မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ လက္ရွိ အခ်ိန္ တုိက္စစ္ ပိုင္းမွာ လူငယ္ ကစားသမား သံုးဦး ကို ထားျပီး ကစား ေနခဲ့သလို အရံ အင္အားစု မွာလည္း လူငယ္ ကစားသမား ေလးေတြ ကိုပဲ ပိုင္ဆုိင္ ထားခဲ့ ပါတယ္ ။

ဒါ့အျပင္ ယူနုိက္တက္ ဟာ ေႏြ အေျပာင္း အေရႊ့ တုန္းက လည္း ဒန္နီယယ္ ဂ်ိမ္းစ္ နဲ့ အာရြန္ ဝမ္ ဘစ္ဆာကာ တုိ့လို အေတြ့ အၾကံဳ နည္းပါး လွတဲ့ လူငယ္ ကစားသမား ေလးေတြ ကိုပဲ ေခၚယူ အင္အား ျဖည့္တင္း ထားခဲ့ ပါတယ္ ။

လက္ရွိ ယူနုိက္တက္ အသင္း မွာ ခံစစ္ ပိုင္းနဲ့ ဂိုးသမား ေနရာ ကသာ အေတြ့ အၾကံဳ ရင့္က်က္ သူေတြ မ်ားျပား ျပီး လက္က်န္ ေနရာ ေတြ မွာေတာ့ ဆု ဖလား ေတြကို ဆြတ္ခူး နုိင္ေရး အတြက္ ယံုၾကည္ စိတ္ခ် ရတဲ့ အစု အဖြဲ့ တစ္ခု ရွိ မေန ခဲ့ ပါဘူး ။

ဒါ့ေၾကာင့္ အာဆင္နယ္ အသင္း ရဲ့ ဂႏၶဝင္ နည္းျပ ၾကီး အာဆင္ဝင္းဂါး က လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ ကစားသမား စုဖြဲ့ မွဳ ဟာ လံုေလာက္စြာ ရင့္က်က္ မွဳ မရွိ ေသးေၾကာင္း ၊ ဒါ့ေၾကာင့္ ဒီ အစုအဖြဲ့ ဟာ အသင္း ကို ေအာင္ျမင္ မဳွ ရရွိ ေစ နုိင္မွာ မဟုတ္ ေသးေၾကာင္း သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အကယ္လို့ ခင္ဗ်ား ဟာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ကို ၾကည့္ လိုက္မယ္ ဆုိရင္ သူတုိ့ ဆီမွာ အလား အလာ ေကာင္းတဲ့ ကစားသမား ေတြ အမ်ားၾကီး ရွိ ေနတယ္ ဆုိတာ ကို ျမင္ေတြ့ ရပါ လိမ့္မယ္ ။ ဒါေပမယ့္ သူတုိ႔ ေတြဟာ စုဖြဲ့ ကစား နုိင္မွဳ ပံုစံ တစ္ခု ကိုေတာ့ မပိုင္ဆုိင္ ထားၾက ပါဘူး ”

” ဒါဟာ လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္းရဲ့ ကစား သမား ေတြ လံုေလာက္ တဲ့ ရင့္က်က္ မွဳေတြ မရွိ ေသးလို့ ျဖစ္ေကာင္း ျဖစ္နုိင္ ပါတယ္ ။ သူတုိ႔ ေတြဟာ မန္ခ်က္စတာ ယူနုိက္တက္ လို အသင္း တစ္ခု ကို အစု အဖြဲ့ နဲ့ အတူ တကြ ကစား ေစနုိင္ တဲ့ အသင္း မျဖစ္ ေစနုိင္ ေသးၾက ပါဘူး ”

” အဲ့တာ က လက္ရွိ ယူနုိက္တက္ နဲ့ ပတ္သက္ လို့ ၾကီးမား တဲ့ ေမးခြန္း ထုတ္ စရာ တစ္ခု ပါပဲ ။ လက္ရွိ အစု အဖြဲဲ အရ သူတို႔ ေတြ ဆီက တစ္စံု တစ္ခု ရလာ နုိင္မယ္ လို့ က်ြန္ေတာ္ တုိ႔ ခံစား သိရွိ နုိင္ ပါတယ္ ။ ဒါေပမယ့္ အဲ့တာ ေတြက အဆင္သင့္ မျဖစ္ေသး ပါဘူး ”

” အဲ့တာ ေၾကာင့္လည္း သူတုိ႔ ကစား ေနတာ ကို ၾကည့္ရ ျခင္းက သူတုိ႔ ေတြဟာ ခ်န္ပီယံ ျဖစ္နုိင္ ဖုိ႔ တုိက္ပြဲ ဝင္နုိင္ ေလာက္တဲ့ အထိ အေနအထား ေကာင္းေတြ ပိုင္ဆိုင္ ထားျခင္း မရွိ ၾက ေသးဘူး လို့ က်ြန္ေတာ္ ေျပာေန ခဲ့ရ တာပါ ”

” သူတုိ့ ေတြဟာ ရိုင္ယန္ ဂစ္ ၊ ေပါလ္ စခိုးလ္ နဲ့ ေဒးဗစ္ ဘက္ခမ္း တုိ႔ ႏွစ္ေပါင္း မ်ားစြာ လုပ္ျပ ထားနုိင္ ခဲ့ၾက သလို မ်ိဳး လုပ္ေဆာင္ ျပနုိင္ ၾက မလား ? ပုဂၢိဳလ္ေရး အရ ေျပာရမယ္ ဆုိရင္ က်ြန္ေတာ္ ဟာ အဲ့တာ အေပၚ ယံုၾကည္ မွဳ မရွိ ပါဘူး ” လို့ အာဆင္ဝင္းဂါး က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်ဟာ ဘာ့ကြောင့် ချန်ပီယံ မဖြစ်နိုင်တာလဲ ၊ လက်ရှိ ကစားသမား စုဖွဲ့မှု အပေါ် မှတ်ချက်ပေးလိုက်တဲ့ #အာဆင်ဝင်းဂါး

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ အချိန် တိုက်စစ် ပိုင်းမှာ လူငယ် ကစားသမား သုံးဦး ကို ထားပြီး ကစား နေခဲ့သလို အရံ အင်အားစု မှာလည်း လူငယ် ကစားသမား လေးတွေ ကိုပဲ ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ဟာ နွေ အပြောင်း အရွှေ့ တုန်းက လည်း ဒန်နီယယ် ဂျိမ်းစ် နဲ့ အာရွန် ဝမ် ဘစ်ဆာကာ တို့လို အတွေ့ အကြုံ နည်းပါး လှတဲ့ လူငယ် ကစားသမား လေးတွေ ကိုပဲ ခေါ်ယူ အင်အား ဖြည့်တင်း ထားခဲ့ ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်း မှာ ခံစစ် ပိုင်းနဲ့ ဂိုးသမား နေရာ ကသာ အတွေ့ အကြံု ရင့်ကျက် သူတွေ များပြား ပြီး လက်ကျန် နေရာ တွေ မှာတော့ ဆု ဖလား တွေကို ဆွတ်ခူး နိုင်ရေး အတွက် ယုံကြည် စိတ်ချ ရတဲ့ အစု အဖွဲ့ တစ်ခု ရှိ မနေ ခဲ့ ပါဘူး ။

ဒါ့ကြောင့် အာဆင်နယ် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ကြီး အာဆင်ဝင်းဂါး က လက်ရှိ ယူနိုက်တက် အသင်း ရဲ့ ကစားသမား စုဖွဲ့ မှု ဟာ လုံလောက်စွာ ရင့်ကျက် မှု မရှိ သေးကြောင်း ၊ ဒါ့ကြောင့် ဒီ အစုအဖွဲ့ ဟာ အသင်း ကို အောင်မြင် မုှ ရရှိ စေ နိုင်မှာ မဟုတ် သေးကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ ခင်ဗျား ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကြည့် လိုက်မယ် ဆိုရင် သူတို့ ဆီမှာ အလား အလာ ကောင်းတဲ့ ကစားသမား တွေ အများကြီး ရှိ နေတယ် ဆိုတာ ကို မြင်တွေ့ ရပါ လိမ့်မယ် ။ ဒါပေမယ့် သူတို့ တွေဟာ စုဖွဲ့ ကစား နိုင်မှု ပုံစံ တစ်ခု ကိုတော့ မပိုင်ဆိုင် ထားကြ ပါဘူး ”

” ဒါဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစား သမား တွေ လုံလောက် တဲ့ ရင့်ကျက် မှုတွေ မရှိ သေးလို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ သူတို့ တွေဟာ မန်ချက်စတာ ယူနိုက်တက် လို အသင်း တစ်ခု ကို အစု အဖွဲ့ နဲ့ အတူ တကွ ကစား စေနိုင် တဲ့ အသင်း မဖြစ် စေနိုင် သေးကြ ပါဘူး ”

” အဲ့တာ က လက်ရှိ ယူနိုက်တက် နဲ့ ပတ်သက် လို့ ကြီးမား တဲ့ မေးခွန်း ထုတ် စရာ တစ်ခု ပါပဲ ။ လက်ရှိ အစု အဖွဲဲ အရ သူတို့ တွေ ဆီက တစ်စုံ တစ်ခု ရလာ နိုင်မယ် လို့ ကျွန်တော် တို့ ခံစား သိရှိ နိုင် ပါတယ် ။ ဒါပေမယ့် အဲ့တာ တွေက အဆင်သင့် မဖြစ်သေး ပါဘူး ”

” အဲ့တာ ကြောင့်လည်း သူတို့ ကစား နေတာ ကို ကြည့်ရ ခြင်းက သူတို့ တွေဟာ ချန်ပီယံ ဖြစ်နိုင် ဖို့ တိုက်ပွဲ ဝင်နိုင် လောက်တဲ့ အထိ အနေအထား ကောင်းတွေ ပိုင်ဆိုင် ထားခြင်း မရှိ ကြ သေးဘူး လို့ ကျွန်တော် ပြောနေ ခဲ့ရ တာပါ ”

” သူတို့ တွေဟာ ရိုင်ယန် ဂစ် ၊ ပေါလ် စခိုးလ် နဲ့ ဒေးဗစ် ဘက်ခမ်း တို့ နှစ်ပေါင်း များစွာ လုပ်ပြ ထားနိုင် ခဲ့ကြ သလို မျိုး လုပ်ဆောင် ပြနိုင် ကြ မလား ? ပုဂ္ဂိုလ်ရေး အရ ပြောရမယ် ဆိုရင် ကျွန်တော် ဟာ အဲ့တာ အပေါ် ယုံကြည် မှု မရှိ ပါဘူး ” လို့ အာဆင်ဝင်းဂါး က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar