မန်ချက် စတာ စီးတီး အသင်း ခေါင်းဆောင် ဟောင်း ဗင်းဆင့် ကွန်ပနီ ဟာ ယနေ့ ည မှာ ကစားမယ့် သူ့ရဲ့ အမှတ် တရ နှုတ်ဆက် ဂုဏ်ပြု ပွဲ ကို တံကောက် ကြော ဒဏ်ရာ ကြောင့် ပါဝင် ကစား နိုင်တော့ မှာ မဟုတ် ဘူး လို့ သတင်း ရရှိ ပါတယ် ။

အင်္ဂလန် တိုက်စစ်မှုး ဟောင်း မိုက်ကယ် အိုဝင် ကတော့ မန်ချက် စတာ စီးတီး အသင်း အနေနဲ့ လူငယ် ကစား သမား ဖီးလ် ဖို ဒန် ကို အတွေ့ အကြုံ နဲ့ အခွင့် အလမ်းတွေ ပိုမို ရရှိ စေဖို့ အတွက် အငှား စေလွှတ် သင့်ပါတယ် လို့ အကြံပြု သွားခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ် မှုး လီယွန်နယ် မက်ဆီ ရဲ့ ဒဏ်ရာ ဟာ မျှော်လင့် ထားတာ ထက် ပိုကြာ မှာ ဖြစ်ပြီး ယခု အပတ် ကစား မယ့် ဗလင်စီယာ အသင်း နဲ့ ပွဲ မှာ ပါဝင် ကစား နိုင် ဦးမှာ မဟုတ်သေး ဘူးလို့ ကြားသိ ရ ပါတယ် ။ ဒါ့ အပြင် မက်ဆီ ဟာ ဘာစီလိုနာ ကနေ ထွက်ခွာ ပါက ဒေးဗစ် ဘက်ခမ်း ရဲ့ အသင်းသစ် ( အင်တာ မိုင်ယာမီ ) ကို သွားရောက် ကစားဖို့ သဘောတူညီ ခဲ့ပြီလို့ လည်း ကောလ ဟာလ တစ်ပုဒ် ပေါ်ထွက် လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်း အရွှေ့ မှာ ယူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား ကို ကမ်းလှမ်း မှု ပြုလုပ် သွား မယ် လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ပြင်သစ် တိုက်စစ်မှုး ဂရစ်ဇ်မန်း ကတော့ အသာ အရောင် ခွဲခြား မှု တွေ ကို ပြင်းပြင်း ထန်ထန် ဝေဖန် သွားခဲ့ ပြီး ဒီလို ခွဲခြား အော်ဟစ် တိုင်း မှာ ဘောလုံး ပွဲ တွေ ကို ရပ်တန့် ပစ်ဖို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

Barcelona’s Spanish coach Ernesto Valverde speaks before the 54th Joan Gamper Trophy friendly football match between Barcelona and Arsenal at the Camp Nou stadium in Barcelona on August 4, 2019. (Photo by Josep LAGO / AFP)

ဘာစီလိုနာ မှာ အငှား သွား ကစား ခဲ့ဖူး တဲ့ ဘိုတန် က ဘာကာ တောင်ပံ ကစား သမား ဒမ်ဘီလီ ဟာ ကလေး စိတ် သာ ရှိသေးတဲ့ သူ ဖြစ်တယ် လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

ရီးရဲ ဂိုး သမား ကော့တွိုက် နဲ့ လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ် တို့ရဲ့ အေးဂျင့် ဖြစ်သူ ဟာ ငွေကြေး ခ၀ါချ မှု ၊ အကျင့်ပျက် ချစားမှု တွေ ကြောင့် မိုနာကို မှာ အဖမ်း ခံခဲ့ ရ တယ်လို့ ကြားသိရ ပါတယ် ။

အသက်လက်တီကို မက်ဒ၇စ် နဲ့ ဘာစီ လိုနာ တို့ မှာ ကစား ခဲ့ တဲ့ တူရကီ လက်ရွေးစင် ဟောင်း အာဒါ တူရမ် ဟာ ဆေးရုံ အတွင်း သေနတ် ပစ်ဖောက်မှု ၊ အဆိုတော် တစ်ဦး ကို ထိုးကျိတ် မှုတွေ ကြောင့် ထောင် ၆ လ ကျခံ စေဖို့ အမိန့် ချ မှတ် ခံခဲ့ရ ပါတယ် ။ ဒါပေမယ့် အဆိုပါ ထောင်ဒဏ် ဟာ ဆိုင်းငံ့ ထောင်ဒဏ် ဖြစ်ပြိး နောက် ၅ နှစ် အတွင်း အပြစ်ဒဏ် တစ်ခုခု ကို ကျုးလွန် မှ သာ ထောင် ဒဏ် သက်ရောက် မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR