စပိန္ ထိပ္သီး ဘာစီလိုနာ အသင္း ဟာ ျပီး ခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက အသင္း ရဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ေဟာင္း ျဖစ္သူ ေနမာ ကို PSG အသင္း မွ ျပန္လည္ ေခၚယူ လိုေန တဲ့ သတင္း ဟာ အေတာ္ေလး သတင္းၾကီး တဲ့ အရာ တစ္ခု ျဖစ္ခဲ့ ပါတယ္ ။

Neymar

အထူးသျဖင့္ ေနမာ ကို ျပန္လည္ ေခၚယူ ေပးဖုိ႔ အတြက္ အသင္း ရဲ့ အဓိက ကစားသမား ျဖစ္သူ လီယြန္နယ္ မက္ဆီ ၊ ဝါရင့္ ေနာက္ခံလူ ဂ်ာရတ္ ပီေကး အပါအဝင္ စီနီယာ ကစားသမား အေတာ္ မ်ားမ်ားက ဥကၠဌ ဘာတုိျမဴ ထံ ေတာင္းဆုိ ခဲ့ၾက ေသးတယ္ လို့ သတင္း ထြက္ေပၚ ခဲ့ပါ ေသးတယ္ ။

ဒါေပမယ့္ ဥေရာပ အေျပာင္း အေရႊ့ ေနာက္ဆံုးရက္ ေရာက္ရွိ ခဲ့တဲ့ အခ်ိန္ အထိ ဘာစီလိုနာ အသင္း ဖက္မွ ေနမာ ကို ရယူ နုိင္ေရး အတြက္ ၾကိဳးစား အားထုတ္ ခဲ့ၾက ေသး ေပမယ့္ အဆုိပါ အေျပာင္း အေရႊ့ ဟာ ျဖစ္ပြား ခဲ့ျခင္း မရွိ ခဲ့ ပါဘူး ။

အခုေတာ့ ဘာစီလိုနာ အသင္း ရဲ့ အဓိက ကစားသမား ျဖစ္သူ လီယြန္နယ္ မက္ဆီ က အသင္း ဖက္မွ ေနမာ ကို ေခၚယူ ရရွိ နုိင္ဖုိ႔ အတြက္ အစြမ္းကုန္ ၾကိဳးစား အားထုတ္ ခဲ့ၾက သလား ဆုိတာ သူလည္း မသိရွိ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ေနမာ သာ အသင္း နဲ့ ျပန္လည္ ပူးေပါင္း နုိင္ခဲ့မယ္ ဆုိရင္ သူတုိ့ အားလံုး ဟာ ေပ်ာ္ရႊင္ ၾကမွာ ျဖစ္ေၾကာင္း မက္ဆီ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

 

” ေနမာ အသင္း ကို ျပန္လည္ ပူးေပါင္း နုိင္မယ္ ဆုိရင္ က်ြန္ေတာ္ တုိ႔ ေပ်ာ္ရႊင္ ၾကမွာ အေသအခ်ာ ပါပဲ ။ ဘာစီလိုနာ အသင္း ဖက္က ေနမာ ကို ေသခ်ာေပါက္ ျပန္လည္ ေခၚယူ နုိင္ေရး အတြက္ ျဖစ္နုိင္ေျခ ရွိတဲ့ အရာေတြ အားလံုး လုပ္ေဆာင္ ခဲ့ၾက သလား ဆုိတာ ေတာ့ က်ြန္ေတာ္ လည္း မသိ ပါဘူး ”

” ဘယ္လို ပဲ ျဖစ္ေန ပါေစ ၊ ေနမာ အတြက္ PSG အသင္း နဲ့ ေဆြးေႏြး ဖုိ႔ ၊ သေဘာ တူညီမွဳ ရရွိ နိုင္ဖုိ႔ ဆုိတာ လြယ္ကူ လွတဲ့ ကိစၥ တစ္ရပ္ မဟုတ္တာ ကေတာ့ အေသအခ်ာ ပါပဲ ”

” ေဘာလံုး အား ကစား အပိုင္း ကေန ၾကည့္မယ္ ဆုိရင္ ေနမာ ဟာ ကမ႓ာ့ အေကာင္းဆံုး ကစားသမား ေတြ ထဲက တစ္ဦး ပါ ။ သူ့ကို ေခၚယူ နုိင္မယ္ ဆုိရင္ ကလပ္ အသင္း ဖက္က လည္း ပံုရိပ္ အသံုး ျပဳခ နဲ့ စပြန္ဆာ ပိုင္း ဆုိင္ရာ ေတြမွာ အက်ိဳး အျမတ္ မ်ားစြာ ျဖစ္ထြန္း လာနုိင္ ပါတယ္ ”

” က်ြန္ေတာ္ ကေတာ့ ေနမာ ကို ေခၚေပးပါ ဆုိျပီး ဘယ္တုန္း ကမွ ေတာင္းဆုိ ခဲ့ျခင္း မရွိ ခဲ့ ပါဘူး ။ က်ြန္ေတာ္ လုပ္နုိင္ ခဲ့တာ အားလံုး က အသင္း နဲ့ ပတ္သက္ လုိ့ က်ြန္ေတာ့္ ရဲ့ ထင္ျမင္ခ်က္ ေတြကို ေပးျခင္း ပါပဲ ”

 

” သူ့ကို မေခၚယူ နုိင္ခဲ့တဲ့ အတြက္ က်ြန္ေတာ္ မေက်မနပ္ မျဖစ္ရ ပါဘူး ။ လက္ရွိ ေနမာ မရွိရင္ ေတာင္မွ က်ြန္ေတာ္ တုိ့ ေတြဟာ ဆု ဖလား ေတြကို စိန္ေခၚ နုိင္မယ့္ ၊ ေတာင့္တင္း လွတဲ့ ကစားသမား အစုအဖြဲ့ ပိုင္ဆုိင္ ထားၾက ပါတယ္ ” လို့ မက္ဆီ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

နမာကို မခေါ်ယူနိုင် ခဲ့တဲ့အပေါ် မှတ်ချက်ပေးရင်း သူဟာ ဒီ အပြောင်းအရွှေ့ မှာ ဘယ်လို ပါဝင် ပတ်သက်ခဲ့သလဲ ဆိုတာ ဖွင့်ပြောလိုက်တဲ့ #မက်ဆီ

===============

စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ဟာ ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ နေမာ ကို PSG အသင်း မှ ပြန်လည် ခေါ်ယူ လိုနေ တဲ့ သတင်း ဟာ အတော်လေး သတင်းကြီး တဲ့ အရာ တစ်ခု ဖြစ်ခဲ့ ပါတယ် ။

အထူးသဖြင့် နေမာ ကို ပြန်လည် ခေါ်ယူ ပေးဖို့ အတွက် အသင်း ရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ၊ ဝါရင့် နောက်ခံလူ ဂျာရတ် ပီကေး အပါအဝင် စီနီယာ ကစားသမား အတော် များများက ဥက္ကဌ ဘာတိုမြူ ထံ တောင်းဆို ခဲ့ကြ သေးတယ် လို့ သတင်း ထွက်ပေါ် ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ဥရောပ အပြောင်း အရွှေ့ နောက်ဆုံးရက် ရောက်ရှိ ခဲ့တဲ့ အချိန် အထိ ဘာစီလိုနာ အသင်း ဖက်မှ နေမာ ကို ရယူ နိုင်ရေး အတွက် ကြိုးစား အားထုတ် ခဲ့ကြ သေး ပေမယ့် အဆိုပါ အပြောင်း အရွှေ့ ဟာ ဖြစ်ပွား ခဲ့ခြင်း မရှိ ခဲ့ ပါဘူး ။

အခုတော့ ဘာစီလိုနာ အသင်း ရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ က အသင်း ဖက်မှ နေမာ ကို ခေါ်ယူ ရရှိ နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစား အားထုတ် ခဲ့ကြ သလား ဆိုတာ သူလည်း မသိရှိ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် နေမာ သာ အသင်း နဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့မယ် ဆိုရင် သူတို့ အားလုံး ဟာ ပျော်ရွှင် ကြမှာ ဖြစ်ကြောင်း မက်ဆီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” နေမာ အသင်း ကို ပြန်လည် ပူးပေါင်း နိုင်မယ် ဆိုရင် ကျွန်တော် တို့ ပျော်ရွှင် ကြမှာ အသေအချာ ပါပဲ ။ ဘာစီလိုနာ အသင်း ဖက်က နေမာ ကို သေချာပေါက် ပြန်လည် ခေါ်ယူ နိုင်ရေး အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အရာတွေ အားလုံး လုပ်ဆောင် ခဲ့ကြ သလား ဆိုတာ တော့ ကျွန်တော် လည်း မသိ ပါဘူး ”

” ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ နေမာ အတွက် PSG အသင်း နဲ့ ဆွေးနွေး ဖို့ ၊ သဘော တူညီမှု ရရှိ နိုင်ဖို့ ဆိုတာ လွယ်ကူ လှတဲ့ ကိစ္စ တစ်ရပ် မဟုတ်တာ ကတော့ အသေအချာ ပါပဲ ”

” ဘောလုံး အား ကစား အပိုင်း ကနေ ကြည့်မယ် ဆိုရင် နေမာ ဟာ ကမ႓ာ့ အကောင်းဆုံး ကစားသမား တွေ ထဲက တစ်ဦး ပါ ။ သူ့ကို ခေါ်ယူ နိုင်မယ် ဆိုရင် ကလပ် အသင်း ဖက်က လည်း ပုံရိပ် အသုံး ပြုခ နဲ့ စပွန်ဆာ ပိုင်း ဆိုင်ရာ တွေမှာ အကျိုး အမြတ် များစွာ ဖြစ်ထွန်း လာနိုင် ပါတယ် ”

” ကျွန်တော် ကတော့ နေမာ ကို ခေါ်ပေးပါ ဆိုပြီး ဘယ်တုန်း ကမှ တောင်းဆို ခဲ့ခြင်း မရှိ ခဲ့ ပါဘူး ။ ကျွန်တော် လုပ်နိုင် ခဲ့တာ အားလုံး က အသင်း နဲ့ ပတ်သက် လို့ ကျွန်တော့် ရဲ့ ထင်မြင်ချက် တွေကို ပေးခြင်း ပါပဲ ”

” သူ့ကို မခေါ်ယူ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် မကျေမနပ် မဖြစ်ရ ပါဘူး ။ လက်ရှိ နေမာ မရှိရင် တောင်မှ ကျွန်တော် တို့ တွေဟာ ဆု ဖလား တွေကို စိန်ခေါ် နိုင်မယ့် ၊ တောင့်တင်း လှတဲ့ ကစားသမား အစုအဖွဲ့ ပိုင်ဆိုင် ထားကြ ပါတယ် ” လို့ မက်ဆီ က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar