ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ One Championship ရဲ႕ One Century ပြဲစဥ္ကလဲ တစ္ေျဖးေျဖး နဲ႔ နီးလာျပီ ျဖစ္ပါတယ္။ အဲဒီ ပြဲစဥ္ကို ေရွ႕လ 13 ရက္ေန႔ ၊ တိုက်ိဳမွာ က်င္းပသြားမွာျဖစ္ျပီး ၊ ေအာင္လ အန္ဆန္းဟာ သူ႔ရဲ႕ လိုက္ဟဲဗီး၀ိတ္ ခ်န္ပီယံဆု အတြက္ စိန္ေခၚလာသူ ဖိလစ္ပိုင္သား ဟဲဗီး၀ိတ္ ခ်န္ပီယံ ဘရန္ဒန္ ဗီရာကို ယွဥ္ျပိဳင္ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။

 

ဒီပြဲမတိုင္ခင္မွာေတာ့ ျမန္မာ့ သူရဲေကာင္းၾကီးက သူ႔ုကိုယ္သူ အသည္းမာတဲ့ ဖိုက္တာတစ္ေယာက္လို႔ သတ္မွတ္သြားခဲ့ျပီး ၊ ဗီရာကုိ ရင္ဆိုင္ဖို႔ စုိးရိမ္စိတ္ လံုး၀ မရွိဘူးလို႔လဲ ျပတ္ျပတ္သားသား ေျပာဆုိသြားခဲ့ပါတယ္။

ေမး – ဒီပြဲ ျဖစ္လာဖို႔အတြက္ ေစာင့္ေနရတာ ေတာ္ေတာ္ေလးၾကာျပီ ဆိုေတာ့ ဘယ္လိုေတြ ခံစားေနရလဲ။
ေအာင္လ – ဘယ္လိုေျပာရမွန္းေတာင္ မသိေတာ့ပါဘူးဗ်ာ………..ဒါေပမယ့္ အရမ္းအရမ္း ကို စိတ္လႈပ္ရွားေနတာေတာ့ ေသခ်ာပါတယ္။ ျပီးေတာ့ ဒီလို ပြဲၾကီးမ်ိဳးမွာ ကိုယ့္ရဲ႕ အရည္အေသြးေတြကို ထုတ္ေဖာ္ ျပသခြင့္ ရရွိမယ့္ အတြက္လဲ အရမ္းကံေကာင္းတယ္လို႔ မွတ္ယူမိပါတယ္။ ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ကို အေကာင္းဆံုး ျဖစ္ေအာင္ ျပင္ဆင္သြားမွာပါ။

တကယ္ေတာ့ သူက က်ေနာ့္ကို စိန္ေခၚခဲ့တာဟာ ဟာဆီဂါ၀ါ နဲ႔ ပြဲထိုးသတ္ျပီးေတာ့မွ မဟုတ္ပါဘူး ၊ ဒိအရင္ ဂ်ပန္မွာ လာျပီး သတင္းစာ ရွင္းလင္းပြဲ လုပ္ခဲ့တုန္း ကတည္းက စိန္ေခၚခဲ့တာေလ။ ဒါေၾကာင့္မို႔ ေျပာရရင္ အခုလို ျဖစ္လာဖို႔ ေစာင့္ေနရတာ အခ်ိန္က တစ္ႏွစ္ေတာင္ ရွိျပီလို႔ ဆိုရေတာ့မွာပါ။

ေမး – မစ္ဒယ္၀ိတ္ ခ်န္ပီယံဆု အတြက္ 3 ၾကိမ္ ကာကြယ္ျပီးတဲ့ ေနာက္ပိုင္း ၊ လိုက္ဟဲဗီး၀ိတ္ ခ်န္ပီယံဆုကို ကာကြယ္ရမယ္ ဆိုေတာ့ ဘယ္ေလာက္အထိ စိတ္လႈပ္ရွားမိလဲ။
ေအာင္လ – ဗီရာက လိုက္ဟဲဗီး၀ိတ္ ကို ဆင္းထိုးတယ္ ဆိုေပမယ့္ ၊ အဲဒီ၀ိတ္တန္းရဲ႕ ပွ်မ္းမွ် ကိုယ္အေလးခ်ိန္ထက္ေတာ့ နည္းနည္း ပိုေနဦးမွာပါ။ ဟဲဗီး၀ိတ္ မွာဆိုရင္ေတာ့ သူ႔အတြက္က ပိုုျပီး အဆင္ေျပတယ္ေလ။ ၀ိတ္နည္းနည္းခ်ျပီး ထိုးရမွာ ျဖစ္တဲ့ အတြက္ သူ႔အတြက္လဲ စိန္ေခၚမႈေတာ့ နည္းနည္း ရွိမယ္ ထင္ပါတယ္။

က်ေနာ္လဲ ဒီလိုပါပဲ။ က်ေနာ္ မစ္ဒယ္၀ိတ္တန္းကို ထိုးတဲ့အခါက်ရင္ ကိုယ္အေလးခ်ိန္ကို သူ႔လိုပဲ ေလွ်ာ့ခ်ျပီး ထိုးရတာပါ။ ကိုယ့္ရဲ႕ စံခ်ိန္က လိုက္ဟဲဗီး၀ိတ္နဲ႔ ပိုျပီး နီးေနတာေလ။ ဒါေၾကာင့္ ကိုယ့္ဘက္ကေတာ့ စိတ္ပူစရာ အမ်ားၾကီး မရွိပါဘူး။ အရင္ကထက္ ပုိျပီး သန္မာၾကံ႕ခိုင္ဖုိ႔ နဲ႔ သူ႔လို လူေကာင္ၾကီးၾကီး ဖိုက္တာ တစ္ေယာက္ကို လႈပ္လႈပ္ရွားရွား နဲ႔ လွည့္ပတ္ ထိုးသတ္ႏိုင္ဖို႔ ပဲ ျပင္သြားမွာပါ။

ေမး – ဗီရာလို လူေကာင္ၾကီးတဲ့ ဖိုက္တာေတြ နဲ႔ေရာ လက္တြဲျပီး ေလ့က်င့္ ထားျဖစ္လား။
ေအာင္လ – က်ေနာ့္မွာ သူ႔ထက္ အရပ္ ပိုရွည္တဲ့ ဖိုက္တာေတြ ၊ သူ႔ထက္ ပိုျပီး ကိုယ္အေလးခ်ိန္ မ်ားတဲ့ ဖိုက္တာၾကီးေတြနဲ႔ အျမဲတမ္း ေလ့က်င့္ေနပါတယ္။ ဒါေၾကာင့္မို႔ တကယ္တမ္း ပြဲထိုးသတ္တဲ့ အခ်ိန္က်ရင္ သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အားသာခ်က္ေတြက ျပသနာ ရွိလာမွာ မဟုတ္ပါဘူး။

ေမး – ျပီးခဲ့တဲ့ အခ်ိန္ကာလတစ္ခုအတြင္း ခင္ဗ်ားက ပြဲအေရအတြက္ ေတာ္ေတာ္မ်ားမ်ား ထိုးသတ္ခဲ့တယ္ေနာ္ ၊ ဗီရာကေတာ့ 5 ႏွစ္ အတြင္းမွ 4 ပြဲ ပဲ ထိုးသတ္ ထားတဲ့သူပါ။ အဲဒီ အေနအထားက ခင္ဗ်ား အတြက္ အားသာခ်က္ ျဖစ္လာႏိုင္မလား။
ေအာင္လ – က်ေနာ္ လြန္ခဲ့တဲ့ ႏွစ္အတြင္း ထိုးသတ္ခဲ့တဲ့ အေရအတြက္ဟာ သူ 5 ႏွစ္အတြင္း ထိုးခဲ့တဲ့ ပြဲအေရအတြက္ထက္ေတာင္ မ်ားေသးပါတယ္။ ဒါေပမယ့္ သူ႔အတြက္ ဒါက စိုးရိမ္စရာ ျဖစ္ေလာက္တဲ့ ကိစၥေတာ့ ဟုတ္မယ္ မထင္ပါဘူး။ တစ္ခုေတာ့ရွိတယ္ဗ်ာ ၾကိဳး၀ိုင္းထဲကို ၀င္လာတာနဲ႔ စိတ္လႈပ္ရွားမႈေတြ ျဖစ္ေနရင္ေတာ့ ၊ အဲဒီ အခ်က္က ဖိုက္တာ တစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္အေပၚ သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ ေစာင့္ၾကည့္ၾကတာေပါ့။

က်ေနာ္ကေတာ့ သူဟာ ပံုမွန္အတုိင္း ဖိအားကင္းကင္းနဲ႔ ထိုးသတ္ျပႏိုင္လိမ့္မယ္လုိ႔ ယူဆထားေပမယ့္ ၊ က်ေနာ္လို ယံုၾကည္မႈ အျပည့္နဲ႔ တိုက္ခိုက္ျပႏိုင္လိမ့္မယ္လို႔ မထင္ပါဘူး။ က်ေနာ္က ဂ်ပန္က ပရိသတ္ေတြ နဲ႔ ရင္းနီးမွဳလဲ ရွိထားတယ္ ၊ ကမၻာ့ခ်န္ပီယံဆု အတြက္ 6 ပြဲ အထိ တိုက္ခိုက္ဖူးတဲ့ အေတြ႔အၾကံဳ ပိုင္ဆိုင္ထားတာေလ။ ဒါေတြက သူ႔ နဲ႔ က်ေနာ့္ အၾကားမွာ ကြာျခားခ်က္ေတြ ျဖစ္လာႏိုင္တဲ့ အဓိက အေၾကာင္းအရာေတြပါ။

ေမး – ဗီရာ က လက္သီးထိုးခ်က္ ျပင္းသလုိ ၊ ကန္ခ်က္ေတြကလဲ အားပါတယ္ေနာ္။ ခင္ဗ်ား အေနနဲ႔ သူ႔ရဲ႕ ေမြထိုင္း စတိုင္နဲ႔ ထိုးသတ္ပံုေတြ ဘယ္လုိ သံုးသပ္ခ်င္လဲ။
ေအာင္လ – က်ေနာ္ က ထပ္ျပီးေတာင္ ျဖည့္ေျပာခ်င္ပါေသးတယ္ ၊ သူဟာ နပန္း သတ္ပုတ္တဲ့ ေနရာမွာေတာင္ အရမ္းထူးခႊ်န္တဲ့သူပါ။ ဒါေၾကာင့္ က်ေနာ့္ ကို လွဲခ်ျပီး ၊ ေျမျပင္တိုက္ကြက္ေတြ နဲ႔ အသာစီးရယူဖို႔ ၾကိဳးစားလာမယ္ ဆိုရင္ေတာင္ လံုး၀ အံ့အားသင့္ေနမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ အဲဒီအတြက္ က်ေနာ့္ဘက္ကလဲ အမ်ားၾကီး ျပင္ဆင္ထားတယ္လို႔ ေျပာပါရေစ။

ေမး – ဒီပြဲမွာ ခင္ဗ်ားက ဘယ္လို အစီအစဥ္ေတြ အကြက္ခ်ျပီး ထိုးသတ္မယ္ ဆိုတာေတာ့ မေမးေတာ့ပါဘူး။ အဲဒါေတြ ေဘးဖယ္ထားလိုက္ရင္ ၊ ဗီရာ ထက္ သာတဲ့ ခင္ဗ်ားရဲ႕ အရည္အေသြးက ဘာျဖစ္မလဲ။
ေအာင္လ – က်ေနာ့္ အျမင္မွာေတာ့ က်ေနာ္ဟာ ဗီရာကို ဘက္ေပါင္းစံု ကေန ယွဥ္ႏုိင္တယ္ ဆိုတာပါ။ MMA ရွဴေထာင့္ကေန ၾကည့္ရင္ သူ႔နဲ႔ အားလံုး ယွဥ္ၾကည့္လို႔ရပါတယ္။

က်ေနာ့္ရဲ႕ အားသာတဲ့ အဓိက အခ်က္က ႏွလံုးသားက ခံယူခ်က္ဗ်။ က်ေနာ္က တိုက္ခုိက္ရဲတယ္ ၊ အသည္းမာတယ္ ၊ လံုး၀ကို ေၾကာက္စိတ္မရွိသလုိ ၊ ဘယ္ေတာ့မွ ေနာက္ဆုတ္မယ္ လူစားမ်ိဳး မဟုတ္ပါဘူး။ သူကလဲ အစြမ္းကုန္ တိုက္ကြက္ ဖြင့္လာမွာ ျဖစ္သလုိ ၊ က်ေနာ္ကလဲ တိုက္စစ္ကိုပဲ ဖြင့္ျပီး ထိုးမွာပါ။

ဗီရာဟာ ဘယ္ေလာက္အထိ ေပါက္ကြဲအားေကာင္းတယ္ ၊ ဘယ္ေလာက္အထိ ခြန္အားၾကီးမားတယ္ ဆိုတာ လူတိုင္းသိပါတယ္ ၊ ဒါေပမယ့္ က်ေနာ္ကလဲ သူ႔ကို ထိထိမိမိ ထိုးသတ္ျပိးကို အႏိုင္ယူခ်င္တာပါ။

 

ေမး – ဒီပြဲဟာ ကမၻာ့ခ်န္ပီယံ နဲ႔ ေနာက္ထပ္ ကမၻာ့ခ်န္ပီယံ တို႔ ထုိးသတ္မယ့္ ပြဲမ်ိဳးေနာ္……ဒါေၾကာင့္မို႔ ဒီပြဲဟာ ခင္ဗ်ားရဲ႕ ဖိုက္တာ ဘ၀ အၾကီးမားဆံုး ပြဲလို႔ ေျပာလို႔ ရႏိုင္မလား။
ေအာင္လ – ျပီးခဲ့တဲ့ ပြဲေတြ ကလဲ က်ေနာ့္ဘ၀ ရဲ႕ အၾကီးမားဆံုး ပြဲေတြပါပဲ။ အဲဒီပြဲေတြမွာ အႏိုင္ရခဲ့လို႔ ဗီရာ နဲ႔ ထိုးသတ္ဖို႔ အေၾကာင္းတရားက ဖန္လာခဲ့တာေလ။ တိုက္ပြဲတုိင္းဟာ သူ႔ က႑နဲ႔သူ အေရးပါသလုိ ၊ အေတြ႔အၾကံဳသစ္ေတြ အျမဲတမ္း ရွိေနခဲ့ပါတယ္။ ေလာေလာဆယ္ ခံစားခ်က္အရ ေျပာရင္ေတာ့ ဒီပြဲက ဘ၀ရဲ႕ အၾကီးမားဆံုး စိန္ေခၚမႈၾကီး တစ္ခုေပါ့ဗ်ာ……..

ေမး – One Century ပြဲဟာ One Championship ကေန ၾကီးမွဳးက်င္းပတဲ့ ပြဲစဥ္ေတြထဲမွာ အၾကီးမားဆံုးနဲ႔ အခမ္းနားဆံုးပြဲ ျဖစ္လာမွာပါ။ အဲဒီပြဲရဲ႕ Main Bout အျဖစ္ ထိုးသတ္ခြင့္ရတဲ့ အေပၚ ခံစားခ်က္ေလး ေျပာေပးပါဦး။
ေအာင္လ – က်ေနာ့္ အတြက္ အရမ္းကို ၾကီးမားတဲ့ အခြင့္အေရး တစ္ခုေပါ့။ သမိုင္း၀င္ ခမ္းနားမယ့္ ပြဲၾကီးတစ္ပြဲ ထုိးသတ္ခြင့္ ရတဲ့အတြက္လဲ အရမ္းကို အံ့အားသင့္ေနမိပါတယ္။

#SPORT MYANMAR

Unicode

သူ့ကိုယ်သူ အသည်းမာတဲ့ ဖိုက်တာတစ်ယောက်လို့ ပြောဆိုလိုက်ပြီး ၊ ဗီရာ ကို အနိုင်ယူပြသွားမယ်လို့ ကြုံးဝါလိုက်ပြီ ဖြစ်တဲ့ #အောင်လ အန်ဆန်း
**************************************************

ပရိသတ်တွေ စောင့်မျှော်နေတဲ့ One Championship ရဲ့ One Century ပွဲစဉ်ကလဲ တစ်ဖြေးဖြေး နဲ့ နီးလာပြီ ဖြစ်ပါတယ်။ အဲဒီ ပွဲစဉ်ကို ရှေ့လ 13 ရက်နေ့ ၊ တိုကျိုမှာ ကျင်းပသွားမှာဖြစ်ပြီး ၊ အောင်လ အန်ဆန်းဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆု အတွက် စိန်ခေါ်လာသူ ဖိလစ်ပိုင်သား ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာကို ယှဉ်ပြိုင် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာတော့ မြန်မာ့ သူရဲကောင်းကြီးက သူ့ုကိုယ်သူ အသည်းမာတဲ့ ဖိုက်တာတစ်ယောက်လို့ သတ်မှတ်သွားခဲ့ပြီး ၊ ဗီရာကို ရင်ဆိုင်ဖို့ စိုးရိမ်စိတ် လုံးဝ မရှိဘူးလို့လဲ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။

မေး – ဒီပွဲ ဖြစ်လာဖို့အတွက် စောင့်နေရတာ တော်တော်လေးကြာပြီ ဆိုတော့ ဘယ်လိုတွေ ခံစားနေရလဲ။
အောင်လ – ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ………..ဒါပေမယ့် အရမ်းအရမ်း ကို စိတ်လှုပ်ရှားနေတာတော့ သေချာပါတယ်။ ပြီးတော့ ဒီလို ပွဲကြီးမျိုးမှာ ကိုယ့်ရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ပြသခွင့် ရရှိမယ့် အတွက်လဲ အရမ်းကံကောင်းတယ်လို့ မှတ်ယူမိပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်သွားမှာပါ။

တကယ်တော့ သူက ကျနော့်ကို စိန်ခေါ်ခဲ့တာဟာ ဟာဆီဂါ၀ါ နဲ့ ပွဲထိုးသတ်ပြီးတော့မှ မဟုတ်ပါဘူး ၊ ဒိအရင် ဂျပန်မှာ လာပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တုန်း ကတည်းက စိန်ခေါ်ခဲ့တာလေ။ ဒါကြောင့်မို့ ပြောရရင် အခုလို ဖြစ်လာဖို့ စောင့်နေရတာ အချိန်က တစ်နှစ်တောင် ရှိပြီလို့ ဆိုရတော့မှာပါ။

မေး – မစ်ဒယ်ဝိတ် ချန်ပီယံဆု အတွက် 3 ကြိမ် ကာကွယ်ပြီးတဲ့ နောက်ပိုင်း ၊ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို ကာကွယ်ရမယ် ဆိုတော့ ဘယ်လောက်အထိ စိတ်လှုပ်ရှားမိလဲ။
အောင်လ – ဗီရာက လိုက်ဟဲဗီးဝိတ် ကို ဆင်းထိုးတယ် ဆိုပေမယ့် ၊ အဲဒီဝိတ်တန်းရဲ့ ပျှမ်းမျှ ကိုယ်အလေးချိန်ထက်တော့ နည်းနည်း ပိုနေဦးမှာပါ။ ဟဲဗီးဝိတ် မှာဆိုရင်တော့ သူ့အတွက်က ပိုုပြီး အဆင်ပြေတယ်လေ။ ၀ိတ်နည်းနည်းချပြီး ထိုးရမှာ ဖြစ်တဲ့ အတွက် သူ့အတွက်လဲ စိန်ခေါ်မှုတော့ နည်းနည်း ရှိမယ် ထင်ပါတယ်။

ကျနော်လဲ ဒီလိုပါပဲ။ ကျနော် မစ်ဒယ်ဝိတ်တန်းကို ထိုးတဲ့အခါကျရင် ကိုယ်အလေးချိန်ကို သူ့လိုပဲ လျှော့ချပြီး ထိုးရတာပါ။ ကိုယ့်ရဲ့ စံချိန်က လိုက်ဟဲဗီးဝိတ်နဲ့ ပိုပြီး နီးနေတာလေ။ ဒါကြောင့် ကိုယ့်ဘက်ကတော့ စိတ်ပူစရာ အများကြီး မရှိပါဘူး။ အရင်ကထက် ပိုပြီး သန်မာကြံ့ခိုင်ဖို့ နဲ့ သူ့လို လူကောင်ကြီးကြီး ဖိုက်တာ တစ်ယောက်ကို လှုပ်လှုပ်ရှားရှား နဲ့ လှည့်ပတ် ထိုးသတ်နိုင်ဖို့ ပဲ ပြင်သွားမှာပါ။

မေး – ဗီရာလို လူကောင်ကြီးတဲ့ ဖိုက်တာတွေ နဲ့ရော လက်တွဲပြီး လေ့ကျင့် ထားဖြစ်လား။
အောင်လ – ကျနော့်မှာ သူ့ထက် အရပ် ပိုရှည်တဲ့ ဖိုက်တာတွေ ၊ သူ့ထက် ပိုပြီး ကိုယ်အလေးချိန် များတဲ့ ဖိုက်တာကြီးတွေနဲ့ အမြဲတမ်း လေ့ကျင့်နေပါတယ်။ ဒါကြောင့်မို့ တကယ်တမ်း ပွဲထိုးသတ်တဲ့ အချိန်ကျရင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေက ပြသနာ ရှိလာမှာ မဟုတ်ပါဘူး။

မေး – ပြီးခဲ့တဲ့ အချိန်ကာလတစ်ခုအတွင်း ခင်ဗျားက ပွဲအရေအတွက် တော်တော်များများ ထိုးသတ်ခဲ့တယ်နော် ၊ ဗီရာကတော့ 5 နှစ် အတွင်းမှ 4 ပွဲ ပဲ ထိုးသတ် ထားတဲ့သူပါ။ အဲဒီ အနေအထားက ခင်ဗျား အတွက် အားသာချက် ဖြစ်လာနိုင်မလား။
အောင်လ – ကျနော် လွန်ခဲ့တဲ့ နှစ်အတွင်း ထိုးသတ်ခဲ့တဲ့ အရေအတွက်ဟာ သူ 5 နှစ်အတွင်း ထိုးခဲ့တဲ့ ပွဲအရေအတွက်ထက်တောင် များသေးပါတယ်။ ဒါပေမယ့် သူ့အတွက် ဒါက စိုးရိမ်စရာ ဖြစ်လောက်တဲ့ ကိစ္စတော့ ဟုတ်မယ် မထင်ပါဘူး။ တစ်ခုတော့ရှိတယ်ဗျာ ကြိုးဝိုင်းထဲကို ၀င်လာတာနဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်နေရင်တော့ ၊ အဲဒီ အချက်က ဖိုက်တာ တစ်ယောက်ရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့ စောင့်ကြည့်ကြတာပေါ့။

ကျနော်ကတော့ သူဟာ ပုံမှန်အတိုင်း ဖိအားကင်းကင်းနဲ့ ထိုးသတ်ပြနိုင်လိမ့်မယ်လို့ ယူဆထားပေမယ့် ၊ ကျနော်လို ယုံကြည်မှု အပြည့်နဲ့ တိုက်ခိုက်ပြနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ကျနော်က ဂျပန်က ပရိသတ်တွေ နဲ့ ရင်းနီးမှုလဲ ရှိထားတယ် ၊ ကမ္ဘာ့ချန်ပီယံဆု အတွက် 6 ပွဲ အထိ တိုက်ခိုက်ဖူးတဲ့ အတွေ့အကြံု ပိုင်ဆိုင်ထားတာလေ။ ဒါတွေက သူ့ နဲ့ ကျနော့် အကြားမှာ ကွာခြားချက်တွေ ဖြစ်လာနိုင်တဲ့ အဓိက အကြောင်းအရာတွေပါ။

မေး – ဗီရာ က လက်သီးထိုးချက် ပြင်းသလို ၊ ကန်ချက်တွေကလဲ အားပါတယ်နော်။ ခင်ဗျား အနေနဲ့ သူ့ရဲ့ မွေထိုင်း စတိုင်နဲ့ ထိုးသတ်ပုံတွေ ဘယ်လို သုံးသပ်ချင်လဲ။
အောင်လ – ကျနော် က ထပ်ပြီးတောင် ဖြည့်ပြောချင်ပါသေးတယ် ၊ သူဟာ နပန်း သတ်ပုတ်တဲ့ နေရာမှာတောင် အရမ်းထူးချွှန်တဲ့သူပါ။ ဒါကြောင့် ကျနော့် ကို လှဲချပြီး ၊ မြေပြင်တိုက်ကွက်တွေ နဲ့ အသာစီးရယူဖို့ ကြိုးစားလာမယ် ဆိုရင်တောင် လုံးဝ အံ့အားသင့်နေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီအတွက် ကျနော့်ဘက်ကလဲ အများကြီး ပြင်ဆင်ထားတယ်လို့ ပြောပါရစေ။

မေး – ဒီပွဲမှာ ခင်ဗျားက ဘယ်လို အစီအစဉ်တွေ အကွက်ချပြီး ထိုးသတ်မယ် ဆိုတာတော့ မမေးတော့ပါဘူး။ အဲဒါတွေ ဘေးဖယ်ထားလိုက်ရင် ၊ ဗီရာ ထက် သာတဲ့ ခင်ဗျားရဲ့ အရည်အသွေးက ဘာဖြစ်မလဲ။
အောင်လ – ကျနော့် အမြင်မှာတော့ ကျနော်ဟာ ဗီရာကို ဘက်ပေါင်းစုံ ကနေ ယှဉ်နိုင်တယ် ဆိုတာပါ။ MMA ရှူထောင့်ကနေ ကြည့်ရင် သူ့နဲ့ အားလုံး ယှဉ်ကြည့်လို့ရပါတယ်။

ကျနော့်ရဲ့ အားသာတဲ့ အဓိက အချက်က နှလုံးသားက ခံယူချက်ဗျ။ ကျနော်က တိုက်ခိုက်ရဲတယ် ၊ အသည်းမာတယ် ၊ လုံးဝကို ကြောက်စိတ်မရှိသလို ၊ ဘယ်တော့မှ နောက်ဆုတ်မယ် လူစားမျိုး မဟုတ်ပါဘူး။ သူကလဲ အစွမ်းကုန် တိုက်ကွက် ဖွင့်လာမှာ ဖြစ်သလို ၊ ကျနော်ကလဲ တိုက်စစ်ကိုပဲ ဖွင့်ပြီး ထိုးမှာပါ။

ဗီရာဟာ ဘယ်လောက်အထိ ပေါက်ကွဲအားကောင်းတယ် ၊ ဘယ်လောက်အထိ ခွန်အားကြီးမားတယ် ဆိုတာ လူတိုင်းသိပါတယ် ၊ ဒါပေမယ့် ကျနော်ကလဲ သူ့ကို ထိထိမိမိ ထိုးသတ်ပြိးကို အနိုင်ယူချင်တာပါ။

မေး – ဒီပွဲဟာ ကမ္ဘာ့ချန်ပီယံ နဲ့ နောက်ထပ် ကမ္ဘာ့ချန်ပီယံ တို့ ထိုးသတ်မယ့် ပွဲမျိုးနော်……ဒါကြောင့်မို့ ဒီပွဲဟာ ခင်ဗျားရဲ့ ဖိုက်တာ ဘဝ အကြီးမားဆုံး ပွဲလို့ ပြောလို့ ရနိုင်မလား။
အောင်လ – ပြီးခဲ့တဲ့ ပွဲတွေ ကလဲ ကျနော့်ဘဝ ရဲ့ အကြီးမားဆုံး ပွဲတွေပါပဲ။ အဲဒီပွဲတွေမှာ အနိုင်ရခဲ့လို့ ဗီရာ နဲ့ ထိုးသတ်ဖို့ အကြောင်းတရားက ဖန်လာခဲ့တာလေ။ တိုက်ပွဲတိုင်းဟာ သူ့ ကဏ္ဍနဲ့သူ အရေးပါသလို ၊ အတွေ့အကြံုသစ်တွေ အမြဲတမ်း ရှိနေခဲ့ပါတယ်။ လောလောဆယ် ခံစားချက်အရ ပြောရင်တော့ ဒီပွဲက ဘဝရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီး တစ်ခုပေါ့ဗျာ……..

မေး – One Century ပွဲဟာ One Championship ကနေ ကြီးမှုးကျင်းပတဲ့ ပွဲစဉ်တွေထဲမှာ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပွဲ ဖြစ်လာမှာပါ။ အဲဒီပွဲရဲ့ Main Bout အဖြစ် ထိုးသတ်ခွင့်ရတဲ့ အပေါ် ခံစားချက်လေး ပြောပေးပါဦး။
အောင်လ – ကျနော့် အတွက် အရမ်းကို ကြီးမားတဲ့ အခွင့်အရေး တစ်ခုပေါ့။ သမိုင်းဝင် ခမ်းနားမယ့် ပွဲကြီးတစ်ပွဲ ထိုးသတ်ခွင့် ရတဲ့အတွက်လဲ အရမ်းကို အံ့အားသင့်နေမိပါတယ်။

#SPORT MYANMAR