ချယ်လ်ဆီး အသင်း ရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်သူ အီဒင် ဟာဇတ် ဟာ လာမယ့် နှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း မှာ ဆက်ရှိ နေဖို့ မသေမချာ ဖြစ်နေပြီး ၄င်းကို ရီးရဲလ် မက်ဒရစ် အသင်း က လည်း လာရောက် ကမ်းလှမ်းဖို့ ရှိနေပါတယ် ။ ဟာဇတ် ဟာ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာခဲ့ပြီး ကတည်း က အသင်း ရဲ့ အဓိက ကစားသမား အနေနဲ့ ရပ်တည် လာခဲ့တာ လည်း ဖြစ်ပါတယ် ။

လက်ရှိ မှာ ချယ်လ်ဆီး နဲ့ စာချုပ် သက်တမ်း တနှစ် ဝန်းကျင် သာ ကျန်ရှိ တော့တဲ့ ဟာဇတ် အနေနဲ့ ၄င်းရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မကြာခင် မှာ တိကျ တဲ့ ဆုံးဖြတ်ချက် တခု ကို ချရတော့ မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ပရိသတ် တွေကတော့ ၄င်းကို အသင်း မှာ ဆက်လက် ကစား စေလို နေကြ ပါတယ် ။

လက်ရှိ အနေအထား အရ နည်းပြ ဆာရီ ရဲ့ လက်အောက် မှာ အသင်း ရဲ့ ပရီးမီးယားလိဂ် ရလဒ် တွေဟာ အားရစရာ လုံးဝ မရှိတဲ့ အနေအထား မှာ ကြုံနေ ရပြီး လာမယ့် ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် မရပါက ဘယ်လို မှ ဟာဇတ် ကို ထိန်းချုပ် လို့ ရတော့ မှာ မဟုတ်ပါဘူး ။

ချယ်လ်ဆီး အသင်း ကတော့ ဟာဇတ် ကို နည်းအမျိုးမျိုး နဲ့ စာချုပ် ချုပ်ဆို ဖို့ စည်းရုံး မှာ ဖြစ်ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ဟာဇတ် သာ အသင်း ပြောင်းလိုတယ် ဆိုရင် တော့ ခွင့်ပြု ပေးသွား ရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ကတော့ ဟာဇတ် ကို ချယ်လ်ဆီး အနေနဲ့ မဖြစ်မနေ ထိန်းသိမ်း ဖို့ ကြိုးစား လာမှာ ဖြစ်ကြောင်း ၊ သို့ပေမယ့် ၄င်း ကိုယ်တိုင် လည်း ဟာဇတ် ကို ချယ်လ်ဆီး မှာ ဆက်ကစား ဖို့ အကြံပေး ဖို့ ဆိုတာ မလွယ်ကူဘူး လို့ ဝန်ခံ သွားခဲ့ ပါတယ် ။

လမ်းပတ် က ” အီဒင် ဟာ လက်ရှိ ဘောလုံး လောက မှာ ထိပ်တန်း ကစားသမား တဦး ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ မှ ယုံမှား သံသယ ဖြစ်စရာ မလိုပါဘူး ။ ဒါကြောင့်မို့ သူ့ အနာဂတ် အတွက် ဆုံးဖြတ် မှာတွေ က သူ့ အတွက် ကောင်းဖို့ ချည်းပဲ ဖြစ်ပါလိမ့်မယ် ။ ဟုတ်ပါတယ် ။ ချယ်လ်ဆီး ဖက်က တော့ သူ့ကို ဆက်ပြီး ထိန်းဖို့ ကြိုးစား နေမှာပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ ဟာဇတ် ဟာ ချယ်လ်ဆီး လို အသင်းကြီး မှာ ကစားနေ တဲ့ အတွက် သူ့ကို အလိုရှိ နေတဲ့ အသင်း တွေကလည်း အများကြီး ရှိနေတာ ကြောင့်ပါ ။ ”

” ဒါပေမယ့် သူ့ ဆုံးဖြတ်ချက် ဟာ ချယ်လ်ဆီး အသင်း အတွက်ရော ၊ သူ့ အတွက်ပါ ကောင်းတဲ့ ဆုံးဖြတ်ချက် မျိုး ဖြစ်ရမှာပါ ။ သူ့ကို ခေါ်ယူဖို့ ဆက်သွယ် နေချိန် မှာ ချယ်လ်ဆီး အတွက် တခြား တယောက်ယောက် နဲ့ အစားထိုး ဖို့ အချိန် အတိုင်းအတာ တခု ပေးဖို့ လိုပါတယ် ။ ကျွန်တော် ကတော့ သူ နဲ့ ပတ်သက်ပြီး ဘာကို မျှော်လင့် ရမှန်း မသိတော့ပါဘူး ။ ဒါပေမယ့် ကလပ် နဲ့ သူ့ အတွက် ကောင်းတဲ့ အရာ တွေ ဖြစ်ပါစေ လို့ပဲ မျှော်လင့် ပါတယ် ။ ”

” သူ့ အနာဂတ် နဲ့ ပတ်သက်ပြီး အရိုးသားဆုံး ဝန်ခံ ရရင် ကျွန်တော် ဘာတခု မှ မသိပါဘူး ။ အကြံဉာဏ် ပေးဖို့ ဆိုတာ အရမ်း ခက်ခဲ တဲ့ အရာ ဖြစ်ပြီး သူ့အတွက် ပေးသင့် သလား ၊ မပေးသင့်ဘူးလား ဆိုတဲ့ အရာ ကလည်း ရှိနေပါသေးတယ် ။ ကျွန်တော် ဟာ အီဒင် နဲ့ တွဲ ကစားဖူး ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး ခဲ့တာမျိုး တော့ မရှိခဲ့ပါဘူး ။ ဒီလို အနာဂတ် နဲ့ ပတ်သက်တာ တွေက ကစားသမား တွေရဲ့ စိတ်ခံစားချက် အပေါ် မှာ မူတည် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR