Gunnar Solskjaer
#Sports_Myanmar
Unicode
ဒီရာသီ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် ယူနိုက်တက်တို့ ဘာလုပ်ရတော့ မလဲ ဆိုတာ ပြောကြား လိုက်တဲ့ #ရော့ဘ်ဆင်
=================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဘရိုင်ယန် ရော့ဘ်ဆင် က လက်စတာ နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် ကနေ စတင် ပြီး ရလဒ် ကောင်းတွေ ဆက်တိုက် ရှာဖွေ သွားဖို့ အတွက် လက်ရှိ နည်းပြ ဆိုးလ်ရှား ကို စိန်ခေါ် စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရာသီ အစ တုန်းက ချဲလ်ဆီး အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစား ခဲ့တဲ့ နောက်ပိုင်း ဝုလ်ဗ် ၊ ခရစ္စတယ် ပဲလေ့စ် နဲ့ ဆောက်သမ်တန် ပွဲစဉ် တွေမှာ အနိုင် ရလဒ် ရရှိ နိုင်ဖို့ အတွက် သုံးပွဲ ဆက် ရုန်းကန် ခဲ့ရ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်တဲ့ ဘရိုင်ယန် ရော့ဘ်ဆင် က ဒီ ရာသီ ရလဒ် ကောင်းတွေ ဆက်တိုက် ရယူ နိုင်ခဲ့ ပြီး လက်ရှိ အမှတ်ပေး ဇယား အဆင့် 3 နေရာ မှာ ရှုံးပွဲ မရှိ ရလဒ် နဲ့ ရပ်တည် နေတဲ့ လက်စတာ စီးတီး အသင်း ကို အနိုင် ယူလိုက် ခြင်းက ယူနိုက်တက် အတွက် စိတ်ဓါတ် တက်ကြွ စရာ တွေ ဖြစ်ပေါ် လာစေ နိုင် လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။
” ကျွန်တော် တို့ တွေဟာ လက်စတာ စီးတီး နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ရလဒ် ကောင်း ရှာဖွေ ရင်း အသင်း ကို နောက် တစ်ဆင့် မြှင့်တင် နိုင် ပါတယ် ။ ကျွန်တော် တို့ တွေဟာ ကောင်းမွန် တဲ့ စွမ်းဆောင်ရည် နဲ့ အတူ ကောင်းမွန် တဲ့ ရလဒ် ကို ရှာဖွေ ရင်း အသင်း ကို ပြန်လည် တည့်မတ် စေနိုင် တဲ့ အခွင့် အလမ်း ရရှိ ထားကြ ပါတယ် ”
” ဟုတ်ပါတယ် ၊ သူတို့ ( လက်စတာ ) ဟာ ဒီ ရာသီ ကို ပုံစံ ကောင်းနဲ့ စတင် ထားနိုင် ခဲ့ကြ ပြီး သူတို့ အသင်း မှာ ကောင်းမွန် တဲ့ လူငယ် ကစားသမား လေးတွေ လည်း ရှိနေ ကြ ပါတယ် ။ ဒါ့ကြောင့် သူတို့ နဲ့ ကစာူ ရမယ့် ပွဲစဉ် မှာ ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ဖို့ ဆိုတာ ကျွန်တော် တို့ အတွက် အရေးကြီး နေတာပါ ”
” သူတို့ တွေဟာ ထိပ်သီး 6 သင်း စာရင်း ထဲကို ဝင်ရောက် နုုိင်ဖို့ ၊ ဥရောပ ပြိုင်ပွဲ တွေကို ပြန်လည် ကစား ရ နိုင်ဖို့ ကြိုးစား နေကြ တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ အသင်း ဖက်မှာ ကစားသမား ကောင်းတွေ ရှိနေ ကြတဲ့ အတွက် ဒါဟာ ခက်ခဲ တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ် လာမှာ ပါ ။ ဒါပေမယ့် ကျွန်တော် တို့ အတွက် ကတော့ ဒါဟာ စိန်ခေါ် မှု တစ်ခု ပါပဲ ”
” အကယ်လို့ ကျွန်တော် တို့ တွေသာ ထိပ်သီး လေးသင်း စာရင်း ထဲ ဝင်လို နေကြ တယ် ဆိုရင် လက်စတာ လို အသင်း မျိုးကို အိမ်ကွင်း မှာ အနိုင် ရရှိ နိုင်အောင် သေချာပေါက် ကစား ပြ နိုင်ဖို့ လိုအပ် လှ ပါတယ် ”
” ကောင်လေး တွေ အနေ နဲ့ ခရစ္စတယ် ပဲလေ့စ် နဲ့ ကစား ခဲ့တုန်း က အခြေ အနေ တွေကို ခေါင်းထဲ ကနေ ထုတ်ထား ပစ်ရ ပါ့မယ် ။ ကျွန်တော် တို့ တွေဟာ အဲ့ဒီ နေ့ တုန်းက ကောင်းမွန်စွာ မကစား ပြနိုင် ခဲ့ကြ ပါဘူူး ။ ကျွန််တော် တို့ ပိုကောင်းမွန် အောင် ကစား ပြနိုင် ခဲ့သင့် ပါတယ် ”
” ကျွန်တော် တို့ ပင်နယ်တီ ကို ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ သင့် ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ရှံုးနိမ့် သွားခဲ့ ရ ပါတယ် ။ အဲ့တာ တွေ ထားပါ ၊ အိုလီ ကတော့ အသင်း ဟာ တိုးတက် ကောင်းမွန် လာတယ် လို့ ထင်မှတ် နေ ပါတယ် ။ ကျွန်တော့် အမြင် အရ တော့ သူတို့ တွေဟာ ပွဲစဉ် တိုင်းကို ကောင်းမွန်စွာ ပဲ ကစား ပြနိုင် ခဲ့ကြ ပါတယ် ”
” လက်ရှိ ယူနိုက်တက် မှာ ရှိ နေတဲ့ အငွေ့ အသက် တွေက ကောင်းမွန် လှ ပါတယ် ။ ကျွန်တော် တို့ လုပ်ဆောင် ပြနိုင် ရမယ့် တစ်ခု တည်းသော အရာ က အချိန် အတိုလေး အတွင်း ရလဒ် ကောင်းတွေ ရယူ နိုင်ဖို့ ပဲ ကျန်ရှိ နေပါ တော့တယ် ။ ပြီးရင် တစ်ရာသီ လုံး ပုံစံ ကောင်းတွေ ပြသ သွားဖို့ ပဲ လိုတော့ မှာပါ ” လို့ ရော့ဘ်ဆင် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar