Daniel James
#Sports_Myanmar
Unicode
ယူနိုက်တက်မှာ ဘယ်သူတွေက သူ့ကို စိတ်လှုပ်ရှားမှုတွေ ပေးခဲ့ကြသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #ဒန်နီယယ်ဂျိမ်းစ်
===================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသက် 21 နှစ် အရွယ် တောင်ပံ တိုက်စစ် ကစားသမား သစ် ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် က အကောင်းဆုံး ကြိုးစား ကစား ပြ နိုင်ဖို့ အတွက် ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေက သူ့ကို စိတ်လှုပ်ရှား မှုတွေ ပေးခဲ့ ကြကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒန်နီယယ် ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ဆွမ်ဆီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပေါင် 15 သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသက် အရွယ် ငယ်ရွယ် မှု ၊ ကျော်ကြား မှု မရှိ ခြင်း ၊ အတွေ့ အကြုံ နည်းပါး ခြင်း တွေကြောင့် ပရိသတ် တွေရဲ့ အထူး မျှော်လင့်ချက် ထားရှိ ခြင်း မခံ ခဲ့ရ ပါဘူး ။
ဒါ့အပြင် ယူနိုက်တက် ပရိသတ် အများစု မျှော်လင့် ထားခဲ့ ကြ သလို ပဲ သူဟာ အသင်း သစ်ရဲ့ ရာသီ သစ် အဖွင့် ပွဲစဉ်မှာ အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ အဆိုပါ ပွဲစဉ် မှာ အသင်း အတွက် တစ်ဂိုး သွင်းယူ နိုင် ခဲ့တဲ့ နောက် သူဟာ နောက်ပွဲ တွေမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ခဲ့ ပါတယ် ။
သူဟာ ဒီ ရာသီ အတွင်း ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 4 ပွဲမှာ ပါဝင် ကစား ခဲ့ပြီး 3 ဂိုး အထိ သွင်းယူ နိုင် ခဲ့တဲ့ အတွက် တစ်စ ထက် တစ်စ စောင့်ကြည့် ခြင်း ခံလာ ခဲ့ရ ပါတယ် ။ အခုတော့ သူဟာ ဝေးလ် လက်ရွေးစင် အသင်း အတွက် ကစား ပေး ခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်း အတွက် တစ်လုံး တည်းသော အနိုင် ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့တဲ့ အတွက် ချီးကျူး မှုတွေ ရရှိ ခဲ့ပြန် ပါတယ် ။
အခုတော့ ဒန်နီယယ် ဂျိမ်းစ် က ယူနိုက်တက် ပရိသတ် တွေရဲ့ အားပေး မှု တွေက သူ့ကို အရမ်း ပဲ စိတ်လှုပ်ရှား စေခဲ့ ကြောင်း ၊ သူတို့ တွေဟာ ယူနိုက်တက် အသင်း ရဲ့ 12 ယောက်မြောက် ကစားသမား တွေ ဖြစ်ကြောင်း အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် မှာ ချီးကျူး ဂုဏ်ပြု စကား ပြောသွား ခဲ့လိုက် ပါတယ် ။
” ကျွန်တော် ခရစ္စတယ် ပဲလေ့စ် အသင်း ကစား ခဲ့ ရတဲ့ ပွဲစဉ် တုန်းက အိမ်ကွင်း မှာ ပထမဆုံး ပွဲထွက် ကစား ခဲ့ ရတဲ့ အတွေ့ အကြံု ဟာ တစ်ကယ့် ကို တစ်ကယ့် ကို ထူးကဲ ကောင်းမွန် လှခဲ့ ပါတယ် ။ ကျွန်တော် အဲ့တာ ကို တစ်ကယ် ပဲ ပျော်ရွှင် ခံစား ခဲ့ရ ပါတယ် ”
” ကျွန်တော် ကွင်းထဲ ဝင်ရောက် လာတာ တဲ့ တစ်ကယ့် ကို ထူးထူး ခြားခြား စိတ်လှုပ်ရှား ခဲ့ရ ပါတယ် ။ အိမ်ကွင်း ရဲ့ အငွေ့ အသက် တွေက တစ်ကယ့် ကို အံ့ချီး ဖွယ်ရာ ပါပဲ ။ ဒါ့အပြင် ဝုလ်ဗ် အသင်း နဲ့ ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် တုန်းက လာရောက် အားပေး ခဲ့ ကြတဲ့ ပရိသတ် အရည်အတွက် ဟာလည်း တစ်ကယ့် ကို အံ့ဖွယ် ဖြစ်ခဲ့ ရ ပါတယ် ”
” အဲ့ဒီ ပွဲစဉ် တုန်းက တောင် သူတို့ ရဲ့ အားပေး မှု တွေက အိမ်ကွင်း ကျယ်လောင် မြိုင်ဆိုင် ခဲ့ပါ သေးတယ် ။ အဲ့တာ က ကျွန်တော် တို့ ဒီနှစ် ကစား ရမယ့် ပွဲစဉ် တွေ အတွက် အရမ်း ကို အရေးပါ လွန်းတဲ့ အရာ တွေ ပါပဲ ။ သူတို့ တွေဟာ အခုလို ကျွန်တော် တို့ အနောက် မှာ ရှိနေ ခြင်းက ကွင်းထဲ 12 ယောက် မြောက် ကစာသမား ကို ပိုင်ဆိုင် ထားရ သလို ခံစား ရပြီး အင်တိုက် အားတိုက် ကြိုးစား လိုစိတ် ဖြစ်စေ ပါတယ် ” လို့ ဒန်နီယယ် ဂျိမ်းစ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဒီ တစ်ပါတ် စနေ နေ့ည 8:30 အချိန် မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ လက်စတာ စီးတီး အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက် ဟာ သုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေ ခဲ့တဲ့ အတွက် ဒီ တစ်ပွဲ မှာ ရလဒ် ကောင်း ရယူ နိုင်ဖို့ အထူး လိုအပ် နေ ပါတယ် ။
#Sports_Myanmar