မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ရြိဳင္ကိန္း က လက္ရွိ အသင္း ရဲ့ အဓိက တိုက္စစ္ မွဴး တစ္ဦး ျဖစ္နုိင္ ေရး ဆုိတာ မားကပ္စ္ ရပ္ရွ္ဖုိ႔ အေပၚ မွာသာ မူတည္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက မန္ခ်က္စတာ ယူနိုက္တက္ အသင္း မွ တုိက္စစ္မွဴး ရိုမီလူ လူကာကူ ထြက္ခြာ သြားတဲ့ အတြက္ ပရိသတ္ အမ်ားစု က ရပ္ရွ္ဖုိ႔ ကို အဓိက တုိက္စစ္ ကစားသမား ျဖစ္လာ ဖုိ႔ အတြက္ အထူး ေမ်ွာ္လင့္ခ်က္ ထားရွိ ခဲ့ၾက ပါတယ္ ။

ဒီလို ေမ်ွာ္လင့္ ရျခင္း ရဲ့ အဓိက အေၾကာင္း အရင္း က အဂၤလန္ လက္ေရြးစင္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ဆုိးလ္ရွား လက္ေအာက္ မွာ အဓိက တုိက္စစ္မွဴး အျဖစ္ ကစားခဲ့ ရလို့ ပါပဲ ။

ဒါေပမယ့္ လက္ရွိ ေဘာလံုး ရာသီ မွာေတာ့ ဒဏ္ရာ ျပသနာ ေတြ့ၾကံဳ ျခင္း မရွိ ေသးတဲ့ အခ်ိန္ ကာလ တစ္ခု အထိ ဆိုးလ္ရွား ဟာ အျခား လူငယ္ တုိက္စစ္ ကစားသမား တစ္ဦး ျဖစ္တဲ့ အန္သိုနီ မာရွယ္ ကိုသာ အဓိက တုိက္စစ္မွဴး အျဖစ္ အသံုးျပဳ ထားခဲ့ ပါတယ္ ။

အျခား တစ္ဖက္ မွာေတာ့ ရပ္ရွ္ဖုိ႔ ဟာ ယူနုိက္တက္ အတြက္ ေရာ အဂၤလန္ တုိ့ ဘူလ္ေဂးရီးယား ကို 4 – 0 နဲ့ အနုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္ မွာပါ ေတာင္ပံ တုိက္စစ္ ကစားသမား တစ္ဦး အျဖစ္ သာ ပါဝင္ ကစား ေပးခြင့္ ရရွိ ထားခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ ဂႏၶဝင္ ရိြဳင္ကိန္း က လက္ရိွ ရပ္ရွ္ဖုိ႔ ကစား ေနရ တဲ့ ေနရာ ေတြနဲ့ ပတ္သက္ လို့ သူ့ရဲ့ အျမင္ ေတြကို သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ရပ္ရွ္ဖုိ့ နဲ့ ပတ္သက္လို့ က်ြန္ေတာ့္ မွာ ရွိတဲ့ ျပသနာ တစ္ခု က လူငယ္ ကစားသမား အေန နဲ့ အဓိက ကစား လိုတဲ့ ေနရာ တစ္ခု နဲ့ အျခား ေနရာ ေတြမွာ ပါ ဘယ္လို ကစား ရ မလဲ ဆုိတာ ကို ေလ့လာ သင့္တယ္ ဆုိတာ ပါပဲ ။ သူ အခု သိရွိ ထားရ မွာက သူဟာ အခု ထက္ထိ အဲ့တာ ေတြမွာ အထူး က်ြမ္းက်င္ မွဳ မရွိ ေသးတာ ပါပဲ ”

” ရပ္ရွ္ဖုိ႔ နဲ့ ပတ္သက္လို့ က်ြန္ေတာ္ တုိ့ အဲ့တာ စိုးရိမ္ မိၾက ပါတယ္ ” လို့ ရြိဳင္ကိန္း က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ပါတယ္ ။ အဲ့ဒီေနာက္ အစီအစဥ္ တင္ဆက္သူ မာ့ခ္ ပုဂတ္ခ်္ က လက္ရွိ ရပ္ရွ္ဖုိ႔ရဲ့ ယူနုိက္တက္မွာ ရွိတဲ့ အေနအထားက ကစား သမား ကို ထိခိုက္ ေစနုိင္ မလား လို့ ရြိဳင္ကိန္း ကို ဆက္လက္ ေမးျမန္း သြားခဲ့ ပါတယ္ ။

” လက္ရွိ အသင္း ရဲ့ အေနအထား အရ သူဟာ မာရွယ္ ထက္ ပိုျပီး အေထာင္ တုိက္စစ္ ေနရာ မွာ ကစား ခြင့္ ရရွိ သင့္တယ္ လို့ ခင္ဗ်ား ထင္ သလား ? ”

” က်ြန္ေတာ္ ဆုိလို တာက အဂၤလန္ လက္ေရြးစင္ အသင္း မွာ ဆုိရင္ ရပ္ရွ္ဖုိ႔ အေန နဲ့ အေထာင္ တုိက္စစ္ ေနရာ အတြက္ ကိန္း နဲ့ ယွဥ္ျပိဳင္ ရဖုိ႔ ဆုိတာ ခက္ခဲလွ ပါတယ္ ။ ဒါေပမယ့္ အဲ့တာ က သူ့ကို ထိခိုက္ ေစနုိင္ မလား ? အခု အိုးလ္ ထရပ္ဖုိ႔ဒ္ မွာေရာ ဘာေတြ ျဖစ္ေန တာလဲ ? ” လို့ ပုဂတ္ခ်္ က ရြိဳင္ကိန္း ကို ေမးျမန္း သြားခဲ့ ပါတယ္ ။

အဆုိပါ ေမးခြန္း နဲ့ ပတ္သက္လို့ ဆုိးလ္ရွား က အသင္း ရဲ့ နံပါတ္ 9 ကစားသမား ျဖစ္နုိင္ ဖုိ႔ အတြက္ ရပ္ရွ္ဖုိ့ အေန နဲ့ ဆုိးလ္ရွား ကိုသာ သက္ေသ ျပရ မွာ ျဖစ္ေၾကာင္း ၊ ဒါဟာ ကစား သမား အေပၚ မွာပဲ အဓိက မူတည္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ျဖစ္နုိင္ေျခ ရွိ ပါတယ္ ။ ဒါဟာ ကစားသမား အေပၚ မွာပဲ မူတည္ ပါတယ္ ။ သူ႔ အေနနဲ့ ေျခစြမ္း ေကာင္းေတြ ျပသရင္း ဆုိးလ္ရွား ကို ဖိအား ေတြ ေပးျပီး ‘ က်ြန္ေတာ္ တုိက္စစ္ ေနရာ မွာ ကစား ခ်င္တယ္ ‘ လို့ ေျပာလို့ ရ ပါတယ္ ။ သူတုိ့ လူကာကူ ကို ေရာင္းခ် ခဲ့ျပီ ေလ ။ ဒါ့ေၾကာင့္ ဆုိးလ္ရွား ကို သူဟာ တုိက္စစ္ ေနရာ အတြက္ ေခါင္းခဲ စရာ ကိစၥ ေတြ ေပးနုိင္ ခြင့္ ရိွေန ပါတယ္ ”

” အကယ္လို့ ကစားသမား ႏွစ္ဦး အၾကား ႏွိဳင္းယွဥ္ ေစမယ္ ဆိုရင္ သူဟာ မာရွယ္ ထက္ ဂိုးေတြ ပိုမို သြင္းယူ ေပးနုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ ထင္မွတ္ ပါတယ္ ” လို့ ရြိဳင္ကိန္း က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

လက်ရှ် ရပ်ရှ်ဖို့ ရဲ့ ပြသနာ တစ်ခုနဲ့ ယူနိုက်တက် တိုက်စစ် အတွက် ဘယ်သူ ပိုပြီး အဆင်ပြေ နိုင်မလဲ ဆိုတာတွေကို ပြောကြား သွားတဲ့ #ရွိုင်ကိန်း

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ရွိုင်ကိန်း က လက်ရှိ အသင်း ရဲ့ အဓိက တိုက်စစ် မှူး တစ်ဦး ဖြစ်နိုင် ရေး ဆိုတာ မားကပ်စ် ရပ်ရှ်ဖို့ အပေါ် မှာသာ မူတည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ တိုက်စစ်မှူး ရိုမီလူ လူကာကူ ထွက်ခွာ သွားတဲ့ အတွက် ပရိသတ် အများစု က ရပ်ရှ်ဖို့ ကို အဓိက တိုက်စစ် ကစားသမား ဖြစ်လာ ဖို့ အတွက် အထူး မျှော်လင့်ချက် ထားရှိ ခဲ့ကြ ပါတယ် ။

ဒီလို မျှော်လင့် ရခြင်း ရဲ့ အဓိက အကြောင်း အရင်း က အင်္ဂလန် လက်ရွေးစင် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုးလ်ရှား လက်အောက် မှာ အဓိက တိုက်စစ်မှူး အဖြစ် ကစားခဲ့ ရလို့ ပါပဲ ။

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ မှာတော့ ဒဏ်ရာ ပြသနာ တွေ့ကြုံ ခြင်း မရှိ သေးတဲ့ အချိန် ကာလ တစ်ခု အထိ ဆိုးလ်ရှား ဟာ အခြား လူငယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ အန်သိုနီ မာရှယ် ကိုသာ အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြု ထားခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် အတွက် ရော အင်္ဂလန် တို့ ဘူလ်ဂေးရီးယား ကို 4 – 0 နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာပါ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး အဖြစ် သာ ပါဝင် ကစား ပေးခွင့် ရရှိ ထားခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္ဓဝင် ရွိုင်ကိန်း က လက်ရှိ ရပ်ရှ်ဖို့ ကစား နေရ တဲ့ နေရာ တွေနဲ့ ပတ်သက် လို့ သူ့ရဲ့ အမြင် တွေကို သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ ကျွန်တော့် မှာ ရှိတဲ့ ပြသနာ တစ်ခု က လူငယ် ကစားသမား အနေ နဲ့ အဓိက ကစား လိုတဲ့ နေရာ တစ်ခု နဲ့ အခြား နေရာ တွေမှာ ပါ ဘယ်လို ကစား ရ မလဲ ဆိုတာ ကို လေ့လာ သင့်တယ် ဆိုတာ ပါပဲ ။ သူ အခု သိရှိ ထားရ မှာက သူဟာ အခု ထက်ထိ အဲ့တာ တွေမှာ အထူး ကျွမ်းကျင် မှု မရှိ သေးတာ ပါပဲ ”

” ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ ကျွန်တော် တို့ အဲ့တာ စိုးရိမ် မိကြ ပါတယ် ” လို့ ရွိုင်ကိန်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက်ပါတယ် ။ အဲ့ဒီနောက် အစီအစဉ် တင်ဆက်သူ မာ့ခ် ပုဂတ်ချ် က လက်ရှိ ရပ်ရှ်ဖို့ရဲ့ ယူနိုက်တက်မှာ ရှိတဲ့ အနေအထားက ကစား သမား ကို ထိခိုက် စေနိုင် မလား လို့ ရွိုင်ကိန်း ကို ဆက်လက် မေးမြန်း သွားခဲ့ ပါတယ် ။

” လက်ရှိ အသင်း ရဲ့ အနေအထား အရ သူဟာ မာရှယ် ထက် ပိုပြီး အထောင် တိုက်စစ် နေရာ မှာ ကစား ခွင့် ရရှိ သင့်တယ် လို့ ခင်ဗျား ထင် သလား ? ”

” ကျွန်တော် ဆိုလို တာက အင်္ဂလန် လက်ရွေးစင် အသင်း မှာ ဆိုရင် ရပ်ရှ်ဖို့ အနေ နဲ့ အထောင် တိုက်စစ် နေရာ အတွက် ကိန်း နဲ့ ယှဉ်ပြိုင် ရဖို့ ဆိုတာ ခက်ခဲလှ ပါတယ် ။ ဒါပေမယ့် အဲ့တာ က သူ့ကို ထိခိုက် စေနိုင် မလား ? အခု အိုးလ် ထရပ်ဖို့ဒ် မှာရော ဘာတွေ ဖြစ်နေ တာလဲ ? ” လို့ ပုဂတ်ချ် က ရွိုင်ကိန်း ကို မေးမြန်း သွားခဲ့ ပါတယ် ။

အဆိုပါ မေးခွန်း နဲ့ ပတ်သက်လို့ ဆိုးလ်ရှား က အသင်း ရဲ့ နံပါတ် 9 ကစားသမား ဖြစ်နိုင် ဖို့ အတွက် ရပ်ရှ်ဖို့ အနေ နဲ့ ဆိုးလ်ရှား ကိုသာ သက်သေ ပြရ မှာ ဖြစ်ကြောင်း ၊ ဒါဟာ ကစား သမား အပေါ် မှာပဲ အဓိက မူတည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဖြစ်နိုင်ခြေ ရှိ ပါတယ် ။ ဒါဟာ ကစားသမား အပေါ် မှာပဲ မူတည် ပါတယ် ။ သူ့ အနေနဲ့ ခြေစွမ်း ကောင်းတွေ ပြသရင်း ဆိုးလ်ရှား ကို ဖိအား တွေ ပေးပြီး ‘ ကျွန်တော် တိုက်စစ် နေရာ မှာ ကစား ချင်တယ် ‘ လို့ ပြောလို့ ရ ပါတယ် ။ သူတို့ လူကာကူ ကို ရောင်းချ ခဲ့ပြီ လေ ။ ဒါ့ကြောင့် ဆိုးလ်ရှား ကို သူဟာ တိုက်စစ် နေရာ အတွက် ခေါင်းခဲ စရာ ကိစ္စ တွေ ပေးနိုင် ခွင့် ရှိနေ ပါတယ် ”

” အကယ်လို့ ကစားသမား နှစ်ဦး အကြား နှိုင်းယှဉ် စေမယ် ဆိုရင် သူဟာ မာရှယ် ထက် ဂိုးတွေ ပိုမို သွင်းယူ ပေးနိုင် လိမ့်မယ် လို့ ကျွန်တော် ထင်မှတ် ပါတယ် ” လို့ ရွိုင်ကိန်း က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar