* ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ ဒရင့္ခ္ဝါးတား ဟာ ျပီးခဲ့တဲ့ ရက္ပိုင္း က ႏိုက္ကလပ္ မွာ လူ ၆ေယာက္ ရဲ႕ တိုက္ခိုက္ ခဲ့ျခင္း ကို ခံခဲ့ ရျပီး ခ်ယ္လ္ဆီး အသင္းဖက္ ကေတာ့ ၄င္းကို စည္းကမ္းပိုင္း ခ်ိဳးေဖာက္ျခင္း အတြက္ ျပစ္ဒဏ္ တစံုတရာ ေပးခဲ့ျခင္းေတာ့ မရွိခဲ့ဘူး လို႕ Sky Sports ရဲ႕ ေဖာ္ျပခ်က္ တခု အရ သိရပါတယ္ ။ ဒရင့္ခ္ဝါးတား ဟာ ထို ရန္ပြဲ မျဖစ္မီ က ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ ၆ပတ္ ဝန္းက်င္ေလာက္ အနားယူ ရမယ္ လို႕ သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ က လတ္တေလာ ဆိုရွယ္ မီဒီယာ တခု ျဖစ္တဲ့ တြစ္တာ အေပၚ မွာ လူမည္း ကစားသမား ေတြ အေပၚ လူမ်ိဳးေရး ခဲြျခားမႈ ေတြက အေတာ္ မ်ားျပား လာျပီ ျဖစ္ေၾကာင္း ၊ တြစ္တာ အေနနဲ႕ ဒီလို လူမ်ိဳးေရး ခြဲျခားမႈ ေတြ အတြက္ ႏွိမ္နင္း ေပးဖို႕ လိုလာသလို ၊ လူေတြဟာ တေယာက္ နဲ႕ တေယာက္ မတူညီ တာေၾကာင့္ စည္းကမ္းပိုင္း ထိန္းသိမ္း ေပးရမွာ ျဖစ္တယ္ လို႕ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ဆယ္ေက်ာ္သက္ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ လာမယ့္ အပတ္ ထဲမွာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆို သြားႏိုင္တယ္ လို႕ Goal သတင္း ဌာန ရဲ႕ ေဖာ္ျပခ်က္ တခု အရ သိရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ အိုဒိြဳင္း အျပင္ ရိစ္ဂ်ိမ္းစ္ ၊ တမ္မီ ေအဘရာဟမ္ ၊ အီမာဆင္ တို႕ကိို လည္း အိုဒိြဳင္း ျပီးတာနဲ႕ ဆက္တိုက္ စာခ်ဳပ္သစ္ ေတြ ခ်ဳပ္သြားဖို႔ ရွိတယ္ လို႕ သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ေတာင္ပံ ကစားသမား ဗစ္တာ ေမာ့ဆက္စ္ ဟာ လက္ရွိ မွာ တူရကီ ကလပ္ ဖီနာဘာခ်ီ အသင္း သို႕ တရာသီ အငွား ကစား ေနေသးကာ ၄င္းရဲ႕ အငွား စာခ်ဳပ္ မွာလည္း အျပီးသတ္ ေခၚယူခြင့္ ကို ထည့္သြင္း ခ်ဳပ္ဆို ထားခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း တပတ္ လုပ္ခ စတာလင္ေပါင္ ၇၅၀၀၀ ရရွိ ေနတဲ့ ဗစ္တာ ေမာ့ဆက္စ္ အတြက္ ဖီနာဘာခ်ီ အေနနဲ႕ ေပးေခ် ဖို႕ မတတ္ႏိုင္တာေၾကာင့္ အျပီးသတ္ ေခၚယူဖို႕ က ျဖစ္လာႏိုင္ဖြယ္ မရွိဘူး လို႕ Goal ရဲ႕ သတင္း တရပ္ အရ သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ခံစစ္မွဴး အီသန္ အမ္ပါဒူ ဟာ လက္ရွိ မွာ ဘြန္ဒက္စ္လီဂါ ကလပ္ လစ္ပ္ဇစ္ အသင္း သို႕ တရာသီ အငွား ကစား ေနေပမယ့္ အခု အခ်ိန္ အထိ ပြဲထြက္ခြင့္ မရေသးပါဘူး ။ သို႕ေပမယ့္ လည္း ေဝးလ္စ္ လက္ေရြးစင္ အတြက္ေတာ့ အမ္ပါဒူ အေရြးခံ ေနရပါတယ္ ။ ၄င္းရဲ႕ အသင္းေဖာ္ တဦး ျဖစ္တဲ့ ဂ်ိဳး အလန္ ကေတာ့ အမ္ပါဒူ ဟာ အခု အခ်ိန္ မွာ ကလပ္ အတြက္ မကစား ေပးရေသးေပမယ့္ သူ႕ရဲ႕ အစြမ္းအစ နဲ႕ အရည္အခ်င္း ေတြေၾကာင့္ ကစားခြင့္ ေတြ ျပန္လည္ ရရွိလာမွာ က်ိန္းေသတယ္ လို႕ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ လာမယ့္ ေသာၾကာ ေန႕ည မွာ ကစားမယ့္ ဘရိုက္တန္ ယူ ၂၃ အသင္း နဲ႕ ပရီးမီးယားလိဂ္ ၂ ပြဲစဥ္ မွာ ျပန္ျပီး ပါဝင္ ကစား ေပးေတာ့မယ္ လို႕ သိရပါတယ္ ။ အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ရာသီ က ရရွိ ခဲ့တဲ့ ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူ ေနခဲ့ရေပမယ့္ အခုအခါ မွာေတာ့ ျပန္ျပီး သက္သာ လာျပီ ျဖစ္ပါတယ္ ။

* မေန႕ည က ကစား သြားခဲ့တဲ့ ကာရာေဘာင္ ဖလား ဒုတိယ အဆင့္ ျပန္ကန္ ပြဲစဥ္ တပြဲ ျဖစ္တဲ့ မက္ကလက္စ္ဖီးလ္ေတာင္း အသင္း နဲ႕ ဂရင္စဘီေတာင္း အသင္း တို႕ရဲ႕ ပြဲစဥ္ ဟာ သာမန္ ပြဲခ်ိန္ အတြင္း ဂိုးမရွိ သေရ ရလဒ္ ထြက္ေပၚ ခဲ့ျပီး ပင္နယ္တီ အဆံုးအျဖတ္ မွာ ဂရင္စဘီေတာင္း အသင္း က ၅ – ၄ နဲ႕ အႏိုင္ ရခဲ့ကာ တတိယ အဆင့္ မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ ရင္ဆိုင္ ရေတာ့မွာ ျဖစ္ပါတယ္ ။ ထို တတိယ အဆင့္ ပြဲစဥ္ ကို စက္တင္ဘာ ၂၅ ရက္ ၊ စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား မွာ ျဖစ္ပါတယ္ ။

* အီတလီ လက္ေရြးစင္ အသင္း နဲ႕ ဖင္လန္ လက္ေရြးစင္ အသင္း ပြဲစဥ္ မွာ ဒဏ္ရာ အေသးစား တခု ရရွိ ခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ အီမာဆင္ ဟာ ယခု တပတ္ ဝုလ္ဗ္ အသင္း နဲ႕ ပြဲစဥ္ မွာ ပါဝင္ ကစားေပးဖို႔ မေသခ်ာဘူး လို႕ Daily Mail ရဲ႕ ေဖာ္ျပခ်က္ တခု အရ သိရပါတယ္ ။ အီမာဆင္ ရဲ႕ ေနရာ အတြက္ မားကို႕စ္ အလြန္ဆို ကို ဖရန္႕ လမ္းပတ္ ေနရာ ေပးဖြယ္ ရွိေနပါတယ္ ။

* မေန႕ည က ႏိုင္ငံ ပြဲစဥ္ ေတြမွ ခ်ယ္လ္ဆီး ကစားသမားေတြရဲ႕ ေျခစြမ္းမ်ား
ေရာ့စ္ ဘာကေလာ ( အဂၤလန္ လက္ေရြးစင္ ) ( ၈၃ မိနစ္ အထိ ပါဝင္ )
ေမဆင္ေမာင့္ ( အဂၤလန္ လက္ေရြးစင္ ) ( ၈၃ မိနစ္ မွာ လူစားဝင္ )
အိုလီဗီယာ ဂ်ရူး ( ျပင္သစ္ လက္ေရြးစင္ ) ( ၇၂ မိနစ္ အထိ ပါဝင္ )
ကတ္ဇူးမား ( ျပင္သစ္ လက္ေရြးစင္ ) ( ပါဝင္ခြင့္မရ )
လူးဝစ္ ကိုဝဲလ္ ၊ ဆမ္ျမဴရယ္ အီလင္း ( အဂၤလန္ ယူ ၁၇ ) ( ပြဲခ်ိန္ျပည့္ )

SPORTS MYANMAR

Unicode

လာမယ့် အပတ် အတွင်း စာချုပ်သစ် ချုပ်ဆိုဖွယ် ရှိတဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ဝုလ်ဗ် နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာတဲ့ အီမာဆင် နဲ့ အခြား ချယ်လ်ဆီး သတင်းတိုများ

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဒရင့်ခ်ဝါးတား ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က နိုက်ကလပ် မှာ လူ ၆ယောက် ရဲ့ တိုက်ခိုက် ခဲ့ခြင်း ကို ခံခဲ့ ရပြီး ချယ်လ်ဆီး အသင်းဖက် ကတော့ ၄င်းကို စည်းကမ်းပိုင်း ချိုးဖောက်ခြင်း အတွက် ပြစ်ဒဏ် တစုံတရာ ပေးခဲ့ခြင်းတော့ မရှိခဲ့ဘူး လို့ Sky Sports ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဒရင့်ခ်ဝါးတား ဟာ ထို ရန်ပွဲ မဖြစ်မီ က ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၆ပတ် ဝန်းကျင်လောက် အနားယူ ရမယ် လို့ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က လတ်တလော ဆိုရှယ် မီဒီယာ တခု ဖြစ်တဲ့ တွစ်တာ အပေါ် မှာ လူမည်း ကစားသမား တွေ အပေါ် လူမျိုးရေး ခွဲခြားမှု တွေက အတော် များပြား လာပြီ ဖြစ်ကြောင်း ၊ တွစ်တာ အနေနဲ့ ဒီလို လူမျိုးရေး ခွဲခြားမှု တွေ အတွက် နှိမ်နင်း ပေးဖို့ လိုလာသလို ၊ လူတွေဟာ တယောက် နဲ့ တယောက် မတူညီ တာကြောင့် စည်းကမ်းပိုင်း ထိန်းသိမ်း ပေးရမှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဆယ်ကျော်သက် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ လာမယ့် အပတ် ထဲမှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို သွားနိုင်တယ် လို့ Goal သတင်း ဌာန ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ အိုဒွိုင်း အပြင် ရိစ်ဂျိမ်းစ် ၊ တမ်မီ အေဘရာဟမ် ၊ အီမာဆင် တို့ကိို လည်း အိုဒွိုင်း ပြီးတာနဲ့ ဆက်တိုက် စာချုပ်သစ် တွေ ချုပ်သွားဖို့ ရှိတယ် လို့ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဗစ်တာ မော့ဆက်စ် ဟာ လက်ရှိ မှာ တူရကီ ကလပ် ဖီနာဘာချီ အသင်း သို့ တရာသီ အငှား ကစား နေသေးကာ ၄င်းရဲ့ အငှား စာချုပ် မှာလည်း အပြီးသတ် ခေါ်ယူခွင့် ကို ထည့်သွင်း ချုပ်ဆို ထားခဲ့ပါတယ် ။ သို့ပေမယ့် လည်း တပတ် လုပ်ခ စတာလင်ပေါင် ရ၅၀၀၀ ရရှိ နေတဲ့ ဗစ်တာ မော့ဆက်စ် အတွက် ဖီနာဘာချီ အနေနဲ့ ပေးချေ ဖို့ မတတ်နိုင်တာကြောင့် အပြီးသတ် ခေါ်ယူဖို့ က ဖြစ်လာနိုင်ဖွယ် မရှိဘူး လို့ Goal ရဲ့ သတင်း တရပ် အရ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခံစစ်မှူး အီသန် အမ်ပါဒူ ဟာ လက်ရှိ မှာ ဘွန်ဒက်စ်လီဂါ ကလပ် လစ်ပ်ဇစ် အသင်း သို့ တရာသီ အငှား ကစား နေပေမယ့် အခု အချိန် အထိ ပွဲထွက်ခွင့် မရသေးပါဘူး ။ သို့ပေမယ့် လည်း ဝေးလ်စ် လက်ရွေးစင် အတွက်တော့ အမ်ပါဒူ အရွေးခံ နေရပါတယ် ။ ၄င်းရဲ့ အသင်းဖော် တဦး ဖြစ်တဲ့ ဂျိုး အလန် ကတော့ အမ်ပါဒူ ဟာ အခု အချိန် မှာ ကလပ် အတွက် မကစား ပေးရသေးပေမယ့် သူ့ရဲ့ အစွမ်းအစ နဲ့ အရည်အချင်း တွေကြောင့် ကစားခွင့် တွေ ပြန်လည် ရရှိလာမှာ ကျိန်းသေတယ် လို့ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ လာမယ့် သောကြာ နေ့ည မှာ ကစားမယ့် ဘရိုက်တန် ယူ ၂၃ အသင်း နဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ် မှာ ပြန်ပြီး ပါဝင် ကစား ပေးတော့မယ် လို့ သိရပါတယ် ။ အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ရာသီ က ရရှိ ခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကာလရှည် အနားယူ နေခဲ့ရပေမယ့် အခုအခါ မှာတော့ ပြန်ပြီး သက်သာ လာပြီ ဖြစ်ပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား ဒုတိယ အဆင့် ပြန်ကန် ပွဲစဉ် တပွဲ ဖြစ်တဲ့ မက်ကလက်စ်ဖီးလ်တောင်း အသင်း နဲ့ ဂရင်စဘီတောင်း အသင်း တို့ရဲ့ ပွဲစဉ် ဟာ သာမန် ပွဲချိန် အတွင်း ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် မှာ ဂရင်စဘီတောင်း အသင်း က ၅ – ၄ နဲ့ အနိုင် ရခဲ့ကာ တတိယ အဆင့် မှာ ချယ်လ်ဆီး အသင်း နဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ် ။ ထို တတိယ အဆင့် ပွဲစဉ် ကို စက်တင်ဘာ ၂၅ ရက် ၊ စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား မှာ ဖြစ်ပါတယ် ။

* အီတလီ လက်ရွေးစင် အသင်း နဲ့ ဖင်လန် လက်ရွေးစင် အသင်း ပွဲစဉ် မှာ ဒဏ်ရာ အသေးစား တခု ရရှိ ခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အီမာဆင် ဟာ ယခု တပတ် ဝုလ်ဗ် အသင်း နဲ့ ပွဲစဉ် မှာ ပါဝင် ကစားပေးဖို့ မသေချာဘူး လို့ Daily Mail ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ အီမာဆင် ရဲ့ နေရာ အတွက် မားကို့စ် အလွန်ဆို ကို ဖရန့် လမ်းပတ် နေရာ ပေးဖွယ် ရှိနေပါတယ် ။

* မနေ့ည က နိုင်ငံ ပွဲစဉ် တွေမှ ချယ်လ်ဆီး ကစားသမားတွေရဲ့ ခြေစွမ်းများ
ရော့စ် ဘာကလော ( အင်္ဂလန် လက်ရွေးစင် ) ( ၈၃ မိနစ် အထိ ပါဝင် )
မေဆင်မောင့် ( အင်္ဂလန် လက်ရွေးစင် ) ( ၈၃ မိနစ် မှာ လူစားဝင် )
အိုလီဗီယာ ဂျရူး ( ပြင်သစ် လက်ရွေးစင် ) ( ရ၂ မိနစ် အထိ ပါဝင် )
ကတ်ဇူးမား ( ပြင်သစ် လက်ရွေးစင် ) ( ပါဝင်ခွင့်မရ )
လူးဝစ် ကိုဝဲလ် ၊ ဆမ်မြူရယ် အီလင်း ( အင်္ဂလန် ယူ ၁၇ ) ( ပွဲချိန်ပြည့် )

SPORTS MYANMAR