အူနိုင်း အမ်မရီ ဟာ ယခုနှစ် ရာသီမှာ အဓိက ညာနောက်ခံလူ ဘယ်လာရင် ကာလရှည်ကြာ အနားယူနေရတာကြောင့် အတော်လေး အခက်တွေ့ နေခဲ့ပြီး လက်ခ်ျစတိုင်နာ ၊ ဂျက်ကင်ဆန် ၊ မူစတာဖီ တို့ ကို အ သုံး ပြု ကြည့် ပေ မယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။
SPORTS MYANMAR
Unicode
လာမည့်ရာသီသစ်မှာ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ အတွက် ဘယ်လာရင်ကို သတိပေး စကားဆို လိုက်တဲ့ #မိတ်လန်နိုင်းလ်စ်
=============================
အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲဆက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ နောက်ခံလူ မိတ်လန်နိုင်းလ်စ် က လာမည့် ရာသီသစ်ကျရင် ပုံမှန် ပွဲ ထွက် ခွင့် ရ ဖို့ တိုက် ပွဲ ဝင် သွား မှာ ဖြစ် ကြောင်း ဘယ် လာ ရင် ကို သ တိ ပေး စ ကား ဆို သွား ခဲ့ ပါ တယ် ။
အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ မိတ်လန်နိုင်းလစ် ဟာ မန်ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို ရန်းနက်စ် အသင်း နဲ့ ပွဲမှာလည်း သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီး အာဆင်နယ် အသင်းကစားသမားဘဝ ပထမဆုံး အကြိမ်အဖြစ် အမ်းမရိတ် ကွင်းမှာ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ် ။
အူနိုင်း အမ်မရီ ဟာ ယခုနှစ် ရာသီမှာ အဓိက ညာနောက်ခံလူ ဘယ်လာရင် ကာလရှည်ကြာ အနားယူနေရတာကြောင့် အတော်လေး အခက်တွေ့ နေခဲ့ပြီး လက်ချ်စတိုင်နာ ၊ ဂျက်ကင်ဆန် ၊ မူစတာဖီ တို့ ကို အ သုံး ပြု ကြည့် ပေ မယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။
အာဆင်နယ် အသင်း ညာနောက်ခံလူ ဟက်တာ ဘယ်လာရင် ဟာ ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ခြောက်လကနေ ကိုးလ အထိ အနားယူ ရဖွယ် ရှိနေတယ်လို့ အာဆင်နယ် အသင်း က တရားဝင် ထုတ်ပြန် ကြေညာထားပါတယ် ။ ဒါကြောင့် ဘယ်လာရင် ဟာ ယခုနှစ် အောက်တိုဘာလ မှသာ ပြန်ကစား ပေးနိုင်ဖွယ် ရှိနေပါတယ် ။
အင်္ဂလန် လူငယ်ကစားသမား မိတ်လန်နိုင်းလ်စ် က ” ဟက်တာသာ ပြန် က စား နိုင် ရင် ကျ နော့် အ တွက် ကော သူ့ အ တွက် ကော စိန် ခေါ် မှု ကောင်း တစ် ရပ် ဖြစ် လာ မှာ ပါ ။ ဟက် တာ က တ ကယ် ကောင်း တဲ့ က စား သ မား တစ် ဦး ပါ ၊ အ သင်း က ဘယ် သူ့ ကို မှ ပွဲ ထွက် ခွင့် ပျောက် အောင် မ လုပ် ချင် ပါ ဘူး ။ သူ နဲ့ ကောင်း မွန် တဲ့ ယှဉ် ပြိုင် မှု မျိုး ပဲ လုပ် သွား မှာ ပါ ။ ”
ဆက်လက်ပြီး မိတ်လန်နိုင်းလ်စ် က အမ်းမရိတ်မှာ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ရယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ” အမ်းမရိတ် ကွင်းမှာ ပထမဆုံး ဂိုးသွင်းနိုင်လိုက်တဲ့ ခံစားချက်က တကယ့်ကို ထူး ခြား ပါ တယ် ။ ပြော မ ပြ တတ် အောင် ပါ ပဲ ။ ကျ နော့် အ တွက် မေ့ မ ရ တဲ့ အ ခိုက် အ တန့် တစ် ခု ပါ ပဲ ။ ”
” ကျနော့် အတွက်ကော မိသားစု အတွက်ကော အဓိပါ္ပယ် အများကြီး ရှိပါတယ် ။ အာဆင်နယ် အသင်း ကစားခွင့် ရချင်တဲ့ အိပ်မက်တွေ တကယ် ဖြစ်လာခဲ့သလို အရေးကြီး တဲ့ ပွဲ မှာ အ သင်း အ တွက် အ ရေး ပါ တဲ့ သွင်း ဂိုး တစ် ဂိုး ကို သွင်း ယူ နိုင် ခဲ့ တော့ ပို ပြီး အ မှတ် တ ရ ဖြစ် သွား စေ ပါ တယ် ။ ”
နောက်ဆုံးအနေနဲ့ နိုင်းလ်စ် က ခက်ခဲတဲ့ ပွဲစဉ်တွေကို အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့ အပေါ် ” ကျနော်တို့မှာ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြခဲ့တာပါပဲ ။ တစ်သင်းလုံး ကောင်းအောင် ကစားနိုင်တယ် ဆိုတာကို သက်သေပြ ခဲ့တာပါပဲ ။ ကစားသမားတစ်ယောက်ချင်းစီတိုင်းက အစွမ်းကုန် ကစားခဲ့ကြတာပါ ။ ” လို့ ပြော ကြား သွား ခဲ့ ပါတယ် ။
SPORTS MYANMAR