ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ နောက်ဆုံး အပိတ် ပွဲစဉ် ဖြစ်တဲ့ ယူရိုပါလိဂ် ဖလား ဗိုလ်လုပွဲ မှာ မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း ကို အိုလီဗီယာ ဂျရူး ၊ ပတ်ဒရို ၊ အီဒင် ဟာဇတ် တို့ရဲ့ သွင်းဂိုး တွေနဲ့ ၄ – ၁ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင်ရကာ ယူရိုပါလိဂ် ချန်ပီယံ ဆု ကို ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

ထို ပွဲစဉ် ဟာ ရီးရဲလ် မက်ဒရစ် အသင်း ကို ပြောင်းရွှေ့ ခဲ့တဲ့ အီဒင် ဟာဇတ် ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်ခဲ့သလို ၊ ဝါရင့် အသင်း ခေါင်းဆောင် ဂယ်ရီ ကာဟေးလ် ရဲ့ နောက်ဆုံး နှုတ်ဆက် ဖလား လည်း ဖြစ်ခဲ့ပါတယ် ။ ဒါ့အပြင် နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ အတွက်လည်း ယူရိုပါလိဂ် ဖလား ဟာ ပထမဆုံး မေဂျာ ဖလား လည်း ဖြစ်ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း အတွက် အမှတ်တရ များစွာ ရှိခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ မှာ ဝါရင့် ခံစစ်မှူး ဟောင်း ဂယ်ရီ ကာဟေးလ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကလပ် အသင်း ခေါင်းဆောင် အနေနဲ့သာ ရှိခဲ့ပြီး ကစားခွင့် လုံးဝ နီးပါး မရပဲ ရှိခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် အားလုံး နီးပါး ကို ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ကပဲ ဦးဆောင် လာခဲ့ရပါတယ် ။ ထို့ အတွက်ကြောင့် အက်ဇ်ပီလီကွီတာ အတွက်လည်း ဒီ ယူရိုပါလိဂ် ဖလား ဟာ အသင်း ခေါင်းဆောင် အနေနဲ့ ပထမဆုံး ရရှိ တဲ့ ဖလား လည်း ဖြစ်ခဲ့ပါတယ် ။

Chelsea’s Spanish defender Cesar Azpilicueta celebrates after a team goal during the UEFA Europa League final football match between Chelsea FC and Arsenal FC at the Baku Olympic Stadium in Baku, Azerbaijian, on May 29, 2019. (Photo by OZAN KOSE / AFP)

ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ အက်ဇ်ပီလီကွီတာ က ၄င်းတို့ အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ အစပိုင်း မှာ ကွန်မြူနတီဒိုင်း ကို ဆုံးရှုံး ခဲ့ရသလို ၊ ရာသီ တဝက် လောက်မှာ မန်စီးတီး ကို ပင်နယ်တီ အဆုံးအဖြတ် မှာ အရေးနိမ့် ခဲ့လို့ ကာရာဘောင် ဖလား လည်း ဆုံးရှုံး ခဲ့ရကြောင်း ၊ ခက်ခဲတဲ့ ဘောလုံး ရာသီ တခု ကို ယူရိုပါလိဂ် ဖလား နဲ့ အဆုံးသတ် နိုင်ခဲ့တာ ချိုမြိန်သလို ၊ အသင်း ခေါင်းဆောင် အနေနဲ့ ပထမဆုံး ဖလား ကို မြှောက်ခွင့် ရလို့ စပါယ်ရှယ် ခံစားချက် တွေ ရရှိ ခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ကျွန်တော် ဟာ ၂၀၁၃ ခုနှစ် က ချယ်လ်ဆီး အသင်း နဲ့ အတူတူ ယူရိုပါလိဂ် ဖလား မြှောက်ဖူး တာကြောင့် ဒီဖလား ဘယ်လောက် လေးသလဲ ဆိုတာ ကျွန်တော် သိထားပြီးသားပါ ( ရယ်လျက် ) ။ ဒီဖလား မြှောက်ဖို့ လက်၂ဖက် လုံး သုံးဖို့ လိုခဲ့မယ် ဆိုတာ ကျွန်တော် သိပြီးသားပါ ။ အခု တကြိမ် ဒီ ဖလား ကို မြှောက်ခဲ့တဲ့ အချိန် မှာ ကျွန်တော် အရမ်း စိတ်လှုပ်ရှား နေခဲ့ပါတယ် ။ ”

” ဖလား မြှောက်နေတဲ့ အချိန် အတွင်း အသင်းဖော် တွေနဲ့ အတူ အရမ်းပဲ ပျော်ရွှင် ခဲ့ရပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ပထမဆုံး အသင်း ခေါင်းဆောင် အနေနဲ့ ဖြတ်သန်း ခဲ့ရတဲ့ ဘောလုံး ရာသီ မှာ ကွန်မြူနတီဒိုင်း ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲ တွေမှာ အရေးနိမ့် ထားခဲ့တာကြောင့် ဒီ ယူရိုပါလိဂ် ဖလား မရခင် အချိန် မှာ ကတည်း က ကျွန်တော် ဟာ အတော်လေး စိတ်လှုပ်ရှား ခဲ့ရတာပါ ။ ”

Lampard
Chelsea’s English head coach Frank Lampard (L) shakes hands with Chelsea’s Spanish defender Cesar Azpilicueta on the pitch at the final whistle in the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. – Manchester United won the game 4-0. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

” ခင်ဗျား ဟာ တဖက် မှာ အသင်း အတွက် ဦးဆောင်မှု တွေ လုပ်ပေးနေရင်း ဒီလို ဆုဖလား အောင်မြင်မှု တွေ ရရှိ နေရင် အတော်လေး စပါယ်ရှယ် ဖြစ်ရတဲ့ အခိုက်အတန့် တွေကို ရရှိလာမှာပါ ။ ကျွန်တော် ဟာ ပြည်ပ မှာ ကစား နေတဲ့ စပိန် လူမျိုး ကစားသမား တွေထဲမှာ အသင်း ခေါင်းဆောင် အနေနဲ့ ဖလား မြှောက်ဖူးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာ ခဲ့ပါပြီ ။ ”

” ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ ကို အသင်း က တာဝန်ရှိသူ တွေ အသိမပေးခင် အထိ ကျွန်တော် ဒီ မှတ်တမ်း အကြောင်း ဘာမှ မသိခဲ့ရပါဘူး ။ ဒါပေမယ့် သူတို့ လာပြောပြ တဲ့ အခါ ကျွန်တော် ဒီ မှတ်တမ်း အပေါ် ပျော်လည်း ပျော်ရွှင် မိသလို ၊ ဂုဏ်လည်း ယူမိပါတယ် ။ အသင်း ခေါင်းဆောင် အနေနဲ့ ဒီလို ဆုဖလား တွေ ရရှိနေတာ ကျွန်တော့ အတွက် စပါယ်ရှယ် ပါပဲ ။ နောက်ထပ် ဆုဖလား တွေလည်း ထပ်ပြီး ဆွတ်ခူး နိုင်ဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR