီးယား အသင်း ခေါင်းဆောင် မီခီတာရန်းဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် သုံးပွဲ ပါဝင် ကစားခွင့် ရထားပြီး ရိုးမား အသင်းကို မပြောင်းရွှေ့ခင် တော့တင်ဟမ် အသင်း နဲ့ ပွဲမှာလည်း လူစားဝင် ကစားခွင့် ရခဲ့ပါတယ်။အဆိုပါပွဲမှာ မီခီတာရန်းဟာ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချ နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ မီခီတာရန်းဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လစာ ပေါင် ၂ သိန်း ရရှိနေပြီး ရိုးမား အသင်းထံ တစ်ရာသီ အငှားချလိုက်နိုင်တာကြောင့် အာဆင်နယ် အသင်းအတွက် တစ်ပတ် လစာ ပေါင် ၁၈၀၀၀၀ အထိ သက်သာ သွားခဲ့ရပါတယ်။

မီခီတာရန်း က အင်တာဗျူး တစ်ခုမှာ ” ကျနော်က ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ပဲ ကစားချင်တာပါ ၊ ဘယ်အရပ်ဒေသမှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အင်္ဂလန်မှာက လုံးဝ မပျော်တော့လို့ပါ။အေးဂျင့်ဆီက ဖုန်းရတဲ့ အချိန်မှာ ကျနော် အဲ့မှာ ကစားချင်တယ် ပြောလိုက်ပါတယ်။ ငွေရေးကြေးရေး ကိစ္စတောင် မပြောဖြစ်ပါဘူး။”

” အာဆင်နယ် အသင်းမှာ မပျော်ရွင် ခဲ့ရတာက အင်္ဂလန်ဘောလုံး ကစားဟန်နဲ့ အသားမကျလို့လည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ် အသင်းမှာ ကစားရတဲ့ နောက်ဆုံးလကတော့ လုံးဝ မပျော်ရွှင် ခဲ့ရပါဘူး။ဒါကြောင့် ရိုးမားအသင်းကို ပြောင်းပြီး ဘောလုံးကစားခြင်းကနေ ရတဲ့ ပျော်ရွှင်မှုကို ပြန်လည် ရယူဖို့ ဆုံးဖြတ်လိုက်တာပါ။”

” အခု ရိုးမားကို ရောက်နေပြီဆိုတော့ သူတို့အတွက်အာရုံစိုက် ကစား တော့မှာပါ ။ ကျနော့် ကစားသမား ဘဝ နောက်ပြန်ဆုတ်သွားတာတော့ မဟုတ်ပါဘူး၊ ကျနော် ကိုယ်တိုင်ကိုယ် က အပြောင်းအလဲ လုပ်ဖို့ စိတ်အားထက်သန်နေတာကြောင့် ရလာတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်တာပါပဲ။” လို့ ပြောကြား သွားခဲ့ပါတယ်။

မီခီတာရန်း ဟာ ဒီရာသီမှာ ရိုးမား အသင်း အတွက် ၂၅ ပွဲနှင့် အထက် ကစားနိုင်ခဲ့ပါက အပြီးသတ် ဝယ်ယူခွင့်ပေးဖို့ အာဆင်နယ် နဲ့ ရိုးမား အသင်းကြား သဘောတူညီမှု ရယူ ထားတယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

SPORTS MYANMAR