နည္းျပျကီးကေလာ့ပ္ရဲ႕ လီဗာပူး အသင္းဟာ ျပီးခဲ႔တဲ႔ ႏွစ္ေတြ အတြင္း မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုျကီးကို ရရွိဖို႔ အေတာ္ေလးကို နီးနီးစပ္ စပ္ အေျခအေနေတြပိုင္ဆိုင္ထားခဲ႔တာျဖစ္ပါတယ္။သူတို႔ဟာ ျပီးခဲ႔တဲ႔ရာသီမွာ ၉၇ မွတ္အထိရခဲ႔ေပမယ့္ ခ်န္ပီယံမန္စီးတီးအသင္းရဲ႕ေနာက္ဒုတိယေနရာနဲ႔သာေက်နပ္ထားခဲ႔ရတာျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ အဂၤလန္ ရဲ႕ အေအာင္ျမင္ဆံုး အသင္းတသင္းျဖစ္ေပမယ့္ ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းလဲ က်င္းပလိုက္အျပီးကတည္းက ျပည္တြင္းလိဂ္ခ်န္ပီယံဆုျကီးနဲ႔ေဝးေနခဲ႔တာျဖစ္ပါတယ္။ဒီမွတ္တမ္းဆိုးကို ေခ်ျဖတ္ႏိုင္ဖို႔ ျကိုးစားေနျပီး အခုရာသီမွာ ေလးပြဲကစား အျပီးရာႏွဳန္းျပည့္အႏိုင္နဲ႔ အမွတ္ေပးဇယားထိပ္ဆံုးကေန ဦးေဆာင္ေနျပီျဖစ္ပါတယ္။

သူတို႔ ဟာ အသင္းရဲ႕ အဓိက ဂိုးသမား အယ္လီဆြန္ ဒဏ္ရာေျကာင့္ ပါဝင္ထားႏိုင္ျခင္း မရွိေသးေပမယ့္ ၂၉ ႏွစ္ျကာ ျပည္တြင္းလိဂ္ေအာင္ျမင္မွဳျကီးနဲ႔ေဝးကြာေနမွဳကိုအဆံုးသတ္ဖို႔ အခုလို အေကာင္းဆံုးျကိုးစားေနတာလည္းျဖစ္ပါတယ္။လက္ရွိခ်န္ပီယံမန္စီးတီး အသင္းကေတာ့စပါးအသင္းကို သေရက်ခဲ႔တဲ႔ ပြဲစဥ္ေျကာင့္ ၂မွတ္အကြာဒုတိယေနရာမွာသာရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားဘဝတေလ်ွာက္လံုး လီဗာပူး အသင္းမွာကစားခဲ႔တဲ႔ ခံစစ္မွဴးကာေရဂါကေတာ့ မန္စီးတီးအသင္းဟာ သူ႔အသင္းေဟာင္းထက္ ပိုျပီး ခ်န္ပီယံဆုအတြက္ ေရပန္းစားေနဆဲျဖစ္တယ္လို႔ ယူဆေနပါတယ္။Sky Sports ရဲ႕ အစီအစဥ္ တခုမွာ ကာေရဂါ က –

” အခုခ်ိန္ ဟာအေတာ္ေလးေစာေနေသးတယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။ခ်န္ပီယံဆုအတြက္ ေျပာႏိုင္ဖို႔ ခရစၥမတ္ကာလေလာက္အထိေစာင့္ရေကာင္းေစာင့္ရႏိုင္ပါတယ္။အဲ႔ဒီအခ်ိန္ေလာက္ဆိုရင္ေတာ့ မန္စီးတီး နဲ႕ လီဗာပူးတို႔ျကားမွာရမွတ္ကြာဟမွဳ သိသာေနေလာက္ျပီလို႔ထင္ပါတယ္။

အခုခ်ိန္မွာေတာ့ ဒီႏွစ္သင္းက ရမွတ္က မဆိုသေလာက္ေလးပဲကြာေနတာျဖစ္ပါတယ္။ဒါေပမယ့္ ဒီအခ်ိန္မွာ မန္စီးတီးအသင္းကပဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ရွိေနေသးျပီး ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆံုး အျဖစ္ရွိေနေသးတယ္လို က်ြန္ေတာ္ထင္ပါတယ္။

ဘာေျကာင့္ လည္းဆိုေတာ့ မန္စီးတီးအသင္းက ျပီးခဲ႔တဲ႔ ရာသီမွာခ်န္ပီယံဆုျကီးကို ရယူျပီးဒါကို သက္ေသျပထားႏိုင္ ခဲ႔ လို႔ ျဖစ္ပါတယ္။ဒါေျကာင့္မို႔လို႔လည္း မန္စီးတီးအသင္းကိုေက်ာ္ႏိုင္ဖို႔ လီဗာပူးအေပၚကို မူတည္ေနပါေသးတယ္။ဒါေပမယ့္မန္စီးတီးအသင္းဟာလုပ္ႏိုင္မယ္ထင္ထားတာထက္ကိုပိုစြမ္းေဆာင္ႏိုင္တဲ႔အသင္းျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

လတ္တလာအေနအထားေတြအရ ခ်န္ပီယံဆုအတြက္ ယမန္ႏွစ္ကလိုပဲ မန္စီးတီး နဲ႔ လီဗာပူးတို႕ကပဲ အဓိက ယွဥ္ျပိဳင္သြားရဖြယ္ရွိေနတာျဖစ္ပါတယ္။လီဗာပူး ခံစစ္ မွဴး ဗန္ဒိုက္ကေတာ့ သူတို႔အသင္း ဟာ ရာသီသစ္ကို အ့ံမခန္းေကာင္းမြန္တဲ႕ ပံုစံမ်ိဳးနဲ႕ စတင္ထားခဲ႔ေပမယ့္ ျကိုးစားအားထုတ္မွဳကို ေလ်ွာ့ခ်သြားမွာ မဟုတ္ဘူး လို႔ ျပိဳင္ဘက္ေတြကိုသတိေပးလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဒီေဟာ္လန္သားက – ” က်ြန္ေတာ္တို႕ ဒီပံုစံအတိုင္းဆက္သြားခ်င္ပါတယ္။ေရွ႔လာမယ့္ပြဲတိုင္းကို အခုခ်ိန္မွာအႏိုင္ကစားခ်င္ေနပါျပီ။ေနာက္ထပ္ႏိုင္ငံတကာပြဲေတြမတိုင္မီ ၇ပြဲကစားရမွာျဖစ္ျပီး ၇ပြဲလံုးအႏိုင္ရဖို႔ က က်ြန္ေတာ္တို႔ရဲ႕ ပစ္မွတ္ျဖစ္ပါတယ္။

ယမန္ႏွစ္က အမွတ္ေလာက္ ဒီရာသီမွာထပ္ရရင္လံုေလာက္ျပီလား ဆိုတာကေတာ့ ေျပာရခက္ပါတယ္။ဒါေျကာင့္လည္းပြဲတိုင္းကို အႏိုင္ကစားဖို႔ပဲ ေတြးထားပါတယ္။မန္စီးတီးအသင္းဒီရာသီမွာ ဘယ္ေလာက္အထိ ထပ္ျပီးေကာင္းႏိုင္ေသးတယ္ဆိုတာကို လည္းက်ြန္ေတာ္တို႔နားလည္ပါတယ္။

လမယ့္အပတ္ေတြအတြင္းမွာဆိုရင္က်ြန္ေတာ္တို႔ဟာ စေန ၊ တနဂၤေႏြမွာသာ မကပဲ ျကားရက္ေတြမွာပါ ကစားသြားရေတာ့မွာျဖစ္ပါတယ္။ခ်ဲဆီးလ္နဲ႔ အေဝးကြင္းပြဲစဥ္၊ နာပိုလီကို အေဝးကြင္းသြားကစားရမယ့္ ဥေရာပ ပြဲစဥ္ေတြရွိေနပါတယ္။လိဂ္ဖလားပြဲစဥ္ေတြကလည္းဘယ္ေတာ့မွမလြယ္ပါဘူး ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

လက်ရှိပရီးမီးယားလိဂ်မှာအကောင်းဆုံးကဘယ်အသင်းလဲဆိုတာပြောပြလိုက်တဲ့ လီဗာပူးဂန္တဝင်ကြီး #ကာရေဂါ
==================================

နည်းပြကြီးကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကြီးကို ရရှိဖို့ အတော်လေးကို နီးနီးစပ် စပ် အခြေအနေတွေပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။သူတို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ၉၇ မှတ်အထိရခဲ့ပေမယ့် ချန်ပီယံမန်စီးတီးအသင်းရဲ့နောက်ဒုတိယနေရာနဲ့သာကျေနပ်ထားခဲ့ရတာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်းတသင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲ ကျင်းပလိုက်အပြီးကတည်းက ပြည်တွင်းလိဂ်ချန်ပီယံဆုကြီးနဲ့ဝေးနေခဲ့တာဖြစ်ပါတယ်။ဒီမှတ်တမ်းဆိုးကို ချေဖြတ်နိုင်ဖို့ ကြိုးစားနေပြီး အခုရာသီမှာ လေးပွဲကစား အပြီးရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေပြီဖြစ်ပါတယ်။

သူတို့ ဟာ အသင်းရဲ့ အဓိက ဂိုးသမား အယ်လီဆွန် ဒဏ်ရာကြောင့် ပါဝင်ထားနိုင်ခြင်း မရှိသေးပေမယ့် ၂၉ နှစ်ကြာ ပြည်တွင်းလိဂ်အောင်မြင်မှုကြီးနဲ့ဝေးကွာနေမှုကိုအဆုံးသတ်ဖို့ အခုလို အကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံမန်စီးတီး အသင်းကတော့စပါးအသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်ကြောင့် ၂မှတ်အကွာဒုတိယနေရာမှာသာရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားဘဝတလျှောက်လုံး လီဗာပူး အသင်းမှာကစားခဲ့တဲ့ ခံစစ်မှူးကာရေဂါကတော့ မန်စီးတီးအသင်းဟာ သူ့အသင်းဟောင်းထက် ပိုပြီး ချန်ပီယံဆုအတွက် ရေပန်းစားနေဆဲဖြစ်တယ်လို့ ယူဆနေပါတယ်။Sky Sports ရဲ့ အစီအစဉ် တခုမှာ ကာရေဂါ က –

” အခုချိန် ဟာအတော်လေးစောနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ချန်ပီယံဆုအတွက် ပြောနိုင်ဖို့ ခရစ္စမတ်ကာလလောက်အထိစောင့်ရကောင်းစောင့်ရနိုင်ပါတယ်။အဲ့ဒီအချိန်လောက်ဆိုရင်တော့ မန်စီးတီး နဲ့ လီဗာပူးတို့ကြားမှာရမှတ်ကွာဟမှု သိသာနေလောက်ပြီလို့ထင်ပါတယ်။

အခုချိန်မှာတော့ ဒီနှစ်သင်းက ရမှတ်က မဆိုသလောက်လေးပဲကွာနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒီအချိန်မှာ မန်စီးတီးအသင်းကပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းအဖြစ်ရှိနေသေးပြီး ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အဖြစ်ရှိနေသေးတယ်လို ကျွန်တော်ထင်ပါတယ်။

ဘာကြောင့် လည်းဆိုတော့ မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ရာသီမှာချန်ပီယံဆုကြီးကို ရယူပြီးဒါကို သက်သေပြထားနိုင် ခဲ့ လို့ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်း မန်စီးတီးအသင်းကိုကျော်နိုင်ဖို့ လီဗာပူးအပေါ်ကို မူတည်နေပါသေးတယ်။ဒါပေမယ့်မန်စီးတီးအသင်းဟာလုပ်နိုင်မယ်ထင်ထားတာထက်ကိုပိုစွမ်းဆောင်နိုင်တဲ့အသင်းဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လတ်တလာအနေအထားတွေအရ ချန်ပီယံဆုအတွက် ယမန်နှစ်ကလိုပဲ မန်စီးတီး နဲ့ လီဗာပူးတို့ကပဲ အဓိက ယှဉ်ပြိုင်သွားရဖွယ်ရှိနေတာဖြစ်ပါတယ်။လီဗာပူး ခံစစ် မှူး ဗန်ဒိုက်ကတော့ သူတို့အသင်း ဟာ ရာသီသစ်ကို အ့ံမခန်းကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ စတင်ထားခဲ့ပေမယ့် ကြိုးစားအားထုတ်မှုကို လျှော့ချသွားမှာ မဟုတ်ဘူး လို့ ပြိုင်ဘက်တွေကိုသတိပေးလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒီဟော်လန်သားက – ” ကျွန်တော်တို့ ဒီပုံစံအတိုင်းဆက်သွားချင်ပါတယ်။ရှေ့လာမယ့်ပွဲတိုင်းကို အခုချိန်မှာအနိုင်ကစားချင်နေပါပြီ။နောက်ထပ်နိုင်ငံတကာပွဲတွေမတိုင်မီ ရပွဲကစားရမှာဖြစ်ပြီး ရပွဲလုံးအနိုင်ရဖို့ က ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ပါတယ်။

ယမန်နှစ်က အမှတ်လောက် ဒီရာသီမှာထပ်ရရင်လုံလောက်ပြီလား ဆိုတာကတော့ ပြောရခက်ပါတယ်။ဒါကြောင့်လည်းပွဲတိုင်းကို အနိုင်ကစားဖို့ပဲ တွေးထားပါတယ်။မန်စီးတီးအသင်းဒီရာသီမှာ ဘယ်လောက်အထိ ထပ်ပြီးကောင်းနိုင်သေးတယ်ဆိုတာကို လည်းကျွန်တော်တို့နားလည်ပါတယ်။

လမယ့်အပတ်တွေအတွင်းမှာဆိုရင်ကျွန်တော်တို့ဟာ စနေ ၊ တနင်္ဂနွေမှာသာ မကပဲ ကြားရက်တွေမှာပါ ကစားသွားရတော့မှာဖြစ်ပါတယ်။ချဲဆီးလ်နဲ့ အဝေးကွင်းပွဲစဉ်၊ နာပိုလီကို အဝေးကွင်းသွားကစားရမယ့် ဥရောပ ပွဲစဉ်တွေရှိနေပါတယ်။လိဂ်ဖလားပွဲစဉ်တွေကလည်းဘယ်တော့မှမလွယ်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORT MYANMAR