ဟဲဗီး၀ိတ္ ခ်န္ပီယံ ဖီလစ္ပိုင္ ဖိုက္တာၾကီး ဗီရာ ကေတာ့ သူ႔အေနနဲ႔ ေအာင္လ လို ဖိုက္တာ တစ္ေယာက္ နဲ႔ ရင္ဆိုင္ထိုးသတ္ရမွာ စိုးရိမ္စိတ္ေတြ ရွိေနေပမယ့္ ၊ သူ႔ရဲ႕ ႏွစ္ထပ္ကြမ္း ခ်န္ပီယံဆု ကို လိုခ်င္ေနတဲ့ ျပင္းျပတဲ့ ဆႏၵေၾကာင့္ စိန္ေခၚမႈေတြ ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လုိ႔ ထုတ္ေဖာ္ ေျပာဆုိလိုက္သလုိ ၊ ေအာင္လ ကို အႏိုင္ယူလို႔ ရမယ့္ အကြက္အခ်ိဳ႕ ကိုလဲ ရွာေဖြ ေတြ႔ရွိထားတယ္လို႔ ဆိုပါတယ္။

တစ္ဆက္တည္းမွာပဲ သူနဲ႔ ေအာင္လဟာ ဆရာတူ ၊ ေလ့က်င့္ေဖာ္ ေလ့က်င့္ဖက္ေတြ တူညီေနတဲ့ ဖိုက္တာ ႏွစ္ေယာက္ ျဖစ္တာေၾကာင့္ MMA ညီအစ္ကိုေတြ လို႔ ေျပာဆုိသြားခဲ့သလုိ ၊ ေအာင္လ သာ လိုက္ဟဲဗီး၀ိတ္ ခ်န္ပီယံဆုကို သိမ္းပိုက္ မထားဘူးဆိုရင္ ၊ ျမန္မာ့ စပါးၾကိးေျမြ ကိို ဘယ္လိုနည္းနဲ႔မွ စိန္ေခၚထိုးသတ္မွာ မဟုတ္ဘူးလို႔လဲ အခုလို ၀န္ခံသြားခဲ့ပါတယ္။

“ လိုက္ဟဲဗီး၀ိတ္ ခ်န္ပီယံက ကမၻာ့အေကာင္းဆံုး ဖိုက္တာ တစ္ေယာက္ ျဖစ္တဲ့ ေအာင္လ က ျဖစ္ေနလို႔သာ ဒီပြဲက ျဖစ္လာရတာပါ။ က်ေနာ္က သူ႔လို ဖိုက္တာမ်ိဳးနဲ႔ လံုး၀ကို မရင္ဆိုင္ခ်င္ပါဘူး။ ဒါေပမယ့္ သူက လက္ရွိ ခ်န္ပီယံ ျဖစ္ေနေတာ့ ေရွာင္လႊဲလို႔ မရေတာ့ဘူးေလ။ ဒီပြဲဟာ အခ်စ္ေတြ – အမုန္းေတြနဲ႔ ေရာျပီး ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္” လို႔ ေျပာဆုိသြားခဲ့ ပါတယ္။

ေအာင္လ အန္ဆန္းဟာ ေနာက္ဆံုး ထိုးသတ္ခဲ့တဲ့ 5 ပြဲ စလံုး ျပတ္ျပတ္သားသား ရလာဒ္ေတြ နဲ႔ အႏိုင္ယူထားခဲ့သလုိ ၊ ဘရာဇီးသား မာခ်ာဒို ကိုဆိုရင္ 56 စကၠန္႔နဲ႔ အလဲထိုးျပသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗီရာက ေအာင္လကို ရင္ဆိုင္ရာမွာ အမွားေလး တစ္ခ်က္ေတာင္ လုပ္လို႔မရဘူးလို႔ မွတ္ခ်က္ေပးခဲ့သလုိ ၊ အဲဒီ လို ခက္ခဲတဲ့ အေနအထားကပဲ သူ႔ရဲ႕ အေကာင္းဆံုး ပံုစံေတြ ေပၚထြက္လာဖို႔ တြန္းအားေပးေနတယ္လို႔ ဆိုပါတယ္။

“ သူက အားကစားသမား ပီသတဲ့သူပါ။ တစ္ခ်ိန္တည္းမွာပဲ နတ္ဆိုး တစ္ပါး ျဖစ္သလုိ ၊ ေၾကာက္ဖို႔လဲ အရမ္းေကာင္းပါတယ္။

ၾကိဳး၀ိုင္းထဲ ၀င္လာျပီ ဆိုတာနဲ႔ ေနာက္ဆုတ္ျပီး ထိုးတတ္တဲ့ အက်င့္က သူ႔မွာ ပါမလာေတာ့ပါဘူး ။ တစ္ပြဲပီး တစ္ပြဲ အရည္အေသြးေတြက ပိုတက္လာတယ္ ၊ တုိက္ခုိက္ပံုေတြကလဲ ပိုျပီးေတာ့ ေၾကာက္ဖို႔ ေကာင္းလာပါတယ္။ က်ေနာ္ ကေတာ့ ရင္ဆိုင္ခဲ့ရသမွ် ျပိဳင္ဘက္ေတြထဲမွာ သူ႔ထက္ ခက္ခဲ့မယ့္ ဖိုက္တာမ်ိဳး မေတြ႔ဖူးေသးပါဘူး။ ဒီထက္ ပိုျပီး ေျပာရရင္ သူ႔ရဲ႕ သံမဏိစိတ္ဓါတ္ပါ။ ျမန္မာ တစ္ျပည္လံုးကလဲ အခုလို ဖိုက္တာေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ ၀ိုင္း၀န္း ေျမွာက္စားေနၾကတာေလ။

အဲဒီလိုေတြ ကိုယ့္ရဲ႕ျပိဳင္ဘက္ အေၾကာင္းေတြးမိလုိက္တိုင္း က်ေနာ္လဲ စိတ္ဓါတ္ခြန္အားေတြ ျဖစ္ရပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ပင္ပန္းလာလို႔ သူ႔အေၾကာင္း စဥ္းစားမိလိုက္ရင္ ၊ ပိုေကာင္းတဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ တြန္းအားေတြ ေပၚထြက္လာပါျပီ။

သူ႔ရဲ႕ နည္းစနစ္ေတြ ၊ အခ်ိန္ကိုက္ ေရြးလ်ားမႈေတြက ေတာ္ေတာ္ေလး သတိထားရမွာပါ။ သူက တစ္ခုခု လုပ္ေတာ့မယ္ဆိုရင္ ေခါင္းထဲက အျမဲတမ္း စဥ္းစားေနတာဗ်။ ကိုယ့္ကို တိုက္ကြက္မထုတ္ေသးလို႔ အထင္မေသးလိုက္ပါနဲ႔ ၊ သူ႔ရဲ႕အေတြးထဲမွာ ကိုယ့္ရဲ႕ အားနည္းခ်က္ေတြကို တန္းစီခ်ျပီး ရွာေဖြေနပါျပီ။ အဲဒီေနာက္ တုိက္ကြက္နဲ႔ ၀င္လာျပီ ဆိုရင္ေတာ့ ၊ အရင္ကနဲ႔ မတူတဲ့ ေအာင္လ အန္ဆန္း ျဖစ္သြားျပီ ဆိုတာ ေကာင္းေကာင္း သေဘာေပါက္လိုက္ပါေတာ့။ ဒါက ၾကီးမားတဲ့ အႏၱရာယ္တစ္ခု က်ေရာက္ေတာ့မယ့္ နိမိတ္ဆိုတာ သတိထားရေတာ့မွာပါ” လို႔ ေျပာဆုိသြားခဲ့ပါတယ္။

ဗီရာကေတာ့ ေအာင္လ အန္ဆန္းဟာ ဘက္ေပါင္းစံုကေန ၾကည့္ရင္ေတာင္ ၊ အျပစ္ေျပာစရာ မရွိတဲ့ ဖိုက္တာ တစ္ေယာက္မို႔ သူ႔ရဲ႕ အားနည္းခ်က္ကို ရွာရတာ ခက္ခဲတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ လက္ရွိ ေလ့က်င့္ေရး စင္တာမွာလဲ ေအာင္လ ရဲ႕ ေပ်ာ့ကြက္ေတြကို ရွာေဖြေနဆဲ ျဖစ္တယ္လို႔ ေျပာဆုိသြားသလုိ ၊ အႏိုင္တိုက္ကြက္ သံုးလို႔ရမယ့္ ဗ်ဴဟာ တစ္ခ်ိဳ႕ကိုလဲ ေတြ႔ရွိထားတဲ့ အေၾကာင္း အခုလို ဖြင့္ဟ သြားခဲ့ပါတယ္။

“ သူ႔ကို က်ေနာ့္ရဲ႕ အားသာခ်က္ေတြ သံုးျပီး တိုက္လို႔ ရမယ့္ အေနအထားတစ္ခ်ိဳ႕ ရွာေတြ႔ျပီးပါျပီ ဒါေပမယ့္ ခင္ဗ်ားတို႔ကို ေျပာျပမွာေတာ့ မဟုတ္ပါဘူး။

က်ေနာ္ဟာ ျပိဳင္ဘက္ကို အလဲထိုး အႏုိင္ယူေလ့ ရွိတဲ့ သူမ်ိဳး မဟုတ္ေပမယ့္ ၊ ဒီပြဲမွာေတာ့ 5 ခ်ီ ျပီးတဲ့အထိ အေရာက္ခံမွာ မဟုတ္တာ ေသခ်ာပါတယ္။ အဲဒီ မတိုင္ခင္ ျပတ္သားတဲ့ ရလာဒ္ တစ္ခု ထြက္ေပၚလာေအာင္ ၾကိဳးစားသြားမွာပါ။

 

ပြဲက ျပီးသြားလို႔ ဒိုင္ရဲ႕ အဆံုးအျဖတ္ကို ေစာင့္ေနရတာမ်ိဳးၾကီးလဲ က်ေနာ္က မလိုခ်င္ဘူးေလ။ ရႈံးရႈံးနိုင္ႏိုင္ ပြဲအျပီးခင္ အေျဖေပၚေအာင္ပဲ တိုက္ခုိက္ သြားခ်င္ပါတယ္” လို႔ ဆိုသြားခဲ့ပါတယ္။

ဆက္လက္ျပီး သူ႔ရဲ႕ ေရႊခါးပတ္ နွစ္ခု သိမ္းပိုက္ ႏိုင္မယ့္ အခြင့္အေရး ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္လို႔ –

“ ဒါမ်ိဳး အခြင့္အေရးဆိုတာ ဖိုက္တာတိုင္း ရၾကတာ မဟုတ္သလုိ ၊ တစ္ခ်ိဳ႕ဆိုရင္ ေရႊခါးပတ္ အနား ကပ္လို႔ေတာင္ မရတဲ့ သူေတြ အမ်ားၾကီးပါပဲ။ ႏွစ္ထပ္ကြမ္း ကမၻာ့ခ်န္ပီယံ ဆုိတဲ့ ဂုဏ္ပုဒ္က လံုး၀ကို တစ္မူထူးျခားသြားတဲ့ အေနအထားမ်ိဳးေလ။

အေျခခံအားျဖင့္ ေျပာရရင္ အဲဒီ အဓိပၸါယ္က ကိုယ္ဟာ မတူညီတဲ့ ၀ိတ္တန္း နွစ္ခုစလံုးမွာ ကမၻာ့အေတာ္ဆံုး ဖိုက္တာ တစ္ေယာက္လို႔ သတ္မွတ္ခံလုိက္ရတာပါ။ ဒီအေၾကာင္းေတြကို ခဏခဏ က်ေနာ္ မေျပာခဲ့ဖူးေပမယ့္ ၊ က်ေနာ့္ ဖိုက္တာဘ၀ ရဲ႕ 15 ႏွစ္ လံုးလံုး ဒီလို အခြင့္အေရး ရဖို႔ အိပ္မက္မက္ေနခဲ့တာ ၾကာခဲ့ပါျပီ” လို႔ ေျပာဆုိသြားခဲ့ပါတယ္။

SPORT MYANMAR

Unicode

အောင်လ ကို အနိုင်တိုက်လို့ရမယ့် အကွက်တွေ တွေ့ထားတယ်လို့ ဆိုလိုက်တဲ့ #ဘရန်ဒန် ဗီရာ
***************************************

ဟဲဗီးဝိတ် ချန်ပီယံ ဖီလစ်ပိုင် ဖိုက်တာကြီး ဗီရာ ကတော့ သူ့အနေနဲ့ အောင်လ လို ဖိုက်တာ တစ်ယောက် နဲ့ ရင်ဆိုင်ထိုးသတ်ရမှာ စိုးရိမ်စိတ်တွေ ရှိနေပေမယ့် ၊ သူ့ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံဆု ကို လိုချင်နေတဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် စိန်ခေါ်မှုတွေ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်သလို ၊ အောင်လ ကို အနိုင်ယူလို့ ရမယ့် အကွက်အချို့ ကိုလဲ ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ သူနဲ့ အောင်လဟာ ဆရာတူ ၊ လေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေ တူညီနေတဲ့ ဖိုက်တာ နှစ်ယောက် ဖြစ်တာကြောင့် MMA ညီအစ်ကိုတွေ လို့ ပြောဆိုသွားခဲ့သလို ၊ အောင်လ သာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို သိမ်းပိုက် မထားဘူးဆိုရင် ၊ မြန်မာ့ စပါးကြိးမြွေ ကိို ဘယ်လိုနည်းနဲ့မှ စိန်ခေါ်ထိုးသတ်မှာ မဟုတ်ဘူးလို့လဲ အခုလို ၀န်ခံသွားခဲ့ပါတယ်။

“ လိုက်ဟဲဗီးဝိတ် ချန်ပီယံက ကမ္ဘာ့အကောင်းဆုံး ဖိုက်တာ တစ်ယောက် ဖြစ်တဲ့ အောင်လ က ဖြစ်နေလို့သာ ဒီပွဲက ဖြစ်လာရတာပါ။ ကျနော်က သူ့လို ဖိုက်တာမျိုးနဲ့ လုံးဝကို မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် သူက လက်ရှိ ချန်ပီယံ ဖြစ်နေတော့ ရှောင်လွှဲလို့ မရတော့ဘူးလေ။ ဒီပွဲဟာ အချစ်တွေ – အမုန်းတွေနဲ့ ရောပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အောင်လ အန်ဆန်းဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ 5 ပွဲ စလုံး ပြတ်ပြတ်သားသား ရလာဒ်တွေ နဲ့ အနိုင်ယူထားခဲ့သလို ၊ ဘရာဇီးသား မာချာဒို ကိုဆိုရင် 56 စက္ကန့်နဲ့ အလဲထိုးပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီရာက အောင်လကို ရင်ဆိုင်ရာမှာ အမှားလေး တစ်ချက်တောင် လုပ်လို့မရဘူးလို့ မှတ်ချက်ပေးခဲ့သလို ၊ အဲဒီ လို ခက်ခဲတဲ့ အနေအထားကပဲ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပေါ်ထွက်လာဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

“ သူက အားကစားသမား ပီသတဲ့သူပါ။ တစ်ချိန်တည်းမှာပဲ နတ်ဆိုး တစ်ပါး ဖြစ်သလို ၊ ကြောက်ဖို့လဲ အရမ်းကောင်းပါတယ်။

ကြိုးဝိုင်းထဲ ၀င်လာပြီ ဆိုတာနဲ့ နောက်ဆုတ်ပြီး ထိုးတတ်တဲ့ အကျင့်က သူ့မှာ ပါမလာတော့ပါဘူး ။ တစ်ပွဲပီး တစ်ပွဲ အရည်အသွေးတွေက ပိုတက်လာတယ် ၊ တိုက်ခိုက်ပုံတွေကလဲ ပိုပြီးတော့ ကြောက်ဖို့ ကောင်းလာပါတယ်။ ကျနော် ကတော့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ သူ့ထက် ခက်ခဲ့မယ့် ဖိုက်တာမျိုး မတွေ့ဖူးသေးပါဘူး။ ဒီထက် ပိုပြီး ပြောရရင် သူ့ရဲ့ သံမဏိစိတ်ဓါတ်ပါ။ မြန်မာ တစ်ပြည်လုံးကလဲ အခုလို ဖိုက်တာကောင်းတစ်ယောက် ဖြစ်လာဖို့ ၀ိုင်းဝန်း မြှောက်စားနေကြတာလေ။

အဲဒီလိုတွေ ကိုယ့်ရဲ့ပြိုင်ဘက် အကြောင်းတွေးမိလိုက်တိုင်း ကျနော်လဲ စိတ်ဓါတ်ခွန်အားတွေ ဖြစ်ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ပင်ပန်းလာလို့ သူ့အကြောင်း စဉ်းစားမိလိုက်ရင် ၊ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ တွန်းအားတွေ ပေါ်ထွက်လာပါပြီ။

သူ့ရဲ့ နည်းစနစ်တွေ ၊ အချိန်ကိုက် ရွေးလျားမှုတွေက တော်တော်လေး သတိထားရမှာပါ။ သူက တစ်ခုခု လုပ်တော့မယ်ဆိုရင် ခေါင်းထဲက အမြဲတမ်း စဉ်းစားနေတာဗျ။ ကိုယ့်ကို တိုက်ကွက်မထုတ်သေးလို့ အထင်မသေးလိုက်ပါနဲ့ ၊ သူ့ရဲ့အတွေးထဲမှာ ကိုယ့်ရဲ့ အားနည်းချက်တွေကို တန်းစီချပြီး ရှာဖွေနေပါပြီ။ အဲဒီနောက် တိုက်ကွက်နဲ့ ၀င်လာပြီ ဆိုရင်တော့ ၊ အရင်ကနဲ့ မတူတဲ့ အောင်လ အန်ဆန်း ဖြစ်သွားပြီ ဆိုတာ ကောင်းကောင်း သဘောပေါက်လိုက်ပါတော့။ ဒါက ကြီးမားတဲ့ အန္တရာယ်တစ်ခု ကျရောက်တော့မယ့် နိမိတ်ဆိုတာ သတိထားရတော့မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗီရာကတော့ အောင်လ အန်ဆန်းဟာ ဘက်ပေါင်းစုံကနေ ကြည့်ရင်တောင် ၊ အပြစ်ပြောစရာ မရှိတဲ့ ဖိုက်တာ တစ်ယောက်မို့ သူ့ရဲ့ အားနည်းချက်ကို ရှာရတာ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိ လေ့ကျင့်ရေး စင်တာမှာလဲ အောင်လ ရဲ့ ပျော့ကွက်တွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပြောဆိုသွားသလို ၊ အနိုင်တိုက်ကွက် သုံးလို့ရမယ့် ဗျူဟာ တစ်ချို့ကိုလဲ တွေ့ရှိထားတဲ့ အကြောင်း အခုလို ဖွင့်ဟ သွားခဲ့ပါတယ်။

“ သူ့ကို ကျနော့်ရဲ့ အားသာချက်တွေ သုံးပြီး တိုက်လို့ ရမယ့် အနေအထားတစ်ချို့ ရှာတွေ့ပြီးပါပြီ ဒါပေမယ့် ခင်ဗျားတို့ကို ပြောပြမှာတော့ မဟုတ်ပါဘူး။

ကျနော်ဟာ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူလေ့ ရှိတဲ့ သူမျိုး မဟုတ်ပေမယ့် ၊ ဒီပွဲမှာတော့ 5 ချီ ပြီးတဲ့အထိ အရောက်ခံမှာ မဟုတ်တာ သေချာပါတယ်။ အဲဒီ မတိုင်ခင် ပြတ်သားတဲ့ ရလာဒ် တစ်ခု ထွက်ပေါ်လာအောင် ကြိုးစားသွားမှာပါ။

ပွဲက ပြီးသွားလို့ ဒိုင်ရဲ့ အဆုံးအဖြတ်ကို စောင့်နေရတာမျိုးကြီးလဲ ကျနော်က မလိုချင်ဘူးလေ။ ရှုံးရှုံးနိုင်နိုင် ပွဲအပြီးခင် အဖြေပေါ်အောင်ပဲ တိုက်ခိုက် သွားချင်ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ရဲ့ ရွှေခါးပတ် နှစ်ခု သိမ်းပိုက် နိုင်မယ့် အခွင့်အရေး မျှော်လင့်ချက်နဲ့ ပတ်သက်လို့ –

“ ဒါမျိုး အခွင့်အရေးဆိုတာ ဖိုက်တာတိုင်း ရကြတာ မဟုတ်သလို ၊ တစ်ချို့ဆိုရင် ရွှေခါးပတ် အနား ကပ်လို့တောင် မရတဲ့ သူတွေ အများကြီးပါပဲ။ နှစ်ထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်က လုံးဝကို တစ်မူထူးခြားသွားတဲ့ အနေအထားမျိုးလေ။

အခြေခံအားဖြင့် ပြောရရင် အဲဒီ အဓိပ္ပါယ်က ကိုယ်ဟာ မတူညီတဲ့ ၀ိတ်တန်း နှစ်ခုစလုံးမှာ ကမ္ဘာ့အတော်ဆုံး ဖိုက်တာ တစ်ယောက်လို့ သတ်မှတ်ခံလိုက်ရတာပါ။ ဒီအကြောင်းတွေကို ခဏခဏ ကျနော် မပြောခဲ့ဖူးပေမယ့် ၊ ကျနော့် ဖိုက်တာဘဝ ရဲ့ 15 နှစ် လုံးလုံး ဒီလို အခွင့်အရေး ရဖို့ အိပ်မက်မက်နေခဲ့တာ ကြာခဲ့ပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။

SPORT MYANMAR