Martin Keon

အဂၤလန္ အသင္း ဟာ ဒီေန့ နံနက္ ကိုဆိုဗုိ အသင္း နဲ့ ယူရို 2020 ေျခစစ္ပြဲ အျဖစ္ ကစား ခဲ့ရာ 5 – 3 ဆိုတဲ့ ရလဒ္ နဲ့ ဂိုးျပတ္ နုိင္ပြဲ ရယူ နိုင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ မလိုအပ္ တဲ့ ေပးဂိုး ေတြေၾကာင့္ အဂၤလန္ ကစားသမား ေတြဟာ ေဝဖန္ မွဳေအာက္ က်ေရာက္ ခဲ့ၾက ပါတယ္ ။

အထူးသျဖင့္ အဆုိပါ ပြဲစဥ္ ရဲ့ ပြဲခ်ိန္ ပထမ ပိုင္းမွာ အဂၤလန္ လက္ေရြးစင္ အသင္း ဟာ ျပိဳင္ဖက္ ကို 5 – 1 ဆုိတဲ့ ရလဒ္ နဲ့ ဦးေဆာင္ ထားနိုင္ ခဲ့ ေပမယ့္ ဒုတိယ ပိုင္း အတြင္း ခံစစ္ အမွား ေတြေၾကာင့္ နွစ္ဂိုး ေပးခဲ့ ရတဲ့ အတြက္ ပြဲစဥ္ ဟာ 5 – 3 ဆုိတဲ့ ရလဒ္ နဲ့ ျပီးဆံုး သြားခဲ့ ရတာ ပဲ ျဖစ္ ပါတယ္ ။

ဒါ့ေၾကာင့္ အဂၤလန္ လက္ေရြးစင္ အသင္း ရဲ့ ခံစစ္ ကစားသမားေဟာင္း ျဖစ္သူ မာတင္ ကီယြန္ က ေပးဂိုး ေတြ မ်ားေစ ဖုိ႔ အမွား ေတြ က်ဴးလြန္ ခဲ့ ၾကတဲ့ လက္ရွိ လက္ေရြးစင္ ေနာက္ခံ လူ ဟယ္ရီ မက္ဂြားယား ၊ မိုက္ကယ္ ကိန္း နဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္သူ ဒီကလန္ ရိုက္စ္ တုိ႔ကို အျပစ္တင္ ထုိးႏွက္ သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

” ခံစစ္ ပိုင္း ကစား ပံုနဲ့ ပတ္သက္ လို့ ေမးခြန္း ထုတ္စရာ ေတြက ရွိေန ေသးဆဲ ပါပဲ ။ ပထမ မိနစ္ မွာပဲ မိုက္ကယ္ ကိန္းဟာ လြဲမွား တဲ့ ေဘာလံုး ေပးပို႔ မွဳ တစ္ၾကိမ္ ျပဳလုပ္ ခဲ့ျပီး အဲ့ဒီ အမွား ေၾကာင့္ အဂၤလန္ တုိ့ ဒဏ္ခတ္ ခံခဲ့ရ ပါတယ္ ”

” အဲ့ဒီေနာက္ ပြဲခ်ိန္ ဒုတိယ ပိုင္း အစ မွာ ဒီကလန္ ရိုက္စ္ က မွားယြင္း တဲ့ ေဘာလံုး ေပးပို႔ မွဳ တစ္ၾကိမ္ ျပဳလုပ္ ခဲ့ျပန္ ျပီး အဲ့ဒီ ကေန တစ္ဆင့္ ေနာက္ တစ္ဂိုး ေပးခဲ့ လိုက္ရ ျပန္ ပါတယ္ ”

” အဲ့ဒီ ေနာက္ ဟယ္ရီ မက္ဂြားယား ဟာ ဗီဒက္ မူရီကီ နဲ့ ေတြ့ဆံု တဲ့ အခါ မလိုအပ္ တဲ့ အမွား တစ္ခု ကို က်ဴးလြန္ ခဲ့ ျပန္ျပီး ပင္နယ္တီ ေပးခဲ့ လိုက္ရ ျပန္ ပါတယ္ ။ အဲ့ဒီ ကေန ေနာက္ တစ္ဂိုး ဒဏ္ခတ္ ခံလိုက္ ရ ပါတယ္ ”

