လီယြန္နယ္မက္ဆီ က သူဟာ ဘာစီလိုနာ အသင္းမွာ ေပ်ာ္ရႊင္ ေနတယ္လို႕ အခိုင္အမာ ဆုိလိုက္ျပီး လက္ရွိမွာ သူ႕အတြက္ အေရးၾကီးဆံုး ကေတာ့ ဘာစီလိုနာ တုိ႕ ခ်န္ပီယံလိဂ္မွာ ေအာင္ႏုိင္တဲ့ အသင္း ျဖစ္ဖို႕လို႕ ဆုိသြားပါတယ္။ အာဂ်င္တီးနား စတားဟာ ျပီးခဲ့တဲ့ ရာသီက စိတ္ပ်က္ဖြယ္ အေျခအေနေတြ ၾကံဳေတြ႕ ခဲ့ရျပီး စပိန္အင္အားၾကီး ကလပ္ဟာ လာလီဂါ ဖလားကို ရခ့ဲေပမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ လီဗာပူး အသင္းကို ရွံဳးနိမ့္ျပီး ျပိဳင္ပြဲမွ ထြက္ခြာ ခဲ့ရတာေၾကာင့္ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္း ဥေရာပရဲ႕ အျမင့္ဆံုး ဖလား နဲ႕ ေ၀းကြာ ေနခဲ့ပါတယ္။

မက္ဆီ ဟာ လက္ရွိ အခ်ိန္မွာ ေျခသလံုး ၾကြက္သား ဒဏ္ရာ ရရွိေနျပီး ဒီရာသီ ဘာကာ အတြက္ ကစားေပး ႏုိင္ျခင္းေတာ့ မရွိေသးပါဘူး။ ျပီးခဲ့တဲ့ ရက္ပိုင္းက ဘာစီလိုနာ ဥကၠ႒ ဂ်ိဴးဆက္မာရီယာ ဘာတုိျမဴက ေနာက္ဆံုး ခ်ဳပ္ခဲ့တဲ့ စာခ်ဳပ္အရ အာဂ်င္တီးနား စတားဟာ ၎ရဲ႕ စာခ်ဳပ္ပါ အခ်က္အလက္ တစ္ခုေၾကာင့္ ရာသီကုန္ခ်ိိန္တုိင္းမွာ ႏူးကမ့္ကေန အလြတ္ ေျပာင္းေရြ႕ေၾကးနဲ႕ ထြက္ခြာ သြားဖို႕ ရွိတယ္လို႕ ထုတ္ေဖာ္ ခဲ့ပါတယ္။

မက္ဆီဟာ ၂၀၀၅ခုႏွစ္ ေနာက္ပိုင္း ဘာကာ နဲ႕ စာခ်ဳပ္သစ္ ျပန္ခ်ဳပ္မွဳ ၈ ၾကိမ္ လုပ္ခဲ့ျပီး အဆိုပါ အခ်က္အလက္ ကိုေတာ့ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ ခဲ့စဥ္က ထည့္ေပါင္းထားတာ ျဖစ္ပါတယ္။ ဒီသေဘာတူညီမွဳဟာ ဘာကာ အေပၚ မက္ဆီ ရဲ႕ သစၥာေစာင့္သိမွဳ အေပၚ အေျခခံထားခဲ့တာ ျဖစ္ျပီး အာဂ်င္တီးနား စတား အေနနဲ႕ ဒီရာသီ ကုန္ခ်ိန္မွာ ႏူးကမ့္ကေန အလြတ္ ထြက္ခြာ ႏုိင္သလို စာခ်ဳပ္ျပည့္မယ့္ ၂၀၂၀ -၂၁ ရာသီကုန္ မွလည္း ထြက္ခြာလို႕ ရပါတယ္။

အသက္ ၃၂ ႏွစ္ အရြယ္ မက္ဆီဟာ အဆုိပါ သတင္းကို ျငင္းဆန္ ခဲ့ျခင္း မရွိ ခဲ့ေပမယ့္လည္း အသင္းနဲ႕ အတူ အျမင့္ဆံုး ေအာင္ျမင္မွဳကို ထပ္မံ ရယူခ်င္တဲ့ သူ႕ရဲ႕ ဆႏၵကို ထုတ္ေဖာ္ သြားခဲ့ပါတယ္။

မက္ဆီက “ကၽြန္ေတာ္ ဘာကုိမွ အတည္မျပဳ ႏုိင္ပါဘူး။ ဘာလို႕လဲဆုိေတာ့ ကၽြန္ေတာ္တုိ႕ရဲ႕ စာခ်ဳပ္ထဲမွာ လ်ိဳ႕၀ွက္ သေဘာတူညီမွဳေတြ ရွိေန လို႕ပါ။ ကၽြန္ေတာ္ ေျပာႏုိင္ တာကေတာ့ ကၽြန္ေတာ္ ဘာစီလိုနာ အသင္းမွာ တက္ႏုိင္သမွ် အၾကာၾကီး ဆက္ရွိ ခ်င္ပါတယ္။

 

ဘာစီလိုနာဟာ ကၽြန္ေတာ့္ရဲ႕ အိမ္ဆိုတာကို ကၽြန္ေတာ့္ရဲ႕ ကစားသမား ဘ၀ တစ္ေလွ်ာက္လံုး ေျပာထား ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ အေနနဲ႕ ကာလရွည္ စာခ်ဳပ္ကိုေတာ့ အလုိ မရွိပါဘူး။ ျပီးေတာ့ ဒီစာခ်ဳပ္ ေၾကာင့္ပဲ ကၽြန္ေတာ္ ဒီမွာ ရွိေနတာ မျဖစ္ခ်င္ ပါဘူး။

ကၽြန္ေတာ့္ အေနနဲ႕ ၾကံ့ခုိင္မွဳပိုင္း ေကာင္းေနတာေၾကာင့္ ၊ ေကာင္းေကာင္း ကစား ႏုိင္တာေၾကာင့္ နဲ႕ အသင္းရဲ႕ အေရးပါတဲ့ သူတစ္ဦး အျဖစ္ ရွိေနတာေၾကာင့္သာ ဒီမွာ ဆက္ရွိခ်င္တာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ အရင္က ေျပာခဲ့ဖူး သလိုပဲ ကၽြန္ေတာ့္ အေနနဲ႕ ေအာင္ႏုိင္တဲ့ အသင္းကို ျမင္ဖို႕ လိုပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတာ္ ဒီအသင္းနဲ႕ အတူ ဆုဖလားေတြ ဆက္လက္ ရယူ ခ်င္ပါတယ္။

ကၽြန္ေတာ့္ အတြက္ ပိုက္ဆံ ဒါမွမဟုတ္ စာခ်ဳပ္ပါ အခ်က္အလက္ေတြဟာ အေရးမပါပါဘူး။ ကၽြန္ေတာ့္ကို စိတ္ဓာတ္ တက္ၾကြေစတဲ့ အရာေတြ နဲ႕ အေရးၾကီးဆံုး အရာ ကေတာ့ winning team ကို ရေနဖို႕ပါ။ ကၽြန္ေတာ္ ခ်န္ပီယံလိဂ္ ဖလားကို ဆြတ္ခူး ခ်င္တာ ရွင္းပါတယ္။ ဘာလို႕လဲ ဆုိတာ့ ကၽြန္ေတာ္တုိ႕ ဒီဖလားကို ေနာက္ဆံုး ရခဲ့တဲ့ အခ်ိန္က အခ်ိန္တစ္ခု ၾကာသြားျပီ ျဖစ္လုိ႕ပါ။ ကလပ္ တစ္ခု အေနနဲ႕ေကာ မိမိ အတြက္ေကာ ကၽြန္ေတာ္တုိ႕ ခ်န္ပီယံလိဂ္ ဖလားကို မျဖစ္မေန ဆြတ္ခူး ရမွာ ျဖစ္ပါတယ္။” လို႕ ဆုိသြားပါတယ္။

ဘာတုိျမဴက မက္ဆီ အေနနဲ႕ ဘာစီလိုနာ နဲ႕ ၂ ႏွစ္သာ က်န္ေတာ့တဲ့ သူရဲ႕ စာခ်ဳပ္သက္တမ္း မွာ အနာဂတ္ကို လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ခြင့္ ရွိတယ္လို႕ ျပီးခဲ့တဲ့ တစ္ပတ္က ထုတ္ေဖာ္ ခဲ့ပါတယ္။

ျပီးခဲ့တဲ့ တစ္ပတ္က ဘာတုိျမဴက “ကၽြန္ေတာ္တုိ႕ ျပီးခဲ့တဲ့ ၂ ႏွစ္က မက္ဆီ နဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆုိ ခဲ့ျပီး ဒီစာခ်ဳပ္ဟာ  ေလးႏွစ္ သက္တမ္း  ရွိပါတယ္။  စာခ်ဳပ္ပါ   သေဘာတူညီမွဳ အရ  ျပီးခဲ့တဲ့ ရာသီကုန္ ၊ ဒီရာသီကုန္ နဲ႕ ၂၀၂၀-၂၁ ရာသီကုန္ခ်ိန္ေတြမွာ သူ႕အေနနဲ႕ ဘာစီလိုနာ ကေန ထြက္ခြာ ႏိုင္ျပီး ေဘာလံုးေလာက အနားယူတာပဲ ျဖစ္ျဖစ္ သူႏွစ္သက္တဲ့ အသင္းတစ္သင္းမွာ ကစားတာပဲ ျဖစ္ျဖစ္ လုပ္ႏုိင္ပါတယ္။

အင္နီေယစတာ ၊ ဇာဗီ ၊ ပူယိုး တုိ႕လည္း ဒီလို စာခ်ဳပ္ပါ အခ်က္အလက္ ရွိပါတယ္။ ဒီလို ကစားသမားေတြ နဲ႕ လီယုိမက္ဆီ တုိ႕အတြက္ ကၽြန္ေတာ္တုိ႕ စိုးရိမ္ေနစရာ မလိုပါဘူး။ သူ ေနာက္ကလပ္ တစ္ခုမွာ ကစားခ်င္ပမလား ဆုိတာ ကၽြန္ေတာ္ သံသယ ျဖစ္မိပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႕ အနာဂတ္ အတြက္ လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ခြင့္ ရွိပါတယ္။ သူဟာ ဘာကာရဲ႕ အမာခံ ပရိတ္သတ္ပါ။ လာမည့္ ၂၀၂၁ ခုႏွစ္အထိ သူဒီမွာ ဆက္ကစား လိမ့္မယ္လို႕ ကၽြန္ေတာ္ ယံုၾကည္ျပီးသားပါ။ ဒီ့အျပင္ ေနာက္တစ္ႏွစ္ ထပ္ကစားဖို႕လည္း ကၽြန္ေတာ္တို႕ ေမွ်ာ္လင့္ ထားပါတယ္။” လို႕ ဆုိသြားပါတယ္။

SM

Unicode

လာမည့်နှစ်မှာ ဘာစီလိုနာ ကနေ အလွတ်ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန််လိုက်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီ က သူဟာ ဘာစီလိုနာ အသင်းမှာ ပျော်ရွှင် နေတယ်လို့ အခိုင်အမာ ဆိုလိုက်ပြီး လက်ရှိမှာ သူ့အတွက် အရေးကြီးဆုံး ကတော့ ဘာစီလိုနာ တို့ ချန်ပီယံလိဂ်မှာ အောင်နိုင်တဲ့ အသင်း ဖြစ်ဖို့လို့ ဆိုသွားပါတယ်။ အာဂျင်တီးနား စတားဟာ ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်ဖွယ် အခြေအနေတွေ ကြုံတွေ့ ခဲ့ရပြီး စပိန်အင်အားကြီး ကလပ်ဟာ လာလီဂါ ဖလားကို ရခဲ့ပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူး အသင်းကို ရှံုးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရတာကြောင့် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဥရောပရဲ့ အမြင့်ဆုံး ဖလား နဲ့ ဝေးကွာ နေခဲ့ပါတယ်။

မက်ဆီ ဟာ လက်ရှိ အချိန်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိနေပြီး ဒီရာသီ ဘာကာ အတွက် ကစားပေး နိုင်ခြင်းတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိူးဆက်မာရီယာ ဘာတိုမြူက နောက်ဆုံး ချုပ်ခဲ့တဲ့ စာချုပ်အရ အာဂျင်တီးနား စတားဟာ ၎င်းရဲ့ စာချုပ်ပါ အချက်အလက် တစ်ခုကြောင့် ရာသီကုန်ချိိန်တိုင်းမှာ နူးကမ့်ကနေ အလွတ် ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာ သွားဖို့ ရှိတယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၀၅ခုနှစ် နောက်ပိုင်း ဘာကာ နဲ့ စာချုပ်သစ် ပြန်ချုပ်မှု ၈ ကြိမ် လုပ်ခဲ့ပြီး အဆိုပါ အချက်အလက် ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စာချုပ်ချုပ် ခဲ့စဉ်က ထည့်ပေါင်းထားတာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုဟာ ဘာကာ အပေါ် မက်ဆီ ရဲ့ သစ္စာစောင့်သိမှု အပေါ် အခြေခံထားခဲ့တာ ဖြစ်ပြီး အာဂျင်တီးနား စတား အနေနဲ့ ဒီရာသီ ကုန်ချိန်မှာ နူးကမ့်ကနေ အလွတ် ထွက်ခွာ နိုင်သလို စာချုပ်ပြည့်မယ့် ၂၀၂၀ -၂၁ ရာသီကုန် မှလည်း ထွက်ခွာလို့ ရပါတယ်။

အသက် ၃၂ နှစ် အရွယ် မက်ဆီဟာ အဆိုပါ သတင်းကို ငြင်းဆန် ခဲ့ခြင်း မရှိ ခဲ့ပေမယ့်လည်း အသင်းနဲ့ အတူ အမြင့်ဆုံး အောင်မြင်မှုကို ထပ်မံ ရယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် သွားခဲ့ပါတယ်။

မက်ဆီက “ကျွန်တော် ဘာကိုမှ အတည်မပြု နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စာချုပ်ထဲမှာ လျို့ဝှက် သဘောတူညီမှုတွေ ရှိနေ လို့ပါ။ ကျွန်တော် ပြောနိုင် တာကတော့ ကျွန်တော် ဘာစီလိုနာ အသင်းမှာ တက်နိုင်သမျှ အကြာကြီး ဆက်ရှိ ချင်ပါတယ်။

ဘာစီလိုနာဟာ ကျွန်တော့်ရဲ့ အိမ်ဆိုတာကို ကျွန်တော့်ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံး ပြောထား ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ကာလရှည် စာချုပ်ကိုတော့ အလို မရှိပါဘူး။ ပြီးတော့ ဒီစာချုပ် ကြောင့်ပဲ ကျွန်တော် ဒီမှာ ရှိနေတာ မဖြစ်ချင် ပါဘူး။

ကျွန်တော့် အနေနဲ့ ကြံ့ခိုင်မှုပိုင်း ကောင်းနေတာကြောင့် ၊ ကောင်းကောင်း ကစား နိုင်တာကြောင့် နဲ့ အသင်းရဲ့ အရေးပါတဲ့ သူတစ်ဦး အဖြစ် ရှိနေတာကြောင့်သာ ဒီမှာ ဆက်ရှိချင်တာ ဖြစ်ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့ဖူး သလိုပဲ ကျွန်တော့် အနေနဲ့ အောင်နိုင်တဲ့ အသင်းကို မြင်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီအသင်းနဲ့ အတူ ဆုဖလားတွေ ဆက်လက် ရယူ ချင်ပါတယ်။

ကျွန်တော့် အတွက် ပိုက်ဆံ ဒါမှမဟုတ် စာချုပ်ပါ အချက်အလက်တွေဟာ အရေးမပါပါဘူး။ ကျွန်တော့်ကို စိတ်ဓာတ် တက်ကြွစေတဲ့ အရာတွေ နဲ့ အရေးကြီးဆုံး အရာ ကတော့ winning team ကို ရနေဖို့ပါ။ ကျွန်တော် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ချင်တာ ရှင်းပါတယ်။ ဘာလို့လဲ ဆိုတာ့ ကျွန်တော်တို့ ဒီဖလားကို နောက်ဆုံး ရခဲ့တဲ့ အချိန်က အချိန်တစ်ခု ကြာသွားပြီ ဖြစ်လို့ပါ။ ကလပ် တစ်ခု အနေနဲ့ကော မိမိ အတွက်ကော ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားကို မဖြစ်မနေ ဆွတ်ခူး ရမှာ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဘာတိုမြူက မက်ဆီ အနေနဲ့ ဘာစီလိုနာ နဲ့ ၂ နှစ်သာ ကျန်တော့တဲ့ သူရဲ့ စာချုပ်သက်တမ်း မှာ အနာဂတ်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရှိတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ထုတ်ဖော် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဘာတိုမြူက “ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ နှစ်က မက်ဆီ နဲ့ စာချုပ်သစ်ချုပ်ဆို ခဲ့ပြီး ဒီစာချုပ်ဟာ လေးနှစ်သက်တမ်း ရှိပါတယ်။ စာချုပ်ပါ သဘောတူညီမှု အရ ပြီးခဲ့တဲ့ ရာသီကုန် ၊ ဒီရာသီကုန် နဲ့ ၂၀၂၀-၂၁ ရာသီကုန်ချိန်တွေမှာ သူ့အနေနဲ့ ဘာစီလိုနာ ကနေ ထွက်ခွာ နိုင်ပြီး ဘောလုံးလောက အနားယူတာပဲ ဖြစ်ဖြစ် သူနှစ်သက်တဲ့ အသင်းတစ်သင်းမှာ ကစားတာပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

အင်နီယေစတာ ၊ ဇာဗီ ၊ ပူယိုး တို့လည်း ဒီလို စာချုပ်ပါ အချက်အလက် ရှိပါတယ်။ ဒီလို ကစားသမားတွေ နဲ့ လီယိုမက်ဆီ တို့အတွက် ကျွန်တော်တို့ စိုးရိမ်နေစရာ မလိုပါဘူး။ သူ နောက်ကလပ် တစ်ခုမှာ ကစားချင်ပမလား ဆိုတာ ကျွန်တော် သံသယ ဖြစ်မိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အနာဂတ် အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရှိပါတယ်။ သူဟာ ဘာကာရဲ့ အမာခံ ပရိတ်သတ်ပါ။ လာမည့် ၂၀၂၁ ခုနှစ်အထိ သူဒီမှာ ဆက်ကစား လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပြီးသားပါ။ ဒီ့အပြင် နောက်တစ်နှစ် ထပ်ကစားဖို့လည်း ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။” လို့ ဆိုသွားပါတယ်။

SM