လီဗာပူး

အလီဆွန် – ၅
ကောင်းမွန်တဲ့ ကာကွယ်မှု တစ်ကြိမ် လုပ်နိုင် ခဲ့ပေမယ့်လည်း ဖူဟမ် အသင်းကို ပေးလိုက် ရတဲ့ ဂိုးမှာ ကြီးမားတဲ့ အမှားအယွင်းကို ကျူးလွန် ခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုး – ၇
လီဗာပူးရဲ့ ညာတောင်ပံ တစ်လျှောက် တိုက်စစ်ပိုင်းကို အကောင်းဆုံး လိုက်ပါ ပံ့ပိုး ကစားသွား ခဲ့ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုတွေ လုပ်ပေး ခဲ့ပါတယ်။

ဗန်ဒိုက် – ၆
ဘာဘယ် သွင်းယူ ခဲ့တဲ့ သွင်းဂိုး ဟာ ဆိုရင် ဗန်ဒိုက်ရဲ့ အမှား ပါဝင်ခဲ့ပြီး ဆုံးဖြတ်ချက် မပြတ်သားမှု နဲ့ ဘောလုံး ပေးပို့ရာမှာ လိုအပ်ချက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖူဟမ် ရဲ့တိုက်စစ်ကိုတော့ ကောင်းစွာ ထိန်းချုပ်ပေး ခဲ့ပြီး တိကျတဲ့ ဘောလုံးဖြန့်ဝေမှု တွေနဲ့ အထောက်အပံ့ ပေးခဲ့ ပါတယ်။

Fulham’s Serbian striker Aleksandar Mitrovic (L) tries to find a way through during the English Premier League football match between Fulham and Liverpool at Craven Cottage in London on March 17, 2019. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

မာတစ် – ၆.၅
ဒီပွဲစဉ်မှာ ဖျက်ထုတ်မှု အအောင်မြင်ဆုံး လီဗာပူး ကစားသမား အဖြစ် ၃ ကြိမ် ထိ လုပ်နိုင် ခဲ့ကာ တည်ငြိမ်တဲ့ ခံစစ် ကစားပုံကို ပြသ ခဲ့ပါတယ်။

ရောဘတ်ဆန် – ၇
လီဗာပူး ရဲ့ ဘယ်တောင်ပံ တိုက်စစ် အသက်ဖြစ်ပြီး အတက်အဆင်း ကောင်းကောင်း နဲ့ တိုက်စစ် မှာကော ခံစစ်မှာပါ ခြေစွမ်းပြ ကစား ခဲ့ပါတယ်။

ဝိုင်နယ်ဒန် – ၇
ကွင်းလယ်ကြော တစ်လျှောက် လုပ်အား ကောင်းကောင်း နဲ့ အင်တိုက် အားတိုက် ကစား သွားခဲ့ပြီး သွင်းဂိုး ၂ ဂိုး ထိ ရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။

ဖာဘင်ညို – ၇
အသင်းရဲ့ ခံစစ်ပိုင်း ရှေ့ကနေ မားမား မတ်မတ် ကာကွယ် ကစား ပေးခဲ့တဲ့ အပြင် အသင်းရဲ့ ကစားကွက်ကို ထိန်းချုပ် ပေးခဲ့ကာ ကစားပုံ ကောင်းခဲ့ ပါတ်ယ။

လယ်လာနာ – ၇
လီဗာပူး အသင်းရဲ့ pressin မှာ အလွန်အရေး ပါတဲ့ ကဏ္ဍ ကနေ လုပ်အား ကောင်းကောင်းနဲ့ အားထုတ် ခဲ့ပြီး တိုက်စစ်ပိုင်း ကို ပံ့ပိုးရာမှာတော့ အနည်းငယ် တွန့်ဆုတ်မှုတွေ ရှိခဲ့ပါတယ်။

ဆာလား – ၅.၅
ပြိုဘက်နောက်တန်း ရဲ့ လူကပ် ကစားမှု အောက်မှာ ရုန်းကန် ခဲ့ရပြီး နေရာလွတ်တွေ မရှာ နိုင်ခဲ့တဲ့ အပြင် ပြိုင်ဘက် ခံစစ်ကို ကျော်ဖြတ်ရာမှာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။

မာနေး – ၈ ( Man of the Match)
အသင်း အတွက် အဖွင့်ဂိုး သွင်းနိုင် ခဲ့သလို ၊ တစ်ကြိမ် ကလည်း တိုင်ထိ ထွက်ခဲ့ပြီး အသင်းရဲ့ အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီကိုလည်း ရယူ ပေးခဲ့ပါတယ်။ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။

Liverpool’s Senegalese striker Sadio Mane (C) scores the team’s first goal during the English Premier League football match between Fulham and Liverpool at Craven Cottage in London on March 17, 2019. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဖာမီနို – ၆
ပထမပိုင်းမှာ နောက်ထိဆင်းကာ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေး ခဲ့ပြီး မာနေးရဲ့ အဖွင့်ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပွဲပန်းမှုကြောင့် ကစားပုံ ကျသွား ခဲ့ပါတ်ယ။

လူစားဝင် – အိုရီဂီ ၆ ၊ မီနာ ၆ ၊ စတားရစ်ခ်ျ ( ပွဲချိန် မလုံလောက်ခဲ့ )

ဖူဟမ်

ရီကို ၅ ၊ ဖိုဆူ မန်ဆက် ၅ ၊ ချိန်ဘာ ၆ ၊ တင်ရင်း ၆ ၊ ဘရိုင်ယန် ၆ ၊ ဆီရီ ၅ ၊ ကာနေး ၇ ၊ အဂိဆာ ၆၊ အယိတဲ ၆ ၊ မီထရိုဗစ် ၅ ၊ ဘာဘယ် ၇

လူစားဝင် – ဆက်ဆန်ညော် ၆ ၊ ခရစ်စတီး ၆ ၊ ကာဘာနို ( ပွဲချိန် မလုံလောက်ခဲ့ )

SM