ပရီးမီးယားလိဂ္ပြဲစဥ္ ေလးအျဖစ္ ကစားခဲ႔တဲ႕ ပြဲမွာခ်ဲဆီးလ္ အသင္းနဲ႕ တန္းတက္ ရွက္ဖီးလ္ယူႏိုက္တက္ အသင္းတို႔ ၂ဂိုးစီသေရက်ခဲ႔ပါတယ္။ဒီပြဲမွာ အိမ္ရွင္ ခ်ဲဆီးလ္ အသင္း က ေအဘရာဟင္ ရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ျပိဳင္ဘက္ရဲ႕ေနာက္က်ေခ်ပဂိုးေျကာင့္ ၂မွတ္ေလ်ာ့ခဲ႔ရတာျဖစ္ပါတယ္။

 

နည္းျပသစ္လမ္းပတ္ရဲ႕ ခ်ဲဆီးလ္ အသင္းဟာ ရာသီသစ္ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ဆိုးရြားတဲ႔ ရာသီအစကို ျဖတ္သန္းေနခဲ့ရတာျဖစ္ျပီး အဖြင့္ပြဲစဥ္မွာပဲ ယူႏိုက္တက္ အသင္းကို ၄ဂိုးျပတ္အေရးနဖမ္ထားခဲ႔ရတာျဖစ္ပါတယ္။အဲ႔ဒီေနာက္ လက္စတာ အသင္းနဲ႔ သေရက်ခဲ႔ျပီး တန္းတက္ ေနာ့ဝွစ္ခ်္ အသင္းကို အသည္းအသန္ အႏိုင္ကစားထားခဲ႕ရတာျဖစ္ပါတယ္။

ပြဲစဥ္ ေလးအျပီးမွာ အိမ္ကြင္းႏိုင္ပြဲ မရေသးတဲ႔ အသင္း ၇သင္းထဲက တသင္းအျဖစ္လည္း ရွိေနျပီး ရမွတ္ ၅မွတ္သာရရွိထားခဲ႔ လို႔ အဆင့္ ၁၁ ေနရာအထိက်ေရာက္ေနပါတယ္။ဒါေပမယ့္ ကြင္းလယ္တိုက္စစ္ ကစားသမား ဝီလီယံကေတာ့ ခ်ဲဆီးလ္အသင္းဟာ ပရီးမီးယားလိဂ္အပါအဝင္ ခ်န္ပီယံဆုေတြကို စိန္ေခၚႏိုင္တဲ႕ လူစာရင္းမ်ိဳးပိုင္ဆိုင္ထားတယ္လို႔ ဆိုလိုက္ပါတယ္။

ခ်ဲဆီးလ္အသင္းဟာ ျပီးခဲ႔တဲ႔ ရာသီ ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႔ ခ်န္ပီယံ အသင္းျဖစ္ျပီးအခုရာသီအတြင္းမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ FA ဖလား နဲ႔ လိဂ္ဖလား အစရွိတဲ႔ ျပိဳင္ ပြဲေလးရပ္ကို ပါဝင္ယွဥ္ျပိဳင္သြားရဖို႔ ရွိေနတာျဖစ္ပါတယ္။အင္တာဗ်ဴး တခုမွာ ဝီလီယံ က –

” ဒီရာသီမွာ က်ြန္ေတာ္တို႔ ခ်ဲဆီးလ္ အသင္း ခ်န္ပီယံ ဆုဖလား တခ်ိဳ႔ကို ရႏိုင္ေသးတယ္ ထင္ပါတယ္။အခုရာသီမွာ ခ်န္ပီယံဆုေတြ ဆြတ္ခူးႏိုင္ဖို႔ခက္ခဲလိမ့္မယ္ဆိုတာကိုလည္းနားလည္ပါတယ္။ဒါဟာအျမဲတမ္းကိုမလြယ္ကူတဲ႔ အရာျဖစ္ပါတယ္။ဟာဇက္၊ ေဒးဗစ္လုဇ္ တို႔လို ကစားသမားေတြကို ဆံုးရွံုးလိုက္ရခ်ိန္ဟာတကယ္ခက္ခဲပါတယ္။ဒါေပမယ့္ အနာဂတ္မွာ ဒီျပိဳင္ပြဲရဲ႕ အေကာင္းဆံုးျဖစ္လာႏိုင္ျပီး ၊ အမ်ားျကီးတိုးတက္ႏိုင္ေသးတဲ႔အရည္အေသြးျမင့္လူငယ္အခ်ိဳ႔ အသင္းမွာရွိေနပါတယ္။ျကီးက်ယ္ခန္းနားတဲ႔ အသင္းေကာင္းတသင္းကိုပိုင္ဆိုင္ထားတယ္လို႕ ထင္ပါတယ္။

ခ်ဲဆီးလ္လို အသင္းတသင္းရဲ႕ဂ်ာစီကိုဝတ္ဆင္ရတာဟာျကီးမားေလးလံတဲ႔ တာဝန္ခုျဖစ္ပါတယ္။ျပိဳင္ပြဲတခုကိုသြားကစားတိုင္း ႏိုင္ဖို႔ ျကိုးစားရပါတယ္။ကစာသမားေတြ နည္းျပေတြဘယ္သူပဲျဖစ္ေနေန က်ြန္ေတာ္တို႔ကေတာ့ ႏွစ္တိုင္းမွာေအာင္ျမင္မွဳတခုခုရယူခ်င္ျကတာျဖစပါတယ္။အခုႏွစ္မွာလည္းထပ္လုပ္ႏိုင္ဦးမယ္လို႔ ထင္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။ခ်ဲဆီးလ္ အသင္းဟာ သူတို႔ရဲ႕ ထာဝရဂိုးအမ်ားဆံုးကစားသမားတဦးျဖစ္တဲ႔ လမ္းပတ္ကို နည္းျပသစ္အျဖစ္တာဝန္ေပးထားျပီး လတ္တေလာမွာေတာ့အထိုင္က်ဖို႔ရုန္းကန္ေနရေသးတာျဖစ္ပါတယ္။ဒီအဂၤလန္သားရဲ႕ နည္းစနစ္ေတြအသားက်ဖိုအခ်ိန္ယူရဦးမွာျဖစ္တယ္လို႕ ဝီလီယံကဆိုပါတယ္။

သူက – “လမ္းပတ္နဲ႔ အတူတြဲလုပ္ရတာ တကယ္ေကာင္းပါတယ္။သူဟာလူေကာင္းသူေကာင္းတေယာက္လည္းျဖစ္ပါတယ္။ကစားသမားေတြအေပၚေလ့က်င့္သင္ျကားေပးတဲ႕ သူ႔ရဲ႔ အရည္အေသြးကတည္း ေကာင္းျပီးသားျဖစ္ပါတယ္။သမိုင္း စာမ်က္ႏွာသစ္ ကိုအေတြးအေခၚအသစ္နဲ႔ စတင္ရတာျဖစ္လို႔ လည္း အခ်ိန္ေတာ့ ယူရမွာျဖစ္ပါတယ္။ဒါေပမယ့္ က်ြန္ေတာ္တုိ႔အားလံုး အဆင္ေျပအသားက် ႏိုင္မယ္ လို႔ ေတာ့ယူဆပါတယ္ ” လို႔ေျပာသြားခဲ႕ပါတယ္။

 

ကိုပါအေမရိကဖလားျပိဳင္ပဲြမွာရခဲ႔တဲ႔ ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္ျပီး ဝီလီယံက- ” ကိိုပါျပိဳင္ပြဲတုန္းက က်ြန္ေတာ္ ဏ္ရာရခဲ႔လို႔ ျပန္လည္သက္သာေအာင္ေလ့က်င့္ႏိုင္ဖို႔ အခ်ိန္လိုအပ္ခဲ႔ပါတယ္။အခုေတာ့ ရာႏွဳန္းျပည့္ျက့ံခိုင္ေနျပီျဖစ္ပါတယ္။ကစားခြင့္ရတဲ႕အခါ ေကာင္းေကာင္းကစားႏိုင္ဖို႕အတြက္ဆက္ျပီးျကိုးစားေလ့က်င့္ေနဦးမွာျဖစ္ပါတယ္” လို႔ေျပာခဲ႔ပါတယ္။

SM

Unicode

ချန်ပီယံဆုတွေကိုချဲဆီးလ်အသင်းလက်လျှော့လိုက်ပြီလား၊စိန်ခေါ်နိုင်သေးလားဆိုတာပြောပြလိုက်တဲ့#ဝီလီယံ
===================================

ပရီးမီးယားလိဂ်ပွဲစဉ် လေးအဖြစ် ကစားခဲ့တဲ့ ပွဲမှာချဲဆီးလ် အသင်းနဲ့ တန်းတက် ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့ ၂ဂိုးစီသရေကျခဲ့ပါတယ်။ဒီပွဲမှာ အိမ်ရှင် ချဲဆီးလ် အသင်း က အေဘရာဟင် ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့နောက်ကျချေပဂိုးကြောင့် ၂မှတ်လျော့ခဲ့ရတာဖြစ်ပါတယ်။

နည်းပြသစ်လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ ရာသီအစကို ဖြတ်သန်းနေခဲ့ရတာဖြစ်ပြီး အဖွင့်ပွဲစဉ်မှာပဲ ယူနိုက်တက် အသင်းကို ၄ဂိုးပြတ်အရေးနဖမ်ထားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက် လက်စတာ အသင်းနဲ့ သရေကျခဲ့ပြီး တန်းတက် နော့ဝှစ်ချ် အသင်းကို အသည်းအသန် အနိုင်ကစားထားခဲ့ရတာဖြစ်ပါတယ်။

ပွဲစဉ် လေးအပြီးမှာ အိမ်ကွင်းနိုင်ပွဲ မရသေးတဲ့ အသင်း ရသင်းထဲက တသင်းအဖြစ်လည်း ရှိနေပြီး ရမှတ် ၅မှတ်သာရရှိထားခဲ့ လို့ အဆင့် ၁၁ နေရာအထိကျရောက်နေပါတယ်။ဒါပေမယ့် ကွင်းလယ်တိုက်စစ် ကစားသမား ဝီလီယံကတော့ ချဲဆီးလ်အသင်းဟာ ပရီးမီးယားလိဂ်အပါအဝင် ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့ လူစာရင်းမျိုးပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်ပါတယ်။

ချဲဆီးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ အသင်းဖြစ်ပြီးအခုရာသီအတွင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား နဲ့ လိဂ်ဖလား အစရှိတဲ့ ပြိုင် ပွဲလေးရပ်ကို ပါဝင်ယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။အင်တာဗျူး တခုမှာ ဝီလီယံ က –

” ဒီရာသီမှာ ကျွန်တော်တို့ ချဲဆီးလ် အသင်း ချန်ပီယံ ဆုဖလား တချို့ကို ရနိုင်သေးတယ် ထင်ပါတယ်။အခုရာသီမှာ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ဖို့ခက်ခဲလိမ့်မယ်ဆိုတာကိုလည်းနားလည်ပါတယ်။ဒါဟာအမြဲတမ်းကိုမလွယ်ကူတဲ့ အရာဖြစ်ပါတယ်။ဟာဇက်၊ ဒေးဗစ်လုဇ် တို့လို ကစားသမားတွေကို ဆုံးရှုံးလိုက်ရချိန်ဟာတကယ်ခက်ခဲပါတယ်။ဒါပေမယ့် အနာဂတ်မှာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးဖြစ်လာနိုင်ပြီး ၊ အများကြီးတိုးတက်နိုင်သေးတဲ့အရည်အသွေးမြင့်လူငယ်အချို့ အသင်းမှာရှိနေပါတယ်။ကြီးကျယ်ခန်းနားတဲ့ အသင်းကောင်းတသင်းကိုပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။

ချဲဆီးလ်လို အသင်းတသင်းရဲ့ဂျာစီကိုဝတ်ဆင်ရတာဟာကြီးမားလေးလံတဲ့ တာဝန်ခုဖြစ်ပါတယ်။ပြိုင်ပွဲတခုကိုသွားကစားတိုင်း နိုင်ဖို့ ကြိုးစားရပါတယ်။ကစာသမားတွေ နည်းပြတွေဘယ်သူပဲဖြစ်နေနေ ကျွန်တော်တို့ကတော့ နှစ်တိုင်းမှာအောင်မြင်မှုတခုခုရယူချင်ကြတာဖြစပါတယ်။အခုနှစ်မှာလည်းထပ်လုပ်နိုင်ဦးမယ်လို့ ထင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
ချဲဆီးလ် အသင်းဟာ သူတို့ရဲ့ ထာဝရဂိုးအများဆုံးကစားသမားတဦးဖြစ်တဲ့ လမ်းပတ်ကို နည်းပြသစ်အဖြစ်တာဝန်ပေးထားပြီး လတ်တလောမှာတော့အထိုင်ကျဖို့ရုန်းကန်နေရသေးတာဖြစ်ပါတယ်။ဒီအင်္ဂလန်သားရဲ့ နည်းစနစ်တွေအသားကျဖိုအချိန်ယူရဦးမှာဖြစ်တယ်လို့ ဝီလီယံကဆိုပါတယ်။

သူက – “လမ်းပတ်နဲ့ အတူတွဲလုပ်ရတာ တကယ်ကောင်းပါတယ်။သူဟာလူကောင်းသူကောင်းတယောက်လည်းဖြစ်ပါတယ်။ကစားသမားတွေအပေါ်လေ့ကျင့်သင်ကြားပေးတဲ့ သူ့ရဲ့ အရည်အသွေးကတည်း ကောင်းပြီးသားဖြစ်ပါတယ်။သမိုင်း စာမျက်နှာသစ် ကိုအတွေးအခေါ်အသစ်နဲ့ စတင်ရတာဖြစ်လို့ လည်း အချိန်တော့ ယူရမှာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့အားလုံး အဆင်ပြေအသားကျ နိုင်မယ် လို့ တော့ယူဆပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာရခဲ့တဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဝီလီယံက- ” ကိိုပါပြိုင်ပွဲတုန်းက ကျွန်တော် ဏ်ရာရခဲ့လို့ ပြန်လည်သက်သာအောင်လေ့ကျင့်နိုင်ဖို့ အချိန်လိုအပ်ခဲ့ပါတယ်။အခုတော့ ရာနှုန်းပြည့်ကြ့ံခိုင်နေပြီဖြစ်ပါတယ်။ကစားခွင့်ရတဲ့အခါ ကောင်းကောင်းကစားနိုင်ဖို့အတွက်ဆက်ပြီးကြိုးစားလေ့ကျင့်နေဦးမှာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

SM