ခ်ဲလ္ဆီး အသင္း ရဲ့ ဂိုးသမား ေဟာင္း ျဖစ္သူ ရွဝါဇာ က ယူနုိက္တက္ နံပါတ္ တစ္ ဂိုးသမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ အေန နဲ့ လစာ ေငြ မ်ားစြာ လိုခ်င္ ပါက ( သို့မဟုတ္ ) အသင္း ေျပာင္းေရႊ့ လို ပါက လက္ရွိ ကစား ေနတဲ့ အေနအထား ထက္ ပိုေကာင္း တဲ့ ပံုစံ ေတြကို ျပသ သြားဖုိ႔ လိုအပ္ ေၾကာင္း သတိေပး စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ အခ်ိန္ ဒီဂီယာ ဟာ ယူနုိက္တက္ နဲ့ စာခ်ဳပ္ သက္တမ္း ကုန္ဆံုး သြားဖုိ႔ ရွိ ေနတဲ့ အတြက္ အသင္း ဖက္မွ သူ့ကို စာခ်ဳပ္ ခ်ဳပ္ဆို ဖုိ႔ အတြက္ လုပ္ေဆာင္ ေနခဲ့ ပါတယ္ ။ ဒါ့အျပင္ အျခား တစ္ဖက္ မွာ သူ့ကို ေခၚယူ ဖုိ႔ အတြက္ စီးရီးေအ ခ်န္ပီယံ ဂ်ဴဗင္တပ္ အသင္း နဲ့ လီဂူး ဝမ္း ခ်န္ပီယံ PSG အသင္း တုိ့က စိတ္ဝင္စား ေနၾက ပါတယ္ ။

အျခား တစ္ဖက္ မွာေတာ့ ယူနုိက္တက္ နံပါတ္ တစ္ ဂိုးသမား ျဖစ္သူ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကုန္ဆံုး ကာနီး မွာ အမွား ေတြ မ်ားစြာ က်ဴးလြန္ ထားခဲ့ သလို ဒီေဘာလံုး ရာသီ မွာလည္း မလိုအပ္ တဲ့ အမွား ေတြကို ထပ္မံ က်ဳဴးလြန္ ထားခဲ့ ပါ ေသးတယ္ ။

ဒါ့ေၾကာင့္ ဒီဂီယာ အေန နဲ့ ယူနုိက္တက္ ဆီမွ လုိခ်င္ သေလာက္ ပမာဏ တစ္ခု ရယူ လို ပါက ( သို့မဟုတ္ ) အသင္း ေျပာင္းေရႊ့ လို ပါက ထုိက္တန္ တဲ့ လက္စြမ္း ေကာင္း ေတြကို ျပသ သြားနုိင္ ဖုိ႔ လိုအပ္ ေၾကာင္း ၊ လက္ရွိ လက္စြမ္း ကို ပိုမို တိုးတက္ ေအာင္ လုပ္ေဆာင္ သင့္ေၾကာင္း ရွဝါဇာ က သတိေပး သြားခဲ့ တာပဲ ျဖစ္ပါတယ္ ။

” ယူနုိက္တက္ ဖက္က ဒီဂီယာ ေတာင္းဆုိ ေနတဲ့ ပမာဏ က သူနဲ့ ထုိက္တန္ မွဳ ရွိသလား ဆုိတာ ကို ဆံုးျဖတ္ ရမယ့္ အေန အထား တစ္ခု ေရာက္ရွိ လာပါ လိမ့္မယ္ ။ ဒါ့အျပင္ သူနဲ့ ပတ္သက္ လို့ ေကာလဟာလ သတင္း ေတြလည္း ထြက္ေပၚ ေနခဲ့ ပါ ေသးတယ္ ။ ဒါ့ေၾကာင့္ သူဟာ အသင္း ေျပာင္းေရႊ့ နုိင္ေျခ လည္း ရွိေန ပါတယ္ ”

” အဲ့ဒီလို အေနအထား ေတြမွာ ခင္ဗ်ား ရဲ့ သမိုင္း ေၾကာင္း ၊ အတိတ္ က စြမ္းေဆာင္ရည္ အေနအထား ေတြကို အခု ပိုင္ဆုိင္ ေန ေသးလား ဆုိတဲ့ ေမးခြန္း တစ္ခု ထြက္ေပၚ လာပါ လိမ့္မယ္ ။ အကယ္လို႔ ခင္ဗ်ား ဟာ သူ့ရဲ့ လြန္ခဲ့တဲ့ 6 လတာ တုန္းက စြမ္းေဆာင္ရည္ ေတြကို ၾကည့္မယ္ ဆုိရင္ သူဟာ အတိတ္ တုန္းက ေလာက္ ေကာင္းမြန္ျခင္း မရွိ တာကို ေတြ့ရ ပါလိမ့္မယ္ ”

” အကယ္လို့ သူသာ တုိးတက္ မလာဘူး ဆုိရင္ သူ့ရဲ့ အမွား ေတြေၾကာင့္ တုိက္ရိုက္ ဂိုးေတြ မ်ားစြာ ေပးရ ပါ လိမ့္မယ္ ။ ျပီးခဲ့တဲ့ 6 – 7 ႏွစ္တာ ကာလ အတြင္း မွာ သူဟာ မလုိအပ္ တဲ့ အမွား ေတြကို တက္နုိင္ သေလာက္ မလုပ္ မိေအာင္ တုန့္ျပန္ နုိင္ ခဲ့တဲ့ ကစားသမား တစ္ဦး ပါ ။ အခု အခ်ိန္ မွာေတာ့ ခင္ဗ်ား ရဲ့ တန္ဖုိး က ဘယ္ေလာက္ လဲ ? ဒီလို ေမးရင္ လက္ရွိ လက္စြမ္း ကိုပဲ လူေတြ ၾကည့္ၾက ပါ လိမ့္မယ္ ”

” သူဟာ အရင္ တုန္းက လက္စြမ္း မ်ိဳးကို ျပန္လည္ ပိုင္ဆုိင္ နုိင္ဦး မလား ? သူဟာ အရင္ လို တည္ျငိမ္ တဲ့ လက္စြမ္း ေတြ ျပနုိင္ ဦးမယ့္ သူလား ? အကယ္လု့ိ ေဒးဗစ္ ဒီဂီဟာ ဟာ လြန္ခဲ့တဲ့ 6 လ 7 လ ေလာက္ တုန္းက လုပ္ေဆာင္ ခဲ့တဲ့ အမွား မ်ိဳးေတြ သာ ဆက္တိုက္ က်ဴးလြန္ မထား ခဲ့ဘူး ဆုိရင္ သူ လက္စြမ္း တည္ျငိမ္ မလား ဆုိတဲ့ ေမးခြန္း မ်ိဳး က်ြန္ေတာ္ ထုတ္မွာ မဟုတ္ ပါဘူး ” လို့ ရွဝါဇာ က ေျပာၾကား သြားခဲ့ ပါတယ္ ။

ေနာက္ဆံုး ထြက္ေပၚ ခဲ့တဲ့ သတင္း ေတြ အရ ေတာ့ ယူနုိက္တက္ တုိ့ဟာ ဒီဂီယာ ကို တစ္ပါတ္ ေပါင္ 290,000 နဲ့ ေခၚယူ ဖုိ့ နီးစပ္ ေနျပီ လို သိရွိ ခဲ့ရ ပါ ေသးတယ္ ။ ယခင္ တုန္းက စပိန္ လက္ေရြးစင္ အသင္း ရဲ့ နံပါတ္ တစ္ ဂိုးသမား ျဖစ္ခဲ့ ေသးတဲ့ ဒီဂီယာ ဟာ လက္ရွိ အခ်ိန္ မွာေတာ့ ပြဲထြက္ ခြင့္ ရရွိေရး အတြက္ ခ်ဲလ္ဆီး ဂိုးသမား ကီပါ နဲ့ တုိက္ပြဲ ဝင္ေန ခဲ့ရ ပါတယ္ ။

#Sports_Myanmar

Unicode

အသင်း ပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ ဒီဂီယာကို သတိပေး စကား ဆိုသွားလိုက်တဲ့ ချဲလ်ဆီး ဂိုးသမားဟောင်း

=================

ချဲလ်ဆီး အသင်း ရဲ့ ဂိုးသမား ဟောင်း ဖြစ်သူ ရှဝါဇာ က ယူနိုက်တက် နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ အနေ နဲ့ လစာ ငွေ များစွာ လိုချင် ပါက ( သို့မဟုတ် ) အသင်း ပြောင်းရွှေ့ လို ပါက လက်ရှိ ကစား နေတဲ့ အနေအထား ထက် ပိုကောင်း တဲ့ ပုံစံ တွေကို ပြသ သွားဖို့ လိုအပ် ကြောင်း သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် ဒီဂီယာ ဟာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိ နေတဲ့ အတွက် အသင်း ဖက်မှ သူ့ကို စာချုပ် ချုပ်ဆို ဖို့ အတွက် လုပ်ဆောင် နေခဲ့ ပါတယ် ။ ဒါ့အပြင် အခြား တစ်ဖက် မှာ သူ့ကို ခေါ်ယူ ဖို့ အတွက် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်း နဲ့ လီဂူး ဝမ်း ချန်ပီယံ PSG အသင်း တို့က စိတ်ဝင်စား နေကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံး ကာနီး မှာ အမှား တွေ များစွာ ကျူးလွန် ထားခဲ့ သလို ဒီဘောလုံး ရာသီ မှာလည်း မလိုအပ် တဲ့ အမှား တွေကို ထပ်မံ ကျုူးလွန် ထားခဲ့ ပါ သေးတယ် ။

ဒါ့ကြောင့် ဒီဂီယာ အနေ နဲ့ ယူနိုက်တက် ဆီမှ လိုချင် သလောက် ပမာဏ တစ်ခု ရယူ လို ပါက ( သို့မဟုတ် ) အသင်း ပြောင်းရွှေ့ လို ပါက ထိုက်တန် တဲ့ လက်စွမ်း ကောင်း တွေကို ပြသ သွားနိုင် ဖို့ လိုအပ် ကြောင်း ၊ လက်ရှိ လက်စွမ်း ကို ပိုမို တိုးတက် အောင် လုပ်ဆောင် သင့်ကြောင်း ရှဝါဇာ က သတိပေး သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ယူနိုက်တက် ဖက်က ဒီဂီယာ တောင်းဆို နေတဲ့ ပမာဏ က သူနဲ့ ထိုက်တန် မှု ရှိသလား ဆိုတာ ကို ဆုံးဖြတ် ရမယ့် အနေ အထား တစ်ခု ရောက်ရှိ လာပါ လိမ့်မယ် ။ ဒါ့အပြင် သူနဲ့ ပတ်သက် လို့ ကောလဟာလ သတင်း တွေလည်း ထွက်ပေါ် နေခဲ့ ပါ သေးတယ် ။ ဒါ့ကြောင့် သူဟာ အသင်း ပြောင်းရွှေ့ နိုင်ခြေ လည်း ရှိနေ ပါတယ် ”

” အဲ့ဒီလို အနေအထား တွေမှာ ခင်ဗျား ရဲ့ သမိုင်း ကြောင်း ၊ အတိတ် က စွမ်းဆောင်ရည် အနေအထား တွေကို အခု ပိုင်ဆိုင် နေ သေးလား ဆိုတဲ့ မေးခွန်း တစ်ခု ထွက်ပေါ် လာပါ လိမ့်မယ် ။ အကယ်လို့ ခင်ဗျား ဟာ သူ့ရဲ့ လွန်ခဲ့တဲ့ 6 လတာ တုန်းက စွမ်းဆောင်ရည် တွေကို ကြည့်မယ် ဆိုရင် သူဟာ အတိတ် တုန်းက လောက် ကောင်းမွန်ခြင်း မရှိ တာကို တွေ့ရ ပါလိမ့်မယ် ”

” အကယ်လို့ သူသာ တိုးတက် မလာဘူး ဆိုရင် သူ့ရဲ့ အမှား တွေကြောင့် တိုက်ရိုက် ဂိုးတွေ များစွာ ပေးရ ပါ လိမ့်မယ် ။ ပြီးခဲ့တဲ့ 6 – 7 နှစ်တာ ကာလ အတွင်း မှာ သူဟာ မလိုအပ် တဲ့ အမှား တွေကို တက်နိုင် သလောက် မလုပ် မိအောင် တုန့်ပြန် နိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပါ ။ အခု အချိန် မှာတော့ ခင်ဗျား ရဲ့ တန်ဖိုး က ဘယ်လောက် လဲ ? ဒီလို မေးရင် လက်ရှိ လက်စွမ်း ကိုပဲ လူတွေ ကြည့်ကြ ပါ လိမ့်မယ် ”

” သူဟာ အရင် တုန်းက လက်စွမ်း မျိုးကို ပြန်လည် ပိုင်ဆိုင် နိုင်ဦး မလား ? သူဟာ အရင် လို တည်ငြိမ် တဲ့ လက်စွမ်း တွေ ပြနိုင် ဦးမယ့် သူလား ? အကယ်လို့ ဒေးဗစ် ဒီဂီဟာ ဟာ လွန်ခဲ့တဲ့ 6 လ 7 လ လောက် တုန်းက လုပ်ဆောင် ခဲ့တဲ့ အမှား မျိုးတွေ သာ ဆက်တိုက် ကျူးလွန် မထား ခဲ့ဘူး ဆိုရင် သူ လက်စွမ်း တည်ငြိမ် မလား ဆိုတဲ့ မေးခွန်း မျိုး ကျွန်တော် ထုတ်မှာ မဟုတ် ပါဘူး ” လို့ ရှဝါဇာ က ပြောကြား သွားခဲ့ ပါတယ် ။

နောက်ဆုံး ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ ယူနိုက်တက် တို့ဟာ ဒီဂီယာ ကို တစ်ပါတ် ပေါင် 290,000 နဲ့ ခေါ်ယူ ဖို့ နီးစပ် နေပြီ လို သိရှိ ခဲ့ရ ပါ သေးတယ် ။ ယခင် တုန်းက စပိန် လက်ရွေးစင် အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်ခဲ့ သေးတဲ့ ဒီဂီယာ ဟာ လက်ရှိ အချိန် မှာတော့ ပွဲထွက် ခွင့် ရရှိရေး အတွက် ချဲလ်ဆီး ဂိုးသမား ကီပါ နဲ့ တိုက်ပွဲ ဝင်နေ ခဲ့ရ ပါတယ် ။

#Sports_Myanmar