Maguire

” ေဆာက္ဂိတ္ ကေတာ့ အဲ့ဒီ လို လြဲမွား မွဳ ၊ မလို အပ္တဲ့ အမွား ေတြကုိ အသင္း ကေန ထုတ္ပယ္ ပစ္လိုက္ ဖုိ့ အလုိ ရွိေန မွာ အေသ အခ်ာ ပါပဲ ” လို့ မာတင္ ကီယြန္ က အဂၤလန္ လက္ေရြးစင္ ကစားသမား သံုးဦး ကို ထုိးႏွက္ သြားခဲ့ လိုက္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ အဂၤလန္ လက္ေရြးစင္ အသင္း ရဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္သူ ဒီကလန္ ရိုက္စ္ ကိုယ္တုိင္ က သူတုိ႔ ေတြရဲ့ အမွား က တစ္ဆင့္ ဒီ ေျခစစ္ပြဲ မွာ ဂိုးေတြ ေပးခဲ့ ရေၾကာင္း ဝန္ခံ စကား ဆုိခဲ့ လိုက္ပါ ေသးတယ္ ။

” ပထမ ပိုင္း အတြင္း မွာေတာ့ က်ြန္ေတာ္ ဟာ အသင္းေဖာ္ ေတြနဲ့ အတူ တစ္ကယ္ ပဲ ေကာင္းမြန္ ခဲ့တယ္ လို့ ခံစား ခဲ့ရ ပါတယ္ ။ ဒုတိယ ပိုင္းမွာ ေတာ့ က်ြန္ေတာ္ က အမွား တစ္ခု က်ဴးလြန္ ခဲ့ျပီး အဲ့ဒီ အတြက္ ဒဏ္ခတ္ ခံခဲ့ ရ ပါတယ္ ”

” က်ြန္ေတာ္ တုိ့ ေတြဟာ တုိက္စစ္ ပိုင္း အရ ကစား ပံု တစ္ကယ့္ ကို ေကာင္းမြန္ ခဲ့ၾက ေပမယ့္ ခံစစ္ပိုင္း မွာလည္း က်စ္လ်စ္ စြာ ကစားျပ နုိင္ဖုိ႔ လိုအပ္ ေနပါတယ္ ။ က်ြန္ေတာ္ တုိ့ အမွား က်ဴးလြန္ ျခင္း ကို ရပ္တန့္ ပစ္သင့္ ပါျပီ ”

” က်ြန္ေတာ္ တုိ့ အေနနဲ့ ျပိဳင္ဖက္ အသင္း ဆီ ခြင့္ျပဳ ခဲ့ ရတဲ့ ဂိုး ေတြကို ျပန္လည္ ၾကည့္သင့္ ပါတယ္ ။ က်ြန္ေတာ္ ဟာ ေဘာလံုး အေပး မွားခဲ့ ပါတယ္ ။ က်ြန္ေတာ့္ အေန နဲ့ ဒီထက္ ပိုေကာင္း ေအာင္ လုပ္ေဆာင္ နုိင္ခဲ့ သင့္ ပါတယ္ ”

” အခုေတာ့ က်ြန္ေတာ္ ဟာ မေပ်ာ္ မရႊင္ ျဖစ္ေန မိတယ္ လို႔ ခံစား ေနရ ပါတယ္ ။ က်ြန္ေတာ္ အမွား က်ဴးလြန္ ခဲ့ျပီး ဂိုး ေပးခဲ့ ရ ပါတယ္ ။ မက္ဂြားယား ဟာ ပင္နယ္တီ ေပးခဲ့ ရ သလို ကိန္း ဟာလည္း အမွား တစ္ၾကိမ္ က်ဴးလြန္ ခဲ့ ပါတယ္ ”

” ဒါေပမယ့္ အဲ့တာ က ေဘာလံုး အား ကစား ရဲ့ အစိတ္ အပိုင္း တစ္ခု ပါ ။ က်ြန္ေတာ္ တုိ့ဟာ အျမဲတမ္း ျပီး ျပည့္စံု ေန နုိင္မွာ မဟုတ္ ပါဘူး ။ လက္ရွိ အေရး အၾကီးဆံုး က က်ြန္ေတာ္ တုိ့ သံုးမွတ္ ရရွိ ခဲ့ ၾကျပီး ရွံဳးပြဲ မရွိ ေရွ့ဆက္ နုိင္ခဲ့ ၾက ပါတယ္ ” လို့ ရိုက္စ္ က ေျပာၾကား ခဲ့တာ ပဲ ျဖစ္ပါတယ္ ။

#Sports_Myanmar

Unicode

ကိုဆိုဗို နဲ့ ပွဲအပြီး အင်္ဂလန် လက်ရွေးစင် ကစားသမား သုံးဦး အပေါ် ပေါက်ကွဲ သွားတဲ့ မာတင် ကီယွန်

=================

အင်္ဂလန် အသင်း ဟာ ဒီနေ့ နံနက် ကိုဆိုဗို အသင်း နဲ့ ယူရို 2020 ခြေစစ်ပွဲ အဖြစ် ကစား ခဲ့ရာ 5 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် မလိုအပ် တဲ့ ပေးဂိုး တွေကြောင့် အင်္ဂလန် ကစားသမား တွေဟာ ဝေဖန် မှုအောက် ကျရောက် ခဲ့ကြ ပါတယ် ။

အထူးသဖြင့် အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် ပထမ ပိုင်းမှာ အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ပြိုင်ဖက် ကို 5 – 1 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် ထားနိုင် ခဲ့ ပေမယ့် ဒုတိယ ပိုင်း အတွင်း ခံစစ် အမှား တွေကြောင့် နှစ်ဂိုး ပေးခဲ့ ရတဲ့ အတွက် ပွဲစဉ် ဟာ 5 – 3 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ခံစစ် ကစားသမားဟောင်း ဖြစ်သူ မာတင် ကီယွန် က ပေးဂိုး တွေ များစေ ဖို့ အမှား တွေ ကျူးလွန် ခဲ့ ကြတဲ့ လက်ရှိ လက်ရွေးစင် နောက်ခံ လူ ဟယ်ရီ မက်ဂွားယား ၊ မိုက်ကယ် ကိန်း နဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ် တို့ကို အပြစ်တင် ထိုးနှက် သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ခံစစ် ပိုင်း ကစား ပုံနဲ့ ပတ်သက် လို့ မေးခွန်း ထုတ်စရာ တွေက ရှိနေ သေးဆဲ ပါပဲ ။ ပထမ မိနစ် မှာပဲ မိုက်ကယ် ကိန်းဟာ လွဲမှား တဲ့ ဘောလုံး ပေးပို့ မှု တစ်ကြိမ် ပြုလုပ် ခဲ့ပြီး အဲ့ဒီ အမှား ကြောင့် အင်္ဂလန် တို့ ဒဏ်ခတ် ခံခဲ့ရ ပါတယ် ”

” အဲ့ဒီနောက် ပွဲချိန် ဒုတိယ ပိုင်း အစ မှာ ဒီကလန် ရိုက်စ် က မှားယွင်း တဲ့ ဘောလုံး ပေးပို့ မှု တစ်ကြိမ် ပြုလုပ် ခဲ့ပြန် ပြီး အဲ့ဒီ ကနေ တစ်ဆင့် နောက် တစ်ဂိုး ပေးခဲ့ လိုက်ရ ပြန် ပါတယ် ”

” အဲ့ဒီ နောက် ဟယ်ရီ မက်ဂွားယား ဟာ ဗီဒက် မူရီကီ နဲ့ တွေ့ဆုံ တဲ့ အခါ မလိုအပ် တဲ့ အမှား တစ်ခု ကို ကျူးလွန် ခဲ့ ပြန်ပြီး ပင်နယ်တီ ပေးခဲ့ လိုက်ရ ပြန် ပါတယ် ။ အဲ့ဒီ ကနေ နောက် တစ်ဂိုး ဒဏ်ခတ် ခံလိုက် ရ ပါတယ် ”

” ဆောက်ဂိတ် ကတော့ အဲ့ဒီ လို လွဲမှား မှု ၊ မလို အပ်တဲ့ အမှား တွေကို အသင်း ကနေ ထုတ်ပယ် ပစ်လိုက် ဖို့ အလို ရှိနေ မှာ အသေ အချာ ပါပဲ ” လို့ မာတင် ကီယွန် က အင်္ဂလန် လက်ရွေးစင် ကစားသမား သုံးဦး ကို ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ် ကိုယ်တိုင် က သူတို့ တွေရဲ့ အမှား က တစ်ဆင့် ဒီ ခြေစစ်ပွဲ မှာ ဂိုးတွေ ပေးခဲ့ ရကြောင်း ဝန်ခံ စကား ဆိုခဲ့ လိုက်ပါ သေးတယ် ။

” ပထမ ပိုင်း အတွင်း မှာတော့ ကျွန်တော် ဟာ အသင်းဖော် တွေနဲ့ အတူ တစ်ကယ် ပဲ ကောင်းမွန် ခဲ့တယ် လို့ ခံစား ခဲ့ရ ပါတယ် ။ ဒုတိယ ပိုင်းမှာ တော့ ကျွန်တော် က အမှား တစ်ခု ကျူးလွန် ခဲ့ပြီး အဲ့ဒီ အတွက် ဒဏ်ခတ် ခံခဲ့ ရ ပါတယ် ”

” ကျွန်တော် တို့ တွေဟာ တိုက်စစ် ပိုင်း အရ ကစား ပုံ တစ်ကယ့် ကို ကောင်းမွန် ခဲ့ကြ ပေမယ့် ခံစစ်ပိုင်း မှာလည်း ကျစ်လျစ် စွာ ကစားပြ နိုင်ဖို့ လိုအပ် နေပါတယ် ။ ကျွန်တော် တို့ အမှား ကျူးလွန် ခြင်း ကို ရပ်တန့် ပစ်သင့် ပါပြီ ”

” ကျွန်တော် တို့ အနေနဲ့ ပြိုင်ဖက် အသင်း ဆီ ခွင့်ပြု ခဲ့ ရတဲ့ ဂိုး တွေကို ပြန်လည် ကြည့်သင့် ပါတယ် ။ ကျွန်တော် ဟာ ဘောလုံး အပေး မှားခဲ့ ပါတယ် ။ ကျွန်တော့် အနေ နဲ့ ဒီထက် ပိုကောင်း အောင် လုပ်ဆောင် နိုင်ခဲ့ သင့် ပါတယ် ”

” အခုတော့ ကျွန်တော် ဟာ မပျော် မရွှင် ဖြစ်နေ မိတယ် လို့ ခံစား နေရ ပါတယ် ။ ကျွန်တော် အမှား ကျူးလွန် ခဲ့ပြီး ဂိုး ပေးခဲ့ ရ ပါတယ် ။ မက်ဂွားယား ဟာ ပင်နယ်တီ ပေးခဲ့ ရ သလို ကိန်း ဟာလည်း အမှား တစ်ကြိမ် ကျူးလွန် ခဲ့ ပါတယ် ”

” ဒါပေမယ့် အဲ့တာ က ဘောလုံး အား ကစား ရဲ့ အစိတ် အပိုင်း တစ်ခု ပါ ။ ကျွန်တော် တို့ဟာ အမြဲတမ်း ပြီး ပြည့်စုံ နေ နိုင်မှာ မဟုတ် ပါဘူး ။ လက်ရှိ အရေး အကြီးဆုံး က ကျွန်တော် တို့ သုံးမှတ် ရရှိ ခဲ့ ကြပြီး ရှုံးပွဲ မရှိ ရှေ့ဆက် နိုင်ခဲ့ ကြ ပါတယ် ” လို့ ရိုက်စ် က ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar