ခ်ယ္လ္ဆီး နဲ႕ ဘာစီလိုနာ အသင္း တိုက္စစ္မွဴးေဟာင္း အယ္ဒါ ဂြတ္ဂြ်န္ဆင္ ဟာ ကစားသမား ဘဝ က အနားယူ ခဲ့ျပီးေနာက္ အခု အခါ မွာ ၄င္းရဲ႕ အမိ ႏိုင္ငံ အိုက္စလန္ ယူ ၂၁ အသင္း မွာ နည္းျပ အျဖစ္ လုပ္ကိုင္လ်က္ ရွိေနပါတယ္ ။ ေလာေလာဆယ္ အထိေတာ့ နည္းျပ အလုပ္ နဲ႕ ပတ္သက္ျပီး သင္ယူ ေနဆဲ ျဖစ္တာေၾကာင့္ သူ႕ အေနနဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီး ကို နည္းျပ အေနနဲ႕ ျပန္လာဖို႔ အဆင္သင့္ မျဖစ္ေသးပဲ ရွိေနပါတယ္ ။

ဂြတ္ဂြ်န္ဆင္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ကစား ခဲ့စဥ္ က နာမည္ၾကီး မန္ေနဂ်ာ ၂ဦး ျဖစ္တဲ့ ရာနီေရးရီ ၊ ေမာ္ရင္ဟုိ တို႕နဲ႕ အတူ လက္တြဲ အလုပ္လုပ္ ခဲ့ဖူးပါတယ္ ။ မေန႕က Goal သတင္း ဌာန နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဂြတ္ဂြ်န္ဆင္ က သူဟာ မန္ေနဂ်ာ ေတြထဲမွာ ေမာ္ရင္ဟို ၊ ဆမ္ အလာဒိုက္စ္ ၊ ရာနီေရးရီ ၊ ဂြာဒီယိုလာ တို႕ရဲ႕ ကိုင္တြယ္ လုပ္ေဆာင္ပံု ေတြကို ေလ့လာ အတုယူ ေနရေၾကာင္း ဆိုခဲ့ပါတယ္ ။

ဂြတ္ဂြ်န္ဆင္ က ” ကြ်န္ေတာ္ ဟာ ကစားသမား ဘဝ အနားယူ ခဲ့ကတည္းက မန္ေနဂ်ာ ေလာက ထဲကို ဝင္ဖို႕ ဆံုးျဖတ္ ထားျပီးသားပါ ။ အခုေတာ့ ကြ်န္ေတာ္ ဟာ အိုက္စလန္ယူ ၂၁ အသင္း နဲ႕ ခ်ိတ္ဆက္ျပီး နည္းျပ အလုပ္ ကို စတင္ ေနပါျပီ ။ ဒါဟာ ကြ်န္ေတာ့ ရဲ႕ တကယ့္ နည္းျပ လိုင္စင္ အတြက္ အေတာ္ေလး အေထာက္အကူ ျပဳမယ္ လို႕ ထင္ပါတယ္ ။ ေနာက္ျပီး ေျခစြမ္း ထက္ျမက္တဲ့ လူငယ္ ကစားသမား ေတြနဲ႕ အလုပ္ အတူတူ လုပ္ရတာ ကြ်န္ေတာ့ အတြက္ အေတာ္ေလး အဆင္ေျပ ပါတယ္ ။ ”

” ခင္ဗ်ား ဟာ မန္ေနဂ်ာ ေလာက ထဲကို ဝင္ေရာက္ျပီး ဆံုးျဖတ္ ထားျပီးျပီ ဆိုရင္ မန္ေနဂ်ာတိုင္း ဆီကေန ေကာင္းကြက္ တခ်ိဳ႕ တခ်ိဳ႕ ကို ေလ့လာ မွတ္သား ႏိုင္ဖို႕ လိုပါတယ္ ။ ျပီးေတာ့မွာ ကိုယ္လိုခ်င္တဲ့ ပံုစံ ေတြမွာ ဘယ္ နည္းစနစ္ က ကိုက္ညီမႈ ရွိလဲ ဆိုတာ ကိုယ္တိုင္ ပံုသြင္း ရမွာ ျဖစ္ပါတယ္ ။ ေမာ္ရင္ဟို ဆိုရင္ ကစားသမား ေတြကို စီမံခန္႕ခြဲ တဲ့ ေနရာ ေတာ္သလို ၊ ဆမ္ အလာဒိုက္စ္ ဆိုရင္လည္း ကစားသမား ေတြကို အမိန္႕ေပး တဲ့ ေနရာ ၊ ေမာင္းႏွင္တဲ့ ေနရာ မွာ အရမ္း ကြ်မ္းက်င္ ပါတယ္ ။ ”

” ဂြာဒီယိုလာ ဆိုရင္ ကိုယ့္ အသင္းသား ေတြကို ေဘာလံုး ေျခထဲ ရွိတဲ့ အခ်ိန္ေရာ ၊ မရွိတဲ့ အခ်ိန္ ေတြမွာပါ ေျခစြမ္း အေကာင္းဆံုး ျပသ ႏိုင္ဖို႕ သင္ၾကား ေပးႏိုင္ပါတယ္ ။ ဂြာဒီယိုလာ ဘာစီလိုနာ ကို ကိုင္တြယ္ ေနခဲ့တဲ့ အခ်ိန္ ဟာ ကြ်န္ေတာ္ ကစားဖူးသမွ် ထဲမွာ ဆြဲေဆာင္မႈ အရွိဆံုး ကစားကြက္ နဲ႕ ကစားခြင့္ ရခဲ့ပါတယ္ ။ သူတို႕ဟာ အကယ္ဒမီ မွာကတည္းက အတူတူ တြဲကစား လာတဲ့ လူငယ္ ၾကယ္ပြင့္ ေတြကို အသင္း မွာ ေနရာ ျပန္ေပးျပီး လိုသလို ၊ ပံုသြင္း ကစား ေစခဲ့တာ ျဖစ္ပါတယ္ ။ ”

” သူတို႕ ေတြ အားလံုး ဟာ တေယာက္ နဲ႕ တေယာက္ ခ်ိတ္ဆက္ ရာမွာ အေတာ္ေလး လြာ္ကူ ျမန္ဆန္ ခဲ့ပါတယ္ ။ ဘာျဖစ္လို႕လဲ ဆိုေတာ့ ငယ္ငယ္ ကတည္းက တေယာက္ အေၾကာင္း တေယာက္ သိထားၾကလို႕ပါ ။ ဘယ္ အခ်ိန္ မွာ ဘယ္လို ကစားပံု ၊ ဘယ္လို နည္းစနစ္မ်ိဳး ထုတ္သံုး ရမလဲ ဆိုတာ သိထာျပီးသားပါ ။ ဒီလို လွပတဲ့ ကစားပံု မ်ိဳးကို ခင္ဗ်ား အေနနဲ႕ ေန႕ခ်င္းညခ်င္း တည္ေဆာက္ ႏိုင္ဖို႕ ဆိုတာ အေတာ္ကို ခက္ခဲ ႏိုင္ပါတယ္ ။ ”

” ေနာက္ျပီး ကြ်န္ေတာ္ ဟာ ဆမ္ အလာဒိုက္စ္ ၊ ေမာ္ရင္ဟို တို႕နဲ႕ အတူ လက္တြဲ အလုပ္လုပ္ခြင့္ ရခဲ့တာ ကံေကာင္းတယ္ ပဲ ဆိုရပါမယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ ဟာ ကစားသမား ဘဝ မွာ ေတြ႕ၾကံဳ ခဲ့ဖူးတဲ့ မန္ေနဂ်ာ အားလံုး အေပၚ ေလးစားမႈ အျပည့္ ရွိပါတယ္ ။ အလာဒိုက္စ္ ရဲ႕ နည္းစနစ္ က အရမ္း တည့္ဆန္ပါတယ္ ။ သူဟာ ကစားသမား ေတြကို အရွိကို အရွိအတိုင္း ကစားဖို႕ အျမဲ ေျပာပါတယ္ ။ သူဟာ အခ်ိတ္အဆက္ ေလးေတြနဲ႕ ကစားရတာ ကို ၾကိဳက္ႏွစ္သက္ ေပမယ့္ သူ႕ အသင္းသား ေတြကိုေတာ့ အႏိုင္ရဖို႕ အတြက္ ကစားကြက္ လွေနဖို႕ မလိုတဲ့ အေၾကာင္း အျမဲ ေျပာေလ့ ရွိပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ သူ႕ လက္ေအာက္ မွာ လုပ္အားပိုင္း အေတာ္ေလး ေကာင္းခဲ့ပါတယ္ ။ အဲ့ဒီေနာက္ ဂ်ီယန္လူကာ ဗီယာလီ က ကြ်န္ေတာ့ ကို ေခၚယူ ခဲ့လို႕ ခ်ယ္လ္ဆီး အသင္း ကို ေရာက္လာ ခဲ့ပါတယ္ ။ ေနာက္တႏွစ္ မွာေတာ့ ရာနီေရးရီ ခ်ယ္လ္ဆီး ကို ေရာက္လာ ခဲ့ပါတယ္ ။ သူ႕ဆီကေန လည္း ကြ်န္ေတာ္ အမ်ားၾကီး သင္ယူ ခဲ့ရပါတယ္ ။ ကစားသမား တေယာက္ အေနနဲ႕ ေျခစြမ္းပိုင္း တိုးတက္ လာဖို႕ ကြ်န္ေတာ့ ကို ကူညီ ေပးခဲ့တဲ့ နည္းျပ ေတြ အမ်ားၾကီး ရွိခဲ့ပါတယ္ ။ ”

” အခု အခ်ိန္ မွာ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ဖို႕ အသင့္ျဖစ္ေနျပီ လို႕ ကြ်န္ေတာ္ ေျပာရင္ လိမ္ရာ က်ပါလိမ့္မယ္ ။ ကြ်န္ေတာ္ ဟာ အခု မွ နည္းျပ ဘဝ ရဲ႕ ပထမ ေျခလွမ္း ကို စတင္ ေနတုန္းပဲ ရွိပါေသးတယ္ ။ ကြ်န္ေတာ့ အေနနဲ႔ ေနာက္ထပ္ အေတြ႕အၾကံဳ မ်ားစြာ ထပ္ျပီး ရွာေဖြဖို႕ လိုပါေသးတယ္ ။ ကြ်န္ေတာ့ ရဲ႕ အနာဂတ္ ဘယ္လုိ ရွိလာႏိုင္မလဲ ၊ ဘယ္လို အသင္းမ်ိဳး ေတြကို ကိုင္တြယ္ခြင့္ ရမလဲ ဆိုတာ ကြ်န္ေတာ့ အေပၚပဲ မူတည္ ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး သို့ နည်းပြ တဦး အနေနဲ့ ပြန်လာဖို့ မဖြစ်နိုင်သေးကြောင်း ပြောဆိုရင်း နည်းပြ တွေထဲမှာ ဘယ်သူတွေကို သဘောကျလဲ ဆိုတာ ပြောပြလိုက်တဲ့ #ဂွတ်ဂျွန်ဆင်

ချယ်လ်ဆီး နဲ့ ဘာစီလိုနာ အသင်း တိုက်စစ်မှူးဟောင်း အယ်ဒါ ဂွတ်ဂျွန်ဆင် ဟာ ကစားသမား ဘဝ က အနားယူ ခဲ့ပြီးနောက် အခု အခါ မှာ ၄င်းရဲ့ အမိ နိုင်ငံ အိုက်စလန် ယူ ၂၁ အသင်း မှာ နည်းပြ အဖြစ် လုပ်ကိုင်လျက် ရှိနေပါတယ် ။ လောလောဆယ် အထိတော့ နည်းပြ အလုပ် နဲ့ ပတ်သက်ပြီး သင်ယူ နေဆဲ ဖြစ်တာကြောင့် သူ့ အနေနဲ့ အသင်းဟောင်း ချယ်လ်ဆီး ကို နည်းပြ အနေနဲ့ ပြန်လာဖို့ အဆင်သင့် မဖြစ်သေးပဲ ရှိနေပါတယ် ။

ဂွတ်ဂျွန်ဆင် ဟာ ချယ်လ်ဆီး အသင်း မှာ ကစား ခဲ့စဉ် က နာမည်ကြီး မန်နေဂျာ ၂ဦး ဖြစ်တဲ့ ရာနီရေးရီ ၊ မော်ရင်ဟို တို့နဲ့ အတူ လက်တွဲ အလုပ်လုပ် ခဲ့ဖူးပါတယ် ။ မနေ့က Goal သတင်း ဌာန နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဂွတ်ဂျွန်ဆင် က သူဟာ မန်နေဂျာ တွေထဲမှာ မော်ရင်ဟို ၊ ဆမ် အလာဒိုက်စ် ၊ ရာနီရေးရီ ၊ ဂွာဒီယိုလာ တို့ရဲ့ ကိုင်တွယ် လုပ်ဆောင်ပုံ တွေကို လေ့လာ အတုယူ နေရကြောင်း ဆိုခဲ့ပါတယ် ။

ဂွတ်ဂျွန်ဆင် က ” ကျွန်တော် ဟာ ကစားသမား ဘဝ အနားယူ ခဲ့ကတည်းက မန်နေဂျာ လောက ထဲကို ဝင်ဖို့ ဆုံးဖြတ် ထားပြီးသားပါ ။ အခုတော့ ကျွန်တော် ဟာ အိုက်စလန်ယူ ၂၁ အသင်း နဲ့ ချိတ်ဆက်ပြီး နည်းပြ အလုပ် ကို စတင် နေပါပြီ ။ ဒါဟာ ကျွန်တော့ ရဲ့ တကယ့် နည်းပြ လိုင်စင် အတွက် အတော်လေး အထောက်အကူ ပြုမယ် လို့ ထင်ပါတယ် ။ နောက်ပြီး ခြေစွမ်း ထက်မြက်တဲ့ လူငယ် ကစားသမား တွေနဲ့ အလုပ် အတူတူ လုပ်ရတာ ကျွန်တော့ အတွက် အတော်လေး အဆင်ပြေ ပါတယ် ။ ”

” ခင်ဗျား ဟာ မန်နေဂျာ လောက ထဲကို ဝင်ရောက်ပြီး ဆုံးဖြတ် ထားပြီးပြီ ဆိုရင် မန်နေဂျာတိုင်း ဆီကနေ ကောင်းကွက် တချို့ တချို့ ကို လေ့လာ မှတ်သား နိုင်ဖို့ လိုပါတယ် ။ ပြီးတော့မှာ ကိုယ်လိုချင်တဲ့ ပုံစံ တွေမှာ ဘယ် နည်းစနစ် က ကိုက်ညီမှု ရှိလဲ ဆိုတာ ကိုယ်တိုင် ပုံသွင်း ရမှာ ဖြစ်ပါတယ် ။ မော်ရင်ဟို ဆိုရင် ကစားသမား တွေကို စီမံခန့်ခွဲ တဲ့ နေရာ တော်သလို ၊ ဆမ် အလာဒိုက်စ် ဆိုရင်လည်း ကစားသမား တွေကို အမိန့်ပေး တဲ့ နေရာ ၊ မောင်းနှင်တဲ့ နေရာ မှာ အရမ်း ကျွမ်းကျင် ပါတယ် ။ ”

” ဂွာဒီယိုလာ ဆိုရင် ကိုယ့် အသင်းသား တွေကို ဘောလုံး ခြေထဲ ရှိတဲ့ အချိန်ရော ၊ မရှိတဲ့ အချိန် တွေမှာပါ ခြေစွမ်း အကောင်းဆုံး ပြသ နိုင်ဖို့ သင်ကြား ပေးနိုင်ပါတယ် ။ ဂွာဒီယိုလာ ဘာစီလိုနာ ကို ကိုင်တွယ် နေခဲ့တဲ့ အချိန် ဟာ ကျွန်တော် ကစားဖူးသမျှ ထဲမှာ ဆွဲဆောင်မှု အရှိဆုံး ကစားကွက် နဲ့ ကစားခွင့် ရခဲ့ပါတယ် ။ သူတို့ဟာ အကယ်ဒမီ မှာကတည်းက အတူတူ တွဲကစား လာတဲ့ လူငယ် ကြယ်ပွင့် တွေကို အသင်း မှာ နေရာ ပြန်ပေးပြီး လိုသလို ၊ ပုံသွင်း ကစား စေခဲ့တာ ဖြစ်ပါတယ် ။ ”

” သူတို့ တွေ အားလုံး ဟာ တယောက် နဲ့ တယောက် ချိတ်ဆက် ရာမှာ အတော်လေး လွာ်ကူ မြန်ဆန် ခဲ့ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ် ကတည်းက တယောက် အကြောင်း တယောက် သိထားကြလို့ပါ ။ ဘယ် အချိန် မှာ ဘယ်လို ကစားပုံ ၊ ဘယ်လို နည်းစနစ်မျိုး ထုတ်သုံး ရမလဲ ဆိုတာ သိထာပြီးသားပါ ။ ဒီလို လှပတဲ့ ကစားပုံ မျိုးကို ခင်ဗျား အနေနဲ့ နေ့ချင်းညချင်း တည်ဆောက် နိုင်ဖို့ ဆိုတာ အတော်ကို ခက်ခဲ နိုင်ပါတယ် ။ ”

” နောက်ပြီး ကျွန်တော် ဟာ ဆမ် အလာဒိုက်စ် ၊ မော်ရင်ဟို တို့နဲ့ အတူ လက်တွဲ အလုပ်လုပ်ခွင့် ရခဲ့တာ ကံကောင်းတယ် ပဲ ဆိုရပါမယ် ။ ဒါပေမယ့် ကျွန်တော် ဟာ ကစားသမား ဘဝ မှာ တွေ့ကြုံ ခဲ့ဖူးတဲ့ မန်နေဂျာ အားလုံး အပေါ် လေးစားမှု အပြည့် ရှိပါတယ် ။ အလာဒိုက်စ် ရဲ့ နည်းစနစ် က အရမ်း တည့်ဆန်ပါတယ် ။ သူဟာ ကစားသမား တွေကို အရှိကို အရှိအတိုင်း ကစားဖို့ အမြဲ ပြောပါတယ် ။ သူဟာ အချိတ်အဆက် လေးတွေနဲ့ ကစားရတာ ကို ကြိုက်နှစ်သက် ပေမယ့် သူ့ အသင်းသား တွေကိုတော့ အနိုင်ရဖို့ အတွက် ကစားကွက် လှနေဖို့ မလိုတဲ့ အကြောင်း အမြဲ ပြောလေ့ ရှိပါတယ် ။ ”

” ကျွန်တော် ဟာ သူ့ လက်အောက် မှာ လုပ်အားပိုင်း အတော်လေး ကောင်းခဲ့ပါတယ် ။ အဲ့ဒီနောက် ဂျီယန်လူကာ ဗီယာလီ က ကျွန်တော့ ကို ခေါ်ယူ ခဲ့လို့ ချယ်လ်ဆီး အသင်း ကို ရောက်လာ ခဲ့ပါတယ် ။ နောက်တနှစ် မှာတော့ ရာနီရေးရီ ချယ်လ်ဆီး ကို ရောက်လာ ခဲ့ပါတယ် ။ သူ့ဆီကနေ လည်း ကျွန်တော် အများကြီး သင်ယူ ခဲ့ရပါတယ် ။ ကစားသမား တယောက် အနေနဲ့ ခြေစွမ်းပိုင်း တိုးတက် လာဖို့ ကျွန်တော့ ကို ကူညီ ပေးခဲ့တဲ့ နည်းပြ တွေ အများကြီး ရှိခဲ့ပါတယ် ။ ”

” အခု အချိန် မှာ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီ လို့ ကျွန်တော် ပြောရင် လိမ်ရာ ကျပါလိမ့်မယ် ။ ကျွန်တော် ဟာ အခု မှ နည်းပြ ဘဝ ရဲ့ ပထမ ခြေလှမ်း ကို စတင် နေတုန်းပဲ ရှိပါသေးတယ် ။ ကျွန်တော့ အနေနဲ့ နောက်ထပ် အတွေ့အကြံု များစွာ ထပ်ပြီး ရှာဖွေဖို့ လိုပါသေးတယ် ။ ကျွန်တော့ ရဲ့ အနာဂတ် ဘယ်လို ရှိလာနိုင်မလဲ ၊ ဘယ်လို အသင်းမျိုး တွေကို ကိုင်တွယ်ခွင့် ရမလဲ ဆိုတာ ကျွန်တော့ အပေါ်ပဲ မူတည် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR