အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္း မာတီဆက္ကာ က အိုေဇးလ္ ဟာ ေဘာလုံး ဉာဏ္ႀကီးရွင္ တစ္ဦး ျဖစ္ေၾကာင္း ခ်ီးက်ဴး စကား ဆိုလိုက္ၿပီး သူ႔ရဲ့ ေျခစြမ္းေကာင္းေတြကို ျပန္ျမင္ေတြ႕ရဖို႔ ဆိုရင္ သူကိုယ္တိုင္ အေပၚပဲ မူတည္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္။

ဂ်ာမနီ ကြင္းလယ္လူ အိုေဇးလ္ဟာ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္ ျဖစ္တဲ့ နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာလည္း လုံျခဳံေရး အေျခအေနေၾကာင့္ ပါဝင္ ကစားနိုင္ခဲ့ျခင္း မရွိခဲ့သလို ဘန္ေလ နဲ႔ လီဗာပူး အသင္း နဲ႔ ပြဲအသင္း နဲ႔ ပြဲကိုလည္း အဖ်ားေဝဒနာေၾကာင့္ ထပ္မံ လြဲေခ်ာ္ခဲ့ပါတယ္ ။ ဒါ့အျပင္ အိုေဇးလ္ဟာ ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲမွာလည္း အရန္လူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ လူစားဝင္ ကစားခြင့္ေတာင္ ရရွိခဲ့ျခင္း မရွိပါဘူး ။

၂၀၁၃ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္ အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိလာတဲ့ မီဆြတ္ အိုေဇးလ္ ရဲ့ ပင္ကို အရည္အေသြးဟာ သံသယ ျဖစ္စရာ လုံးဝ မရွိေပမယ့္ အခု ေနာက္ပိုင္း ေျခစြမ္းပိုင္း တည္ၿငိမ္မွု အားနည္းလာတဲ့ အေပၚ ပရိသတ္ေတြက ေမးခြန္းထုတ္ ေဝဖန္ ေနၾကပါတယ္။

မာဆီဆက္ကာ က အိုေဇးလ္ရဲ့ ေျခစြမ္းပိုင္းနဲ႔ ပတ္သက္ၿပီး ” က်ေနာ္ အိုေဇးလ္ အေၾကာင္း ေကာင္းေကာင္း သိပါတယ္၊သူက ေဘာလုံးပဲ ကစားခ်င္ေနတဲ့သူပါ ။ ေလ့က်င့္ေရး ကြင္းမွာ သူ႔ရဲ့ ေဘာလုံး ေပးပို႔မွုေတြကို ၾကည့္ၾကည့္ရင္ သူက ဉာဏ္ႀကီးရွင္ ကစားသမား တစ္ဦးဆိုတာ သိသာေစပါတယ္။”

” ဘယ္သူမွ မလုပ္နိုင္တဲ့ ေဘာလုံး ေပးပို႔မွုမ်ိဳးကို သူပဲ လုပ္နိုင္စြမ္း ရွိပါတယ္။သူ႔မွာ ေမွာ္ဆန္တဲ့ ေဘာလုံး အရည္အေသြး ရွိပါတယ္။သူက အားလုံးႏုဲ့ အဆင္ေျပေအာင္ ေနခ်င္တဲ့သူပါ။တျခားသူေတြကို ဖိအားေပး ေျပာဆိုတာမ်ိဳးလည္း မလုပ္တတ္ပါဘူး။သူက တျခားသူေတြနဲ႔ ကြဲျပားပါတယ္။” လို႔ ဆိုပါတယ္။

အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက နည္းၿပ အူနိုင္း အမ္မရီ လက္ထက္မွာ ပုံမွန္ ပြဲထြက္ခြင့္ မရခဲ့ဘဲ ၊ ပြဲထြက္ လူစာရင္းမွာ ပါလိုက္ မပါလိုက္ဘဲ နဲ႔ တစ္ရာသီလုံးကို ျဖတ္သန္း ခဲ့ရပါတယ္ ။ နည္းၿပ အမ္မရီ ဟာ နည္းစနစ္ပိုင္း အရေကာ ၊ အိုေဇးလ္ ရဲ့ ႀကံခိုင္မွု အရေကာ ပြဲထြက္ လူစာရင္း ကေန အိုေဇးလ္ ကို မၾကာခဏ ခ်န္လွပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မွု ေတြနဲ႔ ရင္ဆိုင္ ခဲ့ရပါတယ္ ။

ဒါေပမယ့္လည္း အိုေဇးလ္ ရဲ့ စြမ္းေဆာင္ရည္ပိုင္း ကလည္း ေမးခြန္း ထုတ္စရာ ျဖစ္ေနခဲ့ၿပီး တစ္ရာသီလုံးမွာမွ ဂိုးဖန္တီးမွု ၃ ႀကိမ္သာ ျပဳလုပ္ နိုင္ခဲ့တဲ့ အထိ ေျခစြမ္းပိုင္း က်ဆင္း ခဲ့ပါတယ္ ။ အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ ရာသီ မွာေတာ့ ဂိုးဖန္တီးမွုႏွုန္း သိသိသာသာ က်ဆင္း သြားခဲ့ၿပီး အာဆင္နယ္ အသင္း အတြက္ ၿပိဳင္ပြဲစုံ ၃၄ ပြဲ ယွဥ္ ၿပိဳင္ ကစားခဲ့ရာမွာ ၆ ဂိုး သြင္း ယူ ကာ ဂိုး ဖန္တီးမွု ၃ ႀကိမ္ သာ ျပဳ လုပ္ နိုင္ ခဲ့ ပါ တယ္ ။

SPORTS MYANMAR

Unicode

ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အသင်းဖော်ဟောင်း အိုဇေးလ် ဟာ ဘယ်လို ကစားသမားမျိုးလဲဆိုတာ ပြောပြလိုက်တဲ့ မာတီဆက်ကာ
==================================

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း မာတီဆက်ကာ က အိုဇေးလ် ဟာ ဘောလုံး ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်ကြောင်း ချီးကျူး စကား ဆိုလိုက်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်တွေ့ရဖို့ ဆိုရင် သူကိုယ်တိုင် အပေါ်ပဲ မူတည်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဂျာမနီ ကွင်းလယ်လူ အိုဇေးလ်ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ဖြစ်တဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲမှာလည်း လုံခြုံရေး အခြေအနေကြောင့် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိခဲ့သလို ဘန်လေ နဲ့ လီဗာပူး အသင်း နဲ့ ပွဲအသင်း နဲ့ ပွဲကိုလည်း အဖျားဝေဒနာကြောင့် ထပ်မံ လွဲချော်ခဲ့ပါတယ် ။ ဒါ့အပြင် အိုဇေးလ်ဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာလည်း အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လူစားဝင် ကစားခွင့်တောင် ရရှိခဲ့ခြင်း မရှိပါဘူး ။

၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ မီဆွတ် အိုဇေးလ် ရဲ့ ပင်ကို အရည်အသွေးဟာ သံသယ ဖြစ်စရာ လုံးဝ မရှိပေမယ့် အခု နောက်ပိုင်း ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းလာတဲ့ အပေါ် ပရိသတ်တွေက မေးခွန်းထုတ် ဝေဖန် နေကြပါတယ်။

မာဆီဆက်ကာ က အိုဇေးလ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ” ကျနော် အိုဇေးလ် အကြောင်း ကောင်းကောင်း သိပါတယ်၊သူက ဘောလုံးပဲ ကစားချင်နေတဲ့သူပါ ။ လေ့ကျင့်ရေး ကွင်းမှာ သူ့ရဲ့ ဘောလုံး ပေးပို့မှုတွေကို ကြည့်ကြည့်ရင် သူက ဉာဏ်ကြီးရှင် ကစားသမား တစ်ဦးဆိုတာ သိသာစေပါတယ်။”

” ဘယ်သူမှ မလုပ်နိုင်တဲ့ ဘောလုံး ပေးပို့မှုမျိုးကို သူပဲ လုပ်နိုင်စွမ်း ရှိပါတယ်။သူ့မှာ မှော်ဆန်တဲ့ ဘောလုံး အရည်အသွေး ရှိပါတယ်။သူက အားလုံးနုဲ့ အဆင်ပြေအောင် နေချင်တဲ့သူပါ။တခြားသူတွေကို ဖိအားပေး ပြောဆိုတာမျိုးလည်း မလုပ်တတ်ပါဘူး။သူက တခြားသူတွေနဲ့ ကွဲပြားပါတယ်။” လို့ ဆိုပါတယ်။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နည်းပြ အူနိုင်း အမ်မရီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘဲ ၊ ပွဲထွက် လူစာရင်းမှာ ပါလိုက် မပါလိုက်ဘဲ နဲ့ တစ်ရာသီလုံးကို ဖြတ်သန်း ခဲ့ရပါတယ် ။ နည်းပြ အမ်မရီ ဟာ နည်းစနစ်ပိုင်း အရကော ၊ အိုဇေးလ် ရဲ့ ကြံခိုင်မှု အရကော ပွဲထွက် လူစာရင်း ကနေ အိုဇေးလ် ကို မကြာခဏ ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း အိုဇေးလ် ရဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေခဲ့ပြီး တစ်ရာသီလုံးမှာမှ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ် နိုင်ခဲ့တဲ့ အထိ ခြေစွမ်းပိုင်း ကျဆင်း ခဲ့ပါတယ် ။ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ ဂိုးဖန်တီးမှုနှုန်း သိသိသာသာ ကျဆင်း သွားခဲ့ပြီး အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ယှဉ် ပြိုင် ကစားခဲ့ရာမှာ ၆ ဂိုး သွင်း ယူ ကာ ဂိုး ဖန်တီးမှု ၃ ကြိမ် သာ ပြု လုပ် နိုင် ခဲ့ ပါ တယ် ။

SPORTS MYANMAR