#Sports_Myanmar
Unicode
Balloon D’ Or နဲ့ ချန်ပီယံလိဂ် ဆွတ်ခူးရေး ၊ စီရော်နယ်ဒိုနဲ့ ညစာ စားဖို့ အကြောင်း ပြောကြားသွားတဲ့ #မက်ဆီ
=================
ဘာစီလိုနာ နဲ့ အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီ ဟာ ဒီနေ့ မှာတော့ SPORT နဲ့ အင်တာဗျူး ပြုလုပ် ခဲ့ပြီး ဒီနှစ် Balloon D’ Or ဆွတ်ခူး နိုင်ရေး အကြောင်း ၊ ဒီ ရာသီ ချန်ပီယံ လိဂ် ဆွတ်ခူး နိုင်ရေး အကြောင်း နဲ့ ပြိုင်ဖက် ဖြစ်သူ စီ ရော်နယ်ဒို နဲ့ ညစာ အတူ စားဖို့ အကြောင်း တွေကို ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” Balloon D’ Or ဆု ဆိုတာ ထူးဆန်း ပါတယ် ။ ဘယ်သူ ရေပန်း အစားဆုံး လဲ ဆိုတာ ဘယ်သူ မှ ကြိုတင် မသိ နိုင်ဘူးလေ ။ မကြာ သေးခင် တုန်းက တော့ ကလပ် အသင်း ရဲ့ အောင်မြင် မှု တွေကို ကြည့်ကို ဒီဆု ကို ပေးခဲ့ ကြ ပါတယ် ။ ဒါဟာ သိပ်တော့ မဆိုး လှ ပါဘူး ”
” တစ်ခါတလေ ကျတော့ အဲ့တာ ကို ကမ႓ာ့ ဖလား စွမ်းဆောင်ရည် ကြည့်ပြီး လည်း ပေးတက် ကြ ပါတယ် ။ ဒါဟာ လူတိုင်း တန်ဖိုး ထားတဲ့ ဆု ဖလား ကြီးလေ ။ ရိုးရိုးသားသား ပြောတာ ပါ ၊ ကျွန်တော် မသိ ပါဘူး ၊ တစ်ခါတလေ ကျတော့ Balloon D’ Or ဆု ဆိုတာ ဘယ် အရာ တွေ အပေါ် သီးခြား သတ်မှတ် ပြီး ပေးကြ လဲ ဆိုတာ ကျွန်တော် နား မလည် ပါဘူး ”
” ဒီဆု အတွက် ကျွန်တော် ဟာ ရေပန်း အစားဆုံး လား ၊ ဘာလား ဆိုတဲ့ ခံစားချက် မျိုး ကျွန်တော် တစ်ခါ မှ မဖြစ်ဖူး ပါဘူး ။ ကျွန်တော် အရင် တုန်းက လည်း ပြောဖူး ပါတယ် ။ တစ်ကိုယ်တော် ဆု တံဆိပ် တွေ ဆိုတာ ကျွန်တော့် အတွက် တော့ ဘောလုံး မှာ ဒုတိယ ဦးစားပေ ပါပဲ ” လို့ မက်ဆီ က Balloon D’ Or ဆု ဆွတ်ခူးရေး အပေါ် မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။
အဲ့ဒီနောက် ချန်ပီယံ လိဂ် ဖလား ကို ဆွတ်ခူး ခွင့်တော့ ရမယ် ၊ အဲ့ဒီ အတွက် လာလီဂါ အမှတ်ပေး ဖလား ကို လက်လွတ် ခံရ လိမ့်မယ် ဆိုရင် ဘယ်လို ဆုံးဖြတ် မလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် မှာ မက်ဆီ က …
” ဘောလုံး ရာသီ တစ်ခု စတင် တဲ့ အခါ တိုင်းမှာ ကျွန်တော် တို့ တွေက ဆု ဖလား တိုင်းကို ဆွတ်ခူး ချင် ကြတယ် ။ ဒီ အတွက် အကောင်းဆုံး ကြိုးစား ကြမယ် ဆိုတာ တွေကို အမြဲတမ်း ပဲ ပြောဖြစ် ကြ ပါတယ် ။ ကျွန်တော် ကတော့ အသင်း သားတွေ အမြန်ဆုံး အထိုင် ကျဖို့ မျှော်လင့် နေပြီး ဆု ဖလား တိုင်းကို ဆွတ်ခူး ချင် ပါတယ် ”
” ဒါပေမယ့် သေချာတာ တစ်ခု ကတော့ ကျွန်တော် ဟာ ချန်ပီယံ လိဂ် ဖလား ရယူ ဆွတ်ခူး ချင်တာ ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ နောက်ဆုံး ရရှိ ခဲ့တဲ့ အချိန် နဲ့ အခု အချိန် တွေက ကာလ အရမ်း ကို ကြာမြှင့် ခဲ့ပြီ လေ ။ ကလပ် အသင်း အနေ နဲ့ပဲ ဖြစ်ဖြစ် ၊ ပုဂ္ဂိုလ်ရေး အရ ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ ချန်ပီယံ လိဂ် ဖလား ကို ဆွတ်ခူး နိုင်ရ ပါ့မယ် ”
” လက်ရှိ အချိန် က ရာသီ အစ ပဲ ရှိနေ ပါ သေးတယ် ။ ဒီလို အချိန် မှာ ကျွန််တော့် ကို တစ်ခုခု ရွေးချယ် ခိုင်းမယ် ဆိုရင် ကျွန်တော် ဟာ နှစ်ခု လုံး ရွေးချယ် နိုင်ခွင့် ရှိနေ သေးတဲ့ အတွက် နှစ်ခုလုံး ကို ရွေးသွား မှာ ပါ ။ ကျွန်တော် နှစ်ခုလုံး ရယူ ချင် ပါတယ် ” လို့ မက်ဆီ က ပြောကြား သွားခဲ့ ပါတယ် ။
UEFA တစ်နှစ်တာ အကောင်းဆုံး ဆု ပေးပွဲ တုန်းက ပြိုင်ဖက် ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကစားသမား ဟောင်း စီ ရော်နယ်ဒို က မက်ဆီ နဲ့ အတူ ညစာ စားလို ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် လို့ မက်ဆီ က ပြန်လည် အဖြေပေး သွားခဲ့ ပါပြီ ။
” ကောင်းပါတယ် ၊ ကျွန်တော် ကတော့ အဲ့တာ နဲ့ ပတ်သက်လို့ ပြသနာ မရှိ ပါဘူး ။ ကျွန်တော် ဟာ သူနဲ့ ဘယ်လို ပြသနာ မှ မရှိ တဲ့ အကြောင်း အမြဲတမ်း ပြောခဲ့ ဖူး ပါတယ် ။ ကျွန်တော် တို့ တွေဟာ အဝတ် လဲခန်း တစ်ခု ကို အတူတူ မျှသုံး ခြင်း မရှိ ခဲ့တဲ့ အတွက် သူငယ်ချင်း ကောင်းတွေ တော့ ဖြစ်လို့ မလွယ်ကူ ပါဘူူး ”
” ဒါပေမယ့် ကျွန်တော် ဟာ ဆု ပေးပွဲ တွေမှာ သူ့ကို အမြဲတမ်း တွေ့မြင် ခဲ့ဖူး ပါတယ် ။ ဘာ ပြသနာ မှ မရှိခဲ့ ပါဘူး ။ ကျွန်တော် တို့ တွေဟာ အဲ့ဒီလို ရှိုးပွဲ တွေမှာ စကား တွေ အချိန် အတော်ကြာ ပြောဖြစ် လေ့ ရှိတက် ပါတယ် ”
” ညစာ ကတော့ အတူ စားဖြစ် မလား ဆိုတာ ကျွန်တော် လည်း သေချာပေါက် မပြောနိုင် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့ဆက် လို့ ကျွန်တော် တို့ လမ်းကြောင်း တူနိုင် ဦး မလား ဆိုတာ မသိ သေးဘူး လေ ။ ကျွန်တော် တို့ နှစ်ဦး လုံးမှာ ကိုယ်ပိုင် ဘဝ ၊ ကိုယ်တိုင် ဖြစ်ချင် တဲ့ အရာ တွေ ရှိနေ ပါတယ် ။ ဒါပေမယ့် သေချာ ပါတယ် ၊ ကျွန်တော် သူ့ရဲ့ ဖိတ်ခေါ် မှုကို လက်ခံ သွားမှာ ပါ ” လို့ မက်ဆီ က ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar