Abraham

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ပြဲ ျဖစ္တဲ့ တန္းတက္ ေနာဝွစ္ခ်္ ၊ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း ေတြနဲ႕ ထိပ္တိုက္ ေတြ႕ဆံု ခဲ့တဲ့ ပြဲစဥ္ ေတြမွာ သြင္းဂိုး ၄ဂိုး အထိ သြင္းယူကာ ပရီးမီးယားလိဂ္ ရဲ႕ အရသာ ကို စတင္ ထိေတြ႕ ခံစား ေနျပီ ျဖစ္ပါတယ္ ။

ေအဘရာဟမ္ ဟာ ယခင္ ေဘာလံုး ရာသီ ၃ခု မွာ ဘရစၥတိုးလ္ စီးတီး ၊ ဆြမ္ဆီး ၊ အက္စတြန္ ဗီလာ အသင္း ေတြမွာ အငွား ထြက္ကစား ခဲ့ရပါတယ္ ။ ဆြမ္ဆီး အသင္း မွာ ထင္သေလာက္ ေျခစြမ္း မျပ ႏိုင္ခဲ့ေပမယ့္ ဘရစၥတိုးလ္ စီးတီး နဲ႕ ဗီလာ အသင္း ေတြမွာ ေအဘရာဟမ္ ဟာ တရာသီ အတြင္း ဂိုး အမ်ားဆံုး သြင္းယူ ႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး အျဖစ္ ရပ္တည္ ႏိုင္ခဲ့ပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ဟာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတာေၾကာင့္ လူငယ္ ကစားသမား ေတြကို ေနရာ ေပးလာရျပီး ေအဘရာဟမ္ ဟာ ထို လူငယ္ ကစားသမား ေတြထဲကေန ထြန္းေတာက္ လာတဲ့ ၾကယ္ပြင့္ တဦးလည္း ျဖစ္ပါတယ္ ။ ႏိုင္ငံ ပြဲစဥ္ ေတြအျပီး ယခု တပတ္ စေန ၊ တနဂၤေႏြ ေန႕ေတြ မွာေတာ့ အမွတ္ေပး ျပိဳင္ပြဲ ေတြ ျပန္လည္ စတင္ ေတာ့မွာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ကစားရ ခက္ခဲ တဲ့ ဝုလ္ဗ္ အသင္း ကို အေဝးကြင္း မွာ သြားေရာက္ ယွဥ္ျပိဳင္ ရဖို႕ ရွိေနကာ ေအဘရာဟမ္ အေနနဲ႕ ခ်ယ္လ္ဆီး အသင္း အတြက္ ဘယ္လို အက်ိဳးျပဳ ေပးမလဲ ဆိုတာ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္ ။ မေန႕က Daily Mirror နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ေအဘရာဟမ္ က သူ႕ အေနနဲ႕ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ဗီလာ အသင္း မွာ ရရွိ ခဲ့တဲ့ သြင္းဂိုး အေရအတြက္ ကို ခ်ယ္လ္ဆီး အသင္းမွာ ရယူ ႏိုင္ဖို႕ ၾကိဳးစား သြားမယ္ လို႕ ဖြင့္ဟ ခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ကြ်န္ေတာ္ ကိုယ့္ကိုယ္ကို အျမဲ ေျပာေလ့ ရွိတဲ့ စကား တခြန္း က မႏွစ္ က ရရွိ ခဲ့တဲ့ သြင္းဂိုး အေရ အတြက္ကို လိုက္မွီ ႏိုင္ဖို႕ ၾကိဳးစား ဖို႕ပါ ။ ကြ်န္ေတာ့ အေနနဲ႕ ဒီႏွစ္ ေဘာလံုး ရာသီ မွာသာ အက္စတြန္ ဗီလာ က သြင္းဂိုး အေရအတြက္ နီးပါး ရရွိ ႏိုင္ရင္ ကြ်န္ေတာ့ အတြက္ ခ်ယ္လ္ဆီး အသင္း မွာ အရမ္း အံ့ၾသစရာ ေကာင္းတဲ့ ႏွစ္တႏွစ္ ျဖစ္ႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ေအဘရာဟမ္ ဟာ ျပီးခဲ့တဲ့ ရာသီ ၊ ခ်န္ပီယံရွစ္ ျပိဳင္ပြဲ မွာ အက္စတြန္ ဗီလာ အသင္း နဲ႕ အတူ သြင္းဂိုး ၂၆ ဂိုး အထိ ရရွိ ခဲ့ကာ ၊ ခ်န္ပီယံရွစ္ မွာ ဒုတိယ ဂိုးအမ်ားဆံုး ကစားသမား အျဖစ္ ရပ္တည္ ႏိုင္ခဲ့ပါတယ္ ။ ဒီႏွစ္ ခ်ယ္လ္ဆီး အသင္း မွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၄ဂိုး ရရွိ ထားျပီ ျဖစ္တဲ့ ေအဘရာဟမ္ တေယာက္ ရာသီကုန္ မွာ ေနာက္ထပ္ သြင္းဂိုး ဘယ္ေလာက္ အထိ ရရွိႏိုင္မလဲ ဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ ။

ဆက္လက္ျပီး ေအဘရာဟမ္ က အခုလို သူ႕ အေနနဲ႔ ကစားခြင့္ ရတဲ့ ပြဲစဥ္ ေတြမွာ ေျခစြမ္း ျပႏိုင္ ခဲ့တာဟာ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ရဲ႕ သူ႕ အေပၚ ယံုၾကည္မႈ အျပည့္အဝ ထားရွိျခင္း ေၾကာင့္ ျဖစ္ေၾကာင္း နဲဲ႕ လမ္းပတ္ ဟာ လူငယ္ ေတြရဲ႕ တက္လမ္း ကို ေရွးရႈ တတ္တဲ့ နည္းျပ တဦး ျဖစ္ေၾကာင္း ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ဖရန္႕ ဟာ ကြ်န္ေတာ့ အေပၚ မွာ အျမဲတမ္း ယံုၾကည္မႈ ရွိပါတယ္ ။ သူဟာ လူငယ္ ကစားသမား ေတြ အေပၚ ယံုၾကည္သလို ကြ်န္ေတာ့ အေပၚ မွာလည္း ယံုၾကည္ ပါတယ္ ။ လူငယ္ ကစားသမား ေတြဆီမွာလည္း ေျခစြမ္းေကာင္း ေပ်ာက္ဆံုး တတ္တဲ့ ပြဲေတြ ရွိေနတတ္ပါတယ္ ။ ကြ်န္ေတာ္ ဆိုရင္လည္း တခ်ိဳ႕ ပြဲစဥ္ ေတြမွာ ပံုမွန္ ေျခစြမ္း ေပ်ာက္တတ္ေပမယ့္ ဖရန္႕ ဟာ ကြ်န္ေတာ္ တို႕ကို အျမဲ ယံုၾကည္ ခဲ့ပါတယ္ ။ ”

” ေနာဝွစ္ နဲ႕ ပြဲစဥ္က ပရီးမီးယားလိဂ္ သြင္းဂိုးဟာ ကြ်န္ေတာ့ အတြက္ အေတာ္ေလး အဓိပၸာယ္ ရွိခဲ့ပါတယ္ ။ အဲ့ဒီ ဂိုး သြင္းျပီးေတာ့ ဖရန္႕ လည္း ေအာင္ပြဲ ခံေနခဲ့တာ ကို ကြ်န္ေတာ္ ေတြ႕ခဲ့ ရပါတယ္ ။ ကြ်န္ေတာ္ တို႕ ၂ေယာက္လံုး ခံစားခ်က္ ခ်င္း ဖလွယ္ ခဲ့ၾကပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဒီနှစ် ဘောလုံး ရာသီ အတွက် သူ့ရဲ့ သွင်းဂိုး ပစ်မှတ် အရေအတွက် ကို ထုတ်ဖော် ပြောဆို လိုက်တဲ့ #အေဘရာဟမ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ ဖြစ်တဲ့ တန်းတက် နောဝှစ်ချ် ၊ ရှက်ဖီးလ် ယူနိုက်တက် အသင်း တွေနဲ့ ထိပ်တိုက် တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ် တွေမှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူကာ ပရီးမီးယားလိဂ် ရဲ့ အရသာ ကို စတင် ထိတွေ့ ခံစား နေပြီ ဖြစ်ပါတယ် ။

အေဘရာဟမ် ဟာ ယခင် ဘောလုံး ရာသီ ၃ခု မှာ ဘရစ္စတိုးလ် စီးတီး ၊ ဆွမ်ဆီး ၊ အက်စတွန် ဗီလာ အသင်း တွေမှာ အငှား ထွက်ကစား ခဲ့ရပါတယ် ။ ဆွမ်ဆီး အသင်း မှာ ထင်သလောက် ခြေစွမ်း မပြ နိုင်ခဲ့ပေမယ့် ဘရစ္စတိုးလ် စီးတီး နဲ့ ဗီလာ အသင်း တွေမှာ အေဘရာဟမ် ဟာ တရာသီ အတွင်း ဂိုး အများဆုံး သွင်းယူ နိုင်ခဲ့တဲ့ တိုက်စစ်မှူး အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် လူငယ် ကစားသမား တွေကို နေရာ ပေးလာရပြီး အေဘရာဟမ် ဟာ ထို လူငယ် ကစားသမား တွေထဲကနေ ထွန်းတောက် လာတဲ့ ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ် ။ နိုင်ငံ ပွဲစဉ် တွေအပြီး ယခု တပတ် စနေ ၊ တနင်္ဂနွေ နေ့တွေ မှာတော့ အမှတ်ပေး ပြိုင်ပွဲ တွေ ပြန်လည် စတင် တော့မှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ကစားရ ခက်ခဲ တဲ့ ဝုလ်ဗ် အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရဖို့ ရှိနေကာ အေဘရာဟမ် အနေနဲ့ ချယ်လ်ဆီး အသင်း အတွက် ဘယ်လို အကျိုးပြု ပေးမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။ မနေ့က Daily Mirror နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အေဘရာဟမ် က သူ့ အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဗီလာ အသင်း မှာ ရရှိ ခဲ့တဲ့ သွင်းဂိုး အရေအတွက် ကို ချယ်လ်ဆီး အသင်းမှာ ရယူ နိုင်ဖို့ ကြိုးစား သွားမယ် လို့ ဖွင့်ဟ ခဲ့ပါတယ် ။

အေဘရာဟမ် က ” ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ ပြောလေ့ ရှိတဲ့ စကား တခွန်း က မနှစ် က ရရှိ ခဲ့တဲ့ သွင်းဂိုး အရေ အတွက်ကို လိုက်မှီ နိုင်ဖို့ ကြိုးစား ဖို့ပါ ။ ကျွန်တော့ အနေနဲ့ ဒီနှစ် ဘောလုံး ရာသီ မှာသာ အက်စတွန် ဗီလာ က သွင်းဂိုး အရေအတွက် နီးပါး ရရှိ နိုင်ရင် ကျွန်တော့ အတွက် ချယ်လ်ဆီး အသင်း မှာ အရမ်း အံ့သြစရာ ကောင်းတဲ့ နှစ်တနှစ် ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ ရာသီ ၊ ချန်ပီယံရှစ် ပြိုင်ပွဲ မှာ အက်စတွန် ဗီလာ အသင်း နဲ့ အတူ သွင်းဂိုး ၂၆ ဂိုး အထိ ရရှိ ခဲ့ကာ ၊ ချန်ပီယံရှစ် မှာ ဒုတိယ ဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။ ဒီနှစ် ချယ်လ်ဆီး အသင်း မှာ ပရီးမီးယားလိဂ် သွင်းဂိုး ၄ဂိုး ရရှိ ထားပြီ ဖြစ်တဲ့ အေဘရာဟမ် တယောက် ရာသီကုန် မှာ နောက်ထပ် သွင်းဂိုး ဘယ်လောက် အထိ ရရှိနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ဆက်လက်ပြီး အေဘရာဟမ် က အခုလို သူ့ အနေနဲ့ ကစားခွင့် ရတဲ့ ပွဲစဉ် တွေမှာ ခြေစွမ်း ပြနိုင် ခဲ့တာဟာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ သူ့ အပေါ် ယုံကြည်မှု အပြည့်အဝ ထားရှိခြင်း ကြောင့် ဖြစ်ကြောင်း နဲဲ့ လမ်းပတ် ဟာ လူငယ် တွေရဲ့ တက်လမ်း ကို ရှေးရှု တတ်တဲ့ နည်းပြ တဦး ဖြစ်ကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

အေဘရာဟမ် က ” ဖရန့် ဟာ ကျွန်တော့ အပေါ် မှာ အမြဲတမ်း ယုံကြည်မှု ရှိပါတယ် ။ သူဟာ လူငယ် ကစားသမား တွေ အပေါ် ယုံကြည်သလို ကျွန်တော့ အပေါ် မှာလည်း ယုံကြည် ပါတယ် ။ လူငယ် ကစားသမား တွေဆီမှာလည်း ခြေစွမ်းကောင်း ပျောက်ဆုံး တတ်တဲ့ ပွဲတွေ ရှိနေတတ်ပါတယ် ။ ကျွန်တော် ဆိုရင်လည်း တချို့ ပွဲစဉ် တွေမှာ ပုံမှန် ခြေစွမ်း ပျောက်တတ်ပေမယ့် ဖရန့် ဟာ ကျွန်တော် တို့ကို အမြဲ ယုံကြည် ခဲ့ပါတယ် ။ ”

” နောဝှစ် နဲ့ ပွဲစဉ်က ပရီးမီးယားလိဂ် သွင်းဂိုးဟာ ကျွန်တော့ အတွက် အတော်လေး အဓိပ္ပာယ် ရှိခဲ့ပါတယ် ။ အဲ့ဒီ ဂိုး သွင်းပြီးတော့ ဖရန့် လည်း အောင်ပွဲ ခံနေခဲ့တာ ကို ကျွန်တော် တွေ့ခဲ့ ရပါတယ် ။ ကျွန်တော် တို့ ၂ယောက်လုံး ခံစားချက် ချင်း ဖလှယ် ခဲ့ကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR